News

Dramas of CN and EEU Regions Road to Major

CN နဲ့ EEU တို့ရဲ့ Major သွားရေး Drama များ

လာမယ့်မေလ ၁၂ ရက်နေ့မှာကျင်းပမယ့် Stockholm Major ဟာ အကြောင်းအမျိုးမျိုးကြောင့် ကာလအတန်ကြာပျောက်ကွယ်နေပြီးမှ ပထမဆုံးပြန်တွေ့ရမယ့် LAN Major ဖြစ်ပါတယ်။

ဒါ့ကြောင့် Dota 2 Community ကပရိတ်သတ်တွေရဲ့စိတ်ဝင်စားမှုကို တော်တော်လေးမြင့်တက်နေစေသလို Dota 2 Pro အသင်းတွေအတွက်လည်း TI11 ဝင်ခွင့်အတွက် အနေအထားကြီးကြီးမားမား ၁ ခုအထိ အရေးပါနေပါတယ်။

ဒါ့ကြောင့် ဒီမေဂျာဝင်ခွင့်အတွက်တိုက်ပွဲတွေကလည်း တော်တော်လေးပြင်းထန်ပါတယ်။

အဲ့မှာမှ တခြား Region တွေက အေးအေးဆေးဆေးပြီးသွားပေမယ့် မပြီးသေးပဲ Drama တွေမျိုးစုံဖြစ်နေကြတာကတော့ CN Region နဲ့ EEU Region တို့ပါ။

China

EEU Region က ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ကာလတခုအထိရပ်ဆိုင်းထားခဲ့တာကနေ Major နီးတော့မှ Short Form နဲ့ အသည်းအသန်အမြန်ကျင်းပနေတာပါ။

EEU လိုမျိုးနီးမှစကျင်းပနိင်တာမျိုးမဟုတ်ပေမယ့် ကိုဗစ် Lockdown တွေကြောင့် တဝက်တပျက်မှာ CN DPC ကိုရပ်ခဲ့ရပြီး သိပ်မကြာသေးခင်ကမှ မေဂျာအမှီအသည်းအသန်ပြန်စထားတာပါ။

ဒါပေမယ့်လည်း ကိုဗစ်ရဲ့ရိုက်ခတ်မှုကအဲ့လောက်နဲ့မပြီးသွားပဲ တရုတ်အသင်းတွေအနေနဲ့ မေဂျာကျင်းပမယ့်ဆွီဒင်ကိုသွားရောက်ဖို့ Visa မရခဲ့ပါဘူး။

ဒါ့ကြောင့် မေဂျာမှာ တရုတ်အသင်း ၁ သင်းမှပါဝင်နိင်တော့မှာမဟုတ်ပဲ မေဂျာအစားထိုး Regional Finals ကိုပဲမေလ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိကျင်းပသွားမှာပါ။

အဲ့ဒါနဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေမထွက်သေးဘူးဆိုပေမယ့် Tour 1 ကပုံစံနဲ့တော့ သိပ်ကွာခြားမယ်လို့ မထင်မိပါဘူး။

မတူတာကတော့ Tour 1 တုန်းက Region အားလုံးကစားခဲ့ကြတာဖြစ်ပြီး အခုကတော့ CN Region ၁ ခုထဲပါ။

East Europe

EEU ရဲ့ Major Drama တွေက တရုတ်တွေထက် ပိုကြမ်းပါတယ်။

အနားကပ်မှအလောသုံးဆယ်လုပ်ရတာကြောင့် တခြား Region တွေလို ၇ သင်းပတ်လည်မကစားခိုင်းတော့ပဲ Playoff Double Elimination ပုံစံနဲ့ ကစားရတာပါ။

ပထမဆုံး ၂ ပွဲဆက်ရှုံးတဲ့အသင်း ၂ သင်းက Division II ကိုပါတန်းဆင်းရမှာဖြစ်ပြီး ကျန်အဆင့်တွေကနေပြုတ်တဲ့အသင်းတွေကတော့ Division I မှာကျန်ရစ်မှာဖြစ်သလို တတိယမြောက် Major Slot ကိုတောင် မျှော်လင့်နိင်ပါသေးတယ်။

ဒါကအခြေအနေအရဖြစ်လို့ ဘယ်သူမှစောဒကမတက်သလို ပိုပြီးထိရောက်တဲ့ Format ဖြစ်လို့ တခြား Region တွေကိုပါ အဲ့လိုဖြစ်ရင်ပိုကောင်းမယ်လို့ တွေးမိနေပါတယ်။

ဒရမ်မာတွေက ဘယ်မှာစလဲဆိုတော့ ပထမဆုံးပွဲမှာ လက်ရှိ EEU က အင်အားအကြီးဆုံးဖြစ်တဲ့ Team Spirit က ဘယ်ကမှန်းမသိတဲ့အသင်းကိုစရှုံးတာကစပါတယ်။

