News

Ceb Shares His Thoughts: Current Best Offlaners in Dota 2

အောက်မှာမြန်မာလိုပါတယ်နော်

Ceb Shares His Thoughts: Current Best Offlaners in Dota 2

Ceb, who twice won TI with OG, is the most successful Offlaner in the current Dota 2 history.

Ceb, who retired from Competitive Dota 2 last November, talks about his current three best offlaners on Twitch Livestreams.

No. 1 is Collapse, which won the Team TI10 Championship with Team Spirit and is currently the best.

Behind the collapse is Faith_Bian.

Ceb said he noticed the talent for Collapse before he got TI with Team Spirit while people were only talking about zai and iceiceice, he was reportedly interested in Collapse.

At Ceb’s livestream on January 25, a viewer asked who was the best Offlaner in current Dota 2.

Like many in the community, Ceb believes that Collapse deserves to be number one.

He claimed to have figured out Collapse’s caliber when Team Spirit had failed to qualify for the DPC 2021’s first major.

Behind the collapse are LGD Faith_Bian and Nigma Galaxy MinD_ContRoL.

Ceb said”

“Best position three? It’s probably Collapse.
Collapse and Faith_bian, I think. It’s funny because I was telling my team when Team Spirit didn’t even qualify for the first DPC season.
I think they didn’t make it out of the groups if I recall correctly.
I was telling my teammates that this Collapse guy is one of the best offlaners I have seen.
I think he was in my top three with Faith_bian.
Everybody was praising zai, iceiceice – all the big names. I was like – no no, it’s Collapse, Faith_bian…and MC (MinD_ContRoL).
I am always an MC fan. And then Collapse won TI. Easy.”

Collapse lifting the Aegis after winning TI10

Team Spirit not only had a great run at TI10, but when viewed from a macro perspective, the team also had the best growth curve throughout DPC 2021.

They finished fourth in their region in DPC 2021 in February 2021 and did not qualify for the Singapore Major.

Despite qualifying for the 2nd Major but failing to obtain enough DPC Points, they had to cross the Regional Qualifiers to qualify for the TI10.

Ceb said that although many in the community considered Collapse to be the Top Offlaner after the TI10 victory, Collapse was a really good player before TI10.

“Zai is super good. Don’t get me wrong but it’s an easy pick, right?
It’s harder to pick a guy who does not make it out of the DPC group.
Of course, now, everybody says that Collapse is super good and everybody looks cool, he won TI.
I was a Collapse fan before it was cool, that’s what I am trying to say.”

Ceb was also asked about the 33 offlane men in the Tundra who are currently on the brink of extinction.

“Yeah, 33 is good. It’s a different style.
I think he is not as versatile as Collapse is.
I respect versatility because to me, it’s a testimony of pure understanding of Dota.
33 is very niche. He is a very strong player of course but he has his own zone, you know.
And some players are different like MC, zai, Collapse.
But that is just what I like in a player, right? I am not rating them or anything like that.
It’s a matter of tastes.”

When Ceb said that, he was asked questions about Collapse Hero Pool.

Collapse played only Magnus, Mars, and Tidehunter on TI10.

Ceb also said that Collapse Hero Pool is large. It’s probably the heroes who are currently playing Meta Heroes. Collapse explains that any hero can play well.

Ceb is currently retiring from Competitive Dota and working on Dota 2 live streaming, discussing audiences with Playstyle.

He is also giving some lessons while talking about other topics.

Burmese Version

လက်ရှိအကောင်းဆုံး Offlaner တွေကိုပြောပြလိုက်တဲ့ Ceb

OG နဲ့အတူ TI ၂ ကြိမ်ရယူနိင်ခဲ့တဲ့ Ceb ဟာ လက်ရှိ Dota 2 သမိုင်းမှာအအောင်မြင်ဆုံး Offlaner ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလကမှ Competitive Dota 2 ကနေအနားယူထားတဲ့ Ceb ဟာ သူ့ရဲ့ Twitch Livestreams တွေမှာ သူ့စိတ်ထဲမှာသတ်မှတ်ထားတဲ့လက်ရှိအကောင်းဆုံး Offlaner ၃ ယောက်ကိုပြောသွားခဲ့ပါတယ်။

