News

Has the Ukraine-Russia issue knocked on Esports too?

English Version Below

ယူကရိန်း – ရုရှားအရေးက Esports လောကကိုပါ တံခါးခေါက်လာပြီလား?

ပြီးခဲ့တဲ့နာရီပိုင်းအတွင်းကပဲ ဘောလုံးလောကရဲ့ အာဏာအရှိဆုံးလို့ဆိုနိင်တဲ့ FIFA နဲ့ UEFA က ရုရှားနိင်ငံနဲ့ပတ်သက်တဲ့ဘောလုံးအသင်းမှန်သမျှကို သက်ဆိုင်ရာပြိုင်ပွဲအသီးသီးကနေထုတ်ပယ်လိုက်ပြီလို့ ကြေငြာလိုက်ပါတယ်။

အားကစားနည်းတွေထဲက ပရိတ်သတ်အများဆုံးဖြစ်တဲ့ဘောလုံးကနေ အဲ့လိုမျိုး Blacklist တင်လိုက်သလို တခြားအားကစားနည်းတွေရော၊ နယ်ပယ်အသီးသီးကပါရုရှားကို ဝိုင်းကျဉ်ခဲ့၊ ကျဉ်ဦးမယ့်အနေအထားမှာရှိနေပါတယ်။

ဒါဆိုကိုယ်တွေရဲ့ Esports ကရော??

Esports ဘက်မှာလည်း ရုရှားဆန့်ကျင်ရေးတွေ စတင်အသက်ဝင်နေပြီဖြစ်ပါတယ်။

WePlay AniMajor ကိုရော WePlay Esports ကိုပါ အားလုံးပဲမှတ်မိကြဦးမယ်ထင်ပါတယ်။

Esports Corporate Group ဖြစ်တဲ့ WePlay Holding က လွန်ခဲ့တဲ့ ၂ ရက်လောက်ကပဲ ရုရှား Federation နဲ့ပတ်သက်နေတဲ့ပါတနာအားလုံးနဲ့ လမ်းခွဲခဲ့ကြောင်းကြေငြာခဲ့ပြီး လက်ရှိမှာလည်း ယူကရိန်းအတွက် Fundraising တွေပြုလုပ်ပေးနေပါတယ်။

ဒါ့အပြင်ပြီးခဲ့တဲ့နာရီပိုင်းအတွင်းကပဲ Valve ကနေ 2021-2022 DPC East Europe Spring Tour ရဲ့ ပွဲစဉ်တွေအားလုံးကိုရွှေ့ဆိုင်းတယ်လို့ ကြေငြာခဲ့ပါတယ်။

EEU DPC မှာပါဝင်မယ့် Player 69 ယောက်မှာ 47 ယောက်က ရုရှားနဲ့ ယူကရိန်းကဖြစ်နေလို့ပါ။

တိတိကျကျပြောရရင် ရုရှားက ၃၃ ယောက်နဲ့ ယူကရိန်းက ၁၄ ယောက်တို့ပါ။

အခုအချိန်မှာတော့ ရွှေ့ဆိုင်းတယ်ပဲပြောထားပေမယ့် စစ်ပွဲအနေအထားအရ ဖျက်သိမ်းတဲ့ထိလည်းဖြစ်သွားနိင်ပါတယ်။

ဒီလိုအချိန်မှာကြားညပ်တယ်လို့ပြောလို့ရတာကတော့ လက်ရှိ TI10 ချန်ပီယံ Team Spirit ပါ။

Team Spirit ဟာ ရုရှားမြေမှာအခြေစိုက်တဲ့အဖွဲ့အစည်းဖြစ်ပေမယ့် ရုရှား Org တော့မဟုတ်ပါဘူး။

International Org ပါ။

ဒါ့ကြောင့်စစ်ပွဲစတဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ထဲက စစ်ပွဲကိုရော၊ အကြမ်းဖက်မှုတွေကိုပါလုံးဝဆန့်ကျင်တယ်လို့ စာထုတ်ထားခဲ့ပါတယ်။

