Team & Players

Hyhy

အောက်မှာမြန်မာလိုပါတယ်နော်

Hyhy

Hyhy was one of the most important moments in the early days of Dota history, although it was difficult for later players to recognize Dota due to its subsequent failure.

Especially for the Singapore Dota world.

He won third place with Scythe Gaming at TI1 and 5-6th place with Zenith in T2.

Like iceiceice, there is now a god. Even a caveman came out of Hyhy’s hands.

Hyhy’s real name is Benedict Lim Han Yong.

His ID, Hyhy, is based on the Chinese initials of him and his ex-girlfriend Huayan (also known as Han Yong, his Chinese name).

Hyhy was also the subject of opposition to gaming by all those around him, the fate of all gamers at the time.

In the face of such opposition, his ex-girlfriend Girl Gamer Huayan (Furryfish) has always supported him.

That’s why Hyhy admitted that he kept going down that path.

However, they split up about two years before TI1 began.

When asked in the free-to-play movie’s whether the breakup caused him to start smoking, Hyhy did not deny it.

In many episodes of the free-to-play movie, Hyhy hints at many hints that he has not forgotten his ex-girlfriend.

Hyhy was born on March 6, 1990 and is now 31 years old.

He was a Talented Player in his days too.

He has good individual skills and always seeks space and helps in team fights instead of farming.

His three signature heroes are Morphling, Kunkka, and SF, who took a risk in a game that will change his life.

In EHOME and TI1 Lower Bracket Finals Game 3, he picks up his best hero SF in the midst of all the siege, and is defeated by EHOME.

His career total earnings are $ 39,403.

Hyhy’s a Dota 1 fan and third in DreamHack Winter 2007.

In the Dota 2 era, near the beginning of TI1, the home war was over and Scythe Gaming was reorganized to prevent TI1.

He had to give up his education to play in TI1.

During the exams, he gave up everything and joined TI1.

Hyhy and Scythe Gaming have done their best to make up for the sacrifices.

They qualified for Group D, defeating Nevo and GG, and only defending champions NaVi.

In Upper Bracket Round 1, MYM was eliminated in Round 2, and EHOME was eliminated in the Upper Bracket Finals.

In the Upper Bracket Finals, they lost again to Na’Vi, who had lost in the group stage, and were relegated to the Lower Bracket.

In the Lower Bracket Finals, they lost 2-1 to EHOME, which shattered Hyhy’s dream of becoming the best in the world. .

“Stay in the Trees” Hyhy’s words in the Lower Bracket Finals Game 3 played with EHOME became a historical saying.

As we all mistakenly, Hyhy didn’t say that to iceiceice, but to xy’s Wind Ranger who ran into the jungle without running through the trees after he was killed.

After TI1, Hyhy moved to MYM and played for over 6 months.

He then moved to Singapore team Zenith to try to reclaim his dreams that were lost last year.

At Zenith, his TI1 duo included iceiceice and xy, as well as Swedish Loda.

TI2 also fell in Group A with the same result as EG 8-6 and started from the Upper Bracket.

In the Upper Bracket Round 1, they advanced to the next round after defeating CoL, but in Round 2 they lost to LGD.

Below, Hyhy was satisfied with the 5-6th place after losing to Team DK.

Hyhy, who has been away from his dreams for two years, seems determined to give up and disappears from the Dota 2 scene for more than two years.

During that time, Hyhy moved to LoL and played in the Singapore Sentinels.

In 2014, after his military service, Hyhy played solo on his douyutv channel and did streaming.

At the end of 2014, he joined KingSurf for a month and disappeared from the Pro Scene for over a year.

White Fries Gaming was founded on March 26, 2016 with Chinese Legendary Player ZSMJ and is still in Active Squad.

But really? I can not guarantee it.

