Team & Players

Dendi The Forever Legend

အောက်မှာမြန်မာလိုပါတယ်နော်

Dendi The Forever Legend

Dendi’s real name is Danil Ishutin.

He was born on December 30, 1989 and is now 32 years old.

Because of his youthful lifestyle and demeanor, he was thought to be under 25.

He was born in Lviv, Ukraine and is still a Ukrainian citizen.

In addition to the Dendi ID, he also uses the Squirrel, 321, 555 IDs.

His three signature heroes are Pudge, which drew the Fountain Hook; Magnus, which Showed many amazing RPs, and Invoker, once he was a god with.

His career total earnings are $ 806,185.

This is because the DPC system was activated around the end of his career.

If he had had a DPC system since he was brilliant, he would be in the Top 10 list.

When Dendi’s Brother Married, he took the home Computer with him, so Dendi had to go to Net Cafe to play games as a child.

Dabbling with Counter-Strike first, he soon found Warcraft 3 where he played in local tournaments and built a love for the competition and a thirst to be the best.

He had a lot of success in Warcraft 3 and won some of the championships in Lviv, but as soon as he met Dota he fell in love with it and started playing Dota.

He quickly settled into Dota and within a few months became a good player.

At the beginning of his Dota career he played as a support and he trained hard day and night.

He quickly formed a team to compete competitions in Lviv.

Dendi was called up by Wolker Gaming after he led his team to championship in Kiev.

It was the beginning of his professional career.

He first started playing for WG in 2006.

In the same year, Dendi was part of the Ukrainian team that finished third in the MYM Prime Nations.

A few months later, WG reached the Grand Final at MYM Prime Defending, the highest level competition at the time.

The following year, Kingsurf.international merged with WG, and Dendi became a full-time member of Ks.int.

He joined DTS in late 2008 and became the last team to play before joining Dendi Na’Vi.

That is why he changed his name to DTS.Dendi during the absence of Na’Vi.

After moving to DTS, he returned to Ks.int for three months and returned to DTS.

He finished Second with DTS at ESWC 2010, third at WDC 2010 and at the end of 2010 moved to Na’Vi, where he would play for almost a decade.

As soon as he arrived, Dendi settled in Na’Vi quickly and won the TI Championship in 2011.

2011, 2012 and 2013 were gold times for Dendi and Na’Vi, winning numerous tournaments and reaching the TI final for the three year in a row.

But, He only won the championship once by defeating EHome in 2011.

In the 2012 and 2013 Grand Finals, they lost to IG and Alliance, finishing second.

At TI3, the Fountain Hook match against TongFu is still remembered by everyone.

Dendi was a key in Na’Vi’s success, Na’Vi’s rivals have struggled to play against Na’Vi due to his extraordinary skills and item builds as well as his unusual style of play.

But after everything happens, there is a sense of Dhamma that perishes.

Na’Vi and Dendi have been in down fall since 2013.

From January 2014 until the departure of Dendi, Na’Vi has won only four LAN tournaments.

They missed Grand Finals for the first time since the start of the TI tournament in TI4 and TI5 and TI6 did not get good results either.

In TI7 and TI8, they are not even allowed to compete.

At TI8, the situation was so bad that it did not even reach the Regional Qualifiers.

This is due to the fact that the roster has been unstable for four years in a row, and neither Na’Vi nor Dendi has been respected by rivals.

After playing for Na’Vi for eight years, Dendi Left his beloved team, his home in September 2018.

There is no other player in Dota history who has played for such a long time on a team like Dendi.

After leaving Na’Vi, Dendi promised he would never retire from the Pro Scene and continued training and playing in public ranked matches.

Dendi then joined the Tigers, a SEA team, on January 22, 2019.

The contract with Na’Vi is still valid, so it is not an Official Lineup or a Stand-in and just Loan.

He played for the Tigers for three months and achieved nothing other than qualifying for some qualifiers.

So after leaving the Tigers for two months and being inactive, he returned to the CIS Region to play at The Pango.

After more than a month as a loan player, his contract with Na’Vi expired and he became an official player, but parted away with Pango after failing in both the TI9 Open Qualifier #1 and #2.

Dendi then competed in Midas Mode 2, finishing third in Europe, along with TI1 champion Teammates: XBOCT, LightOfHeaven, Puppey, and Artstyle.

He then played four Tier 3 tournaments with a Russian Team called Mr and won the Winter Blast title.

