Team & Players

Fear The Old Man

အောက်မှာမြန်မာလိုပါတယ်နော်

Fear The Old Man

Fear is not a Joke.

He is one of the best American players and his image in the history of Dota is huge.

I first saw him in the Dota 1 era.

My Favorite was his Kunkka.

Fear’s real name is Clinton Loomis.

He was born on February 19, 1988 and is now 33 years old.

Both his role and The versatility, regardless of the hero, gave the team the ability to play well.

The roles in his career were perfect. (I’ve never seen him play Offlane)

He also has excellent leadership skills and has been able to shape even the most difficult-to-maintain boy like Sumail.

So it would not be wrong to say that Fear is the one who can best utilize Sumail’s best abilities.

PPD once said this about him when he was about to retire from playing.

“Fear is hands down the best Dota player I’ve ever had the privilege to play with. Whenever people would ask about our team’s dynamic, I always described him as the co-captain. I could always count on Clinton to make a collected, yet decisive decision. He always had my back and I knew I could count on him when I was lost. Fear helped me reach my potential, and I believe he will continue to do that for players in years to come. Best of luck Fear, and thank you for everything you have done for me and this team.
Peter “PPD” Dager (On Fear during his retirement as a competitve player on September 2016)”

His three signature heroes are Lycan, Lone Druid and Sven, who even has a Free to Play Pro Gear Set.

His career total earnings are $ 2,547,728.

He is a partial owner of EG and played for EG until May 2018, most recently playing Position 2.

Fear began his professional career in 2005 with PluG Pullers Inc, along with other American legends Merlini and DeMoN.

Fear’s PluG Pullers Inc was also the first sponsor in Dota history.

In early 2006, they were signed by CompLexity Gaming.

At the time, the Dota version was only version 6.28.

At coL, Fear is considered by many to be one of the best players in the world.

At the end of 2007, coL disbanded Dota due to internal issues.

That’s why Fear re-established PluG Pullers as v2.

In 2008, Fear entered MYM with a major turning point in his playing career.

At MYM, Fear has achieved a lot.

Fear left MYM after one year, only a few weeks before the MYM organization went bankrupt and disbanded their teams in March 2009.

Shortly after leaving MYM, he joined the North American team EG.

This is the first experience for Fear, who will later become the legend of this team.

At that time, he was just a Junior of course.

In his first partnership with EG, Fear reached the final at Farm4Fame # 9, losing to team called Kindom which included his former MYM teammates.

In December 2009, EG disbanded their Dota team for no apparent reason.

That’s why Fear and DeMoN formed and played Ben’s Fuck Buddies.

It was later renamed Ben’s Friendly Buddies.

The team also included Puppey (captain), Kuroky, Merlini, Pajkatt and AmarTnT.

They did not have to wait long to get a sponsorship from Blight.int.

However, they parted ways with Blight.int two months later and became affiliated with Nirvana.

They used the name Nirvana.int because Nirvana already had a team called OK.Nirvana.cn.

Although there have been a number of changes to the roster, Fear was ranked fourth and third at ESWC 2010. Second in Farm4Fame 2.5; Second place in the CM Storm the Front tournament.

On August 20, 2010, Azen, a member of Fear, announced that his team had left Nirvana.

He announced that they had to leave because his salary had not been paid.

Fear left Nirvana shortly afterwards and moved on to the Dutch / Russian Org, LOST.eu.

During his sponsorship, he largely remained inactive due to school commitments and work to finance his studies.

In February 2011, LosTs released the team and Fear changed its name to Browned Potatoes.

After playing for three months without a sponsor, it was sponsored by OK.Nirvana.int.

OK.Nirvana.int has teamed up with Fear’s former sponsor, Nirvana, in partnership with Online Kingdom.

In the next few months before the change to Dota 2, it finished third at Farm4Fame#3.

Fear played OK.Nirvana.int and TI1 in the early days of Dota 2 and took 7th place which is respectable.

Fear also starred with Dendi and Hyhy in Valve’s documentary Free to Play on TI1.

However, the team was soon disbanded.

On October 24, 2011, Fear joined the North American team Evil Geniuses, where he will spend the rest of his career.

Fear was released once in the second half of 2014.

In the first nine months of 2016, he changed from a player to a coach and led the team to success.

Most importantly, EG is like Fear’s home, and for EG, Fear is like a family member, so EG has the right to live as he pleases.

In his EG career, Fear won major victories at the World E-sport Championships 2014, StarLadder StarSeries Season 10, DAC 2015, Dota Pit League Season 3, TI5, The Summit 4, and GESC: Indonesia Dota 2 Minor.

