Team & Players

King Sumail

အောက်မှာမြန်မာလိုပါတယ်နော်

King Sumail

Sumail, popular among Burmese fans as Kala Lay, was Borned in 1999. 

He was born on February 13 in Karachi, Pakistan.

As a result, he is now only 23 years old.

However, despite his young age, he has achieved a lot, and he has been the TI Champion since 2015, the goal of all Dota players.

His real name is Syed Sumail Hassan. 

In addition to the Sumail ID, he also uses IDs such as D3m0n, Suma1L, B-Rabbit, Mr.s, SumaiL-.

His career total earnings are $ 3,823,610.

His three signature heroes, as we all know, are Storm Spirit, Ember Spirit and Puck, but his Hero Pool is so vast that he can show off his super skills with Any Hero.

In addition, although his regular role was Mid Laner, he had to adapt to the Offlaner and Carry roles according to the needs of the teams he played for, but Sumail was able to fulfill his role. 

Sumail started playing Dota at the age of eight.

He started playing in the North American Elite League in 2012 when his parents moved to Rose Mountain, northwest of Chicago.

Sumail became the highest rated player in the in-house-league in a short time.

That’s why Universe, aware of his quality, urges Sumail to bring in EG officials who are on fire as Arteezy and Zai leave just before DAC 2015.

Therefore, on January 5, 2015, Sumail arrived in EG. 

Sumail by EG at the urging of the Universe, Sumail debuted his EG career debut on January 6, 2015 in The Dota 2 League Season 5 in Las Vegas.

However, EG had poor results and Sumail also Had poor performance in that competition.

Sumail’s lack of talent has also led to criticism that the newcomer is unworthy of playing for a club with such a long history as EG.

But in February, Sumail had a chance to turn his critics from Sumail to Sumail.

This is the Dota 2 Asia Championship that EG won.

In the first match of the tournament, Sumail soon began playing the SF, which would become the Meta of the tournament, with Eul.

At the time, EG’s captain, PPD, opted for Sumail only for drafting around Sumail. 

EG won the group stage 11-4, and Na’Vi and Big God were no thorn in their side on their way to the Upper Bracket Final.

However, in the Upper Bracket Final, they lost 2-0 to VG and were relegated to the Lower Bracket.

In the Lower Bracket Final, EG met Team Secret.

Team Secret is the most popular team in the tournament.

However, EG managed to overcome with a 2-0 result.

In the Grand Final against VG, Sumail proved to be one of the best mid-players in the world.

Game 3 will be remembered by everyone so far.

Sumail’s Storm Spirit died three times in less than three minutes.

From that Situtation, he came back with a score of 17-7-11 and defeated VG decisively.

After the show, his image grew until People saw Sumail and Storm Spirit together.

This is just the beginning of the 2015 EG Golden Era, with Dota Pit League Season 3 in July and TI5 in August.

EG raised more than $ 6.6 million in prize money at TI5, making Sumail the youngest person to win the $ 1 million prize in eSports history.

Since 2015, EG has undergone many changes and a significant decline in performance.

However, Sumail continued to show top-level performance.

In 2016, EG’s success excluded the TI6 entry, winning two Tier 2 tournaments and one invitational.

In TI6, it finished third.

In 2017, he started out as the champion in Dota Pit League Season 5, but he was as successful as the runner-up in EPICENTER 2017, and he lost 9-12th in TI7. 

The departure of veterans who were very close to EG and SumaiL, such as Fear and PPD, has led to the failure of the newcomers to lead to EG’s failure.

On March 12, 2017, eSports Stories released The Story of SumaiL Documentary Video.

The same thing happened Again in 2018, except for the third place finishes in TI8 and KL Major.

However, Sumail set an individual record of 31 kills in the TI8 Upper Bracket Series Game 3 with OG, the highest Kill in a single match at The International.

Sumail and EG’s third curse did not end in 2019, and they also finished third in the Chongqing Major and MDL Disneyland Major.

The rest of the tournament was not played very well and was not a success.

After TI9, Sumail left EG, where he had been playing for five years, after TI9 captured the camp at 5-6th without finishing third.

While inactive on EG’s roster, he spent a month at Quincy Crew with his brother Yawar, helping qualify for the DOTA Summit 11.

