Gaming Knowledge

ddz’s Apology Letter for Matchfixing

အောက်မှာမြန်မာလိုပါတယ်နော်

ddz’s Apology Letter for Matchfixing

ddz was very popular with Arrow Gaming and was named one of the best mid-players in the SEA around 2014.

The TI4 was also available with Arrow Gaming, and it was packed with great performance and applause.

However, in October 2014, ddz and all his teammates were banned from the Pro Scene indefinitely for matchfixing with Arrow Gaming.

ddz wrote and Posted a public apology on Facebook after the ban.

The purpose of writing this is to clarify about the 322 incident.

But firstly, we, the 5 members of Arrow Gaming as well as XiaoTing and Hishiko (DDZ and Lance’s girlfriends), would like to sincerely apologize to the organizers, Synergy League and BeyondTheSummit, and to our fans as well as the Dota 2 community for all the trouble we have caused.

Firstly, we want to admit that the 322 by DDZ and Lance is true, and we are very sorry for this mistake.

We considered doing it in the first place because we were desperate for money.

We live in the city, and being underpaid, things are just very tough and harsh on us sometimes.

We are very very sorry for this action and we should have never done it.

We were very afraid and lost, and didn’t know what to do and how to react. And thus, we approached our management for help and we were advised to cover up for the sake of our reputation.

We knew this was wrong but we felt extremely pressured to follow whatever our manager Jaren Gan, said, as we are working for him.

The statement, as well as the ‘evidence’ provided, that was made in DDZ’s name, was not written by him, but by Jaren for damage control.

We know this is wrong and it made things even worse by covering up a mistake with lies. We should not have let it happen.

We are also sorry for not confessing earlier, and also very sorry for letting all our fans and the Dota 2 community down.

We are deeply sorry for not following our hearts and just doing what is right, because we were afraid and terrified of what would happen to us.

Gaming is our life and we were afraid that we would lose everything because of our greed and desperation.

But no matter what it is, we accept 100% the punishment and consequences that is to be made to us, and we give our word and our promise that this will never happen again.

It was an extremely stupid mistake, and we made it worse by doing something we knew was wrong instead of admitting it straight away.

We have finally found the courage to admit it and to confess because we know that lies will only lead to more lies and we will never find peace of mind.

We believe that telling people the truth and admitting our mistakes, even if it may be too late, is the right thing to do.

We are also very sorry that we were too stupid to realize how unethical it was…

we are sorry for everything that we have done.

We have betrayed our fans’ trust and faith in us, and we will never forgive ourselves.

We hope that you can forgive us even after all we’ve done. Thank you.

Kok Yi “ddz” Liong

When This Incident occured ddz was in his prime and still missing from competitive scene until now.

So learn from ddz and avoid doing the wrong things as much as possible.

Burmese Version

ddz ရဲ့ တောင်းပန်စာ

ddz ဆိုတာ Arrow Gaming နဲ့အတူ နာမည်အရမ်းကြီးခဲ့ပြီး SEA ရဲ့ အကောင်းဆုံး Mid Player တွေထဲက တစ်ယောက်လို့ ၂၀၁၄ ခုနှစ်ဝန်းကျင်က သတ်မှတ်ခံခဲ့ရပါတယ်။

TI4 ကိုလည်း Arrow Gaming နဲ့အတူ တက်ရောက်နိင်ခဲ့ပြီး ပြောင်မြောက်တဲ့စွမ်းဆောင်ရည်တွေနဲ့ အားလုံးရဲ့လက်ခုပ်သံတွေကို ရယူနိင်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၄ ခုနှစ် အောက်တိုဘာလမှာတော့ Arrow Gaming အနေနဲ့ လုပ်ပွဲကစားခဲ့တာကြောင့် ddz နဲ့ ကျန်တဲ့သူ့အသင်းဖော်တွေအကုန်လုံးဟာ Pro Scene ကနေ ရက်အကန့်အသတ်မရှိ Ban ခံခဲ့ရပါတယ်။

ddz အနေနဲ့ ပွဲပယ်ခံရအပြီးမှာ Facebook မှာ လူသိရှင်ကြားတောင်းပန်စာကို အခုလိုရေးပြီးတော့
တင်ထားခဲ့ပါတယ်။