အသင်းနာမည်က BetBoom Team ဖြစ်ပြီး Division II ကနေတန်းတက်လာတဲ့အသင်းပါ။

Winstrike Team ကိုနာမည်ပြောင်းထားတဲ့အသင်းဖြစ်ပြီး နာမည်ရှိကစားသမားဆိုလို့ Gambit နဲ့နာမည်ကြီးခဲ့တဲ့ Daxak နဲ့ Na’Vi နဲ့နာမည်ကြီးခဲ့တဲ့ SoNNeikO တို့ပါ။

ကျန်တာကတော့ မျက်နှာသစ်တွေကြီးပါပဲ။

အဲ့လိုအသင်းကို ၂ – ၁ နဲ့ရှုံးခဲ့လို့ Lower Bracket ဆင်းခဲ့ရတဲ့အပြင် HR နဲ့ပွဲမှာပါတကယ်လို့ထပ်ရှုံးခဲ့ရင် Team Spirit Division II ရောက်ပါပြီ။

၂ – ၀ နဲ့ကျော်ဖြတ်နိင်ခဲ့လို့သာ ကျော်မကောင်းကြားမကောင်းတွေ မဖြစ်ခဲ့တာပါ။

နောက် Drama ၁ ခုကတော့ တော်တော်လေး Impact ကြီးပါတယ်။

အဲ့ဒါကတော့ Virtus Pro Case ပါ။

VP Otg ဟာ ရုရှားအခြေစိုက် Org ဖြစ်သလို လက်ရှိဖြစ်ပွားနေတဲ့ ရုရှား-ယူကရိန်းအရေးမှာ ရုရှားကိုဆန့်ကျင်ကြောင်း ဘာစာမှမထုတ်ထားပါဘူး။

ဒါ့ကြောင့်အားလုံးရဲ့မျက်မုန်းကျိုးခြင်းကိုခံနေရသလို Nigma လုပ်ခဲ့တဲ့ ဒူဘိုင်းပြိုင်ပွဲကနေလည်း ၁ ပွဲမှဆော့ခွင့်မရပဲအထုတ်ခံခဲ့ရပါတယ်။

DPC Tour 2 ကိုလည်း Virtus Pro ဆိုတဲ့နာမည်နဲ့မပြိုင်ခဲ့ပဲ Outsiders ဆိုတဲ့နာမည်အသစ်နဲ့ပဲ မထင်မရှားဝင်ကစားခဲ့ပါတယ်။

ပထမဆုံးပွဲဖြစ်တဲ့ CIS Rejects နဲ့ပွဲမှာ ဘာပြသနာမှမဖြစ်ပဲအေးအေးဆေး ၂ – ၁ နဲ့နိင်ခဲ့ပေမယ့် ပြသနာတွေအတုံးလိုက်အတစ်လိုက်တက်သွားတာကတော့ Mind Games နဲ့ Game 1 မှာပါ။

Game 1 ပွဲချိန် ၃ မိနစ်နဲ့ ၄၆ စက္ကန့်မှာ ပွဲကိုခေတ္တ Pause လုပ်ပြီး ရပ်နားထားခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ VP Carry Pure က မြေပုံပေါ်မှာ Z ဆိုပြီး ပုံဆွဲခဲ့ပါတယ်။

အဲ့ဒီသင်္ကေတက ရုရှားရဲ့ယူကရိန်းအပေါ်ကျူးကျော်မှုကို ထောက်ခံတဲ့သင်္ကေတဖြစ်တယ်လို့သိရပါတယ်။

ဒါ့ကြောင့်ပြသနာမတက်အောင် တခြား VP Player က ချက်ခြင်းဆိုသလိုပဲ အဲ့ဒီ Z ပေါ်ဝိုင်းပြီး ဖျက်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း တခြားလူတွေရဲ့ Attention ချက်ခြင်းရသွားခဲ့ပါပြီ။

အဲ့ဒီပွဲပြီး Interview ကိုလည်း Outsider ကစားသမားတွေတယောက်မှမတက်ရောက်ခဲ့ကြပါဘူး။

Community ထဲမှာလည်း ချက်ခြင်းပဲမီးပွား ၁ ခုလိုပျံ့နှံ့သွားပြီး VP(Outsider)အသင်းနဲ့ Pure ကိုအရေးယူသင့်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။

ဒါ့ကြောင့် EEU Organizer BTS က အဲ့ဒီဖြစ်ရပ်ကို ချက်ခြင်းပဲစစ်ဆေးခဲ့ပြီး ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို Valve နဲ့တိုင်ပင်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာ Outsider အသင်းကို ပြိုင်ပွဲကနေထုတ်ပယ်ကြောင်း ကြေငြာခဲ့ပါတယ်။

