News

LGD shows who is China’s No.1

English Version Below

ဘယ်သူကတရုတ်နံပတ် ၁ လည်းဆိုတာပြလိုက်တဲ့ LGD

မနေ့ကကစားခဲ့တဲ့ DPC CN Regional Finals Upper Bracket Finals အဖြစ် LGD နဲ့ RNG တို့ယှဉ်ပြိုင်ကစားခဲ့ရာမှာ LGD က ပြောင်မြောက်တဲ့လက်စွမ်းတွေကိုပြသပြီး Grand Finals ကို တက်ရောက်သွားပါတယ်။

ဒီပွဲက လက်ရှိတရုတ်မှာအကောင်းဆုံးအသင်း ၂ သင်းတွေ့တဲ့ပွဲလို့ပြောလို့ရပါတယ်။

ဒါ့အပြင် RNG မှာ LGD ကစားသမားဟောင်းတွေအများကြီးပါဝင်လို့ LGD ၂ သင်းတွေ့တဲ့ပွဲလို့တောင် ပြောနိင်ပါတယ်။

Game 1

တကယ့်အသင်းကြီးအသင်းကောင်း ၂ သင်းတွေ့တဲ့ပွဲဖြစ်တာနဲ့အညီ Game 1 ထဲက လုံး၀ Competitive Side ကို ပြခဲ့ကြပါတယ်။

၂ သင်းလုံးက ပွဲစတယ်ဆိုတာနဲ့ လုပ်သင့်လုပ်ထိုက်တာတွေကို ခပ်သွက်သွက်ပဲလုပ်ခဲ့ကြသလို အရေးပါတဲ့ Kill တွေကိုလည်း အသီးသီးရယူနိင်ခဲ့ပါတယ်။

LGD ဘက်က အထနှေးတဲ့ PA Carry ဖြစ်ပေမယ့်လည်း Nothing to Say ရဲ့ Kunkka အတိုးအလှုပ်တွေကောင်းမှု AME ကိုယ်တိုင်ရဲ့ အနေအထိုင်တတ်မှုနဲ့ Farming Skill ကောင်းမှုတွေကြောင့် ၂၅ မိနစ်ဝန်းကျင်မှာ သူတို့ကတောင် Net Worth Advantage ရခဲ့ပါတယ်။

အဲ့လိုမျိုး LGD ရဲ့ Core တွေ တဖြေးဖြေးနဲ့ Fat လာနေတဲ့အချိန်မှာ Position 4 XingQ ကလည်း တွင်းထဲက Item တွေနှိုက်လာသလိုမျိုးကို Fat လာပြီး BKB နဲ့ Skadi တို့လိုမျိုး Item ကြီးတွေပါ ဝယ်လာနိင်ခဲ့ပါတယ်။

RNG က Team Fight တွေမှာ ပုံစံကောင်းတွေကိုပြသနိင်ခဲ့ပေမယ့် ပွဲအဖြေအတွက်အရေးပါတဲ့ Team Fight တွေမှာ လိုချင်တဲ့ရလဒ်တွေကိုယူနိင်ခဲ့တာက LGD ပဲဖြစ်ခဲ့ပါတယ်။

ဒါ့ကြောင့်ပွဲကိုတဖြေးဖြေးနဲ့စိုးမိုးလာနိင်ပြီး ပွဲချိန် ၄၇ မိနစ်လောက်မှာတော့ အပြတ်ဖြတ်နိင်ခဲ့ပါတယ်။

သူတို့ရဲ့အဆင့်အတန်းကိုပြနိင်ခဲ့တဲ့ LGD

Game 2 မှာတော့ RNG ရဲ့ Draft က Solid တကယ်ဖြစ်ခဲ့ပြီး LGD ရဲ့ Core တွေကိုကိုယ်တွယ်ဖို့ အသေအချာပြင်ဆင်လာခဲ့တာပါ။

ဒါ့ကြောင့် LGD အနေနဲ့ ကစားရခက်ခဲ့ပြီး နောက်ကနေလိုက်ကစားခဲ့ရပါတယ်။

RNG အနေနဲ့ Early Game မှာ LGD လှုပ်မရအောင်ထိ ပွဲကိုထိန်းချုပ်နိင်ခဲ့ပြီး Objective တွေကိုလည်း ထိထိရောက်ရောက်လုပ်နိင်ခဲ့ပါတယ်။

ဒါ့ကြောင့် RNG ကျိန်းသေနိင်တော့မယ့်ပွဲလို့ ထင်မှတ်ခဲ့ရပါတယ်။

အဲ့လိုအနေအထားမှာ LGD ပြန်ကစားပြခဲ့တာက တကယ်အနုပညာမြောက်လွန်းခဲ့ပါတယ်။

LGD အနေနဲ့ သူတို့ Core တွေရဲ့ Item Timing ကို စိတ်ရှည်ရှည်နဲ့စောင့်ခဲ့ပြီး RNG ကို Objective တွေမလုပ်နိင်တော့အောင် မျှားမျှားပြီး အချိန်ဆွဲခဲ့ပါတယ်။

ဒီအချိန်မှာအထူးအရေးပါးခဲ့တာကတော့ Faith_Bian ပါ။

သူ့ရဲ့ Brewmaster က တမြေပုံလုံးကိုမွှေနှောက်ကစားပြသွားခဲ့ပြီး အသင်းအတွက်နေရာလွတ်တွေများစွာကို ဖန်တီးပေးနိင်ခဲ့ပါတယ်။