ဒါနဲ့တင်မကသေးပဲ လာမယ့်မတ်လ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ ဒူဘိုင်းမှာကျင်းပမယ့် GAMERS GALXY:Invitational Series Dubai 2022 ကနေရသမျှဆုကြေးတွေအကုန်လုံးကို Red Cross Movement ကိုလှူဒန်းသွားမယ်လို့လည်း ကြေငြာထားပါတယ်။

အဲ့ဒီပြိုင်ပွဲကိုယူကရိန်းမှာပိတ်မိနေတဲ့ Mira ကပါဝင်နိင်မှာမဟုတ်တာကြောင့် RodjER က stand-in ဝင်ကစားသွားမှာပါ။

Team Spirit ရဲ့ Dota 2 Main Roster မှာ Yatoro နဲ့ Mira တို့ကယူကရိန်းနိင်ငံသားတွေဖြစ်ပြီး ကျန်တဲ့ ၃ ယောက်ကတော့ ရုရှားနိင်ငံသားတွေပါ။

ဒါ့အပြင်ဘယ်လိုပဲ International Org ဖြစ်ပါတယ်ပြောပြော ရုရှားမှာအခြေစိုက်ထားတဲ့အသင်းဖြစ်တာကြောင့် FIFA နဲ့ UEFA ကလိုမျိုး Valve ကပါရုရှားကိုကျဉ်ခဲ့ရင် Team Spirit အနေနဲ့ အများကြီးထိခိုက်ခံစားရဖွယ်ရှိနေပါတယ်။

ဒါပေမယ့်လည်း အာဏာရူးပူတင်ရဲ့ အဆင်ခြင်မဲ့လုပ်ရပ်တွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို သူ့ရုရှားနိင်ငံသားတွေကခံစားရမှာဖြစ်လို့ Valve လုပ်ခဲ့ရင်တောင် အပြစ်တင်လို့မရပါဘူး။

ပူတင်ကြောင့်ဒုက္ခဆင်းရဲရောက်နေရတဲ့ ယူကရိန်းကစားသမားတွေအမြောက်အမြားရှိနေတာကြောင့်ပါ။

Yatoro နဲ့ Mira တို့အပြင် Noone နဲ့ Legendary Player Dendi တို့ကလည်း ယူကရိန်းသားတွေပါပဲ။

CSGO မှာ လက်ရှိကမ္ဘာ့အကောင်းဆုံး Player လို့ခေါ်နိင်တဲ့ s1mple ကလည်း ယူကရိန်းသားပါပဲ။

S1mple အနေနဲ့ပြီးခဲ့တဲ့ IEM Katowice 2022 မှာ Emotional Speech ၁ ခုကိုပြောခဲ့ပါတယ်။

“Esports ဟာ နိင်ငံရေးနဲ့ ဘာမှမပက်သတ်ပါဘူး။

ဒါ့ကြောင့်အစိုးရချင်းဖြစ်တဲ့ကိစ္စကို Player တွေလည်းဘာမှမလုပ်ပေးနိင်ပါဘူး။

Esports ဟာ ဝါသနာတူရာလူတွေကို စုစည်းပေးထားတဲ့ပတ်ဝန်းကျင်ကောင်း ၁ ခုပါပဲ။

ဒါ့ကြောင့်ကျွန်တော့်ရဲ့ Real Friends တွေနဲ့အတူ ရပ်တည်သွားမှာပါ။

နိင်တဲ့အချိန်မှာ တူတူရှိသလို ရှုံးနိမ့်ချိန်မှာလည်း လက်တွဲဖြုတ်သွားမှာမဟုတ်ပါဘူး။

ကျွန်တော်တို့အားလုံးဟာ ယူကရိန်းမှာရော တကမ္ဘာလုံးပါ ငြိမ်းငြိမ်းချမ်းချမ်းရှိနေစေချင်ပါတယ်” လို့ မျက်ရည်စတွေနဲ့ ပြောသွားခဲ့ပါတယ်။

