News

HR surprisingly beats TI10 champions

English Version Below

TI10 ချန်ပီယံကိုအံအားသင့်ဖွယ်အနိင်ရခဲ့တဲ့ HR

မနေ့ညကကစားခဲ့တဲ့ DPC EEU Regional Finals ပထမဆုံးပွဲမှာတော့ HellRaisers အသင်းက TI10 ချန်ပီယံဖြစ်သလို DPC Tour 1 မှာလည်း ရှုံးင်္ပဲမရှိခဲ့တဲ့ Team Spirit ကအနိင်ရပြီးတော့ နောက် ၁ ဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။

HR မှာ လူသိတဲ့ကစားသမားဆိုလို့ Carry Player Watson ၁ ယောက်ပဲပါတာပါ။

Watson တောင်မှ Dendi ရဲ့ B8 မှာ ခဏကစားခဲ့ဖူးလို့ မျက်မှန်းတန်းမိကြတာပါ။

အဲ့လိုမျိုးအသင်းနဲ့ Team Spirit လိုမျိုး လက်ရှိမှာပြိုင်ဘက်ကင်းနေတဲ့အသင်းနဲ့တွေ့တဲ့ပွဲမှာ Team Spirit ကပဲ ၂ – ၀ နဲ့အေးအေးဆေးဆေးအနိင်ယူပြီး နောက် ၁ ဆင့်ကိုတက်မယ်လို့ ထင်ခဲ့ကြမှာပါ။

လက်တွေ့မှာတော့ HR က ၂ – ၁ နဲ့အနိင်ယူပြီးနောက် ၁ ဆင့်ကိုတက်ရောက်သွားခဲ့သလို ၃ ပွဲစလုံးမှာလည်း အထင်ကြီးစရာလက်စွမ်းတွေကိုပြသနိင်ခဲ့ပါတယ်။

Game 1

Game 1 မှာတော့ HR ဘက်က Drafting နဲ့ပတ်သက်ပြီး ပြောင်မြောက်တဲ့လုပ်ကွက် ၁ ခုကိုပြသခဲ့ပါတယ်။

အဲ့ဒါကတော့ Offlane အတွက်ယူထားတဲ့ Mars ကို Mid ပို့ပြီး Yataro ရဲ့ PL ကိုထိန်းဖို့အတွက် Last Pick Magnus ယူလိုက်တာပဲဖြစ်ပါတယ်။

အဲ့ဒါ Pick ကပဲ Game 1 ရဲ့အဖြေဖြစ်သွားပြီး HR တို့အနေနဲ့ Early Game မှာ Mid ရော Safe Lane မှာပါ သိသိသာသာအသာစီးရယူနိင်ခဲ့ပါတယ်။

Offlane Magnus က Laning Stage မှာ ခံစားခဲ့ရပေမယ့် သူ့တာဝန်က Carry Troll နဲ့ Mid က Mars ကို Empower တင်ပေးတာနဲ့တင်လုံလောက်ခဲ့ပါတယ်။

ဒါ့အပြင် Limitless က Epic RP တချို့ကိုလည်း လုပ်ပြနိင်ခဲ့ပါတယ်။

ဒါ့ကြောင့် Yataro ရော Team Spirit ပါ ဘာမှပြန်မလုပ်နိင်ခဲ့ပဲ ၃၄ မိနစ်နဲ့ အရှုံးပေးခဲ့ရပါတယ်။

Game 2

Game 2 ကတော့ TI ချန်ပီယံတွေရဲ့ ပါးနပ်မှုကိုတွေ့မြင်ခဲ့ရပါတယ်။

HR ဘက်က Stun ကောင်းကောင်းသိပ်မရှိတာကိုအခွင့်ကောင်းယူပြခဲ့ပါတယ်။

Early Game ကို အေးအေးဆေးဆေးပဲထိန်းကစားခဲ့ပြီး Team Fight Stage မှာတော့ Stun 5 ကောင်ပါဝင်တဲ့ Team Spirit တို့ဟာ ၁ မြေပုံလုံးကို လိုက်သတ်ခဲ့ပါတယ်။