Towards the end of May 2018, Fear left the EG he had been playing for most of his life and remained inactive for seven months.

In December 2018, he reappeared with only one American team, J.Storm, and played for four months.

During the four-month trip with J.Storm, Fear won only two Tier 2 titles and struggled.

After that, J.Storm continued to play for a while under the name Business Associates, and on September 7, 2017, Fear announced his intention to take a break from Competitive Dota.

But about three months later, he returned to S A D B O Y S, where he once performed Well with Arteezy, UNiVeRsE, Zai, ppd and played for six months.

However, after 12 months in charge of Thunder Predator on June 12, 2021, he is still missing from his role as Player / Coach.

Fear also works as a Broadcast Talent and has acted as a commentator for four competitions.

Fear has repeatedly proved to be one of the hardest-to-forget legends in Dota history.

Burmese Version

Fear the old man ရဲ့အကြောင်း

Fear ဆိုတာ အချဉ်မဟုတ်ပါဘူး။

သူဟာ အကောင်းဆုံးအမေရိကန် Player တွေထဲကတစ်ယောက်ဖြစ်ပြီး Dota သမိုင်းမှာလည်း သူ့ရဲ့ပုံရိပ်က တော်တော်လေးကြီးမားပါတယ်။

သူ့ကို ကျွန်တော်စပြီးမြင်ဖူးခဲ့တာကတော့ Dota 1 ခေတ်မှာကတည်းကဖြစ်ပါတယ်။

သူ့ Kunkka ကို အသေကြွေခဲ့တာပါ။

Fear ရဲ့နာမည်အရင်းကတော့ Clinton Loomis ဖြစ်ပါတယ်။

သူ့ကို ၁၉၈၈ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်လို့ အခုဆိုရင် အသက် ၃၃ အရွယ်ကိုရောက်ရှိနေခဲ့ပါပြီ။

သူ့ရဲ့ Role ရော၊ Hero ပါမရွေးပဲ versatile ဖြစ်မှုက အသင်းတိုင်းမှာ ကောင်းကောင်းကစားနိင်တဲ့ အစွမ်းအစကို ရရှိစေခဲ့ပါတယ်။

သူ့ရဲ့ကစားသမားဘဝမှာ Role တွေလည်းစုံလင်ခဲ့ပါတယ်။ ( သူ Offlane ကစားတာတော့ သိပ်မတွေ့ဖူးဘူး)

သူဟာ Leadership Skill လည်း အလွန်ကောင်းမွန်သူတစ်ယောက်ဖြစ်ပြီး Sumail လိုမျိုး ထိန်းရသိမ်းရ အလွန်ခက်တဲ့ကောင်လေးကိုတောင်မှ ချဉ်းကပ်ပုံကောင်းကောင်းလိုသလိုပုံသွင်းနိင်ခဲ့သူဖြစ်ပါတယ်။

ဒါ့ကြောင့် Sumail ရဲ့အကောင်းဆုံးအစွမ်းအစတွေကို အထုတ်ယူနိင်ဆုံးဖြစ်တဲ့သူက Fear လို့ပြောမယ်ဆိုရင် မှားမယ်မထင်ပါဘူး။

သူနဲ့ပတ်သက်ပြီးတော့ PPD က သူကစားသမားဘဝကအနားယူခါနီးမှာ ဒီလိုပြောခဲ့ဖူးပါတယ်။

“ Fear က ကျွန်တော်အတူတွဲကစားဖူးခဲ့တဲ့ Dota Player တွေထဲမှာ အကောင်းဆုံးပါ။

အသင်းခေါင်းဆောင်က ကျွန်တော်ဖြစ်ပေမယ့် Fear ကလည်းအသင်းကိုဦးဆောင်ပေးနေသူပါ။

သူဟာတည်ငြိမ်ပြီး ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကိုလည်း ချမှတ်နိင်သူတယောက်ပါ။

ကျွန်တော်လမ်းပျောက်နေချိန်မှာလည်း Fear က ကျွန်တော့်ကိုအမြဲလမ်းပြပေးနိင်ခဲ့ပါတယ်။

ကျွန်တော့်ရဲ့အကောင်းဆုံး Potential တွေလည်း ပေါ်ထွက်လာအောင်လုပ်ပေးနိင်ခဲ့ပါတယ်။

သူ့အနေနဲ့ နောက်နှစ်ပေါင်းများစွာထိတိုင်အောင် Player တွေအများကြီးကို အဲ့လိုလုပ်ပေးနိင်ဦးမှာပါ။

ကျွန်တော့်အပေါ်ကိုရော၊ အသင်းအတွက်ရောလုပ်ပေးခဲ့တာတွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်”လို့ပြောခဲ့ပါတယ်။