S1mple အနေနဲ့ IEM Katowice 2022 ရဲ့ Semifinals ကနေရှုံးနိမ့်ပြီးထွက်ခွာခဲ့ရချိန်မှာလည်း ယူကရိန်းစစ်တပ်ကို ဒေါ်လာ ၃၃၀၀၀ လှူဒါန်းခဲ့တယ်လို့လည်းသိရပါတယ်။

ပုံမှန် DPC Season ပွဲတွေကလွဲရင် Region အသီးသီးကအသင်းတွေအားလုံးပါဝင်တဲ့ LAN Tournament က TI10 ကလွဲရင် မရှိခဲ့တာ ၂ နှစ်ရှိခဲ့ပါပြီ။

ဒါ့ကြောင့် ဒူဘိုင်းမှာလုပ်တဲ့ပွဲက DPC Event မဟုတ်ပေမယ့် Region အသီးသီးက အင်အားအကြီးဆုံးအသင်းတွေပါဝင်နေတာဖြစ်ပါတယ်။

CIS က ၂ သင်းပါဝင်နေပြီး ဒီပြိုင်ပွဲက သူတို့အတွက် စစ်ပွဲမပြီးခင်မှာ နောက်ဆုံးကစားခွင့်ရမယ့် LAN ပြိုင်ပွဲလည်း ဖြစ်လာဖို့ရှိနေပါတယ်။

English Version

Has the Ukraine-Russia issue knocked on Esports too?

In recent hours, FIFA and UEFA, the two most powerful football powers in the world, have announced that they have expelled all Russian football teams from their respective competitions.

Football, one of the most popular sports in the world, has been blacklisted Russia.

Other Sports and various fields are blacklisting as well.

So what about our Esports?

Anti-Russian protests have begun to take hold on Esports.

I hope you all to still remember WePlay AniMajor and WePlay Esports.

WePlay Holding, an Esports Corporate Group, announced its break-up with all its partners in the Russian Federation just two days ago and is currently raising funds for Ukraine.

In the past few hours, Valve has announced that all 2021-2022 DPC East Europe Spring Tour events have been postponed.

Of the 69 players in the EEU DPC, 47 are from Russia and Ukraine.

Specifically, 33 from Russia and 14 from Ukraine.

For now, it has been postponed, but it could be canceled due to the war.

At this point, the current TI10 champion Team Spirit is in troubles.

Team Spirit is a Russian-based organization, but not a Russian Org.

They are International Org.

Therefore, when the war started on 24 February, Team Spirit stated that they are absolutely against the war and violence.

In addition, all prizes from the GAMERS GALXY: Invitational Series Dubai 2022, which will be held in Dubai from March 2 to 6, will be donated to the Red Cross Movement.

RodjER will be in the stand-in as Mira, who is trapped in Ukraine, will not be able to take part in the tournament.

On Team Spirit’s Dota 2 Main Roster, Yatoro and Mira are Ukrainian and the other three are Russian.

Also, as a team based in Russia, regardless of the International Org, if Valve block Russia like FIFA and UEFA, it could hurt Team Spirit a lot.

But even if Valve did, Valve could not be blamed, as his Russian citizens would suffer the consequences of Putin’s irrational actions.

There are a lot of Ukrainian players who are suffering because of Putin.

In addition to Yatoro and Mira, Noone and Legendary Player Dendi are also Ukrainian.

S1mple, currently arguably the best player in the world at CSGO, is also Ukrainian.

S1mple gave an Emotional Speech at IEM Katowice 2022.

“Esports was outside of politics, that the players didn’t have anything to do with government decisions, and that esports should provide an environment that brings people together.
Right now, I stand with my real friends.
We win together and we lose together.
All of us want peace for Ukraine and for [the] whole world.
All of us [are] scared,”

S1mple also donated $ 33,000 to the Ukrainian army after IEM Katowice 2022 semi-final defeat.

For the past two years, there has been no LAN Tournament except for TI10 which features teams from all regions, beside the regular DPC Season.

Therefore, the event in Dubai is not a DPC event, but with the strongest teams from each region.

CIS include two teams, and this tournament may be their last LAN before the end of the war.

Leave a Reply

Your email address will not be published.