Team & Players

Ferrari_430

အောက်မှာမြန်မာလိုပါတယ်နော်

Ferrari_430

I’ve been preferring the Ferrari_430 since the Era of Dendi around 2012.

Because he likes to play with his ideas and not care about anything.

Normally, when playing SF 1v1, many people come out with Wraith Band, but it comes out with 5 Iron Branches.

In those days, most mid-Laners focused on farming, but the 430 was very popular with its unique personality.

That does not mean that I did not like Dendi either.

Ferrari is more deadly. (Favorite is Mushi)

The original name of the Ferrari_430 was Luo Feichi.

He was born on February 14, 1990 and is now 31 years old.

He was born in Wuhan, Hubei Province, China.

He used the Ferrari_430 ID because someone else was already using the Ferrari name.

He also has a nickname called The Pianist.

During his playing career, he was obsessed with the solo midfield.

His signature heroes were SF, TA and Invoker, who were competitive in their day.

His TA was named the World’s Best TA, especially after he received TI2.

His career total earnings are $ 572,905.

This is a small amount as a TI winner, and if what he got was not TI2, but even if it was around TI 5-6, another Digit will definitely increase.

430 debuted the Dota 2 Pro Scene in early 2011 with Catastrophic Cruel Memories.

They soon reached IG due to their success.

Since then, the 430 has been playing IG for many years.

In the first year with IG, he played only TI1 and took 5-6th place.

In the second year, He did not play so many tournaments, but He achieved a historic victory.

That’s just the champion in TI2.

In TI2, IG was in Group B with CoL, Orange, Na’Vi, TongFu, EHOME, Darer and Mortal Teamwork.

However, IG had no problems, winning 13 of their 14 matches, including a 2-0 win over Defending champions Na’Vi, losing one to EHOME.

In the playoffs, they defeated EG and lost to Na’Vi in the next round and relegated to the Lower Bracket, but were able to return to the Grand Finals after defeating EHOME, Team DK and LGD.

In the Grand Finals against Na’Vi, IG won 3-1.

In Game 1, the then-famous Dendi QoP was controlled by His TA, and in the early games, the XBOCT Naga was farmed out of time and won in 28 minutes.

In Game 2, They lost to Na’Vi Surprise Pick DK, but in Game 3, 430 proved by QoP that he was a better mid player than Dendi.

Dendi DK, who excelled in Game 2, also had to shoot a deadly car under the 430 block.

The decisive Game 4 lasted almost an hour after Na’Vi pulled the match, calmly winning and taking over Aegis.

After the TI2 championship, 430 and IG did not fall behind, finishing fourth in the G-1 Champions League Season 4 and at the 2012 World Cyber ​​Games.

In 2013, IG dropped slightly, winning only the G-League Season 2 and the Sina Cup Supernova Dota 2 Open Season 1, and finishing fifth in TI3.

After that, 430 played at IG until August 28, 2016 and finished second in the 2013 WPC ACE Dota 2 League, first at WPC 2014 Champion at ESL One Frankfurt 2014 7-8th place in TI4; Winning championships in Major All Stars Dota 2 Tournament.

430 then left IG and rested for four months.

On January 1, 2017, he went to Newbee Boss.

This team is for entertainment only and has not competed in any of the competitions.

After spending almost a year at the Newbee Boss, 430 played the Big God with BurNIng, xiao8, Newbie, and Chisbug.

DAC 2018 was played from the Open Qualifiers and reached the Closed Qualifiers, but did not reach the Main Event.

He also entered the StarLadder ImbaTV Invitational # 5: China Qualifier, but finished 5th-8th.

So, five months later, 430 left Big God to play for TI8 with a team called Young Dumb, but the qualifier failed.

After TI8, on September 10, he visited Mr.Game Boy, a Newbee affiliate, and had fun with the kids.

In the last seven months or so, he have played a lot of tournaments, including minor ones, but he have not had any success.

So at the end of March 2019, he went to EHOME and played a little more seriously.

However, he left the team six months after failing to qualify and began working as a Broadcast Talent.

