Team & Players

iceiceice

အောက်မှာမြန်မာလိုပါတယ်နော်

iceiceice

Dicel Koh Pei Xiang is the real name of Iceiceice, a Position 3 player of Team Secret who is popular among Myanmar fans as Three Ice.

He was born on June 17, 1990 and is now 31 years old.

He is a Singaporean and his other ID is Lucifer 冰冰,.

He was known as the Offlane God like Universe.

He could not only play in an Offlane Role like the Universe but also he had excellent individual skills, so he was able to stand out from the crowd.

Every time a new hero is released, everyone is more interested in what he is playing than in what others are playing.

His style of play is offlaner, but he focuses on farming first.

However, he can play both Aggressive and Safe as the team needs.

His three signature heroes are the Offlane Heroes he plays, Timbersaw, Tidehunter and Pangolier, but everyone knows what he can do well.

Iceiceice has won 35 of his 53 appearances in the Pro Scene with his Pangolier, a record that no one can match.

His career total earnings are $ 1,792,148.

He is one of only two players to have competed in seven TI tournaments with seven different teams (the other is MISERY).

He is tied with KuroKy and LaNm for the 2nd most appearances (9) at The International.(The Only Player Who is more than them is Puppey who played every TI)

He started his Dota professional career in 2005 at mVp, playing for Zenith, KingSurf and AEON.sg once a year.

Since the Dota 1 era, iceiceice has been considered one of the top players in the world, having competed in major tournaments such as ESWC Paris and CAPL.

He is not only in Dota but also in other games.

In 2011, iceiceice co-starred in the Pro Scenes of StarCraft II, Dota, LoL and HoN.

Iceiceice has been playing StarCraft II since its inception in early 2011.

His highest achievement at local SEA events was his second-place finish at the Blizzard SEA Invitational, where he qualified for the BlizzCon 2010 Starcraft II Invitational.

However, in that match, He only had to leave in the FIrst Round.

In March 2011, iceiceice joined FXOpen e-Sports, but only played for a while and then left.

It is said that he left the SEA Starcraft 2 scene because he had to serve in the military.

He started focusing Dota 2 in mid-2011.

On August 1, 2011, he joined Scythe.SG and competed in TI1 with that team.

In the main event, they lost to the Grand Finalist EHOME and finished third, but won the prize money of $ 15,000.

On September 11, He left Sythe.SG and arrived at MYM.

But it was only a matter of time before he left in January 2012.

After two months of being inactive, on March 29, 2012, he arrived at Zenith, where he used to play Since Dota 1 era.

Joining TI3 with Zenith had some disappointing results, but iceiceice’s victory over Mushi in the 1v1 solo championship final proved he was one of the best players in Dota 2.

After TI3, iceiceice starred in the Super Star Team DK.

They achieved many other great achievements, but Team DK disbanded after TI4 as they finished fourth in TI4.

After leaving Team DK, iceiceice moved to another top Chinese team, VG.

He played for VG for a year and a half, winning i-League Season 1, ESL One New York 2014, The Summit 2, VPGame Pro League Season 1, StarLadder StarSeries Season 12, and finishing fourth on TI5.

On March 8, 2016, iceiceice arrived at EHOME and played for over 5 months.

Unsuccessful, he left EHOME on August 29 and six days later arrived at the newly formed Singapore-based SEA Team Team Faceless.

Team Faceless featured Black ^, Jabz, NutZ and xy- along with iceiceice.

Team Faceless may have been a respectable team in the SEA, but their success was as a champion in the ProDotA Cup Southease Asia # 3, Mr.Cat Invitational Season 2, finishing fourth in The Manila Masters.

That’s why he ended up in the TI7 SEA Qualifier after finishing 6-10th place.

iceiceice left Team Faceless on August 16, 2017 to join another SEA team, Mineski.

Mineski included former DK teammate Mushi, Jabz from Team Faceless, Wana’s Nana (Moon) and ninjaboogie.

With this group, Mineski competed with TnC and Fnatic in the SEA and achieved many successes.

Among those achievements was the DAC 2018 Major Title, the first major title for SEA teams.