“ ကျွန်တော် ဒီစာကိုရေးရတဲ့ အကြောင်းအရင်းကတော့ 322 အဖြစ်အပျက်ကို သေချာရှင်းပြချင်လို့ပါ။

Arrow Gaming တစ်သင်းလုံးရော Xiao Ting နဲ့ Hishiko (ddz နဲ့ Lance တို့ရဲ့ ရည်းစားများ) ကပါ Synergy Leage နဲ့ BeyoundTheSummit ပြိုင်ပွဲကျင်းပသူတွေ၊ ကျွန်တော်တို့ရဲ့ ပရိသတ်တွေနဲ့ ကျွန်တော်တို့ကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ Dota 2 Commuity ကလူတွေကို အနူးအညွတ် တောင်းပန်ချင်ပါတယ်။

ပထမဆုံးအနေနဲ့ ကျွန်တော် နဲ့ Lance တို့လုပ်ခဲ့တဲ့ 322 အဖြစ်အပျက်ကို တကယ်ဟုတ်ပါတယ်လို့ ဝန်ခံချင်ပါတယ်။

ကျွန်တော်တို့ အမှားအတွက် တကယ်တောင်းပန်ပါတယ်။

ကျွန်တော်တို့ ဘာလို့ဒီလုပ်ရပ်ကို ကျူးလွန်ခဲ့ရလဲဆိုတော့ ပိုက်ဆံအရမ်းလိုအပ်နေလို့ပါ။

ကျွန်တော်တို့ဟာ ဝင်ငွေအလွန်နည်းပါးတဲ့မြို့မှာ နေရတာမလို့ တစ်ချို့အချိန်နဲ့ အခြေအနေတွေက ကျွန်တော်တို့အတွက် အရမ်းခက်ခဲခဲ့ပါတယ်။

ကျွန်တော်တို့ဒီလုပ်ရပ်ကို လုပ်ခဲ့မိတဲ့အတွက် အလွန့်အလွန် ဝမ်းနည်းမိပါတယ်။

ကျွန်တော်တို့ လုံးဝမလုပ်ခဲ့သင့်ပါဘူး။

ဒီဖြစ်ရပ်ကို ဖြစ်ပြီးတဲ့နောက်မှာ ကျွန်တော်တို့ဟာ အရမ်းကိုကြောက်လန့်တကြားဖြစ်ပြီးတော့ ခြေမကိုင်မိလက်မကိုင်မိနဲ့ အုပ်ချုပ်သူတွေကို ချဉ်းကပ်ပြီး ကျွန်တော်တို့ဂုဏ်သိက္ခာတွေအတွက် ဖုံးကွယ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ကျွန်တော်တို့အနေနဲ့ အဲ့လိုမလုပ်သင့်ဘူးဆိုတာကို သိခဲ့ပေမယ့် ကျွန်တော်တို့မန်နေဂျာဖြစ်တဲ့ Jaren Gan ပြောသမျှကိုပဲ နားထောင်နေရတဲ့အချိန်မှာ တစ်ခြားရွေးချယ်စရာမရှိခဲ့ပါဘူး။

ဒီလုပ်ပွဲကစားမှုကြီး ပေါ်ပေါက်သွားတဲ့အခါမှာလည်း ddz ဆိုပြီးပဲ နာမည်ထွက်ခဲ့ပြီး သူ့နာမည်ကတော့ ထိခိုက်မှုကို နည်းပါးစေဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မထွက်လာခဲ့ပါဘူး။

ကျွန်တော်တို့အနေနဲ့ ဒါဟာမှားယွင်းတယ်ဆိုတာကိုသိခဲ့ပြီး အမှားကို အလိမ်အညာတွေနဲ့ ဖုံးကွယ်ဖို့ မကြိုးစားခဲ့သင့်ပါဘူး။

