News

Fly Admits He Regrets Leaving OG

English Version Below

OG ကနေထွက်လာခဲ့မိတာနောင်တရမိကြောင်းဝန်ခံလိုက်တဲ့ Fly

TI8 စတင်ဖို့ ရက်သတ္တပတ်အနည်းငယ်အကြာမှာ OG နဲ့ Notail ဆီကနေ Fly ထွက်သွားခဲ့တဲ့ဖြစ်ရပ်ဟာ Dota 2 လောကရဲ့ နာမည်အကြီးဆုံး Drama တွေထဲက ၁ ခုဖြစ်ပါတယ်။

အဲ့ဒီဖြစ်ရပ်ဖြစ်အပြီးမှာ Fly အနေနဲ့ အဲ့အကြောင်းကို တခွန်းမှမဟပဲ ရေငုံနှုတ်ပိတ်နေခဲ့ပြီး ၄ နှစ်အကြာလောက်ဖြစ်တဲ့ 2022 မတ်လ ၁၈ ရက်နေ့မှာမှ Podcast မှာ အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ ပြန်လည်ဖွင့်ဟခဲ့ပါတယ်။

အဲ့ဒီ Podcast မှာတော့ Fly ဟာ သူ OG ကနေထွက်ခွာခဲ့တာကို မှားယွင်းကြောင်းဝန်ခံခဲ့သလို အဲ့ကာလက သူခံခဲ့ရတဲ့ဝေဖန်မှုတွေလည်း ရသင့်ရထိုက်ကြောင်းပြောခဲ့ပါတယ်။

ဒါပေမယ့် Community အနေနဲ့ အဲ့ဒီကိစ္စကို နှစ်တွေဒီလောက်ကြာတာတောင် ဝေဖန်နေကြသေးတာကတော့ သူ့အတွက်မမျှတကြောင်းလည်း ဆက်ပြောသွားခဲ့ပါတယ်။

Fly က သူ့အနေနဲ့ အတိတ်ကို အတိတ်မှာပဲထားခဲ့ဖို့ကြိုးစားနေပေမယ့် Community က ၄ နှစ်ကြာတဲ့ထိတိုင်အောင် သစ္စာဖောက်လို့နာမည်ဆိုးတပ်နေတာကြောင့် Move On လုပ်ဖို့ခက်နေတာပါ။

Fly နဲ့ Notail တို့ဆိုတာက အဲ့ဒီဖြစ်ရပ်မတိုင်ခင်က Dota Community က နာမည်အကြီးဆုံး Duo ဖြစ်ကြပြီး သိပ်ချစ်ကြတဲ့သူငယ်ချင်းတွေပါ။

ဒါပေမယ့်လည်း OG နဲ့ Notail တို့ရဲ့ အခက်ခဲဆုံးနဲ့ အမှောင်မိုက်ဆုံးအချိန်မှာ Fly က s4 နဲ့အတူ OG ကိုစွန့်ခွာပြီးတော့ NA Region က Giant Evil Geniuses ကိုပြောင်းရွေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူထွက်သွားပြီးတော့ Notail က လူသစ်တွေနဲ့ OG ကိုပြန်ဖွဲ့စည်းခဲ့ပြီး TI8 သာမက TI9 ကိုပါအရယူပြီး သမိုင်းသစ်ပါရေးထိုးနိင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီ TI ၂ ခုလုံးမှာ Fly ရဲ့ EG က OG ကိုအရေးနိမ့်ပြီးတော့ Lower Bracket တွေကိုဆင်းခဲ့ရတာပါ။

ဒါ့ကြောင့် Community က Fly ကို သစ္စာဖောက်လို့ အခုအချိန်ထိလှောင်ပြောင်နေကြသေးတာပါ။

Fly က

“ ကျွန်တော်အဲ့ဒီအချိန်တုန်းက အခြေအနေတွေကိုကိုင်တွယ်ခဲ့ပုံတွေက မှားယွင်းခဲ့ပါတယ်။

ဒါ့ကြောင့် အခုလုံးဝနောင်တရနေပါတယ်။

ဒါပေမယ့် လူတယောက်အနေနဲ့ အမှားတွေထဲကနေ သင်ယူနိင်ရမယ်မလား။

ကျွန်တော်အခုအဲ့အတိုင်းလုပ်နေပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

သူ့အနေနဲ့ နှစ်တွေဒီလောက်ကြာတာတောင် အခုထိအဲ့ကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်ခံနေရသေးတာနဲ့ပတ်သက်ပြီးတော့လည်း

“ကျွန်တော့်အနေနဲ့ ဒီဂိမ်းမှာ အခုလိုအဆင့်အတန်းမျိုးနဲ့အကြာကြီးကစားကစားနိင်တယ် ကံကောင်းတယ်လို့ပြောလို့ရပါတယ်။

ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ ကျွန်တော်တို့အားလုံးနဲ့မစိမ်းတဲ့ပုံစံမျိုးနဲ့ ကျွန်တော့်ဖြစ်ရပ်ကို ပြောပြချင်ပါတယ်။

Player ၁ ယောက်ရဲ့လုပ်ရပ်တွေကိုဝေဖန်တာနဲ့ အဲ့ဒီဖြစ်ရပ် ၁ ခုကိုပဲ နှစ်ပေါင်းများစွာလှောင်စရာ ၁ ခုအနေနဲ့အသုံးချပြီး ဆွဲချနေတာနဲ့က မတူညီတဲ့ဖြစ်ရပ် ၂ ခုပါ။