Following are the competitions and positions 430 held as Talent:

Burmese Version

တစ်ခေတ်မှာ တစ်ယောက်ထွန်းခဲ့တဲ့ Ferrari 430

၂၀၁၂ ခုနှစ်ဝန်းကျင်လောက် Dendi ဘုန်းမီးနေလတောက်ပချိန်ကတည်းက ကျွန်တော့်အနေနဲ့ Ferrari 430 ကို ပိုသဘောကျခဲ့ပါတယ်။

သူ့ရဲ့ဘာကိုမှဂရုမစိုက်တတ်ပဲ ကိုယ့် idea နဲ့ ကိုယ်ကစားတတ်တဲ့စတိုင်ကို သဘောကျလို့ပါ။

ပုံမှန်ဆို SF 1v1 ကစားရင် သူများတွေက Wraith Band နဲ့ထွက်လာတတ်ပေမယ့် သူကတော့ Iron Branch ၅ ချောင်းနဲ့ ထွက်လာတတ်တာမျိုးတွေ၊ အဲ့ဒီခေတ်မှာတုန်းက Mid Laner အများစုက Farm ဖို့ကိုပဲ အာရုံစိုက်တတ်ကြပေမယ့် 430 ကတော့ TA လိုကောင်မျိုးနဲ့တောင် Early Game မှာလိုက်လုံးနေတာမျိုးတွေ စတဲ့ သူ့ရဲ့ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးတွေနဲ့ ဟန်ပန်အမူအရာတွေကို အရမ်းကြွေခဲ့တာပါ။

Dendi ကိုလည်း မကြိုက်ဖူးလို့ မဆိုလိုပါဘူး။

Ferrari ကိုက ပိုသဘောကျတာပါ။ ( အကြိုက်ဆုံးကတော့ Mushi ပါ)

Ferrari 430 ရဲ့ နာမည်အရင်းကတော့ Luo Feichi ဖြစ်ပါတယ်။

သူ့ကို ၁၉၉၀ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာမွေးဖွားခဲ့တာကြောင့် အခုဆိုရင် အသက် 31 နှစ်ရှိပြီဖြစ်ပါတယ်။

သူ့ကို တရုတ်နိင်ငံ ဟူပေပြည်နယ်က ဝူဟန်မြို့မှာမွေးဖွားခဲ့တာပါ။

သူ့အနေနဲ့ ဘာလို့ Ferrari 430 ဆိုတဲ့ ID ကိုအသုံးပြုခဲ့ရတာလည်းဆိုတော့ Ferrari ဆိုတဲ့နာမည်ကို အခြားတစ်ယောက်က အသုံးပြုနေပြီးဖြစ်တာကြောင့်လို့ သိရပါတယ်။

သူ့မှာ Nickname တစ်ခုလည်းရှိပြီး The Pianist လို့ ခေါ်ပါတယ်။

သူရဲ့ကစားသမားဘဝမှာ Solo Mid တစ်ခုထဲကိုပဲ စွဲစွဲမြဲမြဲကစားခဲ့သူဖြစ်ပါတယ်။

သူ့ရဲ့ Signature Hero တွေကတော့ သူ့ခေတ်သူ့အခါမှာ ပြိုင်စံရှားခဲ့တဲ့ SF, TA နဲ့ Invoker တို့ဖြစ်ပါတယ်။

အထူးသဖြင့် TI2 ရခဲ့အပြီးမှာ သူ့ရဲ့ TA ကို ကမ္ဘာ့အကောင်းဆုံး TA အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။

သူ့ရဲ့ကစားသမားဘ၀ Total Earning ကတော့ $572,905 ဖြစ်ပါတယ်။

ဒါဟာ TI Winner တစ်ယောက်အနေနဲ့ နည်းပါးတဲ့ပမာဏလို့ဆိုနိင်ပြီး သူရခဲ့တာဟာ TI2 မဟုတ်ပဲ TI 5-6 လောက်ဆိုရင်တောင် နောက်ထပ်သုညတစ်လုံးကတော့ ကျိန်းသေတိုးလာမှာပါ။

430 ဟာ Dota 2 Pro Scene ကို ၂၀၁၁ နှစ်စပိုင်းမှာ Catastrophic Cruel Memories နဲ့အတူ စတင်ဝင်ရောက်ခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ သူတို့ရယူခဲ့တဲ့အောင်မြင်မှုတွေကြောင့် IG ကို ရောက်ရှိခဲ့ပါတယ်။