Then even his player career is come to the end, but Dendi, who still had a passion for Dota, started his own organization, B8 (Bait).

However, more than two years after the organization was founded, nothing has been achieved and the situation is getting worse by the day.

The main reason is the instability of the squad and Dendi’s declining talent.

Dendi almost can never competes with the next-generation Mid Laner in competitive games.

Forget about Tier 1 Players, Dendi has a hard time facing even Tier 2 and 3 players.

So even though his loyal fans encouraged Dendi to retire from player career and start coaching or change his role to position 4 or 5 like his rivials in old times, Dendi still inisit to play mid.

However, as long as Dota exists, the name Dendi will last forever.

Here are Dendi’s uniqueness and personal accomplishments

Dendi began his professional career as a Support Player.

In Valve’s film Free to Play, Dendi describes a gamer’s view of highly competitive Dota.

Dendi is the only player to have played in the same team for six consecutive TI tournaments.

In the TI5 All-Star Match, he hid in the crowd and pretended to be a non-pro player and entered the All-Star Match.

Dendi broke the record for most games played with one team at 25 December 2015, with (1039) games under Natus Vincere’s banner (Previously held by Silent, who played 1037 games for Team Empire.) When he left the active roster, Dendi had played 1560 games with Navi.

There is a remarkable thing he said. “MMR is just a number.” If you are trying your best, MMR is nothing. It encourages people with low MMR not to get discouraged.

Burmese Version

Dota အကြောင်းပြောရင်မေ့ထားလို့မရတဲ့ Dendi ရဲ့အကြောင်း

Natus Vincere ( Na’Vi) ရဲ့သက်တော်ရှည်ကစားသမားဖြစ်သူ Living Legend ဖြစ်သူ Dendi ရဲ့ နာမည်အရင်းကတော့ Danil Ishutin ဖြစ်ပါတယ်။

သူ့ကို ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ မွေးဖွားခဲ့တာကြောင့် အခုဆိုရင် ၃၂ နှစ်တောင် ရှိနေပြီဖြစ်ပါတယ်။

သူ့ရဲ့လူငယ်ဆန်တဲ့နေထိုင်ပုံနဲ့ အပြုအမူတွေကြောင့် ၂၅ မကျော်သေးဘူးလို့ပဲ ထင်ထားခဲ့တာပါ။

သူ့ကိုတော့ ယူကရိန်းနိင်ငံ Lviv မြို့မှာမွေးဖွားခဲ့ပြီး အခုအချိန်အထိ ယူကရိန်းနိင်ငံသားပဲ ခံယူထားဆဲဖြစ်ပါတယ်။

သူ့အနေနဲ့ Dendi ဆိုတဲ့ ID အပြင် Squirrel, 321, 555 စတဲ့ ID တွေကိုလည်း အသုံးပြုလေ့ရှိပါတယ်။

သူ့ရဲ့ Signature Hero ၃ ကောင်ကတော့ Fountain Hook ဆွဲပြခဲ့တဲ့ Pudge ၊ Amazing RP တွေအမြောက်အမြားထောင်းပြခဲ့တဲ့ Magnus နဲ့ တစ်ခေတ်တစ်ခါက သူ God ဖြစ်ခဲ့တဲ့ Invoker တို့ပဲ ဖြစ်ပါတယ်။

သူ့ရဲ့ကစားသမားဘ၀ Total Earning ကတော့ $806,185 ဖြစ်ပါတယ်။

ဒါဟာ သူ့ရဲ့နေဝင်ချိန်အနားရောက်မှ DPC စနစ်ကို စတင်အသက်သွင်းခဲ့လို့ ဖြစ်ပါတယ်။

သူလျှမ်းလျှမ်းတောက်ခဲ့ချိန်ကတည်းကသာ DPC စနစ်ရှိခဲ့ရင် Top 10 စာရင်းကို ပြေးမလွတ်မှာ သေချာပါတယ်။

Dendi ရဲ့အစ်ကိုဖြစ်သူအနေနဲ့ သူအိမ်ထောင်ကျချိန်မှာ သူတို့အိမ်ကကွန်ပျူတာကိုပါ တခါထဲယူသွားတာကြောင့် Dendi အနေနဲ့ သူ့ရဲ့ငယ်ဘဝမှာ ဂိမ်းကို Net Cafe တွေမှာ သွားကစားခဲ့ရပါတယ်။

