News

Liquid Waiting At Finals

English Version Below

ရှုံးပွဲမရှိပဲဗိုလ်လုပွဲတက်သွားတဲ့ Liquid

DPC WEU Regional Finals ပြိုင်ပွဲရဲ့ Upper Bracket Finals ပွဲစဉ်အဖြစ် Team Liquid နဲ့ Gaimin Gladiators တို့ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ အပေါ်အသင်းဖြစ်တဲ့ Liquid က 2 – 0 နဲ့ပြတ်ပြတ်သားသားအနိင်ယူပြီး Grand Finals ကို တက်ရောက်သွားပါတယ်။

မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့တဲ့ Gladiators

ဒီပွဲကတော့ မနေ့ကနိင်ထားတဲ့ ၂ သင်းတွေ့တဲ့ပွဲဖြစ်တာကြောင့် ရုပ်ပေါက်တာတွေတော့ သိပ်မတွေ့ခဲ့ရပါဘူး။

၂ သင်းလုံးသူ့နည်းသူ့ဟန်နဲ့ကောင်းခဲ့ကြပြီး ပိုကောင်းတဲ့အသင်းက အနိင်ရသွားတာပါ။

Drafting မှာ Liquid ဘက်က မနေ့က နောက်ကွယ်ကနေ တိတ်တခိုးလေးအသင်းကိုထမ်းတင်ပေးခဲ့တဲ့ Boxi ရဲ့ Weaver ကိုပြန်ယူခဲ့ပြီး GG ဘက်ကတော့ Treant ကို နည်းဗျူဟာပိုင်းလိုအပ်ချက်အရ အရယူခဲ့ပါတယ်။

ဒီပွဲမှာ GG ရဲ့နည်းဗျူဟာက ရိုးရှင်းတယ်လို့ပြောလို့ရပါတယ်။

PA + IO က Farm နေတဲ့အချိန်မှာ Ember နဲ့ Mars က Space ရှာပြီးမွှေနှောက်မယ်။
Treant က Tower တွေကိုထိုင် Heal ပြီး ပွဲချိန်ကို ရသလောက်ဆွဲဆန့်ထားဖို့ပါ။

ဒါပေမယ့်သူတို့အတွက်အချက်မှားပြီး အဆုံးအဖြတ်မှားသွားတာက Lane ထွက်ပုံပါ။

PA ကို IO နဲ့ပဲတွဲတွဲ Treant နဲ့ပဲတွဲတွဲ တဖက်က Timbersaw ကိုရှုံးမှာဖြစ်တဲ့အတွက် Tri Lane နဲ့ပဲရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ပြီး အဲ့ဒါကပဲအမှားကြီးဖြစ်သွားခဲ့တယ်လို့ပြောနိင်ပါတယ်။

MATUMBAMAN ရဲ့ Naga က Ace Mars နဲ့ 1v1 မှာ စိတ်ကြိုက် Farm ခွင့်ရသွားတဲ့အချိန်မှာ GG ဘက်က PA ကတော့ Tri vs Tri မှာ တော်တော်လေးရုန်းကန်ခဲ့ရပါတယ်။

Naga ၃ ကွက်လောက်ရသွားချိန်မှာမှ Fury, BKB ပဲရသေးတဲ့ PA က ဘယ်လိုမှယှဉ်မချနိင်တော့ပါဘူး။

ဒါ့အပြင် GG ရဲ့ Mid က Ember ကို Liquid တို့ထိန်းချုပ်ပြခဲ့ပုံကလည်း တကယ်လေးစားစရာပါ။

Item တွေ၊ Level တွေနိမ့်နေလို့ Split Push ပြီး Space ရှာနေတဲ့ Ember ကို iNSaNIA ရဲ့ Dis က ချိန်သားကိုက်တွေဖမ်းနိင်ခဲ့လို့ Ember လည်း Item အရမ်းနောက်ကျသွားခဲ့ပါတယ်။

ဒါ့ကြောင့် Map Control မှာ ဘယ်လိုမှမယှဉ်နိင်တော့ပဲ Liquid ပြုသမျှနုခဲ့ရပါတယ်။

ဒီလိုပဲ Hero Kill တွေထိုးကျွေးပြီး Space ရှာလိုက်၊ Battle တွေရှုံးပြီး Tower တွေပေးရလိုက်နဲ့လုံးပါးပါးသွားခဲ့ပြီး 35 မိနစ်မှာတော့ အရှုံးပေးခဲ့ရပါတယ်။

Dis ထပ်ပေးလို့ ထပ်ရှုံးခဲ့ရတဲ့ Gladiators

Game 1 မှာ BOOM ရဲ့ Ember ကို အကြိမ်ကြိမ်သေတွင်းပို့ခဲ့တဲ့ Dis ကို Game 2 မှာလည်းထပ်ပေးယူခဲ့မိလို့ BOOM ခမျာ Puck နဲ့လည်း ဇာတ်သိမ်းမလှခဲ့ရှာပါဘူး။

