News

A look at Regional Finals and TI11, which will feature up to 20 teams

အောက်မှာမြန်မာလိုပါတယ်နော်

A look at Regional Finals and TI11, which will feature up to 20 teams

In recent days, Valve has introduced the race to replace the abolished First Major.

These are the Regional Finals.

Since the first major was canceled for Covid-19 reasons, it is inevitable that these alternatives will be online.

These online events will be held in February and will award Prizepool $ 100,000 per region and DPC Point 380 per region.

After the first major was canceled due to Covid-19, the entire Dota 2 community became increasingly vocal in its criticism of Valve, with Division I teams and Division II teams as well as fans from various regions.

Valve’s DPC schedule is so long that it is not convenient for other third-party tournaments to compete and small teams are so hard to survive.

In such a situation, the cancelation of the prize-winning major has taken a heavy toll on the clubs.

That’s why Valve created the Regianl Finals event to embrace the big teams.

As Valve admitted, when it had informed the community that the Major was canceled, it was a mistake not to present an alternative. “We quickly realized through listening to feedback from teams and fans that our priorities were wrong and we were not successful at being mindful of players participating in the DPC. This was a big mistake on our part. We are sorry and we are set on making it right,” the company wrote on its blog.

After the major was canceled, players and fans alike demanded that something be done instead of the major. After discussions about whether to hold only regional online tournaments, only regional fixtures were held.

The schedule for the Regionals Tournament is as follows:

Feb 11-13, 2022: Western Europe (WEU), Southeast Asia (SEA), South America (SA)

Feb 18-20, 2022: China (CN), Eastern Europe (EEU), North America (NA)

The following teams will compete:

Each region will receive a bonus of $ 100,000 and DPC 380 Points, which will be distributed like this:

1st place: $ 50,000 USD + 250 DPC points

2nd place $ 25,000 USD + 130 DPC points

3rd place: $ 15,000 USD

4th place: $ 10,000 USD

The format will be Double Elimination Bracket, with four teams from each region starting from the playoffs.

The first place team in DPC Tour 1 Division I will face 4th place and 2nd place will be 3rd place.

Note: TSM= Team Undying

With the exception of the Grand Finals, all are Bo3, and the Grand Finals are the usual Bo5.

In addition, a joint announcement with the announcement will add another LAN event before TI11, between TI11 Regional Qualifier and TI11.

The first place teams from 6 regions will have direct access to TI11, and the second and third place teams will play the LAN Event mentioned earlier.

TI11 will have 20 teams instead of the original 18.

By default, WEU and China majors get more slots for majors, giving them a chance to earn more DPC points.

However, in the current context of 2021-2022 DPC Tour 1, all 6 regions will receive equal DPC Points.

It is also possible that this LAN event is being implemented now, as it has been criticized for giving too few opportunities to weak regions and always favoring Big regions.

In TI11, the 20 participating teams will be divided into two groups of 10 each and will play as usual.

There will be two teams per group, so up to four teams will be eliminated from the group stage.

Therefore, as usual, there are 16 teams for the main event.

In any case, these two changes will satisfy the tumultuous Dota 2 community to some extent, and another satisfaction awaits after the Regional Finals.

This is the Dota 2 Major Update, and we have not had a major update for a long time due to Covid.

So stay tuned for the latest update and enjoy the Reginal Finals.

Burmese Version

Regional Finals နဲ့အသင်း ၂၀ အထိပါဝင်လာမယ့် TI11 အကြောင်းတစောင့်တစောင်း

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ Valve အနေနဲ့ ဖျက်သိမ်းလိုက်တဲ့ First Major နေရာမှာအစားထိုးမယ့်ပြိုင်ပွဲတွေအကြောင်းကို မိတ်ဆက်လိုက်ပါတယ်။

အဲ့ဒါကတော့ Regional Finals ဆိုတဲ့ပြိုင်ပွဲတွေပဲဖြစ်ပါတယ်။

ပထမမေဂျာကို ကိုဗစ်အကြောင်းပြချက်နဲ့ဖျက်သိမ်းထားခဲ့တာကြောင့် အဲ့ဒီအစားထိုးပြိုင်ပွဲတွေက Online ပြိုင်ပွဲတွေပဲဖြစ်မယ်ဆိုတာက မြေကြီးလက်ခတ်မလွဲပါဘူး။