Here is the link to his old Dotabuff account

.https://www.dotabuff.com/esports/players/68740191-doombringer

Burmese Version

Stay in the Trees လို့နာမည်ကြီးတဲ့ Hyhy ရဲ့အကြောင်း

Hyhy ဆိုတာ နောက်ပိုင်းမှာအောင်မြင်မှုမရတော့တာကြောင့် Dota ကိုနောက်မှကစားတဲ့သူတွေအနေနဲ့ သိနိင်ဖို့ခဲယဉ်းနေပြီဖြစ်ပေမယ့် Dota သမိုင်းအစပိုင်းကာလတွေရဲ့ အရေးပါတဲ့အခိုက်အတန့်တွေမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

အထူးသဖြင့် စင်ကာပူ Dota လောကအတွက်ပါ။

TI1 မှာ Scythe Gaming နဲ့အတူ တတိယဆုကိုရယူပေးခဲ့သလို T2 မှာလည်း Zenith နဲ့အတူ 5-6th place ကို ရယူပေးနိင်ခဲ့သူဖြစ်ပါတယ်။

iceiceice လိုမျိုး အခုအချိန်မှာ ဘုရားတစ်ဆူ၊ ဂူတစ်လုံးဖြစ်နေတဲ့သူတောင်မှ Hyhy ရဲ့ လက်အောက်ကနေ ထွက်လာသူဖြစ်ပါတယ်။

Hyhy ရဲ့နာမည်အရင်းကတော့ Benedict Lim Han Yong ဖြစ်ပါတယ်။

သူ့ရဲ့ Hyhy ဆိုတဲ့ ID က သူနဲ့ သူ့ရည်းစားဟောင်း Huayan တို့ရဲ့ တရုတ်နာမည်အစစာလုံးတွေကို ယူထားတာဖြစ်ပါတယ်။(သူ့ရဲ့တရုတ်နာမည်ဖြစ်တဲ့ Han Yong ကနေယူထားတယ်လို့လည်း ဆိုကြပါတယ်)

အဲ့ကာလက Gamer တွေအားလုံးရဲ့ကံတရားဖြစ်တဲ့ ကိုယ့်ပတ်ဝန်းကျင်ကလူတွေအားလုံးရဲ့ Gaming ကို ဆန့်ကျင်ခြင်းကို Hyhy လည်း ခံခဲ့ရသူဖြစ်ပါတယ်။

အဲ့လိုမျိုးဆန့်ကျင့်ခံခဲ့ရတဲ့အခြေအနေမှာ သူ့ရဲ့ရည်းစားဟောင်းဖြစ်သူ Girl Gamer Huayan(Furryfish) က သူ့ကိုတောက်လျှောက်ထောက်ခံပေးခဲ့ပါတယ်။

ဒါကြောင့်မလို့လည်း သူဒီလမ်းကိုဆက်လျှောက်ဖြစ်ခဲ့တာလို့လည်း Hyhy က ဝန်ခံခဲ့ပါတယ်။

ဒါပေမယ့်လည်း TI1 မစတင်ခင် နှစ်နှစ်လောက်အကြာမှာတော့ သူတို့လမ်းခွဲခဲ့ကြပါတယ်။

အဲ့ဒီ လမ်းခွဲမှုက သူ့ကိုဆေးလိပ်စသောက်ဖြစ်စေခဲ့တာလားလို့ Free to play movie မှာအမေးခံရတုန်းက Hyhy က မငြင်းဆိုခဲ့ပါဘူး။

Free to play movie ရဲ့အခန်းတော်တော်များများမှာ Hyhy ဟာ သူ့ရည်းစားဟောင်းကို မမေ့နိင်သေးဘူးဆိုတဲ့အရိပ်အမြွက်တွေကို အမြားအပြားပြသခဲ့ပါတယ်။

Hyhy ကို ၁၉၉၀ ခုနှစ် မတ်လ ၆ ရက်နေ့မှာမွေးဖွားခဲ့ပြီး အခုဆိုရင် 31 နှစ်ရှိပြီဖြစ်ပါတယ်။

သူ့ရဲ့ကစားဟန်ကလည်း သူ့ခေတ်သူ့အခါက ဆရာတစ်ပါးဖြစ်ပါတယ်။

Individual Skill ကောင်းသူတစ်ဦးဖြစ်ပြီး Space ပဲအမြဲရှာပြီးမ Farm ပဲ Team Fight တွေကိုလည်း ကူညီပေးတတ်သူဖြစ်ပါတယ်။

သူ့ရဲ့ Signature Hero သုံးကောင်ကတော့ Morphling, Kunkka နဲ့ သူ့ဘဝကို တစ်ဆစ်ချိုးပြောင်းလဲစေမယ့်ပွဲမှာ Risk ယူပြီး Pick ခဲ့တဲ့ SF တို့ပဲ ဖြစ်ပါတယ်။