ကျွန်တော်တို့အနေနဲ့ ဒီအဖြစ်အပျက်ကို စောစောဖွင့်မပြောခဲ့မိတဲ့အတွက်လည်း တောင်းပန်ပါတယ်။

ကျွန်တော်တို့ရဲ့ပရိသတ်တွေနဲ့ Dota 2 Community တစ်ခုလုံးကို စိတ်ပျက်စေမိတဲ့အတွက်လည်း တောင်းပန်ပါတယ်။

ကျွန်တော်တို့နှလုံးသားတွေက ပြောနေတာတွေကို မလိုက်နာပဲနဲ့ မလုပ်သင့်တာတွေကို လုပ်ခဲ့ပါတယ်။

Gaming က ကျွန်တော်တို့မှာရှိတဲ့ တစ်ခုထဲသော ပိုင်ဆိုင်မှုပါ။

ကျွန်တော်တို့ရဲ့ လောဘကြောင့် အရာအားလုံး ဆုံးရှုံးသွားမှာကို ကြောက်နေမိပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ကို ဘယ်လိုပြစ်ဒဏ်မျိုးပဲချချ ကျွန်တော်တို့ ၁၀၀% လက်ခံသွားမှာပါ။

အဲ့လိုမျိုးလုပ်ရပ်ကို နောက်ဘယ်တော့မှမလုပ်တော့ဘူးလို့ ကျွန်တော်တို့ ကတိပေးပါတယ်။

ဒါဟာ အရမ်းကိုရူးမိုက်တဲ့အမှားဖြစ်ပြီး အမှားလုပ်မိပြီးတာတောင်မှ ချက်ခြင်းမဝန်ခံပဲနဲ့ လိမ်ညာခဲ့မိတဲ့အတွက် ပိုဆိုးပါတယ်။

ဒါပေမယ့်နောက်ဆုံးမှာတော့ ကျွန်တော်တို့အနေနဲ့ အမှားကို သတ္တိရှိရှိနဲ့ ဝန်ခံခဲ့ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့ကျွန်တော်တို့ မဝန်ခံခဲ့ဘူးဆိုရင် ဒီအဖြစ်အပျက်က အရိပ်မည်းကြီးလို ကျွန်တော်တို့နောက်ကို အမြဲလိုက်နေတော့မှာကို သိလို့ပါ။

ဒါကြောင့်မလို့ ဝန်ခံဖို့အတွက် အရမ်းနောက်ကျနေပြီဆိုရင်တောင်မှ ဝန်ခံဖို့အတွက် ဆုံးဖြတ်ခဲ့တာပါ။

ဒါဟာ ကျွန်တော်တို့အနေနဲ့ လုပ်သင့်လုပ်ထိုက်တာတစ်ခုကို လုပ်ခဲ့တာဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ကျင့်ဝတ်ကိုဖောက်ဖျက်ခဲ့မိတာမလို့ ထပ်မံပြီးတော့ အနူးအညွတ်တောင်းပန်လိုပါတယ်။

ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ပရိသတ်တွေရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခဲ့မိတာပါ။

ဒါကြောင့်မလို့လဲ ကျွန်တော်တို့ ကိုယ့်ကိုကိုယ် လုံးဝခွင့်မလွှတ်နိင်ဖြစ်နေတာပါ။

ကျွန်တော်တို့ကို ခွင့်လွှတ်ပေးဖို့အတွက်လည်း အခုလိုအနေအထားမျိုးမှာတောင်မှ မျှော်လင့်နေမိပါသေးတယ်”

ပန်းကောင်းအညွန့်ကျိုးဖြစ်ခဲ့ရတဲ့ ddz ဟာ အခုအချိန်ထိတိုင်အောင် Pro Scene ကနေ ပျောက်ကွယ်နေဆဲဖြစ်ပါတယ်။

ဒါကြောင့်မလို့ ddz ကို သင်ခန်းစာယူပြီးတော့ မလုပ်သင့်တာတွေကို အတတ်နိင်ဆုံး ရှောင်ရှားကြပါဘဒိုတို့။

One thought on “ddz’s Apology Letter for Matchfixing

Leave a Reply

Your email address will not be published.