After that, Sumail was temporarily inactive from the Pro Scene, reaching the 2 Times TI Champion OG on January 28, 2020.

The ESL One Los Angeles 2020, which debuted with OG for the first time, was able to qualify, but unfortunately, due to Covid’s impact, there were no more LAN contests, and the Major became an online contender. 

He also left OG about six months after playing for OG after the results of the online tournaments were very Bad at that time.

Sumail then became Inactive from the Pro Scene, and in April 2021, he made her stand-in for Team Liquid without Boxi in 2021 DPC Season 1, finishing second in the region but finishing 16th in the WePlayAni Major.

One week after handing over Team Liquid to Boxi, OG, who had been playing for six months, urgently recalled him to play TI10.

Sumail helped OG qualify for the TI10 Qualify with individual teams in the TI10 Regional Qualifier, including Liquid, Nigma, and Tundra, and struggled for the TI10 7-8th place.

After TI10, Team Secret recruited him in the Mid Position and finished third in the first OGA Dota PIT season 5: Europe / CIS.

No matter who you are, pray for Sumail, who is still tired, to win the 2 Times TI Award with Team Secret.

Sumail’s unique features and individual successes

Sumail is related to YaWaR.

Sumail is a huge fan of cheese pizza and eats it every two days.

Sumail was named one of Time Magazine’s Top 30 Most Influential Teens in 2016.

This is my first time as a Dota player.

Sumail is the youngest player to ever win Valve Official Championship, and he was only 15 years and 361 days old when he won DAC 2015.

Sumail is the youngest player to ever win a TI Championship, and he was only 16 years and 176 days old when he won the TI5.

He is a big fan of the NBA and supports the Golden State Warriors.

Burmese Version

King SumaiL ရဲ့အကြောင်း

ကုလားလေးလို့ မြန်မာပရိသတ်တွေကြားမှာ လူသိများတဲ့ Sumail ကို ၁၉၉၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ပါကစ်စတန်နိင်ငံ Karachi မြို့မှာမွေးဖွားခဲ့ပါတယ်။

ဒါကြောင့်မလို့ အခုအချိန်မှာ သူ့ရဲ့အသက်ဟာ 23 နှစ်သာရှိပါသေးတယ်။
ဒါပေမဲ့ ငယ်ရွယ်တဲ့သူ့အသက်အရွယ်နဲ့မလိုက်အောင် အောင်မြင်မှုတွေကို အမြောက်အမြားရယူထားနိင်သူဖြစ်ပြီး Dota Player အားလုံးရဲ့ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ TI ချန်ပီယံဆုကိုလည်း ၂၀၁၅ ခုနှစ်ကတည်းက ရယူထားနိင်ခဲ့ပြီဖြစ်ပါတယ်။

သူ့ရဲ့နာမည်အရင်းကတော့ Syed Sumail Hassan ဖြစ်ပါတယ်။

သူ့အနေနဲ့ Sumail ဆိုတဲ့ ID အပြင် D3m0n, Suma1L, B-Rabbit, Mr.s, SumaiL- စတဲ့ ID တွေကိုလည်း အသုံးပြုလေ့ရှိပါတယ်။

သူ့ရဲ့ကစားသမားဘ၀ Total Earning က $3,823,610 ရှိနေပါပြီ။

သူ့ Signature Hero သုံးကောင်က အားလုံးသိကြတဲ့အတိုင်း Storm Spirit, Ember Spirit နဲ့ Puck တို့ဖြစ်ပေမယ့် သူ့ရဲ့ Hero Pool ကအရမ်းကျယ်သလို ဘယ်ဟီးရိုးကစားကစား ပြောင်မြောက်တဲ့စွမ်းဆောင်ရည်တွေကို ပြနိင်သူဖြစ်ပါတယ်။

ဒါ့အပြင် သူပုံမှန်ကစားတဲ့ Role က Mid Laner ဖြစ်ပေမယ့်လည်း သူကစားတဲ့အသင်းတွေရဲ့လိုအပ်ချက်အရ Offlaner Role , Carry Role တွေမှာပြောင်းလဲကစားပေးခဲ့ရပေမယ့် Sumail ကတော့ ကျရာနေရာမှာ တာဝန်ကျေအောင်စွမ်းဆောင်နိင်ခဲ့ပါတယ်။