They are also proud to be the only SEA team to receive a direct invitation to TI8.

However, in TI8, it ended in 9-12th place, so after TI8, an iceiceice moved to Fnatic.

With Fnatic, he qualified for The Kuala Lumpur Major and finished second at the PVP Esports Championship.

However, he was ranked 7-8th in the KL Major and only 5-6th in the Chongqing Major, which has been playing since the beginning of 2019.

However, it’s not so bad, as it finished fourth in ESL One Katowice 2019 and third in Dream League Season 11.

However, in addition to the MDL DisneyLand Major and EPICENTER Major 2019, Fnatic’s 2019 failed miserably, finishing 13-16th in TI9, respectively.

The future of Fnatic and iceiceice was also very worrying, as they finished 9-12th place in the MDL Chengdu Major after TI9 and DreamLeague Season 13 in early 2020.

After that, Covid led the way in online gaming, and Fnatic was unexpectedly successful.

Including ESL One Los Angeles 2020 which changed Major Status to Online Tournament, They Won 5 consecutive Tier 2 tournaments.

ESL One Birmingham 2020 Online, the exception of 3-1 in Grand Finals, the result of the other four matches was a 3-0 victory.

After that, Fnatic’s record ended with a third-place finish in BTS Pro Series Season 2: Southeast Asia, and They did not win any championships until the end of 2020.

Iceiceice left the club on September 16, 2020, after playing for Fnatic for more than two years.

It has been inactive for almost two months, after which He reached the NA Region top team Evil Geniuses.

For EG, he played 2021 DPC Season 1 and 2, winning Season 1 first and Season 2 second.

Of the two majors, only runners-up.

He then competed in the TI10, which was suspended by Covid, and was content with 9-12th place.

So after TI10, He Parted away with EG and arrived Team Secret.

It remains to be seen in the coming TI11 whether he can win the TI Championship, a gap in iceiceice’s career with Team Secret, which is like a all star team.

iceiceice Statistics

Burmese Version

ရေခဲသုံးလုံး ( iceiceice) ရဲ့အကြောင်း

ရေခဲသုံးလုံးလို့ မြန်မာနိင်ငံက ပရိသတ်တွေကြားမှာ ရေပန်းစားသူ Team Secret ရဲ့ Position 3 ကစားသမားဖြစ်သူ iceiceice ရဲ့ နာမည်အရင်းကတော့ Daryl Koh Pei Xiang ဖြစ်ပါတယ်။

သူ့ကို ၁၉၉၀ ခုနှစ် ဇွန်လ ၁၇ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်လို့ အခုဆိုရင် 31 နှစ်ထဲကို ရောက်နေပြီ ဖြစ်ပါတယ်။

သူဟာ စင်ကာပူနိင်ငံသားဖြစ်ပြီး သူ့ရဲ့တစ်ခြား ID တွေကတော့ Lucifer, 冰冰冰 ဖြစ်ပါတယ်။

သူဟာ Offlane God လို့ Universe နဲ့အပြိုင် နာမည်ကြီးခဲ့သူဖြစ်သလို Universe လိုမျိုး Offlane Role တစ်ခုထဲကစားနိင်သူမဟုတ်ဘဲနဲ့ Individual Skill လည်း အလွန်ကောင်းသူဖြစ်တာကြောင့် သူဘာဟီးရိုးကိုင်ကိုင် သူများထက်ထူးခြားအောင် ကစားနိင်သူဖြစ်ပါတယ်။

ဟီးရိုးအသစ်ထွက်တိုင်းလည်း တစ်ခြားသူတွေကစားပြတာထက် သူကစားပြမှာကိုပဲ အားလုံးက ပိုစိတ်ဝင်စားကြလေ့ရှိပါတယ်။

သူ့ရဲ့ကစားဟန်က Offlaner ဖြစ်ပေမယ့် Farming ကို အာရုံအရင်စိုက်ပြီးမှ လိုက်ချလေ့ရှိသူဖြစ်ပါတယ်။