အဲ့ကိစ္စက ဖြစ်ခဲ့တာ ၄ နှစ်တောင်ရှိနေပါပြီ။

ကျွန်တော်လည်း Move On လုပ်ဖို့ကြိုးစားနေပါပြီ။

ဒါပေမယ့် Community ကတော့ အခုထိ Move On မလုပ်နိင်သေးပါဘူး။

ကျွန်တော့်အနေနဲ့ ဒီဂိမ်းကိုချစ်လို့ ဆက်ကစားနေတာပါ။

အင်တာဗျူးတွေလုပ်တယ်ဆိုတာလည်း Community နဲ့ အဆက်အသွယ်လုပ်ချင်လို့ပါ။

ဒါပေမယ့် ပွဲတိုင်း၊ အင်တာဗျူးတိုင်းမှာ သစ္စာဖောက်လို့အခေါ်ခံနေရတာကတော့ တကယ်အဆင်မပြေပါဘူး။

လွန်ခဲ့တဲ့ ၄ နှစ်ကကျွန်တော်လုပ်ခဲ့တဲ့ကိစ္စအတွက် အခုအချိန်ထိဝေဖန်ခံနေရသေးတာ ကျွန်တော့်အတွက်မမျှတပါဘူး။

ကျွန်တော်တို့ Community အနေနဲ့ ကိုယ့်ကိုကိုယ်အဆင့် ၁ တန်း ၁ ခုအထိမြှင့်တင်ထားသင့်ပါတယ်။

ဘယ်အသင်းကိုအားပေးပေး ဘယ်သူ့ကိုအားပေးပေး ကိစ္စမရှိပါဘူး။

ကျွန်တော်တို့အနေနဲ့ အဲ့လိုအားပေးတာကို တခြားဘယ်သူ့ကိုမှမထိခိုက်ပဲ လုပ်နေနိင်သင့်ပါတယ်” လို့ပြောသွားခဲ့ပါတယ်။

Notail နဲ့ Fly တို့ ၂ ယောက်ဟာ လမ်းခွဲခဲ့အပြီးမှာတော့ ၂ ယောက်စလုံး သူ့အတိုင်းအတာနဲ့သူအောင်မြင်ခဲ့တယ်လို့တော့ ပြောနိင်ပါတယ်။

Notail က TI8 နဲ့ TI9 ရခဲ့သလို Fly ကလည်း TI တွေ Major တွေမှာချန်ပီယံဆုတွေမရခဲ့ဘူးဆိုပေမယ့် တတိယနေရာကိုတော့ အများအပြားရယူနိင်ခဲ့ပါတယ်။

လက်ရှိမှာတော့ သူတို့ ၂ ယောက်လုံးက Competitive Scene ထဲမှာ Active Player တွေအနေနဲ့ ၁ ယောက်မှရှိမနေတော့ပါဘူး။

Notail က OG မှာ Mentor ပဲလုပ်နေသလို Fly ကလည်း TSM မှာ သိပ်မကြာသေးခင်ကပဲ Coach လုပ်နေပါတယ်ခင်ဗျာ။

English Version

Fly Admits He Regrets Leaving OG

The departure of Fly from OG and Notail just weeks before TI8 is one of the most popular dramas in the world of Dota 2.

After the incident, Fly kept quiet about it and re-revealed it on March 18, 2022, four years later.

In the podcast, Fly admitted that he was wrong to leave OG and deserved the criticism he received at the time.

But he added that the community had been criticizing the issue for years and that it was unfair to him.

Fly is trying to leave the past in the past, but it is difficult to move on because he has a reputation for betrayal in community for four years.

Fly and Notail were the most popular duo in the Dota community before the incident and were very close friends.

However, in the darkest of OG and Notail’s times, Fly decided to leave OG with s4 and move to the Giant Evil Geniuses in the NA Region.

After his departure, Notail reorganized OG with newcomers, taking title of TI8 as well as TI9 to make history.

In addition, in both TIs, Fly’s EG outnumbered OG and descended to the lower brackets.

That’s why the community is still being ridiculed Fly for betraying Notail and OG.

Fly Said

“The way I left the team, I handled the situation poorly and I definitely regret how I handled it but I did learn from it and grew a lot as a person,”

He also Said

“I think because I have been competing at this level for so long and I am fortunate to have this platform I want to address something we are kind of familiar with – there’s a line between criticism of a player’s actions at the time and dragging it out years later for fun.

It’s been about four years since this happened and I have tried to move on but these sort of things the community just won’t move on from.

I compete in this game because I love it.

I do interviews because I still want to engage with this community but repeatedly being labeled as a “traitor” for every match or interview over four years kind of chips away at you.

So I think we need to set the bar higher for ourselves and our community.

This isn’t about which team you are cheering for or what players you are a fan of.

We can be passionate without being harmful.”

After Notail and Fly parted away, it was safe to say that they were both quite successful in their ways.

Notail won the TI8 and TI9, and Fly didnot win TI or Major titles, but won third place in many of them.

At the moment, neither of them is an active player in the competitive scene.

Notail has been working as a mentor at OG and Fly has been coaching at TSM recently.

Leave a Reply

Your email address will not be published.