Sumail ဟာ Dota ကို အသက် ၈ နှစ်ကတည်းက စတင်ကစားခဲ့သူဖြစ်ပါတယ်။

သူ့အနေနဲ့ ၂၀၁၂ ခုနှစ်မှာ သူ့မိဘတွေ ချီကာဂိုမြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ ရို့စ်မောင့်ရွာလေးကို ပြောင်းရွှေ့ခဲ့ချိန်ကစလို့ North American Elite League မှာစတင်ကစားခဲ့ပါတယ်။

ပါရမီထူးကဲတဲ့ Sumail ဟာအချိန်တိုလေးအတွင်းမှာပဲ in-house-league မှာ Rating အမြင့်ဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

ဒါကြောင့်မလို့ သူ့အရည်အသွေးကိုသတိပြုမိတဲ့ Universe က DAC 2015 ပြိုင်ပွဲနီးတော့မှ Arteezy နဲ့ Zai ထွက်ခွာသွားလို့ အပူမီးတောက်နေတဲ့ EG တာဝန်ရှိသူတွေကို Sumail ကိုခေါ်ယူဖို့အတွက် တိုက်တွန်းပြောဆိုခဲ့ပါတယ်။
ဒါကြောင့်မလို့ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှာတော့ EG ကို Sumail တစ်ယောက် ရောက်ရှိလို့ လာခဲ့ပါတော့တယ်။

Universe ရဲ့တိုက်တွန်းမှုကြောင့် EG ရဲ့တော်ကောက်ခြင်းခံခဲ့ရတဲ့ Sumail ဟာ သူ့ရဲ့ EG ကစားသမားဘ၀ ပွဲဦးထွက်ပြိုင်ပွဲကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့မှာ Las Vegas မြို့မှာကျင်းပခဲ့တဲ့ The Dota 2 League Season 5 မှာစတင်ယှဉ်ပြိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီပြိုင်ပွဲမှာ EG အနေနဲ့ရလဒ်တွေဆိုးဝါးခဲ့သလို Performance ကလည်း အတော်လေးအားနည်းခဲ့ပါတယ်။

ဒါ့အပြင် Sumail ကလည်း လက်စွမ်းမပြနိင်ခဲ့တာကြောင့် ဒီမျက်နှာသစ်ကစားသမားလေးဟာ EG လိုမျိုးသမိုင်းအစဉ်အလာကြီးမားတဲ့အသင်းကြီးတစ်သင်းမှာကစားဖို့အတွက် မထိုက်တန်ဘူးဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမဲ့ ဖေဖော်ဝါရီလအရောက်မှာတော့ Sumail အနေနဲ့ သူ့ကိုဝေဖန်ခဲ့သူတွေကို Sumail မှ Sumail ဖြစ်လာစေအောင် လုပ်နိင်မယ့်အခွင့်အရေးတစ်ခုကိုရခဲ့ပါတယ်။

အဲဒါကတော့ EG ဗိုလ်စွဲခဲ့တဲ့ Dota 2 Asia Championship ပြိုင်ပွဲပါပဲ။

အဲ့ပြိုင်ပွဲရဲ့ပထမဆုံးပွဲမှာတော့ Sumail ဟာ မကြာခင်မှာပဲ အဲ့ပြိုင်ပွဲရဲ့ Meta ဖြစ်လာမယ့် SF ကို Eul နဲ့ကစားတာကို စတင်ကစားပြခဲ့ပါတယ်။

အဲ့ဒီအချိန်က EG ရဲ့ကပ္ပတိန်ဖြစ်သူ PPD ကလည်း Sumail ကိုပဲဝန်းရံပြီးကစားတဲ့ Drafting တွေကိုပဲ Sumail အတွက်ရွေးချယ်ပေးခဲ့ပါတယ်။

EG အနေနဲ့ Group Stage မှာ ၁၁ – ၄ ဆိုတဲ့ရလဒ်နဲ့ အုပ်စုကနေတက်နိင်ခဲ့သလို Na’Vi နဲ့ Big God ကလည်း သူတို့ရဲ့ Upper Bracket Final ကိုသွားတဲ့လမ်းကြောင်းမှာ ဆူးညှောင့်ခလုတ်တွေ မဖြစ်ခဲ့ပါဘူး။