ဒါပေမယ့် အသင်းလိုအပ်ရင်လိုအပ်သလို Aggressive ရော Safe ပါ ကစားနိင်သူဖြစ်ပါတယ်။

သူ့ရဲ့ Signature Hero သုံးကောင်က သူကစားနေကြ Offlane Hero တွေဖြစ်တဲ့ Timbersaw, Tidehunter နဲ့ Pangolier တို့ဖြစ်ပေမယ့် သူဘာကစားကစား ကောင်းအောင်ကစားနိင်တယ်ဆိုတာကို လူတိုင်းသိကြပါတယ်။

Iceiceice ဟာ သူ့ရဲ့ Pangolier နဲ့အတူ Pro Scene မှာ ၅၃ ပွဲကစားထားရာမှာ ၃၅ ပွဲအထိအနိင်ရထားပြီး သူ့စံချိန်ကိုအခုအချိန်ထိဘယ်သူမှလိုက်မမှီသေးပါဘူး။

သူ့ရဲ့ကစားသမားဘ၀ Total Earning က $1,792,148 ရှိပြီဖြစ်ပါတယ်။

သူဟာ TI ပြိုင်ပွဲ ၇ ခုကိုမတူညီတဲ့အသင်း ၇ သင်းနဲ့အတူတက်ရောက်နိင်ခဲ့တဲ့ကစားသမား ၂ ယောက်ထဲက ၁ ယောက်ပါ။(နောက် ၁ ယောက်ကတော့ MISERY ပါ)

ဒါ့အပြင်သူဟာ TI ကို ၉ ကြိမ်တက်ရောက်နိင်ခဲ့တဲ့ကစားသမားအဖြစ် Kuroky, LaNm တို့နဲ့အတူပူးတွဲရပ်တည်နိင်ခဲ့ပါတယ်။(သူတို့ထက်များတာကတော့ Puppey ၁ ယောက်ပဲရှိပြီး ၁၀ ကြိမ်လုံးကိုတက်ရောက်ထားနိင်ခဲ့တာပါ)

သူ့ရဲ့ Dota ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၂၀၀၅ ခုနှစ်မှာ mVp အသင်းမှာ စတင်ခဲ့ပြီး Zenith, KingSurf နဲ့ AEON.sg တို့မှာ တစ်နှစ်တစ်သင်း ကစားခဲ့ပါတယ်။

Dota 1 ခေတ်မှာကတည်းက iceiceice ဟာ ESWC Paris နဲ့ CAPL လိုမျိုး ပြိုင်ပွဲကြီးတွေမှာ ဝင်ရောက်ကစားပြီးဗိုလ်စွဲနိင်ခဲ့တာကြောင့် ထိပ်တန်းကစားသမား ၁ ယောက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

သူဟာ Dota တစ်မျိုးထဲမှာမဟုတ်ပဲနဲ့ တစ်ခြားဂိမ်းတွေမှာလည်း ထူးချွန်သူဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်မှာဆိုရင် iceiceice ဟာ StarCraft II, Dota, LoL နဲ့ HoN တို့ရဲ့ Pro Scene တွေမှာ တပြိုင်ထဲကစားခဲ့ပါတယ်။

Iceiceice ဟာ StarCraft II ကို ဂိမ်းစတင်ထွက်ရှိချိန်ထဲကနေ ၂၀၁၁ နှစ်စပိုင်းအထိ ကစားခဲ့သူ ဖြစ်ပါတယ်။

Local SEA Event တွေကို ဝင်ကစားခဲ့ရာမှာတော့ သူ့ရဲ့အမြင့်မားဆုံးအောင်မြင်မှုကတော့ Blizzard SEA Invitational ပြိုင်ပွဲမှာ ဒုတိယရခဲ့တာကြောင့် BlizzCon 2010 Starcraft II Invitational ပြိုင်ပွဲကို ဝင်ရောက်ခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အဲ့ပြိုင်ပွဲမှာတော့ FIrst Round မှာပဲ ထွက်ခဲ့ရပါတယ်။

၂၀၁၁ ခုနှစ်မတ်လမှာတော့ iceiceice ဟာ FXOpen e-Sports ကို ဝင်ရောက်ခဲ့ပေမယ့် ခဏသာကစားကာ ပြန်ထွက်ခဲ့ပါတယ်။