သူပထမဆုံးစကစားခဲ့တဲ့ဂိမ်းက Counter- Strike ဖြစ်ပြီး သိပ်မကြာခင်မှာပဲ Warcraft 3 ကိုပြောင်းလဲကစားခဲ့ပါတယ်။

Warcraft 3 မှာ Local ပြိုင်ပွဲတွေကိုကစားရင်းနဲ့ ပြိုင်ပွဲတွေကိုနှစ်ချိုက်တဲ့စိတ်နဲ့အတူ အကောင်းဆုံးအတော်ဆုံးပဲဖြစ်ချင်တဲ့စိတ်တွေ ကိန်းအောင်းလာခဲ့ပါတယ်။

Warcraft 3 မှာတော်တော်လေးအောင်မြင်မှုတွေကို ရရှိခဲ့ပြီး Lviv မြို့မှာကျင်းပခဲ့တဲ့ ချန်ပီယံရှစ်ပြိုင်ပွဲတစ်ချို့မှာပါ ဗိုလ်စွဲနိင်ခဲ့ပေမဲ့ Dota ကိုတွေ့တွေ့ချင်းမှာပဲ အရမ်းကြိုက်သွားပြီး Dota ကိုပဲ သည်းကြီးမည်းကြီးစတင်ကစားခဲ့ပါတော့တယ်။

သူ့အနေနဲ့ Dota ကို လျှင်မြန်စွာပဲအခြေကျခဲ့ပြီး လအနည်းငယ်အတွင်းမှာပဲ ဆရာတစ်ပါးဖြစ်လာပါတော့တယ်။

သူ့ရဲ့ Dota ကစားသမားဘဝအစပိုင်းမှာ Support ပဲကစားခဲ့ပြီး သူ့အနေနဲ့ နေ့ရောညပါ ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ပါတယ်။

Competitive ပွဲတွေဝင်ကစားနိင်ဖို့အတွက် အသင်း ၁ ခုကိုလည်း ခပ်မြန်မြန်ပဲစုစည်းတည်ထောင်ခဲ့ပြီး Lviv မြို့မှာလုပ်တဲ့ပြိုင်ပွဲတွေမှာ ဝင်ကစားပါတော့တယ်။

Dendi အနေနဲ့ သူ့ရဲ့အသင်းကို Kiev မြို့မှာကျင်းပပြုလုပ်တဲ့ ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ခွင့်ရအောင်လုပ်ပေးနိင်ပြီးတဲ့နောက်မှာတော့ Wolker Gaming ကနေ ခေါ်ယူခြင်းကို ခံခဲ့ရပါတော့တယ်။

ဒါဟာသူ့ရဲ့ Professional ကစားသမားဘဝအစဖြစ်ပါတယ်။

သူ WG မှာ စတင်ကစားခဲ့တဲ့တာက ၂၀၀၆ ခုနှစ်မှာဖြစ်ပါတယ်။

အဲ့ဒီနှစ်မှာပဲ Dendi ဟာ MYM Prime Nations မှာ တတိယရရှိခဲ့တဲ့ယူကရိန်းအသင်းမှာ လည်းပါဝင်နိင်ခဲ့ပါတယ်။

လအနည်းငယ်အကြာမှာပဲ WG ဟာ အဲ့ဒီအချိန်က အဆင့်အမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ MYM Prime Defending မှာ Grand Final ထိတက်ရောက်နိင်ခဲ့ပါတယ်။

နောက်နှစ်မှာတော့ Kingsurf.international က WG နဲ့ပူးပေါင်းလိုက်တာကြောင့် Dendi အနေနဲ့ Ks.int ရဲ့ full-time member ဖြစ်လာခဲ့ပါတယ်။

၂၀၀၈ နှစ်ကုန်ပိုင်းလောက်မှာတော့ DTS ကို ဝင်ရောက်ခဲ့ပြီး ဒါဟာ Dendi Na’Vi ကိုမရောက်ခင် နောက်ဆုံးကစားခဲ့တဲ့အသင်းလည်း ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့်မလို့ Dendi Na’Vi ကနေထွက်ခွာပြီးအသင်းလက်မဲ့ဖြစ်နေချိန်ကာလတွေမှာ သူ့နာမည်ကို DTS.Dendi လို့ ပြန်ပြောင်းထားတာဖြစ်ပါတယ်။

သူ့အနေနဲ့ DTS ကိုပြောင်းရွေ့ခဲ့ပြီးနောက်မှာ Ks.int မှာ ၃ လလောက် ခဏပြန်သွားကစားခဲ့ပြီး DTS ကိုပဲ ပြန်လာခဲ့ပါတယ်။