ဒါပေမဲ့ Upper Bracket Final မှာတော့ VG ကို ၂ – ၀ နဲ့အရှုံးပေးခဲ့ရပြီး Lower Bracket ကိုဆင်းပေးခဲ့ရပါတယ်။

Lower Bracket Final မှာ EG တွေ့ဆုံခဲ့တာကတော့ Team Secret ပါ။

Team Secret ဟာ အဲ့ပြိုင်ပွဲမှာ လူကြိုက်အများဆုံးအသင်းဖြစ်ပါတယ်။

ဒါပေမဲ့ EG အနေနဲ့ ၂ – ၀ ဆိုတဲ့ရလဒ်နဲ့ အခက်အခဲမရှိကျော်ဖြတ်နိင်ခဲ့ပါတယ်။
VG နဲ့ကစားခဲ့တဲ့ Grand Final မကြေပွဲမှာတော့ Sumail အနေနဲ့ သူဟာ ကမ္ဘ္ဘာ့အကောင်းဆုံး Mid player တွေထဲကတစ်ဦးဆိုတာကို သက်သေပြနိင်ခဲ့ပါတယ်။

အားလုံးအခုအချိန်အထိ အမှတ်ရနေမဲ့ပွဲကတော့ Game 3 ပါ။

အဲ့ဒီပွဲမှာ Sumail ရဲ့ Storm Spirit ဟာ ၃ မိနစ်မပြည့်ခင်မှာပဲ ၃ ခါသေပြီးပါပြီ။

အဲ့လိုအနေအထားကနေ 17 – 7 – 11 ဆိုတဲ့ Score နဲ့ပြန်လာနိင်ခဲ့ပြီး VG ကိုအပြတ်အသတ်ခြေမှုန်းခဲ့ပါတယ်။

အဲ့ပွဲအပြီးမှာတော့ Storm Spirit ဆိုတာနဲ့ Sumail ကိုတွဲမြင်တဲ့အထိ သူ့ပုံရိပ်က ကြီးမားလာခဲ့ပါတယ်။

ဒါဟာ EG ရွှေထီးဆောင်းမယ့် ၂၀၁၅ ခုနှစ်ရဲ့ အစပိုင်းသာရှိသေးပြီး ဇူလိုင်လမှာ Dota Pit League Season 3 နဲ့ သြဂုတ်လမှာ TI5 ကိုပါ ထပ်မံရယူနိင်ခဲ့ပါတယ်။

TI5 ပြိုင်ပွဲကနေ EG အနေနဲ့ ဆုကြေးဒေါ်လာ ၆.၆ သန်းကျော်ရယူနိင်ခဲ့တာကြောင့် Sumail ကို eSports သမိုင်းမှာ အသက်အငယ်ဆုံးဆုကြေးဒေါ်လာ ၁ သန်းရယူနိင်တဲ့သူ ဖြစ်လာခဲ့ပါတယ်။

၂၀၁၅ နောက်ပိုင်းမှာတော့ EG အနေနဲ့လူအပြောင်းအလဲအလွန်များခဲ့သလို စွမ်းဆောင်ရည်အပိုင်းမှာလည်း အတော်လေးကျဆင်းခဲ့ပါတယ်။

ဒါပေမဲ့ Sumail ကတော့ ထိပ်တန်းအဆင့်စွမ်းဆောင်ရည်ကို ဆက်လက်ပြသနိင်ခဲ့ပါတယ်။

2016 ခုနှစ်မှာ EG ရဲ့အောင်မြင်မှုက TI6 ကိုဝင်ကစားခွင့်ရတာကိုဖယ်လိုက်ရင် Tier 2 ပြိုင်ပွဲ ၂ ခုနဲ့ ဖိတ်ခေါ်ပြိုင်ပွဲလိုမျိုး ၁ ခုမှာချန်ပီယံဖြစ်ခဲ့တာပဲရှိပါတယ်။

TI6 မှာတော့ တတိယရခဲ့ပါတယ်။

2017 မှာလည်း နှစ်အစကို Dota Pit League Season 5 မှာချန်ပီယံဖြစ်ခြင်းနဲ့တာထွက်လှခဲ့ပေမယ့် EPICENTER 2017 မှာဒုတိယရခဲ့တာလောက်ပဲလောက်လောက်လားလားအောင်မြင်မှုရှိပြီး TI7 မှာလည်း 9-12th နဲ့ကျရှုံးခဲ့ပါတယ်။