အဲ့လိုထွက်တဲ့တာဟာ သူ့အနေနဲ့ စစ်မှုထမ်းရတော့မှာကြောင့် ဖြစ်သလို SEA Starcraft 2 scene ကိုလည်း စိတ်ကုန်သွားလို့ ဖြစ်တယ်လို့ သိရပါတယ်။

သူဟာ ၂၀၁၁ ခုနှစ် နှစ်လယ်လောက်မှာ Dota 2 ကိုပဲ စတင်ပြီးတော့ ဇောက်ချကစားလာပါတော့တယ်။

၂၀၁၁ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှာတော့ Scythe.SG ကို ဝင်ရောက်ခဲ့ပြီး အဲ့ဒီအသင်းနဲ့အတူ TI1 ကို ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

Main Event မှာတော့ ဗိုလ်လုပွဲရောက်အသင်း EHOME ကို ရှုံးနိမ့်ခဲ့ပြီး တတိယနေရာကိုပဲ ရယူနိင်ခဲ့ပေမယ့် ဆုကြေး ဒေါ်လာ ၁ သောင်းခွဲကို ရရှိခဲ့တာကြောင့် အောင်မြင်ခဲ့တယ်လို့တော့ ပြောနိင်ပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့မှာတော့ Sythe.SG ကို စွန့်ခွာပြီးတော့ MYM ကိုရောက်ရှိခဲ့ပါတယ်။

ဒါပေမယ့် ခဏသာဖြစ်ပြီး ၂၀၁၂ ခုနစ် ၁ လ ပိုင်းမှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

နှစ်လလောက် Inactive ဖြစ်အပြီးမှာတော့ ၂၀၁၂ ခုနှစ် မတ်လ ၂၉ ရက်နေ့မှာ သူ Dota 1 ခေတ်က ကစားခဲ့ဖူးတဲ့ Zenith ကို ရောက်ရှိခဲ့ပါတယ်။

Zenith နဲ့အတူ TI3 ကို ဝင်ရောက်ကစားခဲ့ရာမှာ စိတ်ပျက်ဖွယ်ရာရလဒ်တွေကိုပဲ ရရှိခဲ့ပေမယ့် iceiceice က 1v1 solo championship ဗိုလ်လုပွဲမှာ Mushi ကို အနိင်ရဗိုလ်စွဲခဲ့တာကြောင့် သူဟာ Dota 2 မှာ အကောင်းဆုံး Player တွေထဲက ၁ ယောက်ဖြစ်တယ်ဆိုတာကို သက်သေပြနိင်ခဲ့ပါတယ်။

TI3 အပြီးမှာ iceiceice ဟာ ကြယ်စင်စုအသင်းဖြစ်တဲ့ Team DK မှာ ကြယ်ပွင့်တစ်ပွင့်အနေနဲ့ ပါဝင်ခဲ့ပါတယ်။

သူတို့အနေနဲ့ အခြားပြောင်မြောက်တဲ့ အောင်မြင်မှုများစွာကို ရယူနိင်ခဲ့ပေမယ့် TI4 မှာတော့ စတုတ္ထသာ ရရှိခဲ့တာကြောင့် TI4 အပြီးမှာ Team DK လည်း Disband ခဲ့ပါတယ်။

Team DK ကနေ ထွက်လာပြီးတဲ့နောက်မှာ iceiceice ဟာ အခြားတရုတ်ထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ VG ကို သွားရောက်ကစားခဲ့ပါတယ်။

VG မှာ တစ်နှစ်ခွဲလောက်ကစားခဲ့ပြီး i-League Season 1, ESL One New York 2014, The Summit 2, VPGame Pro League Season 1, StarLadder StarSeries Season 12 စတာတွေကို ရယူနိင်ခဲ့ပြီး TI5 မှာလည်း အဆင့် ၄ နေရာကို ရယူနိင်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ် မတ်လ ၈ ရက်နေ့မှာတော့ iceiceice ဟာ EHOME ကို ရောက်ရှိခဲ့ပြီး ၅ လ ကျော်လောက် ကစားခဲ့ပါတယ်။

