Guest

Boush – The Tinker

English Version Below

Boush – The Tinker

Goblin လို နားရွက်ချွန်ချွန် စုပ်ချွန်းချွန်းမျက်နှာနဲ့ ထက်မြတ်တဲ့လူပုမျိုးနွယ်တစ်ခု Dota ထဲမှာရှိပါတယ်။

ဒါပေမယ့် Goblin လို့တော့မခေါ်ပါဘူး။

Keenfolk or Keen or folk တွေလို့ခေါ်ပါတယ်။

Boush the Tinker, Beatrix Snapfire, Sniper, Gyrocopter, Techies အစရှိသဖြင့် အကုန်လုံးဟာ Keenfolkတွေဖြစ်ပါတယ်။

SOLK Member များထဲမှ Dota 2 ထဲ အသိအများဆုံးသော Keenfolks များ

Clockwerk ပင်လျှင် Keenfolk တစ်ကောင်ဖြစ်ပါတယ်။

Rattletrap လို့အမည်ရတဲ့ Clockwerk ဟာလည်း စက်ရုပ်ဝတ်စုံဝတ်ထားတဲ့ Keenfolk တစ်ယောက်ဖြစ်ပါတယ်။

တစ်ခုသောအခါမှာ Sniper ဟာ Keenfolk တွေ အားလုံးအတွက် Mazzie နဲ့အတူ Society of Likeminded Keenfolk : SOLK လို့အမည်ရတဲ့ အဖွဲ့အစည်းတစ်ခုကို စတင်တည်ထောင်ခဲ့ပါတယ်။ (Mazzie အကြောင်းကို Dota Card Game ကစားတဲ့သူတွေတော့သိမှာပါ။ Dota ထဲက Hero တကောင်တော့မဟုတ်ပါဘူး)။

Dota 2 Hero ထဲမှာ မပါသော်ငြား Keenfolk တစ်ကောင်ဖြစ်သူ Mazzie

SOLK အဖွဲ့အစည်းဟာ Keenfolk တွေအားလုံးမှီခိုဖို့အတွက် ရည်ရွယ်ပြီးတည်ထောင်ခဲ့တာဖြစ်ပြီး မည်သည့်Keenfolks တွေမဆို SOLK ထဲဝင်ဖို့အတွက် နွေးထွေးစွာကြိုဆိုခံရမှာဖြစ်ပါတယ်။

SOLK အဖွဲ့အစည်းဟာ ထူးချွန်ထက်မြတ်ပြီး ဖြတ်ထိုးဥာဏ်ကောင်းတဲ့ Keenfolkတွေ များစွာစုစည်းထားခြင်းကြောင့် နည်းပညာပိုင်းဆိုင်ရာတွေ civilization တွေ အခြားသူတွေထက် အဆပေါင်းများစွာ သာလွန်ပြီး မှော်အစွမ်းနဲ့မခြားနား တီထွင်ဖန်တီးမှုအသစ်မဆန်းပေါင်းများစွာကို ပြုလုပ်လာနိုင်ပါတယ်။

လေဆာရောင်ခြည်သေနတ်များ၊ သံချပ်ကာစက်ရုပ်များနဲ့ တစ်ချက်ထိ တစ်တပ်လုံးဂိနိုင်တဲ့ ဗုံးများအပါအဝင် ရဟတ်ယာဥ်၊ အမြှောက်ဒုံးကျည် အစရှိသဖြင့် အမျိုးမျိုးအဖုံဖုံ ဘက်စုံတိုးတက်လာပါတယ်။

SOLK ရဲ့ လက်အော​က်မှာ အဖွဲ့ခွဲပေါင်းများစွာရှိပြီး Boush-the Tinker ကတော့ Laboratory ပိုင်းဆိုင်ရာမှာ တာဝန်ယူထားသူဖြစ်ပါတယ်။

Boush ဟာ ယခင်က သူရဲ့ကိုင်ပိုင် စက်ရုပ်တပ်ကြီးကိုပင် ဖန်တီးခဲ့သူဖြစ်ပြီး ယခုအခါမှာတော့ Violet Plateau လို့ခေါ်တဲ့ဒေသမှာ သူ့ရဲ့လက်အောပ်ငယ်သားများစွာနဲ့ Lab တစ်ခုတည်ထောင်ပြီး စက်ရုပ်နဲ့လေဆာနည်းပညာများအကြောင်း သာမန်လူတွေနားလည်နိုင်စွမ်းထက် ကျော်လွန်ပြီး စူးစမ်းလေ့လာမှုတွေ ပြုလုပ်နေသူဖြစ်ပါတယ်။

Boush အကြောင်းကို အနည်းငယ်ဆက်ပြောပြပါမယ်။

Boush ဟာ SOLK ကိုတည်ထောင်ခဲ့တဲ့ Mazzie ကိုသတ်ချင်လောက်အောင်မုန်းသူဖြစ်ပြီး Timbersaw ကို နားညီးလွန်းတယ်လို့ ထင်သူပါ။

Mazzie ရဲ့ Timbersawနဲ့ ပုံစံတူ စက်ရုပ်

Alchemy ဘာသာရပ်ဟာ ရူးနှမ်းနေသူတွေပဲ လေ့လာတယ်လို့ ရှုတ်ချလေ့ရှိသူဖြစ်ပြီး မှော်ပညာကို မယုံကြည်သူ၊ နည်းပညာဟာ မှော်ပညာထက် သာလွန်ကြောင်းမကြာခဏပြောဆိုတတ်သူ ဖြစ်ပါတယ်။

