News

Kuku: SEA Teams Improved A Lot

SEA အသင်းတွေအများကြီးတိုးတက်လာတယ်လို့ပြောလိုက်တဲ့ Kuku

Kuku ဆိုတာ SEA ရဲ့ဝါရင့်သမ္ဘာရင့် Player ၁ ယောက်ပါ။

သူ့ရဲ့ကစားသမားဘဝတလျှောက်မှာ Role ပေါင်းများစွားကစားခဲ့ဖူးပြီး လက်ရှိမှာတော့ T1 ရဲ့ Offlane Role မှာ အသင်းခေါင်းဆောင်အဖြစ်နဲ့ဂဏန်းငြိမ်နေပါတယ်။

Gosugamers နဲ့ပြုလုပ်ခဲ့တဲ့ Interview အစီအစဉ်မှာတော့ T1 ရဲ့ Stockholm Major မှာပြသခဲ့တဲ့ Performance တွေအကြောင်း၊ SEA Dota 2 Scene အကြောင်းနဲ့ SEA မှာပထမဆုံးကျင်းပပြုလုပ်မယ့် TI အကြောင်းစတာတွေကို အမေးအဖြေပြုလုပ်ခဲ့ကြပါတယ်။

မေး။ မင်္ဂလာပါ Kuku ရေ။ မင်းအခုအိမ်ပြန်ပြီးတော့ အနားယူနေတာလား ဒါမှမဟုတ်နောက် Tour အတွက်ပြင်ဆင်မှုတွေစလုပ်နေပြီလား။ အဆင်ရောပြေရဲ့လား။

ဖြေ။ အဆင်ပြေပါတယ်ဗျာ။ အနားယူတာ ယူပြီးပါပြီ။ အခုကတော့ DPC Season 3 အတွက် Bootcamp မှာစပြင်ဆင်နေပါပြီ။

မေး။ ဒါဆိုငါတို့ Dota 2 အကြောင်းပြောရအောင်။ T1 က Stockholm Major မှာ 9tth-12th ပဲရခဲ့တယ်နော်။ မင်းတို့အဲ့မေဂျာမှာ ဘယ်လောက်ထိမျှော်မှန်းထားခဲ့တာလဲ။

ဖြေ။ ကျွန်တော်တို့ကောင်းကောင်းကစားနိင်ဖို့နဲ့ သင်ယူနိင်ဖို့ကလွဲပြီး ဘာမှမမျှော်လင့်ခဲ့ကြပါဘူး။

ဒါပေမယ့် ကျွန်တော်တို့အဲ့ဒီအဆင့်ထက်တော့ ပိုပြီးရောက်နိင်ခဲ့သင့်ပါတယ်။

မေး။ T1 က Upper Bracket ကိုတော့ရောက်နိင်ခဲ့တယ်နော်။ ဒါပေမယ့် Playoff အဆင့်မှာ ဘယ်လိုဖြစ်လို့ ၂ ပွဲဆက်တိုက်ရှုံးပြီးထွက်ခဲ့ရတာလဲ။ ဘာတွေဖြစ်သွားတာလဲ။

ဖြေ။ ကျွန်တော်တို့ Stockholm Major ရဲ့ Meta ကို လိုက်မကစားနိင်ခဲ့လို့ပါ။

မေး။ SEA အသင်းတွေက တကယ်ကောင်းတဲ့ကစားပုံတွေကို ဆက်တိုက်ပြနေတယ်နော်။ BOOM Esports ဆို ဒူဘိုင်းမှာလုပ်ခဲ့တဲ့ GAMERS GALAXY Dubai Invitational မှာတောင်ဗိုလ်စွဲနိင်ခဲ့တယ်။ ဒါပေမယ့်တကယ့်ပြိုင်ပွဲကြီးတွေရောက်ရင်တော့ SEA အသင်းတွေက ကျရှုံးသွားတာများတယ်။ ဒါကဘာ့ကြောင့်လဲ။ ပြိုင်ပွဲကြီးတွေရဲ့ဖိအားဒဏ်တွေကိုမခံနိင်တာမျိုးလား ?

ဖြေ။ ကျွန်တော်လည်း ဘာကြောင့်ဖြစ်လဲဆိုတဲ့အကြောင်းပြချက်အတိအကျကိုမပြောတတ်ပါဘူး။ ဒါပေမယ့်ကျွန်တော်သေချာသိတာ ၁ ခုကတော့ ဖိအားတွေကြောင့်ပါ။ ဒူဘိုင်းပွဲမှာတုန်းက ကျွန်တော်တို့ SEA အသင်းတွေက Meta ကိုဘယ်လိုအသုံးချရမလဲဆိုတာကို ပိုပြီးတော့နားလည်ခဲ့ကြတယ်လို့ယုံကြည်ပါတယ်။ ဒါ့အပြင် BOOM Esports က ကစားသမားအတွက်တွေနဲ့ ဟန်းနီးမွန်းကာလကိုရောက်နေတဲ့အချိန်ပါ။ ဒါ့ကြောင့်လည်း သူတို့ချန်ပီယံဖြစ်ခဲ့တာပါ။

