Guest

Lycan or A Victim Being Cursed by Dictators

အောက်မှာမြန်မာလိုပါတယ်နော်

Lycan or A Victim Being Cursed by Dictators

The common denominator of the werewolves, the Werewolf and the Lycan, is that they can be transformed from humans into terrifying wolves.

The difference is that werewolves turn into wolves on a full moon night, whether they wish to or not, and lose consciousness.

However, Lycans have the ability to control their own transforms and not lose consciousness when they transform.

One of the heroes of Dota 2, Banehallow is a Lycan who can transform into a wolf with insane speed and stamina.

But did you know that there is a tragic story behind this power?

Some years ago, a peaceful country called Salun was ruled by a king with his temples.

At that time, it was time to move the throne to other temples.

However, after the king’s mind changed dramatically, he did not step down with the greed to maintain power, and summoned many magicians to the palace and acted strangely and delayed.

The Ambry House, one of the most powerful temples in the country, is the most dissatisfied.

The Ambry clan was the first to revolt to take the throne.

Instead of paying homage to the king who held the throne, they sent 6,000 swords to the palace to test the king.

It stormed the throne and angered the king, and all of Ambry and his family were brutally executed one by one for rebellion against the king and his country.

But for some reason, the highest leader of the Ambry House and the youngest son of the leader, “Banehallow”, survived.

In the middle of the night, the whole palace was silent, and the wind was blowing wildly.

All could hear was the twigs and leaves shaking.

In the courtroom, Ambry House lord and youngest son Banehallow are handcuffed and face-to-face with iron chains.

The dim moonlight was just shining in the palace.

The angry king spoke to the rebel lord Ambry.

“Try to break the king’s neck only when you can hold a king’s head in your hand.”

Then he turned to the magicians who had been brought into the palace.

“Transform Prince Ambry’s youngest son into a wolf and bite his father in the neck so he can understand what betrayal is all about.”

Soon after, magic spells appeared in the palace, and Banehallow, a child, was terrified.

He turned into a wolf with huge white fangs.

Strength With speed, chains can no longer hold the power of a wolf.

The magicians ordered him to cut off his father’s neck.

Instead of his father was being strangled, He killed dozens of warriors and bodyguards guarding the palace and magicians who transformed him in a matter of minutes.

The King who Surprised and could not stand the anger, , wielded a sword and ran to the chained lord of the Ambry house to stab him to death.

The lord of the Ambry house was still laughing and shaking his head as he watched the king run to kill him with his sword.

Banehallow was transformed into a wolf, but his mind and conscience did not escape and he was transformed into Lycan.

At the end of that night’s tragic story, the Poor Child Banehallow, with pain and hatred, no longer wanted to rebuild his house and regain royal power.

Instead, embracing his life as a lycanthropy, he runs into the jungle, determined to seek justice for all that he has lost.

LiLam

Burmese Version

Lycan (သို့မဟုတ်) အာဏာရူးသူများကြောင့် ကျိန်စာသင့်ခဲ့ရသူ

သမန်းဝံပုလွေတွေ ဖြစ်ကြတဲ့ Werewolf နဲ့ Lycan တို့ရဲ့ တူညီတဲ့အချက်ကတော့ လူမှတစ်ဆင့် ကြောက်မက်ဖွယ် ဝံပုလွေသို့ ပြောင်းလဲနိုင်ခြင်းပဲ ဖြစ်ပါတယ်။

မတူညီတဲ့အချက်ဟာ Werewolf တွေက လပြည့်ညရောက်ချိန်မှာ ဆန္ဒပါသည်ဖြစ်စေ မပါသည်ဖြစ်စေ သမန်းဝံပုလွေအဖြစ်သို့ ကူးပြောင်းသွားကြပြီး အသိစိတ်လွတ်ကုန်ကြခြင်းဖြစ်ပါတယ်။

သိူ့သော် Lycan တွေကတော့ ပြောင်းခြင်းမပြောင်းခြင်းကို ကိုယ်တိူင်ထိန်းချုပ်နိုင်စွမ်းရှိသလို ပြောင်းလဲသွားချိန်မှာလည်း အသိစိတ်မလွတ်ထွက်သွားပါဘူး။

Dota 2 ထဲက Hero တစ်ကောင်တစ်ဖြစ်လဲ Banehallow ဟာ Lycan တစ်ကောင်ဖြစ်ပြီး ရူးသွပ်ချင်စရာကောင်းတဲ့ လျင်မြန်မှု သန်မာမှုတို့ပိုင်ဆိုင်တဲ့ ဝံပုလွေအဖြစ် ပြောင်းလဲနိုင်ပါတယ်။

ဒါပေမယ့် ဒီလိုအစွမ်းရဲ့နောက်ကွယ်မှာ ရင်နင့်ဖွယ် ဇာတ်လမ်းလေးတစ်ခုရှိတာ သင်သိပါသလား?

