News

Cr1t Explained Why EG Parted Away with JerAx

JerAx နဲ့ EG ဘာလို့လမ်းခွဲခဲ့လည်းဆိုတာကိုပြောပြလိုက်တဲ့ Cr1t

ဒီ 2021-2022 DPC မှာတော့ NA ကအင်အားကြီး Dota 2 အသင်း ၁ သင်းဖြစ်တဲ့ Evil Geniuses ဟာ Roster ပြောင်းလဲမှုခပ်ကြီးကြီး ၁ ခုကိုပြုလုပ်ခဲ့ပါတယ်။

အဲ့ဒါကတော့ OG နဲ့ 2019 ခုနှစ်မှာ ဒုတိယမြောက် Aegis ကြီးကိုရယူအပြီးထဲက Pro Scene ထဲကနေပျောက်နေတဲ့ Jesse “JerAx” Vainikka ကို ခေါ်ယူခဲ့ခြင်းပဲဖြစ်ပါတယ်။

JerAx ရဲ့အရည်အသွေးတွေက ပုံမှန်အတိုင်းဆို မေးခွန်းထုတ်စရာမရှိပေမယ့် Competitive Scene ကနေ ကာလ ၁ ခုအထိအနားယူပြီးတော့ ပြန်ကစားတာဖြစ်လို့ EG ရဲ့ဒီအပြောင်းအလဲက လောင်းကစားဆန်တယ်လို့ဝေဖန်ခဲ့ကြသူတွေလည်း မနည်းပါဘူး။

ကံမကောင်းစွာနဲ့ပဲ JerAx EG မှာရုန်းကန်ရလိမ့်မယ်လို့ခန့်မှန်းခဲ့ကြသူတွေရဲ့အတွေးတွေကမှန်ကန်ခဲ့ပြီး Tour ၂ ခုပြီးချိန်မှာ လမ်းခွဲခဲ့ရပါတယ်။

Tour 1 မှာရလဒ်တွေမကောင်းခဲ့ပေမယ့် Regional Finals တော့ဝင်ခွင့်ရခဲ့သည့်တိုင်အောင် ချန်ပီယံတော့ မဖြစ်ခဲ့ပါဘူး။

Tour 2 မှာရလဒ်ကောင်းတွေရယူနိင်ခဲ့ပြီး NA DPC ပထမနဲ့ ESL Stockholm Major 2022 ကိုဝင်ခွင့်ရခဲ့တာကြောင့် EG ပြန်လာပြီလို့ထင်ခဲ့ကြပေမယ့် ကမ္ဘာ့အဆင့်မှာတော့ တော်တော်လေးဘောင်မဝင်ခဲ့လို့ အုပ်စုအဆင့်ထဲကထွက်ခဲ့ရပါတယ်။

ဒါ့ကြောင့်လည်း ဒီလိုအပြောင်းအလဲတွေဖြစ်လာတာက ဆန်းတော့လည်း မဆန်းပါဘူး။

EG နဲ့ JerAx တို့လမ်းခွဲအပြီး သိပ်မကြာခင်မှာပြုလုပ်ခဲ့တဲ့ Livestream ၁ ခုမှာတော့ EG ရဲ့ Support Player ဖြစ်သူ Cr1t က JerAx ပါဝင်ခဲ့တဲ့ Lineup က ဘာတွေလွှဲမှားနေခဲ့လို့ သူတို့လမ်းခွဲခဲ့တယ်ဆိုတာကို ပြောပြသွားခဲ့ပါတယ်။

Cr1t က JerAx ရောက်လာပြီးနောက်မှာ EG ရဲ့ အသင်းဖွဲ့စည်းပုံက တော်တော်လေးအဆင်မပြေဖြစ်ခဲ့ကြောင်းကို စပြောခဲ့ပါတယ်။

“ကျွန်တော်တို့ တော်တော်လေးစောက်တလွဲတွေဖြစ်သွားခဲ့တာပါ။

JerAx နဲ့ Nightfall ရောက်လာခဲ့ချိန်မှာ ကျွန်တော်တို့အသင်းမှာ ၁ စုံ ၁ ခုပျောက်ဆုံးသွားပြီဆိုတာကို သတိထားမိခဲ့ပါတယ်။