သူ့ရဲ့ Signature Hero သုံးကောင်ကတော့ Lycan, Lone Druid နဲ့ Free to Play Pro Gear Set တောင်ရှိတဲ့ Sven တို့ဖြစ်ပါတယ်။

သူ့ရဲ့ကစားသမားဘ၀ Total Earning ကတော့ $2,547,728 ဖြစ်ပါတယ်။

သူဟာ EG ကို တစ်စိတ်တစ်ပိုင်းပိုင်ဆိုင်သူဖြစ်ပြီး EG အတွက် ၂၀၁၈ ခုနှစ် မေလအထိကစားခဲ့ကာ နောက်ဆုံးကစားခဲ့စဉ်မှာတော့ Position 2 ကစားခဲ့ပါတယ်။

Fear ဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ၂၀၀၅ ခုနှစ်မှာ အခြားအမေရိကန် Legend တွေဖြစ်တဲ့ Merlini နဲ့ DeMoN တို့နဲ့အတူ PluG Pullers Inc ဆိုတဲ့အသင်းမှာ စတင်ခဲ့ပါတယ်။

Fear တို့ရဲ့ PluG Pullers Inc ဟာ Dota သမိုင်းမှာ ပထမဆုံးစပွန်ဆာရခဲ့တဲ့အသင်းလည်း ဖြစ်ခဲ့ပါတယ်။

၂၀၀၆ ခုနှစ် နှစ်စပိုင်းမှာတော့ Fear တို့ဟာ CompLexity Gaming ရဲ့ ခေါ်ယူစာချုပ်ချုပ်ခြင်းကို ခံခဲ့ရပါတယ်။

အဲ့ဒီအချိန်မှာ Dota Version က Version 6.28 ပဲ ရှိပါသေးတယ်။

coL မှာတော့ Fear ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲကတစ်ယောက်အဖြစ် လူအမြောက်အမြားရဲ့သတ်မှတ်ခြင်းကို ခံခဲ့ရပါတယ်။

၂၀၀၇ နှစ်ကုန်ပိုင်းလောက်မှာတော့ coL ဟာ အသင်းတွင်းပြသနာတွေကြောင့် Dota အသင်းကို ဖျက်သိမ်းခဲ့ပါတယ်။

ဒါကြောင့်မလို့ Fear ဟာ PluG Pullers ကို v2 အနေနဲ့ ပြန်လည်တည်ထောင်ခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာတော့ Fear ဟာ သူ့ရဲ့ကစားသမားဘဝမှာ ကြီးမားတဲ့အချိုးအကွေ့အဖြစ် MYM ကို ရောက်သွားခဲ့ပါတယ်။

MYM မှာတော့ Fear ဟာ အောင်မြင်မှုမြောက်မြားစွာကို ရယူနိင်ခဲ့ပါတယ်။

Fear ဟာ ၂၀၀၉ ခုနှစ်မတ်လမှာတော့ သူတစ်နှစ်ကြာကစားခဲ့ပြီး နောက်ရက်သတ္တပတ်အနည်းငယ်အကြာမှာပဲဒေဝါလီခံရတော့မယ့် MYM ကနေ ထွက်ခွာလာခဲ့ပါတယ်။

သူ MYM ကနေထွက်လာပြီးသိပ်မကြာခင်မှာပဲ မြောက်အမေရိကန်အသင်းဖြစ်တဲ့ EG ကို ရောက်ရှိခဲ့ပါတယ်။

ဒါဟာ နောင်တစ်ချိန်မှာ ဒီအသင်းရဲ့ Legend ဖြစ်လာမယ့် Fear အတွက် ပထမဆုံးအတွေ့အကြုံဖြစ်ပါတယ်။

အဲ့ဒီအချိန်ကတော့ ဂျူနီယာလေးပေါ့ဗျာ။

EG နဲ့ ပထဆုံးတွဲဖက်မှုမှာတော့ Fear ဟာ Farm4Fame #9 မှာ ဗိုလ်လုပွဲရောက်ခဲ့ပြီး သူ့ရဲ့အသင်းဟောင်း MYM က ကစားသမားတွေပါဝင်တဲ့ Kingdom ဆိုတဲ့အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ်ဒီဇင်ဘာလမှာတော့ EG ဟာ သူတို့ရဲ့ Dota အသင်းကို ဘာအကြောင်းပြချက်မှမထုတ်ပြန်ပဲ ဖျက်သိမ်းခဲ့ပါတယ်။