လွန်ခဲ့သောနှစ်အချို့က စလွန်လို့ခေါ်တဲ့ သာယာအေးချမ်းလှတဲ့ တိုင်းပြည်ကြီးကို အိမ်တော်တွေနဲ့အတူ ဘုရင်မင်းမြတ်ဖြစ်သူက အုပ်ချုပ်တော်မူခဲ့တယ်။

ဒီလိုနဲ့တစ်ချိန်မှာတော့ အခြားအိမ်တော်တွေထံ ပုလ္လင်အား ဖယ်ပေးရမယ့်အချိန်သို့ ရောက်ရှိလာပါတယ်။

သို့ပေမယ့် ဘုရင်ရဲ့စိတ်ဟာ ထူးဆန်းစွာပြောင်းလဲလာပြီးနောက် အာဏာကို ဆက်လက်ထိန်းထားလိုစိတ် ရမ္မက်လောဘနဲ့အတူ နန်းမဆင်းပေးပဲ နန်းတော်အတွင်း မှော်ပညာရှင်များစွာ ဆင့်ခေါ်ကာ ထူးဆန်းစွာ ပြုမူပြီး အချိန်ဆွဲနေပါတယ်။

ဒါကို တိုင်းပြည်အတွင်း အင်အားအကြီးဆုံး အိမ်တော်တစ်ခုဖြစ်တဲ့ Ambry အိမ်တော်က မကျေမနပ်အဖြစ်ဆုံးပါ။

Ambry အိမ်တော်မျိုးနွယ်ဝင်တွေဟာ နန်းပုလ္လင်ပေါ်ထက် စံစားပျံတက်ဖို့ မခံမရပ်နိုင်နဲ့ ပထမဆုံးပုန်ကန် ထကြွလာကြပါတယ်။

နန်းပုလ္လင်ပိုင်ရှင် ဘုရင်ကို အရိုအသေပေးရမယ့်အစား ဓားလက်နက်ပေါင်း အလက် ၆၀၀၀ တိတိ နန်းတော်ထံပေးပို့ပြီး ဘုရင်ကို သွေးတိုးစမ်းလိုက်ပါတယ်။

နန်းပုလ္လင်ထိ သန်လျက်ကြည့် ရှင်ဘုရင်အမျက် နားထင်ထိ တက်သွားတဲ့နောက် Ambry အိမ်တော်နဲ့ မျိုးနွယ်ဝင်တွေအားလုံးကို ဘုရင်နဲ့တိုင်းပြည်ကို ပုန်ကန်တဲ့ပြစ်မှုနဲ့ သေဒဏ်စီရင်ပြီး တစ်ယောက်မကျန် ရက်ရက်စက်စက် ကွပ်မျက်ပစ်ခဲ့ပါတယ်။

သို့ပေမယ့် အကြောင်းကိစ္စတစ်ခုကြောင့် Ambry အိမ်တော်ရဲ့ အကြီးဆုံးခေါင်းဆောင်ဖြစ်သူနဲ့ ခေါင်းဆောင်ဖြစ်သူရဲ့အငယ်ဆုံးသား “Banehallow” ကိုတော့ အရှင်ထားထားခဲ့တယ်။

ညတစ်ညရဲ့ သန်းခေါင်ယံအချိန်မှာ နန်းတော်တစ်ခွင် တိတ်ဆိတ်နေတာကြောင့် ပတ်ဝန်းကျင်မှာလည်း လေပြေရိုင်းတွေ ရှူးကနဲ ရှဲကနဲ တိုးဝှေ့တိုက်ခတ်နေသံ၊ သစ်ပင်အကိုင်းယှက်သံနဲ့ အရွက်လှုပ်သံများသာ ကြားနေရပါတယ်။

နန်းတော်ရဲ့ တရားစီရင်ရေး ခန်းမမှာတော့ Ambry အိမ်တော်ရဲ့ အရှင်သခင်ဖြစ်သူနဲ့ သားအငယ်ဆူံးဖြစ်သူ Banehallow တို့ကို ဘယ်ညာလက်နှစ်ဖက်အားမြှောက်တန်းထားကာ သံကြိုးသံကွင်းများဖြင့် မျက်နှာချင်းဆိုင် ချုပ်နှောင်ကာ ထားပါတယ်။

မှိုင်းပျတဲ့ လရောင်က နန်းတော်အတွင်း ဖြာဆင်းယှက်သန်းနေရုံသာ။

အမျက်တော် အတန်ထွက်နေတဲ့ ဘုရင်ဖြစ်သူက ပုန်ကန်သူ Ambry အိမ်တော်အရှင်သခင်ကို စကားတစ်ခွန်း ပြောလိုက်ပါတယ်။

“ဘုရင်တစ်ပါးရဲ့ခေါင်းကို သင့်လက်ထဲကိုင်ထားနိုင်ပြီဆိုမှသာ ဘုရင်ရဲ့လည်ပင်းကို ချိုးဖို့ကြိုးစားပါ”။