အဲ့ဒါအရာကို ဘယ်သူမှလည်း ဖြေရှင်းမပေးနိင်ပါဘူး။

ကျွန်တော် ၊ Arteezy နဲ့ Bulba တို့အပြစ်ဆိုတာထက်လည်း ပိုပါတယ်။

အဲ့ဒါကတော့ သူတို့မရောက်လာခင်မှာရှိခဲ့တဲ့ အသင်းဖွဲ့စည်းပုံမျိုးက သူတို့ရောက်လာချိန်မှာမရှိတော့ပါဘူး။

ဒါ့ကြောင့်လည်း ဒီ Roster က ကျရှုံးခဲ့တာပါ။”

ESL One Stockholm Major 2022 မှာပြသခဲ့တဲ့ EG ရဲ့စုတ်ပြတ်သတ်နေတဲ့လက်စွမ်းနဲ့ပတ်သက်ပြီးလည်း Cr1t က အခုလိုပြောသွားခဲ့ပါတယ်။

“ကျွန်တော်တို့တော်တော်လေးဆိုးဆိုးရွားရွားကစားခဲ့ကြတာပါ။

ကျွန်တော်တို့ကစားပုံကဆိုးရွားခဲ့တဲ့အပြင် ကစားသမျှပွဲတိုင်းနီးပါးလည်းရှုံးနိမ့်နေတဲ့အချိန်မှာ အားလုံးရဲ့ခံစားမှုတွေကလည်း ဘယ်ကောင်းမလဲပေါ့ဗျာ။

ဒါ့ကြောင့်ကျွန်တော်တို့မဖြစ်မနေအပြောင်းအလဲလုပ်ဖို့လိုနေပြီဆိုတာကို သိခဲ့ပါတယ်။

ဒါကပဲ ကျွန်တော်တို့လိုအပ်တာနေတာကို တန်းပြီးဖြေရှင်းနိင်မယ်လို့ ယုံကြည်ပါတယ်။

ကျွန်တော်တို့အနေနဲ့ အသင်းခေါင်းဆောင်စစ်စစ်ကို မဖြစ်မနေလိုအပ်နေခဲ့ပြီး လက်ရှိအသင်းမှာပျောက်ဆုံးနေတဲ့အရာလည်းဖြစ်ပါတယ်။

ဒါကပဲပြသနာတွေကိုဖြစ်စေခဲ့ပြီး အသင်းကိုလည်း အခုလိုအနေအထားဖြစ်သွားစေခဲ့တာပါ”

Cr1t က JerAx ကို သူ့ဆီကနေစိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေကိုသင်ယူခဲ့ရကြောင်းပြောပြီးချီးကျူးခဲ့သလို အနာဂတ်မှာပိုမိုအောင်မြင်ပါစေလို့လည်း ဆုတောင်းပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း JerAx ရှိနေစဉ်ကာလမှာ EG ဟာ ကြိုးစားအားထုတ်မှုတွေနဲ့မထိုက်တန်အောင်ပဲ တော်တော်လေးကံဆိုးမိုးမှောင်ကျခဲ့တယ်လို့တော့ ပြောခဲ့ပါတယ်။

Cr1t က လက်ရှိ Competitive Dota အနေအထားအရ EG အနေနဲ့ TI11 မတိုင်ခင်မှာ လက်ရှိဆိုးရွားနေတဲ့အနေအထားတွေကိုပြင်ဆင်ဖို့အတွက် အခွင့်အရေးမရှိသလောက်နည်းပါးတယ်လို့လည်း ငြီးငြူသွားခဲ့ပါတယ်။

EG အနေနဲ့ လာမယ့်အပတ်မှာ DPC 2021-2022 Tour 3 ကို ဆက်လက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အဲ့ဒါမတိုင်ခင် JerAx အစားဝင်မယ့် Position 5 Player ကို ကြေငြာသွားဖွယ်ရှိနေပါတယ်။

Leave a Reply

Your email address will not be published.