Fear နဲ့ PPD တို့လို EG နဲ့ရော Sumail နဲ့ပါသဟာဇာတအရမ်းဖြစ်တဲ့ဝါရင့်ကြီးတွေထွက်ခွာသွားတဲ့နေရာကို အသစ်ဝင်လာတဲ့ကြယ်ပွင့်ကစားသမားတွေက လုံးဝမဖာထေးပေးနိင်ခဲ့တာက EG ရဲ့ကျရှုံးခန်းကို ဦးတည်စေခဲ့တာပါ။

2017 မတ်လ ၁၂ ရက်နေ့မှာတော့ eSports Stories ကနေပြီးတော့ The Story of SumaiL Documentary Video လေးကို ထုတ်ပေးခဲ့ပါတယ်။

၂၀၁၈ မှာလည်း ဒီလိုပဲလုံးလည်ချာလည်လိုက်နေခဲ့ပြီး TI8 နဲ့ KL Major တို့မှာတတိယနေရာတွေရယူနိင်ခဲ့တာကလွဲရင် ကျန်တာကအခြေအနေမကောင်းခဲ့ပါဘူး။

ဒါပေမယ့် Sumail အနေနဲ့ ၁ ဦးချင်းစံချိန်မှတ်တမ်းအနေနဲ့ The International ပြိုင်ပွဲတွေမှာ ၁ ပွဲထဲ Kill အများဆုံးစံချိန်ကို OG နဲ့ကစားခဲ့တဲ့ TI8 Upper Bracket Series Game 3 မှာ Tiny နဲ့ 31 ကောင်သတ်ပြီးတင်ရှိနိင်ခဲ့ပါတယ်။

Sumail နဲ့ EG ရဲ့တတိယကျိန်စာတွေက 2019 မှာလည်းမပြီးသေးပဲ Chongqing Major နဲ့ MDL Disneyland Major တွေမှာလည်း တတိယတွေပဲရခဲ့ပြန်ပါတယ်။

ကျန်တဲ့ပြိုင်ပွဲတွေလည်းသိပ်မဆော့သလို အောင်မြင်မှုလည်းမရခဲ့ပါဘူး။

TI9 မှာဆို တတိယတောင်မရတော့ပဲ 5-6th နဲ့ပဲစခန်းသိမ်းခဲ့လို့ TI9 အပြီးမှာတော့ Sumail ဟာ သူ ၅ နှစ်လောက်ကစားလာတဲ့ EG ကိုစွန့်ခွာခဲ့ပါတော့တယ်။

EG ရဲ့ကစားသမားစာရင်းကနေ Inactive ဖြစ်နေစဉ်ကာလမှာ သူ့အစ်ကို Yawar ရှိတဲ့ Quincy Crew မှာ ၁ လလောက်ဝင်ကစားပေးခဲ့ပြီး DOTA Summit 11 ကို Qualify ဖြစ်အောင်ကူညီပေးခဲ့ပါတယ်။

အဲ့နောက်မှာတော့ Sumail ဟာ Pro Scene ကနေ ခဏလောက် Inactive ဖြစ်ခဲ့ပြီး 2 Times TI ချန်ပီယံ OG ဆီကို 2020 ခုနှစ် ဇန်နဝါရီလ ၂၈ ရက်မှာရောက်ရှိခဲ့ပါတော့တယ်။

OG နဲ့ပထမဆုံးစကစားခဲ့တဲ့ ESL One Los Angeles 2020 ကို Qualify ဖြစ်အောင်စွမ်းဆောင်ပေးနိင်ခဲ့ပေမယ့် ကံဆိုးစွာပဲ Covid ရဲ့ရိုက်ခတ်မှုကြောင့် LAN ပြိုင်ပွဲတွေမရှိတော့သလို အဲ့ Major ကလည်း Online ပြိုင်ပွဲပဲဖြစ်သွားခဲ့ပါတယ်။

ဒါ့အပြင် အဲ့ကာလမှာပြုလုပ်တဲ့ Online ပြိုင်ပွဲတွေမှာလည်း ရလဒ်တွေက တော်တော်လေးကမောက်ကမဖြစ်ခဲ့လို့ OG မှာကစားပြီး ၆ လလောက်အကြာမှာတော့ OG ကနေပြန်ထွက်လာခဲ့ပါတော့တယ်။