ဒါ့ကြောင့် 2-0 နဲ့ရှုံးနိမ့်ခဲ့တဲ့ Mind Games က နောက် ၁ ဆင့်ကိုတက်ခွင့်ရခဲ့သလို Lower Bracket မှာ HR ကိုနိင်ပြီးတက်လာတဲ့ Team Spirit ကလည်း Bracket အရ Outsider နဲ့တွေ့ရမှာဖြစ်လို့ Lower Bracket Finals ကို အလိုလိုရောက်ပြီးသားဖြစ်သွားပါတယ်။

အဲ့လိုမျိုး VP ကိုအရေးယူခဲ့ပေမယ့် ကြုံကြိုက်ရင် ကြုံကြိုက်သလို ဆန်းဆန်းတင့်ပြတတ်တဲ့ Hypocrite တွေကတော့ VP နဲ့ Pure ကို ရာသက်ပန်ဘန်းဖို့ထိပါ ဝိုင်းအာနေကြသလို တချို့ကလည်း Pure ဟာ အသက် ၁၈ နှစ်သာရှိသေးတာမလို့ အမှားတွေလုပ်မိတာကို ၁ ခါလောက်တော့ခွင့်လွှတ်ပြီး သူ့ရဲ့ကစားသမားဘဝကို အဆုံးမသတ်စေချင်ကြသေးပါဘူး။

Pure ကလည်း Twitter မှာ သူ့အေနေနဲ့ အဲ့ဒီလုပ်ရပ်ကို မတော်တဆလုပ်မိခဲ့ခြင်းသာဖြစ်ပြီး ပွဲချိန်အတွင်း Pause ထားတာကြာနေတာကြောင့် တခြားသူတွေနဲ့စကားပြောရင်း လျှောက်ဆွဲမိတာသာဖြစ်ကြောင်းပြန်ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင်သူ့အနေနဲ့ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေလိုခြင်းမရှိဘူးလို့လည်း ထပ်ရှင်းပြခဲ့ပါတယ်။

https://www.youtube.com/shorts/ch3_ERoJ4MM

ဒါပေမယ့်ပြီးခဲ့တဲ့နာရီပိုင်းအတွင်းကပဲ VP က သူတို့ရဲ့ Official Social Media တွေကနေ Pure နဲ့စာချုပ်တွေဖျက်သိမ်းလိုက်ပြီဖြစ်တယ်လို့ကြေငြာခဲ့ပါတယ်။

သူတို့ရဲ့ကြေငြာချက်မှာတော့ ဖြစ်စဉ်နဲ့ပတ်သက်လို့ သူတို့လည်းစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ကြောင်း၊ Final Decision ကို Publisher တွေကပဲလုပ်ခွင့်ရှိလို့ ပြစ်ဒဏ်ကိုလက်ခံပေမယ့် Minimap မှာ သင်္ကေတလေး ၁ ခုရေးဆွဲမိတာနဲ့ အသင်း ၁ သင်းလုံးကို DPC ပြိုင်ပွဲ ၁ ခုကနေထုတ်လိုက်တယ်ဆိုတာက တော်တော်လေး Shock ဖြစ်စေခဲ့ကြောင်းနဲ့ Virtus Pro Organization ဟာ Esports နယ်ပယ်မှာ ဘယ်လိုအမုန်းတရားမျိုးကိုမှ ဖန်တီးလိုစိတ်မရှိကြောင်းနဲ့ Pure နဲ့စာချုပ်ဖျက်သိမ်းခဲ့တာက Pure အနေနဲ့ Esports နယ်ပယ်အတွင်းမှာ VP နဲ့တခြား Society တွေရဲ့ကြားကဆက်ဆံရေးတွေကို ထိခိုက်စေခဲ့လို့ဖြစ်ကြောင်းပါရှိခဲ့ပါတယ်။

လူစာရင်းအသစ်ကိုလည်း မကြာခင်ကြေငြာပေးသွားမယ်လို့လည်း သိရပါတယ်။

ဒရမ်မာတော့မဟုတ်ပေမယ့် စိတ်ဝင်စားဖို့ကောင်းတာ နောက် ၁ ခုကတော့ Winstrike ကနေနာမည်ပြောင်းထားတဲ့ BetBoom ရဲ့ Performance တွေပါ။

သူတို့မှာ နာမည်ရှိပြီးသားလူဟောင်း ၂ ယောက်သာပါပေမယ့် ကမ္ဘာ့ချန်ပီယံ Team Spirit ကိုအောက်ဆင်းစေခဲ့သလို Na’Vi ကိုလည်းထပ်အနိင်ယူပြီး Major Qualify ဖြစ်ဖို့ တော်တော်လေးနီးစပ်နေပါပြီ။

Team Spirit ကလွဲရင် လောက်လောက်လားလားအင်အားကြီးအသင်းမရှိတဲ့ EEU Region အတွက်ကတော့ အားတက်စရာပါပဲဗျာ။

One thought on “Dramas of CN and EEU Regions Road to Major

Leave a Reply

Your email address will not be published.