ဒါကြောင့်မလို့ Fear နဲ့ DeMoN တို့ဟာ Ben’s Fuck Buddies ဆိုတဲ့အသင်းကိုတည်ထောင်ပြီးတော့ ကစားခဲ့ကြပါတယ်။

နောက်ပိုင်းမှာတော့ Ben’s Friendly Buddies လို့ နာမည်ပြောင်းခဲ့ပါတယ်။

အဲ့ဒီအသင်းမှာတော့ Puppey(captain), Kuroky, Merlini, Pajkatt နဲ့ AmarTnT တို့လည်း ပါဝင်ခဲ့ပါတယ်။

သူတို့အနေနဲ့ စပွန်ဆာရဖို့အချိန်သိပ်မစောင့်လိုက်ရပဲ Blight.int ဆီကနေ စပွန်ဆာရခဲ့ပါတယ်။

ဒါပေမယ့် သူတို့လိုအပ်တာတွေဖြည့်ဆည်းမပေးနိင်တဲ့ Blight.int နဲ့ ၂ လအကြာမှာပဲလမ်းခွဲခဲ့ကြပြီး Nirvana အဖွဲ့အစည်းနဲ့ ချိတ်ဆက်ခဲ့ကြပါတယ်။

Nirvana မှာ OK.Nirvana.cn ဆိုတဲ့အသင်းရှိပြီးသားဖြစ်တာကြောင့် Nirvana.int ဆိုတဲ့နာမည်ကို Fear တို့အသုံးပြုခဲ့ကြပါတယ်။

လူစာရင်းအပြောင်းအလဲတွေ အမြောက်အမြားဖြစ်ပေါ်ခဲ့ပေမယ့် Fear တို့ဟာ ESWC 2010 မှာ စတုတ္ထ၊ Farm4Fame 2.5 မှာ ဒုတိယ၊ CM Storm the Front tournament မှာ ဒုတိယ စတဲ့အအောင်မြင်မှုတွေကို ရရှိခဲ့ပါတယ်။

၂၀၁၀ သြဂုတ်လ ၂၀ ရက်နေ့မှာတော့ Fear ရဲ့အသင်းသားတစ်ဦးဖြစ်သူ Azen က သူတို့အသင်းအနေနဲ့ Nirvana အဖွဲ့အစည်းကနေထွက်ခွာပြီဖြစ်ကြောင်း၊ ထွက်ခွာရတဲ့အကြောင်းအရင်းကတော့ လစာငွေတွေကို မပေးချေလို့ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

Fear လည်း Nirvana ကနေထွက်ခွာအပြီးမှာ ခဏနောက် Inactive ဖြစ်ခဲ့ပြီး ဒတ်ချ်/ရှရှား Org ဖြစ်တဲ့ LOST.eu ကို သွားရောက်ခဲ့ပါတယ်။

ဒါပေမယ့် Fear အနေနဲ့ အဲ့ကာလကကျောင်းကိစ္စတွေအပြင် ကျောင်းစရိတ်အတွက် လည်းအလုပ်လုပ်နေရတာတွေကြောင့် inactive ဖြစ်တဲ့အချိန်တွေများခဲ့ပါတယ်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလမှာတော့ LOST အဖွဲ့အစည်းက အသင်းကိုလက်လွှတ်သွားခဲ့တာကြောင့် Browned Potatoes လို့ အသင်းနာမည်ကိုပြောင်းလဲခဲ့ပါတယ်။

စပွန်ဆာမရှိပဲနဲ့ သုံးလလောက်ကစားအပြီးမှာတော့ OK.Nirvana.int ကနေ စပွန်ဆာပေးခဲ့ပါတယ်။

OK.Nirvana.int ဟာ Fear ရဲ့စပွန်ဆာဟောင်းဖြစ်တဲ့ Nirvana ကို Online Kingdom ဆိုတဲ့ စပွန်ဆာနဲ့ပေါင်းထားတာဖြစ်ပါတယ်။

Dota 2 ကို မပြောင်းလဲခင်နောက်ထပ်လအနည်းငယ်အတွင်းမှာတော့ Farm4Fame #3 မှာ တတိယရခဲ့ပါတယ်။

Fear ဟာ Dota 2 ခေတ်ဦးမှာ OK.Nirvana.int နဲ့ TI1 ကိုကစားခဲ့ပြီး လူရိုသေရှင်ရိုသေဖြစ်တဲ့ 7th place ကို ရရှိခဲ့ပါတယ်။

Fear အနေနဲ့လည်း TI1 မှာ Valve ရဲ့ Documentary ဖြစ်တဲ့ Free to Play မှာ Dendi နဲ့ Hyhy တို့နဲ့အတူ ပါဝင်ခွင့်ရခဲ့ပါတယ်။