DTS နဲ့အတူ ESWC 2010 မှာ ဒုတိယ၊ WDC 2010 မှာ တတိယတို့ကိုရယူနိင်ခဲ့ပြီး ၂၀၁၀ နှစ်ကုန်မှာတော့ သူဆယ်စုနှစ်တစ်စုနီးပါးလောက်အထိ ကျောက်ချကစားမယ့် Na’Vi ကို ပြောင်းရွေ့လာခဲ့ပါတော့တယ်။

ဝင်ဝင်ချင်းဆောက်နဲ့ထွင်းဆိုသလိုပဲ Na’Vi မှာ Dendi အနေနဲ့ ချက်ခြင်းအခြေကျခဲ့ပြီး ရောက်ရောက်ချင်း ၂၀၁၁ ခုနှစ်မှာပဲ TI ချန်ပီယံဆုကို ရယူနိင်ခဲ့ပါတယ်။

၂၀၁၁ ၊ ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်တွေက Dendi နဲ့ Na’Vi အတွက် ရွှေရောင်လွှမ်းခဲ့ပြီးတော့ ပြိုင်ပွဲပေါင်းမြောက်မြားစွာမှာ ချန်ပီယံဖြစ်ခဲ့သလို TI မှာလည်း သုံးနှစ်ဆက်တိုက် ဗိုလ်လုပွဲကို တက်ရောက်နိင်ခဲ့ပါတယ်။

ချန်ပီယံဆုကိုတော့ တစ်ကြိမ်ပဲရယူနိင်ခဲ့ပြီး ၂၀၁၁ မှာ EHome ကိုအနိင်ယူပြီး ဗိုလ်စွဲခဲ့တာပါ။

၂၀၁၂ နဲ့ ၂၀၁၃ တို့မှာတော့ Grand Finals တွေမှာ IG နဲ့ Alliance တို့ကိုရှုံးနိမ့်ခဲ့လို့ ဒုတိယတွေပဲ ရခဲ့ပါတယ်။

TI3 မှာဆိုရင် TongFu နဲ့ပွဲက Fountain Hook ဆိုရင် အခုထိလူတိုင်းအမှတ်ရနေဆဲဖြစ်ပါတယ်။

အဲဒီလိုမျိုး Na’Vi ရဲ့အောင်မြင်မှုတွေမှာ Dendi က အခရာကျခဲ့ပြီး သူ့ရဲ့ပုံမှန်မဟုတ်တဲ့ကစားဟန်တွေ၊ သာမန်ထက်ထူးကဲတဲ့ကျွမ်းကျင်မှုတွေနဲ့ Item Build တွေကြောင့် Na’Vi ရဲ့ပြိုင်ဘက်တွေဟာ ကစားရခက်ခဲ့ပါတယ်။

ဒါပေမဲ့ အရာရာတိုင်းမှာ ဖြစ်တည်ပြီးရင် ပျက်သုန်းရတဲ့ တရားသဘောရှိပါတယ်။

၂၀၁၃ ခုနှစ်နောက်ပိုင်းကနေစလို့ Na’Vi နဲ့ Dendi တို့ တောက်လျှောက်ကျဆင်းခဲ့ပါတယ်။

၂၀၁၄ ခုနှစ်ဇန်နဝါရီလကနေ Dendi Na’Vi ကနေထွက်ခွာချိန်အထိ LAN ပြိုင်ပွဲ ၄ ခုမှာသာ ဗိုလ်စွဲနိင်တော့တာ ဖြစ်ပါတယ်။

TI4 မှာ TI ပြိုင်ပွဲစတင်ခဲ့ချိန်ကနေ ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲနဲ့လွဲချော်ခဲ့သလို TI5 နဲ့ TI6 တို့မှာလည်း အခြေမလှခဲ့ပါဘူး။

TI7 နဲ့ TI8 မှာဆိုရင် ပြိုင်ပွဲတောင် ဝင်ခွင့်မရတော့ပါဘူး။

TI8 မှာဆို ဘယ်လောက်အထိအခြေအနေဆိုးခဲ့သလဲဆိုရင် Regional Qualifiers ကိုတောင် မရောက်တော့ပါဘူး။