သူ့ရဲ့ကိုယ်ပိုင် ဝတ်စုံကြီးကို တီထွင်ဖန်တီးထားသူဖြစ်ပါတယ်။

Tinker’s ဖန်တီးမှု- ကိုယ်ပိုင်စက်ရုပ်ဝတ်စုံ

ကိုယ်ဘယ်လောက်ကြိုးစားကြိုးစား ခရက်ရှ်ရဲ့အဖြေမချစ်ဘူးကို မပြောင်းလဲနိုင်သလို Boush ရဲ့နည်းပညာ ဘယ်လောက်မြင့်မားအောင် ကြိုးစားကြိုးစား ကံတရားကို မလွန်ဆန်နိုင်ခဲ့ပါဘူး။

တစ်နေ့မှာတော့ Boush တို့ Lab အတွင်း မတော်တဆမှုတစ်ခုကြုံရကာ Lab တစ်ခုလုံး အသက်ရှင်သူမရှိပဲ ပျက်စီးသေကြေကြရပါတော့တယ်။

Violet Plateau Accident လို့ နာမည်ကြီးတဲ့ အဆိုပါမတော်တဆမှုမှာ Boush တို့ မထင်မှတ်ပဲ အခြား Diemension တစ်ခုကို Portal ဖွင့်မိရာကနေ ဖြစ်သွားခဲ့တာပါ။

ခြောက်ခြားဖွယ်ရာကောင်းတဲ့ ဂြိုလ်သားတွေအမြောက်အများ Portal ကတဆင့်ဝင်ရောက်လာပြီး အကုန်လုံးကို သတ်ပစ်သွားကာ Lab ကြီးတစ်ခုလုံး ပျက်စီးသွားခဲ့ရပါတယ်။

Violet Plateau ဒေသရဲ့ ပတ်ဝန်းကျင်တစ်ခုလူံးလည်း မည်းမှောင်နေတဲ့ တိမ်တိုက်တွေ အုပ်စိုးပြီး ဒေသတစ်ခုလုံး အမှောင်အတိကျလျက်ရှိနေပါတော့တယ်။

Boush တစ်ယောက်သာ မတော်တဆမှုကနေ လွတ်မြောက်လာခဲ့သူဖြစ်ကာ အခြားသောလွတ်မြောက်သူတစ်ဦးတစ်ယောက်တော့ ရှိလိမ့်ပါလေစွလို့ ဟုတွေးထားကာ တစ်နေ့တစ်ရက်တော့ အဆိုပါလူနဲ့ တွေ့ဆုံခွင့်ရလိမ့်ဦးမယ်လို့ မျှော်လင့်လျက်ရှိနေပါတယ်။

ယခုအချိန်မှာတော့ Violet Plateau ဒေသရဲ့ မည်းမှောင်နက်ရှိုင်းလွန်းတဲ့ မြေအောက်တစ်နေရာက Boush တို့ရဲ့Lab အတွင်းမှာ မည်သူမှမသိသေးတဲ့ စွမ်းအားမြင့် နည်းပညာတွေ အမြောက်အမြား ကိန်းအောင်းတည်ရှိနေဦးမယ်လို့ ကောလဟာလတွေ ပြန်လည်ကျယ်လောင်စွာ ထွက်ပေါ်လာနေပါတယ်။ ။

LiLam

English Version

Boush – The Tinker

In Dota, there is a noble human race with a goblin-like face and sharp ears.

But it is not called a goblin.

They are called Keenfolk or Keen or folk.

Boush the Tinker, Beatrix Snapfire, Sniper, Gyrocopter, Techies, etc. are all Keenfolk.

Even Clockwerk is a Keenfolk.

At one point, Sniper co-founded the Society of Likeminded Keenfolk: SOLK with Mazzie for all Keenfolk. (Dota card game players will know about Mazzie, not a Dota Hero).

The SOLK organization was established to rely on all Keenfolk, and any Keenfolks are warmly welcome to join the SOLK.

The SOLK organization brings together many brilliant and ingenious Keenfolk who are many times more technologically and civilized than anyone else to create magical and unique innovations.

Laser guns; Helicopters, including armored robots and grenades, It has evolved in many ways, such as artillery and missiles.

Under SOLK, there are several divisions, with Boush-the Tinker in charge of the laboratory.

Boush, who previously created his own robotic army, now runs a lab with many of his subordinates in an area called Violet Plateau, exploring beyond the comprehension of robots and lasers beyond the reach of the average person.

Let me tell you a little bit about Boush.

Boush hates Mazzie, the founder of SOLK, and thinks he listens too much to Timbersaw.

Alchemy is often criticized as being studied only by lunatics, and it is often said that technology is superior to magic.

He designed his own costume.

No matter how hard He tried, He could not change his destiny.

One day, Boush had an accident in the lab, and the entire lab was destroyed.

The accident, known as the Violet Plateau Accident, was caused by Boush unexpectedly opening a portal for another dimension.

Dozens of terrifying aliens entered through the portal, killing them all and destroying the entire lab.

The whole area around Violet Plateau was covered with dark clouds, and the whole area was pitch black.

Boush is the only survivor of the accident, and hopes to find another survivor one day.

At the moment, rumors are rife that a number of high-tech technologies remain in Boush Labs in a very dark underground area of ​​the Violet Plateau.

LiLam

One thought on “Boush – The Tinker

Leave a Reply

Your email address will not be published.