ဒါပေမယ့် အသင်းကတော့ မကြာခင်မှာပဲ ဖျက်သိမ်းခဲ့ပါတယ်။

အဲ့နောက်မှာတော့ Fear ဟာ သူရဲ့လက်ကျန်ကစားသမားဘဝတစ်လျှောက်လုံးကို ကျောက်ချကစားမယ့် မြောက်အမေရိကန်အသင်း Evil Geniuses ကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့မှာ ရောက်ရှိခဲ့ပါတော့တယ်။

Fear ဟာ ၂၀၁၄ ခုနှစ် ၅ ပိုင်းလောက်မှာတစ်ကြိမ်၊ ၂၀၁၆ ခုနှစ် ၉ လပိုင်းလောက်မှာတစ်ကြိမ် ကစားသမားနေရာကနေ နည်းပြနေရာကိုပြောင်းလဲခဲ့ပြီး အသင်းကိုအောင်မြင်မှုတွေ ရယူပေးနိင်ခဲ့ပါတယ်။

အဓိက က EG ဟာ Fear ရဲ့အိမ်လိုဖြစ်နေပြီး EG အတွက်လည်း Fear ဟာ မိသားစုရင်းချာတစ်ယောက်လို ဖြစ်နေပြီဖြစ်တာကြောင့် EG မှာ Fear အနေနဲ့ သူစိတ်ရှိသလိုနေခွင့်ရှိနေတာဖြစ်ပါတယ်။

EG ကစားသမားဘဝမှာတော့ Fear ဟာ ကြီးမားတဲ့အောင်မြင်မှုတွေအဖြစ် World E-sport Championships 2014, StarLadder StarSeries Season 10, DAC 2015, Dota Pit League Season 3, TI5, The Summit 4, GESC: Indonesia Dota 2 Minor တို့မှာ ချန်ပီယံဆုတွေကို ရယူနိင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ၅ လပိုင်းကုန်ခါနီးမှာတော့ Fear အနေနဲ့ သူတသက်လုံးနီးပါးကစားခဲ့တဲ့ EG ကနေထွက်ခွာပြီး ၇ လလောက် inactive ဖြစ်ခဲ့ပါတယ်။

၂၀၁၈ ဒီဇင်ဘာလမှာတော့ အမေရိကန်အသင်း ၁ သင်းပဲဖြစ်တဲ့ J.Storm နဲ့ပြန်ပေါ်လာခဲ့ပြီး ၄ လလောက်ကစားခဲ့ပါတယ်။

J.Storm နဲ့ ၄ လတာခရီးမှာတော့ Fear ရယူနိင်ခဲ့တာက Tier 2 ပြိုင်ပွဲချန်ပီယံဆု ၂ ုခုသာဖြစ်ပြီး ရုန်းကန်ခဲ့ရပါတယ်။

အဲ့နောက်မှာတော့ J.Storm ဟာBusiness Associates ဆိုတဲ့နာမည်နဲ့ ခဏတာဆက်ကစားခဲ့ပြီး 2017 စက်တင်ဘာလ ၇ ရက်နေ့မှာတော့ Fear ဟာ Competitive Dota ကနေ Break ခဏယူမယ်လို့ကြေငြာပြီး အသင်းကနေထွက်ခွာခဲ့ပါတယ်။

ဒါပေမယ့် ၃ လလောက်အကြာမှာပဲ တချိန်က Arteezy, UNiVeRsE, Zai, ppd တို့နဲ့လက်စွမ်းပြခဲ့တဲ့ S A D B O Y S ကိုပြန်သွားခဲ့ပြီး ၆ လလောက်ကစားခဲ့ပါတယ်။

ဒါပေမယ့်လည်းဘာအောင်မြင်မှုမှတော့မရပဲ 2021 ဇွန်လ ၁၂ ရက်နေ့မှာတော့ Thunder Predator ကို ၄ လကျော်လောက်နည်းပြပေးပြီးနောက်မှာတော့ Player/Coach အဖြစ်ကနေပျောက်ချက်သားကောင်းနေဆဲပါခင်ဗျာ။

Fear ဟာ Broadcast Talent အဖြစ်လည်းလုပ်နေပြီး ပြိုင်ပွဲ ၄ ခုမှာ Commentator အဖြစ်လုပ်ဆောင်ခဲ့ဖူးပါတယ်။

Fear ဟာလည်း Dota သမိုင်းမှာ မေ့ဖို့တော်တော်ခက်ခဲမယ့် Legend တွေထဲက တယောက်ဆိုတာကို အကြိမ်ကြိမ်သက်သေပြခဲ့သူဖြစ်ပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published.