နံပတ် ၁ ကတော့ Team Spirit နဲ့ပူပူနွေးနွေး TI10 ချန်ပီယံဆုကိုရယူထားတဲ့ Collapse ဖြစ်ပြီး လက်ရှိမှာအကောင်းဆုံးဖြစ်တယ်လို့ဆိုပါတယ်။

Collapse နောက်မှာတော့ Faith_Bian ရှိနေပါတယ်။

Ceb ကသူ့အနေနဲ့ Collapse ရဲ့ Talent တွေကို Team Spirit TI မရခင်ထဲကသတိထားမိနေတာဖြစ်ပြီး တခြားသူတွေက Zai တို့၊ iceiceice တို့အကြောင်းပဲပြောနေကြတဲ့အချိန်မှာ သူကတော့ Collapse ကိုစိတ်ဝင်စားခဲ့တာလို့သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ Ceb ရဲ့ Livestream မှာတော့ Viewer ၁ ယောက်က လက်ရှိ Dota 2 မှာအကောင်းဆုံး Offlaner ကဘယ်သူလဲလို့မေးခဲ့တာပါ။

Community ထဲကလူတော်တော်များများလိုပဲ Ceb ကလည်း Collapse သာသည် နံပတ် ၁ နေရာနဲ့ထိုက်တန်တယ်လို့ယုံကြည်နေတာဖြစ်ပါတယ်။

Ceb က Collapse ရဲ့အရည်အသွေးတွေကို Team Spirit 2021 DPC Season ရဲ့ပထမဆုံးမေဂျာကို Qualify မဖြစ်ခဲ့ခင်ထဲက သတိထားမိနေတာပါ။

Collapse ရဲ့နောက်မှာတော့ LGD က Faith_Bian နဲ့ Nigma Galaxy က MinD_ContRoL တို့ရှိနေပါတယ်။

Ceb က

“အကောင်းဆုံး Position 3 လား?

Collapse ပေါ့ဗျာ။

ကျွန်တော့်အနေနဲ့ အသင်းဖော်တွေကို Team Spirit 2021 DPC First Season ရဲ့ Major Qualify မဖြစ်ခင်ထဲက Collapse ကအကောင်းဆုံး Offlane လို့ပြောခဲ့တာဗျ။

အဲ့တုန်းကတော့ အားလုံးက ဟာသလို့ပဲထင်ခဲ့ကြတာပေါ့။

ကျွန်တော်မှတ်မိသလောက်ဆိုရင် သူတို့က Group Stage တောင်မကျော်ခဲ့ပါဘူး။

ဒါပေမယ့် ကျွန်တော်ကတော့ Collapse က ကျွန်တော်တွေ့ဖူးသမျှအကောင်းဆုံး Offlaner တွေထဲက ၁ ယောက်လို့ပြောဖြစ်ခဲ့ပါတယ်။

နောက်တယောက်ဆိုရင်တော့ Faith_Bian ပေါ့။

လူတိုင်းက Zai တို့ iceiceice တို့လိုမျိုးနာမည်ကြီးတွေအကြောင်းပဲ တဖွဖွပြောနေတဲ့အချိန်မှာ ကျွန်တော်ကတော့ Collapse, Faith_Bian နဲ့ MC ပါပဲ။

ကျွန်တော်က MC ရဲ့အမြဲတမ်းပရိတ်သတ်ပါ။

နောက်တော့ Collapse က TI10 ပါအေးဆေးယူပြသွားတယ်လေ”လို့ပြောခဲ့ပါတယ်။

Collapse lifting the Aegis after winning TI10

Team Spirit အနေနဲ့ TI10 မှာပြောင်မြောက်တဲ့စွမ်းဆောင်ရည်တွေကိုပြသနိင်ခဲ့ရုံမက DPC 2021 မှာ Growth အဖြစ်ဆုံးအသင်းလည်းဖြစ်ပါတယ်။

သူတို့အနေနဲ့ 2021 ဖေဖော်ဝါရီလတုန်းက DPC 2021 မှာ သူတို့ Region အတွင်းမှာ စတုတ္ထနေရာပဲရခဲ့ပြီး Singapore Major ကို Qualify မဖြစ်ခဲ့ပါဘူး။