EHOME နဲ့ TI1 Lower Bracket Finals Game 3 မှာ အားလုံးက အတန်တန်ဝိုင်းတားနေတဲ့ကြားထဲက သူ့ရဲ့အကောင်းဆုံးဟီးရိုး SF ကို Pick ခဲ့ပြီး EHOME ရဲ့ တစ်စစီချေမှုန်းခြင်းကို ခံခဲ့ရပါတယ်။

သူ့ရဲ့ကစားသမားဘ၀ Total Earning ကတော့ $39,403 ဖြစ်ပါတယ်။

Hyhy ဟာ Dota 1 ထဲက မခေသူဖြစ်ပြီး DreamHack Winter 2007 မှာ တတိယရခဲ့ပါတယ်။

Dota 2 ခေတ်မှာတော့ TI1 စတင်ခါနီးမှာ အိမ်နဲ့စစ်ခင်းပြီးတော့ Scythe Gaming ကို ပြန်လည်ဖွဲ့စည်းကာ TI1 ကို မရောက်ရောက်အောင်သွားခဲ့ပါတယ်။

သူဟာ TI1 မှာကစားခွင့်ရဖို့အတွက် သူ့ရဲ့ပညာရေးကို စွန့်လွှတ်ခဲ့ရပါတယ်။

စာမေးပွဲတွေရှိနေတဲ့အချိန်မှာပဲ အားလုံးကိုစွန့်ပစ်ကာ TI1 ကို ဝင်ရောက်ကစားခဲ့ပါတယ်။

အဲ့လိုမျိုး စွန့်လွှတ်ခဲ့ရတာတွေနဲ့တန်အောင်လည်း Hyhy နဲ့ Scythe Gaming က လက်စွမ်းပြနိင်ခဲ့ပါတယ်။

Group D မှာ ကျရောက်ခဲ့ပြီး Nevo နဲ့ GG တို့ကိုအနိင်ရပြီး ချန်ပီယံဖြစ်လာမယ့် NaVi ကိုပဲရှုံးနိမ့်ခဲ့လို့ အုပ်စုဒုတိယနဲ့ Upper Bracket ကနေ စကစားခွင့်ရခဲ့ပါတယ်။

Upper Bracket Round 1 မှာ MYM, Round 2 မှာ EHOME တို့ကိုဖြုတ်ချကာ Upper Bracket Finals ကို တက်ရောက်နိင်ခဲ့ပါတယ်။

Upper Bracket Finals မှာတော့ အုပ်စုတွင်းမှာရှုံးနိမ့်ခဲ့တဲ့ Na’Vi ကိုထပ်မံရှုံးနိမ့်ပြီး Lower Bracket ကို ဆင်းပေးခဲ့ရပါတယ်။

Lower Bracket Finals မှာလည်း သူတို့ရိုက်ချထားခဲ့တဲ့ EHOME ကို ၂ – ၁ နဲ့ပြန်လည်ရှုံးနိမ့်ခဲ့လို့ Hyhy ရဲ့ ကမ္ဘာ့အကောင်းဆုံးဖြစ်ရမယ်ဆိုတဲ့ အိပ်မက်ကြီး အစိတ်စိတ်အမွှာမွှာကွဲကြေခဲ့ရပါတယ်။

EHOME နဲ့ကစားခဲ့တဲ့ Lower Bracket Finals Game 3 မှာ Hyhy ပြောခဲ့တဲ့ Stay in the Trees ဆိုတဲ့စကားကတော့ သမိုင်းဝင်စကားဖြစ်ခဲ့ပါတယ်။

ကျွန်တော်တို့အားလုံးအမှတ်မှားနေသလိုမျိုး Hyhy အနေနဲ့ အဲ့စကားကို iceiceice ကိုပြောခဲ့ခြင်းမဟုတ်ပဲ သူအသတ်ခံရအပြီးမှာ သစ်ပင်ကြားထဲဝင်မပြေးပဲနဲ့ Jungle ထဲဝင်ပြေးခဲ့တဲ့ xy ရဲ့ Wind Ranger ကိုပြောခဲ့ခြင်းသာ ဖြစ်ပါတယ်။