Open Qualifiers မှာပဲ ပြုတ်ကျန်ခဲ့တာပါ။

ဘာလို့ ဒီလိုအခြေအနေထိရောက်ခဲ့သလဲဆိုတော့ ၄ နှစ်ဆက်တိုက် အသင်းလူစာရင်းကမတည်ငြိမ်ခဲ့သလို ဆက်တိုက်ကျဆင်းမှုတွေကြောင့် Na’Vi ကိုရော Dendi ကိုပါ ပြိုင်ဘက်တွေက ခံငြားကြောက်ရွံခြင်းမရှိတော့တာကြောင့်ဖြစ်ပါတယ်။

၈ နှစ်လောက် Na’Vi မှာ ကစားခဲ့ပြီးနောက်မှာတော့ Dendi အနေနဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလအရောက်မှာတော့ သူချစ်တဲ့၊ သူ့အိမ်လိုဖြစ်နေတဲ့ Na’Vi ကနေ ထွက်ခွာလာခဲ့ပါတော့တယ်။

Dendi လိုမျိုးအသင်းတစ်သင်းထဲမှာ ဒီလောက်အထိကြာကြာကစားခဲ့တဲ့ ကစားသမား Dota သမိုင်းမှာ နောက်တစ်ယောက်မရှိပါဘူး။

Na’Vi ကနေထွက်ခွာပြီးနောက်မှာ Dendi ဟာ သူ့အနေနဲ့ Pro Scene ကနေ အနားယူသွားမှာမဟုတ်ဖူးလို့ ကတိပြုပြောကြားခဲ့သလို Public Ranked Match တွေမှာလည်း ဆက်တိုက်ကစားပြီး လေ့ကျင့်မှုတွေပြုလုပ်နေခဲ့ပါတယ်။

အဲ့နောက် Dendi အနေနဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှာတော့ SEA အသင်းတစ်သင်းဖြစ်တဲ့ Tigers ကို ရောက်ရှိသွားခဲ့ပါတယ်။

Na’Vi နဲ့စာချုပ်သက်တမ်းကျန်ရှိနေသေးတာကြောင့် Official Lineup လည်းမဟုတ် Stand-in လည်းမဟုတ်ပဲ Loan နဲ့ပါ။

Tigers အတွက် ၃ လကစားပေးခဲ့ပြီး Qualifier တချို့ကို Qualifier ဖြစ်စေခဲ့တာကလွဲရင် ဘာအောင်မြင်မှုမှတော့မရခဲ့ပါဘူး။

ဒါ့ကြောင့် Tigers ကနေထွက်ခွာပြီး ၂ လလောက် inactive ဖြစ်အပြီးမှာတော့ CIS Region ကိုပြန်သွားခဲ့ပြီး The Pango မှာကစားခဲ့ပါတယ်။

၁ လကျော်လောက် Loan ကစားသမားအဖြစ်ကစားခဲ့ပြီးနောက်မှာမှ Na’Vi နဲ့စာချုပ်သက်တမ်းကုန်ဆုံးပြီး Official Player ဖြစ်ခဲ့ပေမယ့် TI9 Open Qualifier #1 ရော #2 ပါကျရှုံးအပြီးမှာတော့ Pango နဲ့ လမ်းခွဲခဲ့ပါတယ်။

အဲ့နောက်မှာ TI1 ချန်ပီယံလူစာရင်းဖြစ်တဲ့ XBOCT, LightOfHeaven, Puppey, Artstyle တို့နဲ့အတူ Dendi ဟာ Midas Mode 2 ပြိုင်ပွဲကိုဝင်ပြိုင်ခဲ့ပြီး Europe တတိယရခဲ့ပါတယ်။

အဲ့နောက် Mr ဆိုတဲ့ရုရှားအသင်းနဲ့ Tier 3 ပြိုင်ပွဲ ၄ ခုကစားခဲ့ပြီး Winter Blast မှာချန်ပီယံဖြစ်ခဲ့ပါတယ်။

အဲ့နောက် ကစားသမားဘဝနေဝင်ချိန်ကိုရောက်လာပေမယ့် Dota အပေါ်ကိုထားတဲ့ Passion မကုန်သေးတဲ့ Dendi ဟာ ကိုယ်ပိုင် Organization ဖြစ်တဲ့ B8(Bait) ကိုတည်ထောင်ခဲ့ပါတော့တယ်။

ဒါပေမယ့်လည်း အသင်းတည်ထောင်ပြီးလို့ ၂ နှစ်ကျော်ကြာတဲ့အထိ ဘာအောင်မြင်ကိုမှမရရှိသေးတဲ့အပြင် အသင်းအနေအထားကလည်း တနေ့တခြားပိုမိုဆိုးရွားလာနေပါတယ်။