HR လည်း စုစည်းမှုကောင်းကောင်းနဲ့ ပြန်တုံ့ပြန်ပြခဲ့ပေမယ့် Hero ချင်းကကွာနေလို့ Kill ၁ ချို့ပြန်ရခဲ့ပေမယ့် ဘာမှတော့လုပ်မပြနိင်ခဲ့ပါဘူး။

ဒါ့ကြောင့် Team Spirit က Hero Trade ကောင်းတွေကိုပိုလုပ်နိင်ခဲ့ပြီး လုံး၀ Out of Control ဖြစ်သွားတဲ့ 31 မိနစ်ဝန်းကျင်အရောက်မှာတော့ HR တို့အရှုံးပေးခဲ့ရပါတယ်။

Game 3

Game 3 ကတော့ ဒီ Series မှာ HR ရဲ့အကောင်းဆုံးပွဲပါ။

သူတို့ရဲ့ Draft က ပွဲကိုခပ်မြန်မြန်စပြီး ခပ်မြန်မြန်သိမ်းနိင်တဲ့ Lineup ပါ။

Mid OD, Carry Razor, Offlane Lycan ဆိုတာက တော်ရုံတန်ရုံ Lineup တွေအမြန်နှုန်းလိုက်မှီဖို့ခက်ပါတယ်။

အဲ့ဒါကြောင့် Team Spirit လည်း လိုက်ကစားဖို့ကြိုးစားခဲ့ပေမယ့် မလုပ်နိင်ခဲ့ပါဘူး။

Collapse ကိုထိန်းနိင်ရင် Team Spirit ရဲ့အရှိန်ကျမှာသိတဲ့အတွက် ပွဲစထဲက Collapse ကိုတည်ဖြုတ်ခဲ့ပါတယ်။

ဒါ့ကြောင့် ပွဲချိန် ၈ မိနစ်ထဲက Collapse အနေနဲ့ ၄ ခါသေပြီးခဲ့ပါပြီ။

ဒါ့ကြောင့်သူ့ရဲ့ Item Timing လည်း အရမ်းနောက်ကျသွားခဲ့တာကြောင့် HR ကိုယှဉ်ကစားဖို့ ပိုခဲယဉ်းသွားခဲ့တာပါ။

Team Spirit ဘက်က Early Team Fight ပြန်မချနိင်တော့တဲ့အချိန်မှာ HR ကတောက်လျှောက် Snowball သွားခဲ့ပြီး Team Spirit ကို ဘာအခွင့်အရေးမှကို ပြန်မပေးခဲ့ပါဘူး။

ပွဲကိုတချိန်လုံးစီးထားပြီး ဖြေးဖြေးချင်းနှ့ဲခါ ၃၈ မိနစ်မှာတော့ အနိင်ယူနိင်ခဲ့ပါတယ်။

HR အနေနဲ့ ဒီ Series ကို အသင်းလိုက်နားလည်မှုကောင်းကောင်းနဲ့ကစားပြခဲ့ပြီး Team Spirit ကိုဘယ်လိုပုံစံနဲ့ဖြိုချမလဲဆိုတာကို သေချာအိမ်စာလုပ်လာပုံရပါတယ်။

Game 1 မှာ Mars ကို Mid ပို့ပြီး Magnus ထပ်ယူလိုက်တဲ့လုပ်ကွက်က အလောသုံးဆယ်လုပ်လိုက်ပုံမရသလို Game 3 က Strategy ကလည်း သေချာပြင်ဆင်ထားတာ သိသာပါတယ်။

ဒါ့ကြောင့်နောက်ဆုံးမှာတော့ Team Spirit ဟာ 2021-2022 DPC မှာ Series ၁ ပွဲစရှုံးခဲ့ပြီဖြစ်ပါတယ်။

Tour 1 မှာကစားခဲ့တဲ့ Series ၇ ခုလုံးအနိင်ယူထားတဲ့ Team Spirit ဟာ Regional Finals မှာတော့ အဖွင့်ပွဲမှာတင်ရှုံးခဲ့လို့ Lower Bracket ရောက်သွားခဲ့ရပါပြီ။

ဒီပွဲမှာ HR တော်တော်ကောင်းခဲ့တာသေချာပေမယ့် Team Spirit ဘက်မှာလည်း လိုအပ်ချက်တွေရှိခဲ့ပါတယ်။