ဘာအောင်မြင်မှုမှတော့မရခဲ့ပဲ သြဂုတ်လ ၂၉ ရက်နေ့မှာတော့ EHOME ကနေထွက်ခွာခဲ့ပြီး နောက် ၆ ရက်အကြာမှာတော့ အသစ်တည်ထောင်ထားတဲ့ စင်ကာပူအခြေစိုက် SEA အသင်း Team Faceless ကို ရောက်ရှိခဲ့ပါတော့တယ်။

Team Faceless မှာတော့ iceiceice နဲ့အတူ Black^, Jabz, NutZ နဲ့ xy- တို့ ပါဝင်ခဲ့ပါတယ်။

Team Faceless ဟာ SEA မှာ လူရိုသေရှင်ရိုသေအသင်းအဖြစ် ရပ်တည်နိင်ခဲ့ပေမယ့် သူတို့ရခဲ့တဲအောင်မြင်မှုကတော့ ProDotA Cup Southease Asia #3, Mr.Cat Invitational Season 2 တို့မှာချန်ပီယံဖြစ်ပြီး The Manila Masters မှာ စတုတ္ထရခဲ့တာပဲ ရှိခဲ့ပါတယ်။

ဒါကြောင့်မလို့ TI7 SEA Qualifier မှာ 6-10th place နဲ့ အဆုံးသတ်ရပြီးတဲ့နောက်မှာတော့ Disband ခဲ့ရပါတော့တယ်။

iceiceice ဟာ Team Faceless ကနေထွက်လာပြီးတော့ ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့မှာ အခြား SEA အသင်းဖြစ်တဲ့ Mineski ကို သွားရောက်ခဲ့ပါတယ်။

Mineski မှာတော့ DK က အသင်းဖော်ဟောင်း Mushi, Team Faceless ကနေ သူနဲ့ပါလာခဲ့တဲ့ Jabz, WG က Nana(Moon) နဲ့ ninjaboogie တို့ ပါဝင်ခဲ့ပါတယ်။

Mineski ဟာ ဒီအစုအဖွဲ့နဲ့အတူ SEA မှာ TnC, Fnatic တို့နဲ့ အပြိုင်ကြဲနိင်ခဲ့ပြီး အောင်မြင်မှုမြောက်မြားစွာကို ရယူနိင်ခဲ့ပါတယ်။

အဲ့ဒီအောင်မြင်မှုတွေထဲမှာ DAC 2018 Major Title လည်း ပါဝင်ခဲ့ပြီး ဒါဟာ SEA အသင်းတွေအတွက် ပထမဆုံးရရှိခဲ့တဲ့ Major Title လည်း ဖြစ်ခဲ့ပါတယ်။

ဒါအပြင်TI8 ကို Direct Invite ရတဲ့ တစ်သင်းထဲသော SEA အသင်းအဖြစ်လည်း ဂုဏ်ယူဝင့်ကြွားစွာနဲ့ TI8 ကိုသွားကစားနိင်ခဲ့ပါတယ်။

ဒါပေမယ့် TI8 မှာတော့ 9-12th place နဲ့ပဲ ဇာတ်သိမ်းခဲ့ရလို့ TI8 အပြီးမှာ iceiceice တစ်ယောက် Fnatic ကို ပြောင်းရွှေ့ခဲ့ပါတယ်။

Fnatic နဲ့မှာတော့ The Kuala Lumpur Major ကို ဝင်ခွင့်ရခဲ့သလို PVP Esports Championship မှာလည်း ဒုတိယနေရာကို ရယူထားနိင်ခဲ့ပါတယ်။

ဒါပေမယ့် KL Major မှာအဆင့် 7-8th နဲ့ 2019 အစမှကစားခဲ့တဲ့ Chongqing Major မှာလည်း 5-6th တွေပဲရခဲ့ပါတယ်။

ဒါပေမယ့် ESL One Katowice 2019 မှာ စတုတ္ထနဲ့ Dream League Season 11 မှာ တတိယတို့ရခဲ့တာကြောင့် သိပ်တော့မဆိုးဘူးလို့ပြောရမှာပါ။