အဓိကအကြောင်းအရင်းကတော့ အသင်းလူစာရင်းကလုံးဝတည်ငြိမ်မှုမရှိတာနဲ့ Dendi ရဲ့မတရားကျဆင်းလာတဲ့လက်စွမ်းတွေကြောင့်ဖြစ်ပါတယ်။

Dendi အနေနဲ့ မျိုးဆက်သစ် Mid Laner တွေကို Competitive Game တွေမှာ လုံးဝနီးပါးယှဉ်ပြိုင်နိင်ခြင်းမရှိတော့တာဖြစ်ပါတယ်။

Tier 1 Player တွေဝေးလို့ Tier 2, 3 Player တွေကိုတောင် Dendi အနေနဲ့ ခက်ခက်ခဲခဲရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။

ဒါ့ကြောင့် သူ့ရဲ့အမာခံပရိတ်သတ်တွေက Dendi ကို ကစားသမားဘဝကနေအနားယူပြီး Coach လုပ်ဖို့နဲ့ အနားမယူသေးရင်တောင်မှ တခြားသူနဲ့ခေတ်ပြိုင်ဖြစ်ခဲ့ပြီး အခုထိအနားမယူသေးတဲ့ ဝါရင့်ကစားသမားတွေလို Position 4, 5 စတာတွေကိုပြောင်းကစားပြီး အသင်းကိုထိန်းကျောင်းဖို့ ဝိုင်းဝန်းတွန်းအားပေးခဲ့ကြပေမယ့် ခေါင်းမာတဲ့ Dendi ကတော့ သူချစ်တဲ့ Mid Role မှာပဲဆက်ကစားနေဆဲဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Dota ဆိုတာရှိနေသမျှကာလပတ်လုံး Dendi ဆိုတဲ့နာမည်ကတော့ ထာဝရတည်ရှိနေမှာလည်းဖြစ်ပါတယ်ခင်ဗျာ။

Dendi ရဲ့ ထူးခြားချက်တွေနဲ့ တစ်ဦးချင်းအောင်မြင်မှုတွေကတော့

Dendi ဟာ သူ့ရဲ့ Professional ကစားသမားဘဝကို Support Player အနေနဲ့ စတင်ခဲ့ခြင်းဖြစ်ပါတယ်။

Dendi ဟာ Valve ရဲ့ film ဖြစ်တဲ့ Free to Play မှာ Gamer တစ်ယောက်ရဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ Dota အပေါ်ကိုရှုမြင်ပုံကို ဖော်ပြခဲ့ပါတယ်။

Dendi ဟာ TI ပြိုင်ပွဲ ၆ ခုဆက်တိုက် အသင်းတစ်သင်းထဲမှာပဲ ကစားခဲ့တဲ့ တစ်ဦးထဲသောကစားသမားပါ။

TI5 All-Star Match မှာတုန်းက ပရိသတ်တွေထဲမှာ ပုန်းနေပြီးတော့ ပရိုမဟုတ်တဲ့ကစားသမားယောင်ဆောင်ပြီးတော့ All-Star Match ကို ဝင်ကစားခဲ့ပါတယ်။

Dendi အနေနဲ့ အသင်းတစ်သင်းထဲအတွက် ပွဲအများဆုံးကစားပေးထားတဲ့သူအဖြစ် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ၁၀၃၉ ပွဲနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။ အစက Team Empire အတွက် ၁၀၃၇ ပွဲကစားထားတဲ့ Silent က ထိပ်ဆုံးမှာ ရပ်တည်နေနိင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ကျော်ဖြတ်နိင်ခဲ့ပါတယ်။

Dendi Na’Vi ကနေထွက်ခွာချိန်မှာ Na’Vi အတွက် ပွဲပေါင်း ၁၅၆၀ ပွဲကစားပေးခဲ့သူဖြစ်ပါတယ်။

သူပြောခဲ့ဖူးတဲ့ မှတ်သားဖွယ်ရာစကားတစ်ခုရှိပါတယ်။ “MMR is just a number” ပါ။ ကိုယ်အကောင်းဆုံးကြိုးစားနေရင် MMR ကဘာမှမဟုတ်ပါဘူးလို့ MMR နည်းတဲ့သူတွေကို စိတ်ဓာတ်မကျအောင် လှုံဆော်ပေးထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.