အဲ့နောက်မှာတော့ Sumail ဟာ Pro Scene ကနေ Inactive ဖြစ်သွားခဲ့ပြီး 2021 ဧပြီလမှာမှ Boxi မရှိတဲ့ Team Liquid အတွက် 2021 DPC Season 1 ကို stand-in ဝင်ကစားပေးခဲ့ပြီး Region အတွင်းဒုတိယရခဲ့ပေမယ့် WePlayAni Major မှာတော့ အဆင့် ၁၆ နေရာသာရခဲ့ပါတယ်။

Team Liquid ကို Boxi လက်ထဲပြန်အပ်အပြီး ၁ ပတ်အကြာမှာတော့ သူ ၆ လလောက်ကစားခဲ့တဲ့ OG က TI10 ဝင်ဆော့ဖို့အရေးတကြီးပြန်ခေါ်ခဲ့တာကြောင့် OG ကိုပြန်ရောက်သွားခဲ့ပါတယ်။

Sumail အနေနဲ့ TI10 Regional Qualifier မှာ Liquid, Nigma, Tundra တို့လိုအသင်းကြီးအသင်းကောင်းတွေပါဝင်တဲ့ကြားထဲကနေ OG ကို TI10 Qualify ဖြစ်အောင်တဦးချင်းစွမ်းဆောင်ရည်တွေနဲ့ ထမ်းတင်ပေးနိင်ခဲ့သလို TI10 မှာလည်း 7-8th နေရာထိရအောင်ရုန်းကန်ပေးနိင်ခဲ့ပါတယ်။

TI10 အပြီးမှာတော့ Team Secret ကသူ့ကို Mid Position နဲ့ခေါ်ယူခဲ့ပြီး ပထမဆုံးကစားထားတဲ့ OGA Dota PIT season 5: Europe/CIS မှာတော့ တတိယရထားပါတယ်။

ဘယ်သူတွေဘယ်လိုပဲပြောင်းပြောင်း သူကတော့ ပန်းပန်နေဆဲဖြစ်တဲ့ Sumail ကို Team Secret နဲ့အတူ 2 Times TI ဆုကိုရယူနိင်ပါစေလို့ ဆုတောင်းရင်း …

Sumail ရဲ့ထူးခြားချက်တွေနဲ့ တစ်ဦးချင်းအောင်မြင်မှုတွေကတော့

  • Sumail ဟာ YaWaR နဲ့ ညီအစ်ကိုတော်စပ်ပါတယ်။

Sumail ဟာ Cheese pizza ကိုအလွန်ကြိုက်နှစ်သက်သူဖြစ်ပြီး နှစ်ရက်တစ်ခါစားလေ့ရှိပါတယ်။

Sumail အနေနဲ့ ၂၀၁၆ ခုနှစ်တုန်းကTime Magazine ရဲ့ လွှမ်းမိုးနိင်စွမ်းအရှိဆုံး ဆယ်ကျော်သက်စာရင်းမှာ Top 30 ဝင်ခဲ့ပါတယ်။ ဒါဟာ Dota ကစားသမားတစ်ယောက်အနေနဲ့ ပထမဆုံးဖြစ်ပါတယ်။

  • Sumail ဟာ Valve ရဲ့ Official ပြိုင်ပွဲကို ချန်ပီယံဖြစ်ဖူးတဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်ပြီး သူ DAC 2015 ကိုရယူနိင်ခဲ့ချိန်မှာ သူ့အသက်က ၁၅ နှစ်နဲ့ ၃၆၁ ရက်သာရှိပါသေးတယ်။
  • Sumail ဟာ TI ချန်ပီယံဆုကိုရယူဖူးတဲ့ အသက်အငယ်ဆုံးကစားသမားလည်းဖြစ်ပြီး သူ TI5 ကိုရယူနိင်ခဲ့ချိန်မှာ သူ့အသက်က ၁၆ နှစ်နဲ့ ၁၇၆ ရက်သာရှိပါသေးတယ်။
  • သူဟာ NBA ရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပြီး Golden State Warriors အသင်းကို အားပေးတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.