Faith_Bian ရဲ့လုပ်ကွက်တွေနဲ့အတူ LGD ဟာ သူတို့အပြတ်ရှင်းဖို့လိုတဲ့ Target တွေကိုရှင်းနိင်ခဲ့ပြီး ပွဲကိုထိန်းထားနိင်ခဲ့ပါတယ်။

ပွဲချိန်ကြာလာတာနဲ့အမျှ အမှားတွေများလာတဲ့ RNG ဟာ နောက်ဆုံးမှာတော့ ပြန်အရှုံးပေးခဲ့ရပါတော့တယ်။

ဒီပွဲပြန် Comeback နိင်ခဲ့တာက LGD ရဲ့ ပွဲအခြေအနေကိုခြုံငုံသုံးသပ်နိင်မှုကအဓိကကျခဲ့ပြီး ပွဲချိန်မိနစ် ၄၀ လောက်မှာပြီးဆုံးခဲ့ပါတယ်။

လက်ရှိ 2021-2022 DPC မှာ LGD ဟာ Series ၉ ပွဲကစားခဲ့ရာမှာ ၁ ပွဲမှမရှုံးသေးပဲ ပွဲတိုင်းကိုအနိင်ကစားထားခဲ့ပါတယ်။

ဒါက သူတို့ TI10 မှာပြသခဲ့တဲ့လက်စွမ်းကောင်းတွေကို ဆက်လက်ထိန်းသိမ်းထားနိင်ဆဲဆိုတာကို ပြသနေပါတယ်။

သူတို့နဲ့တွေ့ခဲ့တဲ့အသင်းတွေက ၁ ပွဲ ၁ လေပြန်နိင်ကောင်းနိင်နိင်ပေမယ့် Series ၁ ခုလုံးကိုအနိင်ကစားဖို့ကိုတော့ ဘယ်သူမှမလုပ်နိင်သေးတာဖြစ်ပါတယ်။

LGD ရဲ့ပွဲအခြေအနေကိုခြုံငုံသုံးသပ်နိင်စွမ်းက သူတို့အသင်းရဲ့အဓိကအားသာချက်ဖြစ်နေတာဖြစ်ပါတယ်။

အပြင်ပန်းကြည့်ရင် LGD ရှုံးနေပေမယ့် တကယ့်တကယ်မှာတော့ LGD ဟာ Comeback Point ကိုစောင့်နေတာဖြစ်နိင်ပြီး ပွဲအဖြေကိုတမဟုတ်ချင်းပြောင်းလဲနိင်စွမ်းရှိပါတယ်။

ဒီပွဲမှာရှုံးနိမ့်ခဲ့တဲ့ RNG ဟာလည်း Draft ကောင်းတွေယူပြနိင်ခဲ့သလို Team Fight ကောင်းတွေလုပ်ပြနိင်ခဲ့ပေမယ့် LGD ဆိုတဲ့တရုတ်နံပတ် ၁ နံရံကြီးကိုတော့ မကျော်နိင်ခဲ့ပါဘူး။

ဒီပွဲမှာအနိင်ရခဲ့တဲ့အတွက် LGD က Grand Finals မှာစောင့်နေပြီဖြစ်ပြီး RNG နဲ့ Aster က နိင်တဲ့သူနဲ့ဗိုလ်လုရမှာပါ။

English Version

LGD shows who is China’s No.1

LGD and RNG competed in DPC CN Regional Finals Upper Bracket Finals played yesterday, and LGD advanced to the Grand Finals.

This match is arguably the best match between two best teams in China.

In addition, RNG has a lot of former LGD players, so it can be said that it is a match between two LGD teams.

Game 1

As a match between two really good teams, they showed a completely competitive side in Game 1.

Both teams were quick to do the right thing from the start of the match and were able to get important kills respectively.

Despite LGD’s slow PA Carry, they got a Net Worth Advantage in less than 25 minutes thanks to Nothing to Say’s Kunkka and AME’s good positioning and farming skills.

While LGD’s cores were gradually gaining an advantage, XinQ also unexpectedly found ways to farm and buy items such as BKB and Eye of Skadi on his Weaver.

RNG was able to show good form in team fights, but it was LGD that was able to achieve the desired results in the team fights that were crucial to the outcome of the match.

As a result, LGD gradually dominated and finally decided in the 47th minute.

Game 2

In Game 2, RNG’s draft was really solid and was well-prepared to handle LGD’s cores.

As a result, LGD was difficult to play and had to follow suit.

RNG was able to control in the early game and effectively execute objects.

Therefore, it was thought that RNG would definitely win the match.

But LGD showed their standard.

They patiently waited for the item timing of their cores, deliberately delaying RNG to make it objective.

Of particular importance at this time was Faith_Bian.

His Brewmaster caused tons of chaos for RNG and created a lot of space for the team.

With Faith_Bian’s amazing movements, LGD was able to clear the target they needed to clear and keep the game going.

As the match progressed, RNG made a series of mistakes and eventually gave up.

The comeback victory was largely due to an understanding of LGD’s game situation, which ended in about 40 minutes.

In the current 2021-2022 DPC, LGD has won all 9 series that they played without losing a single game.

This shows that they can still maintain the skills they showed in TI10.

The teams that met them may win one game at a time, but no one has been able to win the entire series.

Having a clear understanding of the game’s situation is among PSG.LGD’s greatest strengths, as from the outside, it may appear that the game is lost, but it appears the team simply waits for the right moment to make a change and turn things around.

RNG, who lost the match, was able to bring in good drafts and good team fights, but they could not get past LGD, the number one wall in China.

With the win, LGD is waiting in the Grand Finals to face the winner of RNG and Aster.

Leave a Reply

Your email address will not be published.