အထူးသဖြင့် လူမှုရေးပြသနာတွေရှိနေတဲ့ Collapse ဆီကနေ အရင်လို Performance မျိုးတွေမတွေ့ခဲ့ရပါဘူး။

Collapse လူမှုရေးပြသနာတွေကို မသိသေးတဲ့သူတွေက အောက်က Link မှာဖတ်နိင်ပါတယ်။

Collapse Cheated on His Girlfriend While She is Pregnant – Real Gaming Myanmar

ဒီပွဲမှာအနိင်ရခဲ့တဲ့ HR ဟာ PuckChamp ကို 2 – 0 နဲ့အနိင်ရခဲ့တဲ့ Virtus Pro နဲ့တွေ့ရမှာဖြစ်ပြီး Team Spirit ကတော့ Regional Finals အိပ်မက်တွေကိုအသက်ဆက်ဖို့အတွက် PuckChamp ကိုကျော်ဖြတ်နိင်ဖို့ကြိုးစားသွားရမှာပါ။

English Version

HR surprisingly beats TI10 champions

In the first match of the DPC EEU Regional Finals last night, HellRaisers won the TI10 Champions Team Spirit, who was also unbeaten in DPC Tour 1, advanced to the next round.

There is only one Carry Player Watson known in HR.

Even Watson was spotted playing in Dendi’s B8 for a while.

In a match against a team like Team Spirit, which is currently unrivaled, many people would have thought it would be a 2-0 victory for Team Spirit and move up to the next level.

In reality, HR advanced to the next round after a 2-1 victory and showed impressive performances in all three matches.

Game 1

In Game 1,HR side showed one of the great moves about drafting.

This is the Last Pick Magnus to take control of Yataro’s PL by sending Mars to mid which is taken for Offlane.

That pick was the answer to Game 1, and HR gained a significant advantage in both Mid and Safe Lane in early game.

Offlane Magnus suffered on the Laning Stage, but his role was enough to empower Carry Troll and Mid Mars.

Limitless also did some Epic RP.

As a result, both Yataro and Team Spirit could do nothing and lost in 34 minutes.

Game 2

We saw the ingenuity of the TI champions in game 2.

Game 2 saw Team Spirit exploit HellRaisers’ lack of stuns and initiation to its fullest capacity.

The early game was calmly controlled, and on Team Fight Stage, Team Spirit with 5 Stuns moved effectively across the map to pick off enemies.

After having played reactive Dota 2, HellRaisers found some kills, but the enemies always got better trades.

Gradually losing control, HellRaisers tapped out in 31 minutes.

Game 3

Game 3 is HR best game in the series.

Their Draft is a lineup that allows to get the game started quickly and end quickly.

Mid OD, Carry Razor, Offlane Lycan are just as difficult for many other lineups in speed.

So Team Spirit tried to catch up with momentum but failed.

Knowing that if the Collapse can be controlled, Team Spirit will slow down, so Collapse was dismantled at the beginning of the match.

As a result, Collapse died four times in eight minutes.

As a result, his item timing was so late that it became harder for Team Spirit to compete with HR.

When Team Spirit could not respond Early Team Fights, HR went snowballing and gave Team Spirit no chance.

They overwhelmed the game all the time and won slowly in 38th minute.

HR has been playing this series with a good team understanding and seems to be doing its homework on how to defeat Team Spirit.

In Game 1, the move that Magnus sent back to Mars mid and took over from Magnus did not appear to be in a hurry, just as the strategy in Game 3 was well-prepared.

As a result, Team Spirit has finally lost a Series in the 2021-2022 DPC.

Team Spirit, who have won all seven series in Tour 1, lost in the opening match of the Regional Finals and dropped to the Lower Bracket.

There was definitely a lot of good performance from HR in this series, but there was a need for Team Spirit.

We have not seen the same performance as before, especially from Collapse, which has social problems.

For those who do not know about Collapse social problems, you can read the link below.

Collapse Cheated on His Girlfriend While She is Pregnant – Real Gaming Myanmar

The winner in this match HR will face Virtus Pro, who beat PuckChamp 2-0, and Team Spirit will have to beat PuckChamp to live up to their Regional Finals dreams.

Leave a Reply

Your email address will not be published.