အဲ့ဒီအချိန်ကနေစလို့ 430 ဟာ IG မှာ နှစ်ပေါင်းများစွာကစားခဲ့ပါတော့တယ်။

IG နဲ့ပထမနှစ်မှာ TI1 ပဲကစားခဲ့ပြီး 5-6th place ကို ရရှိခဲ့ပါတယ်။

ဒုတိယနှစ်မှာလည်း ပြိုင်ပွဲတွေအဲ့လောက်အများကြီးကို ဝင်မကစားခဲ့ပေမယ့် သမိုင်းဝင်အောင်မြင်မှုကို ရယူနိင်ခဲ့ပါတယ်။

အဲ့ဒါကတော့ TI2 မှာ ချန်ပီယံဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။

TI2 မှာ IG ဟာ Group B မှာ CoL, Orange, Na’Vi, TongFu, EHOME, Darer နဲ့ Mortal Teamwork တို့နဲ့အတူ တစ်အုပ်စုထဲကျရောက်ခဲ့ပါတယ်။

ဒါပေမယ့် IG အတွက် ဘာအခက်အခဲမှမရှိခဲ့ပဲ လက်ရှိချန်ပီယံ Na’Vi ကို ၂ – ၀ နဲ့အနိင်ကစားခဲ့တာအပါအဝင် စုစုပေါင်း ၁၄ ပွဲကစားခဲ့ရာမှာ ၁၃ ပွဲအနိင်ရကာ EHOME ကိုပဲ တစ်ပွဲရှုံးခဲ့ပါတယ်။

Playoff မှာလည်း EG ကိုအနိင်ရကာ Na’Vi ကိုနောက်တစ်ဆင့်မှာရှုံးနိမ်ပြီးတော့ Lower Bracket ကိုဆင်းပေးခဲ့ရပေမယ့် EHOME, Team DK နဲ့ LGD တို့ကိုအနိင်ယူပြီးတော့ Grand Finals ကို ပြန်လည်တက်ရောက်နိင်ခဲ့ပါတယ်။

Na’Vi နဲ့မကျေပွဲ Grand Finals မှာတော့ IG က ၃ – ၁ နဲ့ အနိင်ယူဗိုလ်စွဲခဲ့ပါတယ်။

Game 1 မှာ အဲ့ဒီအချိန်ကနာမည်ကြီး Dendi QoP ကို TA နဲ့ထိန်းပြခဲ့ပြီး Early Game တွေမှာထဲက လိုက်လုံးကာ XBOCT Naga ကို Farm ချိန်မရအောင် လုပ်ခဲ့ပြီး ၂၈ မိနစ်နဲ့ အနိင်ယူခဲ့ပါတယ်။

Game 2 မှာ Na’Vi ဘက် Surprise Pick DK ကြောင့်ပြန်အရှုံးပေးခဲ့ရပေမယ့် Game 3 မှာ 430 က သူဟာ Dendi ထက်ပိုကောင်းတဲ့ Mid Player ဖြစ်တယ်ဆိုတာကို QoP နဲ့သက်သေပြခဲ့ပါတယ်။

Game 2 တုန်းက လက်စွမ်းပြနိင်ခဲ့တဲ့ Dendi DK လည်း 430 ရဲ့လုပ်ကွက်တွေအောက်မှာ အသေကြီးပဲတစ်ကားရိုက်ခဲ့ရပါတယ်။

အဆုံးအဖြတ်ဖြစ်တဲ့ Game 4 ကလည်း Na’Vi ဘက်က ပွဲကိုဆွဲကစားခဲ့လို့သာ တစ်နာရီနီးပါးကြာမြင်ခဲ့ပြီး အေးအေးဆေးဆေးအနိင်ယူကာ Aegis ကြီးကို ရယူခဲ့ပါတယ်။