ဒါပေမယ့် MDL DisneyLand Major နဲ့ EPICENTER Major 2019 တို့အပြင် TI9 မှာပါ 13-16th နေရာတွေနဲ့သာအသီးသီးရခဲ့လို့ Fnatic ရဲ့ 2019 ကတော့ တော်တော်လေးကျရှုံးခဲ့တယ်လို့ဆိုရမှာပါ။

TI9 အပြီးကစားတဲ့ MDL Chengdu Major နဲ့ 2020 အစမှာကစားတဲ့ DreamLeague Season 13 တို့မှာလည်း 9-12th place တွေပဲရခဲ့လို့ Fnatic နဲ့ iceiceice ရဲ့အနာဂတ်က တော်တော်လေးစိုးရိမ်စရာဖြစ်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Covid ကြောင့် Online ပဲကစားကြရတဲ့ကာလပဲရောက်သွားခဲ့ပြီး Fnatic ဟာလည်း မထင်မှတ်ထားလောက်အောင်အောင်မြင်ခဲ့ပါတယ်။

Major ကနေ Online Tournament ဖြစ်သွားတဲ့ ESL One Los Angeles 2020 – Online: Southeast Asia အပါအဝင် Tier 2 ပြိုင်ပွဲ ၅ ခုမှာဆက်တိုက်ဗိုလ်စွဲနိင်ခဲ့ပါတယ်။

ESL One Birmingham 2020 – Online: Southeast Asia Grand Finals မှာ 3-1 ဖြစ်ခဲ့တာကလွဲရင် ကျန်တဲ့ပြိုင်ပွဲ ၄ ခုတွေရဲ့ရလဒ်က 3-0 တွေဖြစ်ခဲ့လို့ အတော်လေးပြတ်ပြတ်သားသားအနိင်ယူခဲ့တယ်လို့ဆိုရမှာပါ။

အဲ့နောက်မှာတော့ Fnatic ရဲ့စံချိန်က BTS Pro Series Season 2: Southeast Asia မှာတတိယရခြင်းနဲ့အတူရပ်တန့်သွားသလို ၂၀၂၀ နှစ်ကုန်တဲ့အထိလည်း ဘယ်ပြိုင်ပွဲမှာမှချန်ပီယံမဖြစ်တော့ပါဘူး။

Iceiceice ကတော့ Fnatic အတွက် ၂ နှစ်ကျော်ကစားပေးအပြီးမှာတော့ 2020 ခုနှစ်စက်တာဘာလ ၁၆ ရက်နေ့မှာတော့ အသင်းကနေထွက်လာပါတော့တယ်။

2 လနီးပါးလောက် Inactive ဖြစ်ပြီးအနောက်မှာတော့ NA Region က ထိပ်ထိပ်ကြဲအသင်း Evil Geniuses ကိုရောက်ရှိခဲ့ပါတယ်။

EG အတွက် 2021 DPC Season 1 နဲ့ 2 ကိုကစားပေးခဲ့ရာမှာတော့ Season 1 ကိုပထမနဲ့ Season 2 ကိုဒုတိယရခဲ့ပါတယ်။

Major ၂ လုံးမှာတော့ ဒုတိယတွေပဲရခဲ့ပါတယ်။

အဲ့နောက်မှာတော့ Covid ကြောင့်ရပ်နားထားခဲ့တဲ့ TI10 ကိုဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး 9-12th place နဲ့သာကျေနပ်ခဲ့ရပါတယ်။

ဒါ့ကြောင့် TI10 အပြီးမှာတော့ EG နဲ့လမ်းခွဲခဲ့ပြီး Team Secret ကိုရောက်ရှိခဲ့ပါတော့တယ်။

ကြယ်စင်စုအသင်းလိုဖြစ်နေတဲ့ Team Secret နဲ့အတူ iceiceice ရဲ့ကစားသမားဘဝမှာကွက်လပ် ၁ ခုလိုဖြစ်နေတဲ့ TI ချန်ပီယံဆုကိုရယူနိင်မလားဆိုတာကိုတော့ လာမယ့် TI11 မှာစောင့်ကြည့်သွားရမှာဖြစ်ပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published.