မေး။ မင်းက SEA Dota 2 Scene က ဝါရင့်ကစားသမားနော်။ မင်းရဲ့အတွေ့အကြုံအရ ဒီနှစ်တွေမှာ SEA က ဘာတွေပြောင်းလဲလာလဲ။ Region ၁ ခုလုံးကိုခြုံကြည့်ရင် တိုးတက်လာတယ်လို့ထင်လား။

ဖြေ။ လက်ရှိအချိန်မှာ SEA အသင်းတွေအများကြီးတိုးတက်လာတယ်လို့ ကျွန်တော်သေချာပေါက်ပြောနိင်ပါတယ်။ အသင်းတိုင်းမှာ Coach ကိုယ်စီရှိနေပါပြီ။ အရင်ကဆို Player တွေကပဲ အရာရာကိုဆုံးဖြတ်နေရတာပါ။

မေး။ မင်းရဲ့ကစားသမားဘဝမှာ Role တွေအစုံကစားခဲ့ဖူးတယ်နော်။ ဘယ် Role ကိုအကြိုက်ဆုံးလဲ?

ဖြေ။ တခြား Role တွေထက်စာရင် လက်ရှိကစားနေတဲ့ Offlane Role ကိုအကြိုက်ဆုံးပါပဲ။

မေး။ Position 3(Offlane) မှာကစားရတာဘယ်လိုနေလဲ?

ဖြေ။ အရမ်းကောင်းပါတယ်။

ကျွန်တော်အချိန် ၁ ခုထိဒီ Role မှာပဲဆက်ကစားဖြစ်ဦးမှာပါ။

မေး။ ထွက်ထားတာသိပ်မကြာသေးတဲ့ 7.31d နဲ့ပတ်သက်တဲ့အမြင်လေး ၁ ချက်လောက်။

ဖြေ။ ဒီ Patch ကောင်းလားဆိုးလားဆိုတာကို ကျွန်တော်လေ့လာနေဆဲ့ပါပဲ။

ဒါနဲ့ Crystal Maiden က ဘယ်လိုဖြစ်လို့ Creep နဲ့တူသွားရတာလဲ ?

မေး။ DPC League တွေနဲ့ Major တွေနဲ့ပတ်သက်ပြီးတော့ ဘာတွေတိုးတက်အောင်လုပ်သင့်တယ်လို့ထင်လဲ ? တခြား Player တွေကတော့ DPC League တွေက ကစားရတာအရမ်းပင်ပန်းလွန်းတယ်လို့ငြီးနေကြတယ်။ မင်းရောအဲ့လိုပဲထင်လား ?

ဖြေ။ ဒါပေါ့။ ကျွန်တော့်အမြင်အရ DPC League တွေက ရှည်လျားလွန်းပါတယ်။ ကျွန်တော်အမှတ်မမှားဘူးဆိုရင် ဒီကိစ္စနဲ့ပတ်သက်ပြီး အသင်းတော်တော်များများက Valve နဲ့ဆွေးနွေးပြီးပြီလို့ထင်ပါတယ်။

မေး။ သမိုင်းမှာပထမဆုံးအကြိမ်အဖြစ် SEA မှာ TI ကျင်းပတော့မယ်နော်။ မင်းစိတ်လှုပ်ရှားနေလား။ အိမ်ကွင်းပရိတ်သတ်အားက SEA အသင်းတွေကို TI11 မှာချန်ပီယံဖြစ်အောင်ကူညီပေးနိင်မယ်လို့ထင်လား?

ဖြေ။ ကျွန်တော်စိတ်လှုပ်ရှားတာပေါ့ဗျာ။ ကျွန်တော်တို့ TI ကစားဖို့ TI Bootcamp တွေကိုတကူးတကသွားစရာမလိုတော့သလို ဘာ Visa မှလည်းမလိုတော့ဘူးလေ။ ပရိတ်သတ်တွေနဲ့ပတ်သက်ပြီးပြောရရင်တော့ SEA Fan တွေက ဘယ်အသင်းဆိုပြီး Favor ပေးတာရှားပါတယ်။ သူတို့က ကစားပုံကောင်းတဲ့ဘယ်အသင်းမဆိုအားပေးကြပါတယ်။

မေး။ မင်း Dota မကစားတဲ့အချိန်တွေမှာ ဘာတွေလုပ်လဲ?

ဖြေ။ ကျွန်တော် Gym သွားရတာနဲ့ ဘတ်စကတ်ဘောကစားရတာကိုကြိုက်ပါတယ်။

Leave a Reply

Your email address will not be published.