ဒီပွဲကတော့ Draft မှာထဲက ဆိုးဆိုးဝါးဝါးနိမ့်သွားခဲ့လို့ ဘယ်သူနိင်မလဲဆိုတာ အဖြေကစောစောပေါ်သွားတယ်လို့ ပြောလို့ရပါတယ်။

အထူးသဖြင့် PA ထပ်ယူတဲ့အချိန်မှာ တဖက်က Rupture + Sonic Wave က BKB PA ကိုတောင်တန်းဖြတ်နိင်လို့ Matu ရဲ့ Gyro ကို ချမယ့်သူကိုမရှိတော့တာပါ။

အဲ့တော့ GG ဘဝက Split Push လုပ်ပြီး ခွဲဆိုင်လည်း IO + Gyro Combo ရယ် Dis ရယ်နဲ့ ၁ ကောင်ချင်းသတ်ခံရတယ်။

5v5 စုဆိုင်လည်း အကုန်နီးပါးအသတ်ခံရတယ်။

Gyro MKB ပြီးတဲ့နောက် PA က BKB + TP တောင်မလွတ်တော့ပါဘူး။

BOOM Puck ကရသလောက်ကြိုးစားခဲ့ပေမယ့် Dis နဲ့ Counter ခံထားရသလို QoP Shard ဝယ်ပြီးနောက်ပိုင်းမှာ ဘာမှကိုမလုပ်နိင်တော့တာပါ။

Ace Timber လည်း Kill ၁ ချို့ကိုပြန်ယူပေးခဲ့ပေမယ့် Gyro ဆီကထွက်တဲ့ Damage ကအရမ်းများလို့ ကြာကြာတော့မ Tank ပေးနိင်ခဲ့ပါဘူး။

GG ဘက်က Split Push တွေနဲ့အချိန်ဆွဲနိင်ခဲ့လွန်းလို့သာ 34 မိနစ်ထိကြာသွားခဲ့ပြီး တကယ်ဆိုဒီပွဲက ၂၅ မိနစ်တောင်မကျော်ခဲ့သင့်ပါဘူး။

ဒီပွဲမှာလည်းရှုံးပွဲမရှိအနိင်ရခဲ့လို့ Liquid ဟာ မနက်ဖြန်ည ၁၀ နာရီခွဲလောက်မှာကစားရမယ့် WEU Regional Finals Grand Finals မှာ ပြုံပြုံးကြီးထိုင်စောင့်နေပါပြီ။

English Version

Liquid Waiting At Finals

In the Upper Bracket Finals of the DPC WEU Regional Finals, Team Liquid and Gaimin Gladiators competed, with the upper team Liquid winning 2-0 and advancing to the Grand Finals.

Game 1

This match was a match between two teams that won yesterday, so we didn’t see bad scenarios.

Both teams were good in their own way and the better team won.

In Drafting, Liquid repicked Boxi Weaver, who secretly backed the team yesterday, and GG acquired Treant for tactical needs.

GG’s strategy in this match is quite simple.

While PA + IO is farming, Ember and Mars will make space and do surprise team fights.
The Treant is to sit and heal the towers and stretch the show as much as you can.

But for them, the wrong decision and the wrong decision is the way out.

PA decided to confront Tri Lane because it would lose to Timbersaw alongside IO and Treant.

While MATUMBAMAN’s Naga got a chance to farm on Ace Mars 1v1, GG’s PA struggled a lot in Tri vs Tri.

After Naga got almost 3 slots, PA, which only got Fury and BKB, could not compete.

Also, how Liquid controlled GG’s Mid Ember was really admirable.

Due to Low Items and low levels, Ember, who was looking for space by splitting push-ups, was caught by iNSaNIA’s Dis.

As a result, everything Liquid made was unmatched in Map Control.

GG lost battles and lost towers and finally had to give up in 35 minutes.

Game 2

In Game 1, Dis, who repeatedly sent BOOM’s Ember to his death BOOM, was acquired in Game 2 and BOOM’s Puck met the same fate in Game 2 as well.

The match ended in a drastic loss in the draft, so it can be said early on who will win.

Especially when taking PA again, Rupture + Sonic Wave can go through the BKB PA , so there is no one to take down Matu’s Gyro.

So when GG’s split push they were getting killed one by one with IO + Gyro Combo and Dis.

When They Sticked 5+, they were being team wiped.

After Gyro MKB, PA did not even escape with BKB + TP.

BOOM Puck tried his best, but after being counting with Dis and QoP Shard he could do nothing.

Ace Timber also recovered some of the Kills, but the damage from the Gyro was so great that it could not tank for a long time.

GG’s did so great with Split Push that is why it took 34 minutes, and in fact the match should not have lasted more than 25 minutes.

Liquid is unbeaten in this tournament and is looking forward to the WEU Regional Finals Grand Finals tomorrow around 10.30 PM.

Leave a Reply

Your email address will not be published.