News

အိမ်ရှင်မပါတဲ့ Grand Finals

အိမ်ရှင်မပါတဲ့ Grand Finals

GAMERS GALAXY: Invitational Series Dubai 2022 ပြိုင်ပွဲရဲ့ Lower Bracket Finals ပွဲအဖြစ် အိမ်ရှင် Nigma Galaxy နဲ့ SEA အသင်း BOOM တို့ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ BOOM က 2 – 1 နဲ့အနိင်ယူပြီး Grand Finals ကို တက်ရောက်သွားနိင်ခဲ့ပါတယ်။

လက်တလောမှာ လက်အရမ်းစွာပြီး SEA Pride လုပ်ပြနေတဲ့ BOOM က အသင်းကြီးတွေအားလုံးကို ဖြုတ်ချနိင်ခဲ့တာပါ။

Game 1

Game 1 ကတော့ ထုံးစံအတိုင်း Kuroky ရဲ့ Pick ချင်ရာ Pick Lineup နဲ့ အဖွင့်လှခဲ့ပါတယ်။

Nigma တော့မဟုတ်ပါဘူး။

BOOM ပါ။

Nigma ဘက်က Prophet Mid Last Pick ယူလိုက်တဲ့အချိန်မှာ BOOM ဘက်က Last Pick ကလည်း Mid Batrider ဖြစ်ခဲ့လို့ Miracle လည်း ကြောင်ပျောက်သွားခဲ့ပါတယ်။

BOOM က Laning Stage မှာ MC ရဲ့ Dark Seer ကို သူတို့ Jugg မနိင်မှာစိုးလို့ Tri ပါတိုက်ခဲ့ပါတယ်။

Tri ဆိုပေမယ့် MK က Mobility ကောင်းတဲ့ဟီးရိုးဖြစ်လို့ လမ်းပေါင်းစုံမှာ မွှေနှောက်နိင်ခဲ့ပါတယ်။

ဒီပွဲမှာ TIMS အနေနဲ့ အထူးလက်စွမ်းပြသွားခဲ့ပြီး Nigma ကို မျိုးစုံဒုက္ခပေးသွားခဲ့ပါတယ်။

Nigma ဘက်က Item Timing တွေရော၊ Team Fight တွေမှာပါ Performance ကောင်းတွေကိုပြနိင်ခဲ့ပေမယ့် Hero ကတော့နိမ့်နေခဲ့လို့ ပွဲချိန်ကြာတာနဲ့အမျှ ယှဉ်ကိုမကစားနိင်တော့ပါဘူး။

တကယ် Battle ဆိုင်တဲ့အချိန်မှာ BOOM ဘက်က Core 4 ကောင်လိုဖြစ်နေတဲ့အချိန်မှာ Nigma ဘက်က Core ၁ ကောင်ထဲလိုဖြစ်နေခဲ့လို့ ပွဲကခပ်ရိုးရိုးလေးပဲ 38 မိနစ်မှာ BOOM တို့အနိင်ရခဲ့ပါတယ်။

Game 2

Game 1 မှာ NP Mid ထုတ်ခဲ့တဲ့ Kuroky ၁ ယောက် ဒီပွဲမှာလည်း AM Offlane ထုတ်ခဲ့လို့ Nigma တို့တော့လစ်ရပြီလို့ ထင်ခဲ့ကြပါတယ်။

ဒါပေမယ့် MC ရဲ့ သူမတူတဲ့ Indivudual Skill တွေကြောင့် Kuroky ရဲ့နံခြားထောက် Draft က အလုပ်ဖြစ်သွားခဲ့ပါတယ်။

Nigma ဘက်က Gyro ကို First Pick ထဲကယူထားခဲ့ပြီး Last Pick အနေအထားက Offlane ပဲဖြစ်တော့မယ့်အချိန်မှာ Nigma AM ယူလိမ့်မယ်လို့ BOOM က ဘယ်လိုမှခန့်မှန်းနိင်စရာအကြောင်းမရှိခဲ့ပါဘူး။

ဒါ့ကြောင့်ပဲ AM ကိုကြောက်တဲ့ Hero တွေတန်းစီယူထားမိတဲ့ BOOM တို့ အငိုက်မီသွားခဲ့ပါတယ်။

တသင်းလုံးကို တယောက်ထဲ Carry သွားတဲ့ MC အပြင် ဒီပွဲမှာချီးကျူးရမှာက Nigma မှာအမြဲတမ်းအဝေဖန်ခံရနေကြ iLTW ရဲ့ Item Build တွေပဲဖြစ်ပါတယ်။

သူ့ရဲ့ Joker Build ကြောင့် Nigma ရဲ့ Ulitity က ပိုကောင်းသွားခဲ့ပြီး လုပ်စရာရှိတာကို အေးအေးဆေးဆေးလုပ်နိင်ခဲ့ပါတယ်။

ဟီးရိုးချင်းမမျှပေမယ့် BOOM တို့လွယ်လွယ်နဲ့တော့ အရှုံးမပေးခဲ့ပဲ မိနစ် ၅၀ နီးပါးအထိခံကစားပြသွားခဲ့ပါတယ်။

Game 3

Grand Finals တက်ဖို့အဆုံးအဖြတ်ဖြစ်တဲ့ဒီပွဲမှာ Nigma မှောက်ခဲ့ရတာကတော့ Kuroky ရဲ့ Draft တွေနဲ့မဆိုင်ပဲ iLTW ရဲ့ညံ့ဖျင်းမှုတွေကြောင့်ဖြစ်ပါတယ်။

စောစောက Game 2 မှာ AM က MC မဟုတ်ပဲ iLTW သာကိုင်ခဲ့ရင် Game 2 ထဲက Nigma တို့ အိမ်ကွင်းမှာပဲ အောင်ဖျာလိပ်နေရလောက်ပါပြီ။

iLTW ရဲ့အနေအထိုင်မတတ်မှုတွေက BOOM အတွက် မဟာအခွင့်ကောင်းကြီးတွေဖြစ်သွားပြီး MC နဲ့ GH တို့ဘယ်လောက်လုပ်ပေးပေး အကုန်သဲထဲရေသွန်ပါ။

Miracle ရဲ့ QoP ကလည်း Tundra နဲ့ပွဲကလောက် အမှားတွေအများကြီးမလုပ်ခဲ့ဖူးဆိုရင်တောင် အသင်းကိုကယ်တင်ပေးနိင်တဲ့စွမ်းဆောင်ရည်မျိုးတော့ မပြနိင်ခဲ့ပါဘူး။

ဒါ့ကြောင့် MC နဲ့ GH တို့ပဲမနိင်ဝန်ထမ်းခဲ့ရပြီး ရှုံးမှာကို ထိုင်စောင့်နေခဲ့ရပါတယ်။

BOOM ရဲ့ Lineup နဲ့ ကစားပုံက စနစ်ကျပြီး ဘာအမှားမှမလုပ်သလောက်ပါပဲ။

အဲ့အချိန်မှာ iLTW ကတော့ အသင်းဖန်တွေသာမက တခြားပရိတ်သတ်တွေပါဝိုင်းဆဲလောက်မယ့် Performance ကိုပြခဲ့လို့ Medusa အတောင်အလက်စုံတဲ့အချိန်မှာအရှုံးပေးခဲ့ရပြီး မိနစ် ၄၀ တောင်မပြည့်သွားခဲ့ပါဘူး။

ဒီပွဲမှာအနိင်ရခဲ့တဲ့ BOOM ကတော့ Grand Finals မှာ Tundra နဲ့ မကျေပွဲနွဲခွင့်ရတော့မှာလည်းဖြစ်ပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published.