ထို့နောက်နန်းတော်တွင်းသို့ ခေါ်ဆောင်ထားတဲ့ မှော်အတတ်ပညာရှင်တို့ဘက်ကို လှည့်လိုက်ပါတယ်။

“Ambry အရှင်သခင်ရဲ့ သားတော်အငယ်ဆုံးကို ဝံပုလွေအဖြစ်ပြောင်းပြီး သူ့အဖေရဲ့ လည်ပင်းကိုကိုက်ခိုင်းလိုက်။ ဒါမှသစ္စာဖောက်ခံရတာ ဘယ်လိုလဲဆိုတာ သူနားလည်လိမ့်မယ်”။

သိပ်မကြာမီ နန်းတော်အတွင်း ဂါထာမန္တာန်စီရင်မှုများနဲ့အတူ မှော်စွမ်းအားများ ထွက်ပေါ်လာကာ ကလေးသာသာရှိသေးတဲ့ Banehallow လေးလည်း ကြောက်မက်ဖွယ်မျက်လုံး၊ ဖြူဖွေးကြီးမားလှတဲ့ အစွယ်များနဲ့ ဝံပုလွေအဖြစ်သို့ ပြောင်းလဲသွားခဲ့ပါတယ်။

သန်မာမှု ၊ လျင်မြန်မှုနဲ့အတူ ဝံပုလွေတစ်ကောင်ရဲ့ စွမ်းရည်စွမ်းအားများကို သံကြိုးများက ဆက်လက်ချုပ်နှောင်နိုင်စွမ်း မရှိကြတော့ပါ။

မှော်အတတ်ပညာရှင်များက သူ့အဖေရဲ့လည်ပင်းကို ကိုက်ဖြတ်ပစ်ရန် အမိန့်ပေးလိုက်ပါတယ်။

သံကြိုးများဆွဲဖြတ်ပြီးနောက် အမိန့်အတိုင်း ဖခင်ဖြစ်သူရဲ့ လည်ပင်းအား ကိုက်ဖြတ်ပစ်ရမည့်အစား သူ့အားပြောင်းလဲခဲ့တဲ့ မှော်အတတ်ပညာရှင်များနဲ့ နန်းတော်အတွင်း စောင့်ကြပ်နေကြတဲ့ စစ်သည်တော်နဲ့ ဘုရင့်လူစွမ်းကောင်း ကိုယ်ရံတော် အများအပြားကို ဒါဇင်နဲ့ချီပြီး မိနစ်ပိုင်းအတွင်း တိုက်ခိုက် သတ်ဖြတ်ပစ်လိုက်ပါတယ်။

ဒေါသစိတ်နဲ့အတူ မခံမရပ်နိုင်စိတ်၊ အံ့ဩစိတ်များနဲ့ မပြီးပြတ်တဲ့ကိစ္စတစ်ခုကို ကိုယ်တိုင်အဆုံးသတ်ဖို့ ဘုရင်ဟာ ဓားကိုင်ပြီးနောက် သံကြိုးများခတ်ထားတဲ့ Ambry အိမ်တော်အရှင်သခင်ဆီ ပြေးသွားကာ ထိုးသတ်ပစ်ခဲ့ပါတယ်။

မသေခင်အထိ ဓားနဲ့ထိုးသတ်ဖို့ ပြေးလာနေတဲ့ ဘုရင်ကိုကြည့်ရင်း Ambry အိမ်တော်သခင်ဟာ သံကြိုးတန်းလန်းဖြင့် ဟက်ဟက်ပက်ပက် ဟားတိုက်ရီမောနေခဲ့ပါသေးတယ်။

Banehallow ဟာ ဝံပုလွေအဖြစ် အသွင်အပြောင်းခံလိုက်ရပေမယ့် သူ့ရဲ့စိတ်ဝိဉာဏ်နဲ့ အသိစိတ်က မလွတ်ထွက်သွားတာကြောင့် Lycan အဖြစ်အသွင်ပြောင်းသွားခဲ့ရပါပြီ။

ထို့နေ့ညရဲ့ ကြေကွဲဖွယ်ဇာတ်လေးအပြီးမှာ ကလေးသာသာရှိသေးတဲ့ Banehallow လေးဟာ နာကျင်မုန်းတီးမှုများနဲ့အတူ သူ့ရဲ့အိမ်တော်ကို ပြန်လည်တည်ထောင်လိုစိတ် မရှိတော့သလို ဘုရင်အာဏာကိုလည်း ရယူလိုစိတ်မရှိတော့ပါဘူး။

ထိုအစား Lycanthropy အဖြစ်သာ သူ့ဘဝကိုလက်ခံနေထိုင်သွားရင်း သူဆုံးရှုံးသွားခဲ့ရတဲ့ အရာအားလုံးအတွက် တရားမျှတမှုကို ပြန်လည်ရှာဖွေဖို့ သံဓိဌာန်ချကာ တောထဲသို့ပြေးဝင် ပျောက်ကွယ်သွားခဲ့ပါတော့တယ်။

LiLam

Leave a Reply

Your email address will not be published.