News

Kuku Believes T1 Will be SEA Pride in Stockholm Major

လာမယ့် Stockholm Major မှာ T1 က SEA ဂုဏ်ဆောင်နိင်မယ်လို့ ယုံကြည်နေတဲ့ Kuku

ပြီးခဲ့တဲ့ SEA DPC Tour 2 မှာ Polaris Esports ကို Tiebreaker Match မှာ 2-0 နဲ့အနိင်ယူနိင်ခဲ့ပြီးနောက်မှာတော့ T1 ဟာ လာမယ့် ESL One Stockholm Major 2022 ကို ဝင်ရောက်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။

အဲ့ဒီလိုမျိုး Major သွားခွင့်ကို အမိအရဆုပ်ကိုင်နိင်ခဲ့ပြီးနောက်မှာတော့ T1 ရဲ့အသင်းခေါင်းဆောင် Kuku က အဲ့လိုမျိုးမေဂျာသွားခွင့်ရတဲ့အတွက် ဘယ်လောက်ထိစိတ်လှုပ်ရှားမိတယ်ဆိုတာကို post-game Interview မှာ ပြောသွားခဲ့ပြီး Major မှာ T1 အနေနဲ့ SEA ဂုဏ်ကိုဆောင်နိင်မယ်လို့ယုံကြည်နေတဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

“ကျွန်တော်တို့ Tour 2 မှာတတိယပဲရခဲ့ပေမယ့် မေဂျာသွားခွင့်ရခဲ့လို့ ပျော်ရွှင်နေပါတယ်။

ဒါကတကယ်ကောင်းမွန်တဲ့ခံစားမှုပါ။

ဘာလို့ဆို ဒီတခေါက်မှာ Major ဝင်ခွင့်အတွက် Wild Card မရှိဘူးလေ။

တကယ်လို့ရှိခဲ့ရင်လည်း အရမ်းခက်ခဲမယ်ဆိုတာ သေချာပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်အခုလို မေဂျာသွားခွင့်ရတဲ့အတွက် ကျွန်တော်အရမ်းပဲစိတ်လှုပ်ရှားနေပါတယ်”

ဒီ DPC က Major Format က မနှစ်က Pro Player တွေဝိုင်းပြောထားလို့ နည်းနည်းတော့ပြောင်းလဲထားပါတယ်။

ဒီ ESL One Stockholm 2022 Major မှာ အရင်နှစ်တွေလိုမျိုး အဆင့် ၃ ဆင့်(Wildcard, Group Stage, Playoffs)မရှိတော့သလို DPC ရပ်တည်မှုပေါ်လိုက်ပြီး စကစားရတဲ့အဆင့်မတူတာမျိုးလည်းမရှိတော့ပါဘူး။

အကုန်လုံး Group Stage ကနေပဲ စကစားကြရမှာပါ။

Bo2 ပတ်လည်တွေကစားကြမှာဖြစ်ပြီး Playoff ကို ၁၂ သင်းတက်ရောက်နိင်မှာဖြစ်ပါတယ်။

Kuku က သူတို့အနေနဲ့ လာမယ့်မေဂျာမှာ ၁ ခုခုကိုလုပ်ပြနိင်ဖို့အတွက်လည်း ယုံကြည်မှုတွေရှိနေပြီဆိုတာကို အခုလိုဆက်ပြောခဲ့ပါတယ်။

“ကျွန်တော်တို့ ယုံကြည်မှုတွေတည်ဆောက်ထားနိင်ပါပြီ။

ကျွန်တော်တို့အနေနဲ့ SEA DPC မှာ တတိယပဲရခဲ့တယ်ဆိုပေမယ့် ဒီ Region က ချာတိတ်တွေပဲကစားနေတဲ့ Region မဟုတ်ပါဘူး။

SEA အင်အားကြီးအသင်းတချို့ဒီမေဂျာကိုမသွားနိင်ခဲ့တဲ့အတွက် ဒီမေဂျာမှာ SEA ကိုဂုဏ်ဆောင်ဖို့က ကျွန်တော်တို့တာဝန်ဖြစ်လာပါပြီ”

လက်ရှိမှာ EEU DPC ပွဲတွေကို ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ရက်အကန့်အသတ်မရှိရွေ့ဆိုင်းထားပါတယ်။

ဒါ့ကြောင့် ဒီမေဂျာမှာ EEU Region ကအသင်းတွေ ၁ သင်းမှပါဝင်လာမှာမဖြစ်ပါဘူး။

ဒါ့အပြင် တရုတ် Region ကအသင်းတွေအနေနဲ့လည်း လက်ရှိဖြစ်ပွားနေတဲ့ကိုဗစ်ကြောင့် မေဂျာကျင်းပမယ့်ဆွီဒင်နိင်ငံကို ဝင်ရောက်ခွင့်မရတာလည်း ဖြစ်လာနိင်ပါတယ်။

လက်ရှိမှာ တရုတ်အသင်းအများစုအခြေစိုက်ရာရှန်ဟိုင်းမြို့ကို Lockdown ချထားပြီး ဘယ်အချိန်မှပြန်ဖြေပေးမလဲဆိုတာလည်း မသိနိင်သေးပါဘူး။

ဒါ့ကြောင့် မေဂျာကိုပါဝင်မယ့်အသင်းတွေထပ်အပြောင်းအလဲရှိခဲ့ရင်လည်း Surprise တော့မဟုတ်ပါဘူး။

အင်တာဗျူးအပြီးမှာ Kuku က သူတို့အသင်းအနေနဲ့ Major မှာပါဝင်ကစားဖို့အတွက် ဘယ်လောက်ထိစိတ်အားထက်သန်နေလဲဆိုတာကိုလည်း ပြောသွားခဲ့ပါတယ်။

“ကျွန်တော်တို့အခုတော့ အိမ်ပြန်ပါမယ်။

ကျွန်တော်တို့က ဖိလစ်ပိုင်ကဖြစ်လို့ ဗီဇာကိစ္စတွေလည်းလုပ်ရဦးမှာမလို့ပါ။

ကျွန်တော်တို့ ၅ ရက်လောက်တော့ ခဏနားပါမယ်။

ပြီးရင် Online ပွဲတွေကစားပြီးတော့ ဆွီဒင်ကိုတန်းသွားပါမယ်”

GLHF ပါ T1 ရေ။

SEA ဂုဏ်ကို ဆွီဒင်မှာ ဆောင်ပြီးပြန်လာနိင်ပါစေ <3

Leave a Reply

Your email address will not be published.