TI1 အပြီးမှာတော့ Hyhy ဟာ MYM ကိုပြောင်းရွှေ့ခဲ့ပြီး ၆ လကျော်လောက် ကစားခဲ့ပါတယ်။

အဲ့နောက်မှာတော့ စင်ကာပူအသင်းဖြစ်တဲ့ Zenith ကိုပြောင်းရွှေ့ပြီး မနှစ်ကမျောပါသွားတဲ့ သူ့ရဲ့အိပ်မက်တွေကို ပြန်လည်ဆယ်ယူဖို့ ကြိုးစားခဲ့ပါတယ်။

Zenith မှာတော့ သူ့ရဲ့ TI1 ကလူတွေဖြစ်တဲ့ iceiceice နဲ့ xy တို့ပြန်လည်ပါဝင်ခဲ့ပြီး ဆွီဒင်ကစားသမား Loda လည်း ပါဝင်ခဲ့ပါတယ်။

TI2 မှာလည်း Group A မှာကျရောက်ခဲ့ပြီး 8-6 ဆိုတဲ့ EG နဲ့တူညီတဲ့ရလဒ်ကိုရရှိခဲ့ပြီး Upper Bracket ကနေ စတင်ကစားခွင့် ရရှိခဲ့ပါတယ်။

Upper Bracket Round 1 မှာ coL ကို အနိင်ရရှိပြီးနောက်တစ်ဆင့်ကိုတက်နိင်ခဲ့ပေမယ့် Round 2 မှာတော့ LGD ကိုရှုံးနိမ့်ခဲ့လို့ အောက်ဆင်းခဲ့ရပါတယ်။

အောက်မှာလည်း Team DK ကိုရှုံးနိမ့်ခဲ့လို့ 5-6th place နဲ့ပဲ Hyhy တစ်ယောက်ကျေနပ်ခဲ့ရပါတယ်။

နှစ်နှစ်တိတိ သူ့ရဲ့အိပ်မက်တွေနဲ့ဝေးကွာခဲ့တဲ့ Hyhy ဟာ စိတ်လျှော့ဖို့အတွက် ဆုံးဖြတ်လိုက်ပုံရပြီး Dota 2 Scene ကနေ နှစ်နှစ်ကျော်လောက် ပျောက်သွားခဲ့ပါတယ်။

အဲ့ဒီကာလတွေမှာ Hyhy ဟာ LoL ကို ရောက်သွားခဲ့ပြီး Singapore Sentinels မှာ ကစားခဲ့ပါတယ်။

သူစစ်မှုထမ်းပြီးတဲ့ ၂၀၁၄ ခုနှစ်အရောက်မှာတော့ Hyhy ဟာ သူ့ရဲ့ douyutv channel မှာ Solo ပဲကစားပြီး Streaming တွေလုပ်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ်ကုန်ခါနီးမှာ KingSurf ဆိုတဲ့အသင်းမှာ တစ်လလောက်ဝင်ယောင်ခဲ့ပြီး ၁ နှစ်ကျော်လောက် Pro Scene ကနေပြန်ပျောက်သွားခဲ့ပြန်ပါတယ်။

၂၀၁၆ ခုနှစ် မတ်လ ၂၆ ရက်နေ့မှာတော့ White Fries Gaming ကို တရုတ် Legendary Player ZSMJ နဲ့အတူ တည်ထောင်ခဲ့ပြီး အခုအချိန်အထိ Active Squad ထဲမှာ ရှိနေဆဲလို့ပဲ သိရပါတယ်ခင်ဗျာ။

ဒါပေမယ့် တကယ်ဟုတ်လား၊ မဟုတ်လားဆိုတာကိုတော့ ကျွန်တော်လည်း အာမခံနိင်ခြင်း မရှိပါဘူးခင်ဗျာ။

ဒါကတော့ သူ့ရဲ့ Dotabuff Account ဟောင်း Link ပါခင်ဗျာ။

.https://www.dotabuff.com/esports/players/68740191-doombringer

3 thoughts on “Hyhy

    1. နောက်လုပ်မယ်ဘဒို လောလောဆယ်က Process တွေက ထင်ထားတာထက်မတရားမြန်သွားတော့ ရေတွေကြီးနေလို့

Leave a Reply

Your email address will not be published.