News

“I approached Nigma” By Sumail

Nigma ကလွဲရင်ဘယ်အသင်းမှာမှမကစားချင်ခဲ့တဲ့ Sumail

Sumail ဆိုတာနဲ့ Dota 2 နဲ့ပတ်သက်တဲ့သူတိုင်းသိထားပြီးသားဖြစ်ပါတယ်။

TI5 ချန်ပီယံဖြစ်သလို ဘယ်လောက်ပဲ Pro Scene နဲ့ဝေးကွာဝေးကွာ သူ့လက်ကကျသွားတယ်ဆိုတာမရှိပဲ အမြဲပိုပြီးပဲ တိုးတက်လာတဲ့သူဖြစ်ပါတယ်။

ဒါ့ကြောင့် သူ့မှာရှိတဲ့ Fan Base ကလည်း ကြောက်ခမန်းလိလိပါပဲ။

Team Secret နဲ့လမ်းခွဲပြီးနောက်မှာ Sumail ဘယ်အသင်းကိုသွားမလဲဆိုတာက သူ့ပရိတ်သတ်တွေရော တခြားသူတွေပါစိတ်ဝင်စားခဲ့ကြတဲ့ Topic ၁ ခုလည်းဖြစ်ခဲ့ပါတယ်။

Secret ကနေထွက်ပြီးရက်ပိုင်းမှာပဲ Nigma ကိုရောက်သွားခဲ့ပါတယ်။

Sumail ရဲ့အနေအထားနဲ့ Nigma လို Division II အသင်းကိုသွားခဲ့တယ်ဆိုတာက တော်တော်လေးအံ့အားသင့်ဖို့ကောင်းတဲ့ကိစ္စပါ။

ဒါ့ကြောင့် Kuroky တို့ Sumail လိုလူမျိုးကို Division II ကစားဖို့ ဘယ်လိုများဖြားယောင်းသွေးဆောင်နိင်ခဲ့လည်းဆိုတာက စိတ်ဝင်စားစရာပါ။

ပုံမှန်ဆိုရင် Pro အသင်းတွေက ကစားသမားအသစ်တွေကို ဘယ်လိုခေါ်ယူခဲ့လဲဆိုတာကို သိပ်ထုတ်ပြောလိမ့်မရှိပေမယ့် Sumail ကတော့ Nigma နဲ့ပွဲဦးထွက်နိင်ပွဲရအပြီးမှာပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ထုတ်ဖော်ပြောပြခဲ့ပါတယ်။

Sumail ရဲ့အဆိုအရ Nigma က သူ့ကိုချဉ်းကပ်ခဲ့တာတောင်မဟုတ်ပဲ သူကသာ Nigma ကိုချဉ်းကပ်ခဲ့တယ်လို့လည်းသိရပါတယ်။

ဒါ့အပြင်သူ့အနေနဲ့ Nigma မှာကစားဖို့ပဲစိတ်ဝင်စားခဲ့တယ်လို့လည်းပြောခဲ့တာကြောင့် Nigma ကသာသူ့ကိုလက်မခံခဲ့ရင် အသင်းလက်မဲ့ပဲနေမယ်ဆိုတဲ့အထိပါတွေးလို့ရပါတယ်။

Sumail ဟာ IVY ကို 2-0 နဲ့အနိင်ရခဲ့တဲ့ WEU DPC Tour 3 Division II ပွဲအပြီးမှာပြုလုပ်ခဲ့တဲ့အင်တာဗျူးအစီအစဉ်မှာ သူ Nigma ကိုဘယ်လိုရောက်သွားခဲ့တာလည်းဆိုတာကို ပြောပြခဲ့တာဖြစ်ပါတယ်။