2nd Major ကိုဝင်ကစားခွင့်ရခဲ့ပေမယ့် လုံလောက်တဲ့ DPC တွေကိုတော့ မစုဆောင်းနိင်ခဲ့တာကြောင့် TI10 ဝင်ခွင့်ရဖို့အတွက် Regional Qualifier တွေကိုဖြတ်ကျော်ခဲ့ရတာပါ။

Ceb က Community ထဲကလူတော်တော်များများက Collapse ကို TI10 နိင်ပြီးမှ Top Offlaner လို့သတ်မှတ်ခဲ့ကြပေမယ့် Collapse က TI10 မရခင်ထဲက တကယ်ကောင်းတဲ့ Player ဖြစ်နေပါပြီလို့လည်းပြောသွားခဲ့ပါတယ်။

“Zai က တကယ်ကောင်းတဲ့ Player ပါ။

အဲ့ဒါကိုလူတိုင်းလက်ခံကြမှာပါ။

ဒါပေမယ့် DPC Group ကနေမတက်တဲ့သူကိုတော့ သိပ်လက်ခံကြမယ်မထင်ပါဘူး။

အခု Collapse TI ရတော့ လူတိုင်းက Collapse ဘယ်လောက်ကောင်းကြောင်းပြောနေကြပါပြီ။

ကျွန်တော်ကတော့ အစောကြီးထဲက Collapse Fan ဖြစ်နေပါပြီ”

Ceb ကို လက်တလောမှာ လက်ဝါးစောင်းထက်နေတဲ့ Tundra က Offlane ဖြစ်သူ 33 အကြောင်းကိုလည်းမေးမြန်းခဲ့ကြရာမှာတော့ Ceb က

“ 33 လည်းကောင်းပါတယ်။

Style ချင်းတော့မတူဘူးပေါ့ဗျာ။

ဒါပေမယ့် 33 က Collapse လိုတော့ Hero Pool မကျယ်ပါဘူး။

ကျွန်တော်က Hero Pool ကျယ်တဲ့သူတွေကို လေးစားတဲ့သူပါ။

33 က သူ့ဟာသူကောင်းပေမယ့် MC, Zai နဲ့ Collapse တို့နဲ့တော့မတူပါဘူး။

ကျွန်တော်သူတို့ကိုနှိုးယှဉ်နေတာမဟုတ်ဖူးနော်။

ကျွန်တော့်အကြိုက်ကိုပဲ ကျွန်တော်ပြောနေတာပါ”လို့ပြောခဲ့ပါတယ်။

Ceb ကအဲ့လိုပြောလိုက်တဲ့အခါမှာ သူ့ကို Collapse ရဲ့ Hero Pool နဲ့ပတ်သက်ပြီးတော့မေးမြန်းတဲ့မေးခွန်းတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

Collapse က TI10 မှာ Magnus, Mars နဲ့ Tidehunter လို့လောက်ပဲကစားခဲ့လို့ဖြစ်ပါတယ်။

အဲ့ဒါကိုလည်း Ceb က Collapse ရဲ့ Hero Pool ကကျယ်ကြောင်း၊ အဲ့ Hero တွေပဲကစားခဲ့တာက အဲ့ဟီးရိုးတွေက လတ်တလောမှာ Meta Hero ဖြစ်နေလို့ဖြစ်နိင်ကြောင်း၊ Collapse က ဘယ်ဟီးရိုးမဆိုကောင်းကောင်းကစားနိင်ကြောင်းပြန်ရှင်းပြခဲ့ပါတယ်။

လက်ရှိမှာတော့ Ceb ဟာ Competitive Dota ကနေအနားယူထားပြီး Dota 2 Live Streaming တွေလုပ်ရင်းနဲ့ ပရိတ်သတ်တွေနဲ့ Playstyle တွေအကြောင်းကိုဆွေးနွေးနေသလို၊ တခြား Topic အကြောင်းတွေလည်းပြောရင်းနဲ့ သင်ခန်းစာအချို့ကိုလည်း ပေးနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.