TI2 ချန်ပီယံဖြစ်အပြီးမှာလည်း 430 နဲ့ IG တို့အနေနဲ့ ကျဆင်းသွားခဲ့ခြင်းမရှိပဲ G-1 Champions League Season 4 မှာ စတုတ္ထနဲ့ World Cyber Games 2012 တို့မှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာတော့ IG တို့အနည်းငယ်ကျဆင်းသွားခဲ့ပြီး G-League Season 2 နဲ့ Sina Cup Supernova Dota 2 Open Season 1 တို့မှာပဲချန်ပီယံဖြစ်ခဲ့ကာ TI3 မှာလည်း 5-6th place သာ ရရှိခဲ့ပါတယ်။

အဲ့နောက်မှာ 430 ဟာ IG မှာ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့အထိကစားခဲ့ကာ 2013 WPC ACE Dota 2 League မှာ ဒုတိယ၊ WPC 2014 မှာ ပထမ၊ ESL One Frankfurt 2014 မှာ ချန်ပီယံ၊ TI4 မှာ 7-8th place ၊ Major All Stars Dota 2 Tournament မှာ ချန်ပီယံ အစရှိတဲ့အောင်မြင်မှုတွေကို ရယူနိင်ခဲ့ပါတယ်။

အဲ့နောက်မှာတော့ 430 ဟာ IG ကနေထွက်ခွာကာ ၄ လလောက်အနားယူခဲ့ပါတယ်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလတစ်ရက်နေ့မှာတော့ Newbee Boss ကို သွားရောက်ခဲ့ပါတယ်။

ဒီအသင်းက ဖျော်ဖြေဖို့သက်သက်ပဲဖြစ်ပြီး Competitive ပွဲတွေကို ဝင်ရောက်ကစားခဲ့ခြင်းမရှိပါဘူး။

Newbee Boss မှာ တစ်နှစ်နီးပါးလောက်အချိန်ဖြုန်းပြီးနောက်မှာတော့ 430 ဟာ BurNIng, xiao8, Newbie, Chisbug တို့နဲ့အတူ Big God မှာကစားခဲ့ပါတယ်။

DAC 2018 ကို Open Qualifiers ကနေဝင်ကစားခဲ့ပြီး Closed Qualifiers အထိရောက်ရှိခဲ့ပေမယ့် Main Event ကိုတော့ မရောက်ခဲ့ပါဘူး။

အဲ့လိုပဲ StarLadder ImbaTV Invitational #5: China Qualifier ကို လည်း ဝင်ကစားခဲ့ပေမယ့် 5-8th place နဲ့ အဆုံးသတ်ခဲ့ရပြန်ပါတယ်။

ဒါကြောင့်မလို့ ၅ လလောက်အကြာမှာတော့ 430 ဟာ Big God ကနေထွက်ခွာပြီး Young Dumb ဆိုတဲ့အသင်းနဲ့ TI8 ကိုဝင်ကစားဖို့လုပ်ခဲ့သေးပေမယ့် Qualifier မအောင်မြင်ခဲ့ပါဘူး။

TI8 အပြီး စက်တင်ဘာလ ၁၀ ရက်နေ့မှာတော့ Newbee ရဲ့ လက်အောက်ခံအသင်းတစ်သင်းဖြစ်တဲ့ Mr.Game Boy ကိုသွားရောက်ခဲ့ပြီး ကလေးတစ်သိုက်နဲ့ ပျော်ပါးခဲ့ပါတယ်။

၇ လလောက်အတွင်းမှာ ပြိုင်ပွဲသေးသေးမွှားမွှားတွေပါအပါ ပြိုင်ပွဲတွေအများကြီးကစားခဲ့ပေမယ့် ဘာအောင်မြင်မှုမှတော့မရခဲ့ပါဘူး။

ဒါ့ကြောင့် 2019 ခုနှစ် မတ်လအကုန်ပိုင်းလောက်မှာ EHOME ကိုသွားခဲ့ပြီး နည်းနည်း Serious ပြန်ကစားခဲ့ပါတယ်။

ဒါပေမယ့်လည်း Qualifier တွေတောင်မအောင်ခဲ့ပြီးနောက်မှာတော့ ၆ လလောက်အကြာမှာအသင်းကနေထွက်ခွာပြီးတော့ Broadcast Talent အနေနဲ့လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

430 Talent အဖြစ်နဲ့လုပ်ကိုင်ခဲ့တဲ့ပြိုင်ပွဲတွေနဲ့ Position တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.