Sumail က

“ ကျွန်တော်က သူတို့ကိုချဉ်းကပ်ခဲ့တာပါ။

Nigma ကလွဲရင် ကျွန်တော်တခြားဘယ်အသင်းမှာမှမကစားချင်ခဲ့ပါဘူး” လို့ပြောခဲ့တာပါ။

Sumail အနေနဲ့ Tour 1 နဲ့ Tour 2 မှာ All Star အသင်းဖြစ်တဲ့ Team Secret နဲ့ ဘာအောင်မြင်မှုမှလောက်လောက်လားလားမရခဲ့တာကြောင့် လမ်းခွဲခဲ့ရတာပါ။

ဒါ့ကြောင့် iLTW ကို Active Roster စာရင်းကနေဖယ်ရှားထားတဲ့ Nigma နဲ့ကျယ်ကျယ်ပြန့်ပြန့်သတင်းတွေထွက်ခဲ့တာပါ။

Sumail နဲ့ Nigma တို့သတင်းထွက်တာက အခုမှတော့မဟုတ်ပါဘူး။

လွန်ခဲ့တဲ့ ၂ နှစ်လောက်ထဲက ခဏခဏသတင်းထွက်ခဲ့ဖူးပါတယ်။

ဒါပေမယ့် အဲ့သတင်းတွေကတော့ ကောလဟလအဆင့်မှာတင်ပဲ ပျောက်ကွယ်ခဲ့ပြီး အခုအချိန်မှာမှ ပေါင်းထုပ်ခဲ့ကြတာပါ။

Nigma နဲ့ Sumail တို့ဟာ လက်ရှိမှာ Division II ကစားနေရသလို Tour 3 က ဒီရာသီရဲ့နောက်ဆုံး Tour ဖြစ်တာကြောင့် DPC ကိုမူးလို့တောင်ရှုစရာမရှိတဲ့ NIgma ကြောင့် TI11 ဝင်ခွင့်အတွက် Qualifier ကနေပဲကြိုးစားရတော့မှာပါ။

ဒါ့ကြောင့် ၆ ပတ်အထိကြာမြင့်မယ့် Division II ပွဲတွေအတွက် စိတ်အားထက်သန်မှုတွေရှိဖို့ခက်ခဲပေမယ့် long-term goal ဖြစ်တဲ့ TI11 ဝင်ခွင့်အတွက် တစိတ်တဒေသအရေးပါနေကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

“ဒါပေါ့ဗျာ။

ဘယ်သူကတော့ ဒီ Division II ပွဲတွေကို စိတ်အားထက်သန်မှုအပြည့်နဲ့ကစားနိင်ပါ့မလဲ။

ဒါပေမယ့် TI အတွက်တော့ ကြိုတင်လေ့ကျင့်ပြီးသားဖြစ်နေမှာပါ။

ဒါ့ကြောင့် ဒီပွဲတွေကိုပေါ့ပေါ့တန်တန်သဘောထားသွားမှာမဟုတ်ပဲနဲ့ သေချာအာရုံစိုက်ကစားသွားမှာပါ”

Nigma ဟာ Division II ရောက်နေတာကြောင့် TI11 အတွက် DPC စုဆောင်းနိင်ခြင်းမရှိတော့ပါဘူး။

Open Qualifier လည်းဒီနှစ်မရှိတော့တာကြောင့် TI11 ကိုသွားဖို့အတွက် လမ်းကြောင်း ၂ ခုပဲရှိပါတော့တယ်။

အဲ့ဒါကတော့ Regional Qualifier နဲ့ Last Chance Qualifier တွေပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ IVY နဲ့ Game 1 မှာ လက်စွမ်းကောင်းတွေကိုအားရဖွယ်ပြသနိင်ခဲ့ပေမယ့် Game 2 မှာကတော့ တော်တော်လေးကစားပုံဆိုးဝါးခဲ့ပြီါ် ၁ ဖက်အသင်းကညံ့လွန်းလို့သာ အရှုံးမပေးခဲ့ရတာပါ။

Nigma ရဲ့နောက်ထပ်ပွဲစဉ်ကတော့ လာမယ့်ဇွန်လ ၁၄ ရက်နေ့မှာကစားရမယ့် DGG Esports နဲ့ပွဲစဉ်ဖြစ်ပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published.