အဲ့ဒီ Online Event တွေကိုတော့ လာမယ့်ဖေဖော်ဝါရီလထဲမှာကျင်းပသွားမှာဖြစ်ပြီး Region ၁ ခုကို Prizepool $100,000 နဲ့ DPC Point 380 ချီးမြှင့်ပေးသွားမှာပါ။

ကိုဗစ်အကြောင်းပြချက်ကြောင့်ပထမမေဂျာဖျက်သိမ်းခဲ့ရအပြီးမှာတော့ Dota 2 Community ၁ ခုလုံးက Valve ကိုဝေဖန်မှုတွေတော်တော်လေးဆူညံသွားခဲ့ပြီး Region အသီးသီးက Division I ကအသင်းတွေရော Division II အသင်းတွေသာမက ပရိတ်သတ်တွေပါ ဝိုင်းဝန်းဝေဖန်ခဲ့ကြပါတယ်။

Valve ရဲ့ DPC အချိန်ဇယားကတော်တော်လေးရှည်လျားတာကြောင့် တခြား Third Party Tournament တွေလုပ်ဖို့အဆင်မပြေတာကြောင့် အသင်းငယ်တွေအနေနဲ့ အသင်းရပ်တည်ဖို့ပါခက်ခဲနေတာပါ။

အဲ့လိုအနေအထားမှာ ဆုကြေးများတဲ့မေဂျာပါဖျက်သိမ်းလိုက်တာက အသင်းကြီးတွေကိုပါအကြီးအကျယ်ထိခိုက်စေခဲ့တာပါ။

ဒါ့ကြောင့် Valve အနေနဲ့ Regianl Finals Event တွေကိုဖန်တီးပြီး အသင်းကြီးတွေကိုချွေးသိပ်လိုက်တဲ့အနေအထားပါ။

သူတို့ရဲ့ကြေငြာချက်မှာလည်း “ ကျွန်တော်တို့အနေနဲ့အသင်းတွေနဲ့ပရိတ်သတ်တွေရဲ့ Feedback တွေကိုနားထောင်ပြီးတဲ့နောက်မှာ DPC မှာပါဝင်တဲ့ Player တွေကိုအလေးမထားခဲ့သလိုဖြစ်သွားတဲ့အတွက်တောင်းပန်ပါတယ်။

ဒါ့ကြောင့်ကျွန်တော်တို့ရဲ့အမှားကိုပြန်လည်ပြင်ဆင်လိုက်တာပါလို့”လို့ပါဝင်ခဲ့ပါတယ်။

မေဂျာဖျက်သိမ်းပြီးနောက်မှာ Player တွေရော ပရိတ်သတ်တွေကပါ မေဂျာအစား ၁ ခုခုပြန်လုပ်ပေးဖို့ဝိုင်းတောင်းဆိုခဲ့ကြပြီး Major ကိုပဲ Online ကနေလုပ်မလား၊ Regional Online Tournament တွေကိုပဲလုပ်မလားဆိုတာကို ဝိုင်းဝန်းဆွေးနွေးအဖြေရှာခဲ့ကြပြီးနောက်မှာတော့ Regional FInals တွေပဲလုပ်ဖြစ်ခဲ့တယ်လို့လည်းသိရပါတယ်။

Regionals ပြိုင်ပွဲကိုကျင်းပသွားမယ့်အချိန်ဇယားကတော့ အောက်ပါအတိုင်းပါ။

Feb 11-13, 2022: Western Europe (WEU), Southeast Asia (SEA), South America (SA)

Feb 18-20, 2022: China (CN), Eastern Europe (EEU), North America (NA)

ပါဝင်ယှဉ်ပြိုင်မယ့်အသင်းတွေကတော့ အောက်ပါအသင်းတွေပါ။

Region ၁ ခုကို ဆုကြေးဒေါ်လာ ၁ သိန်းနဲ့ DPC 380 Point ပေးသွားမှာဖြစ်ပြီး ခွဲဝေမှာကတော့ ဒီလိုပုံစံလေးပါ။

1st place: $50,000 USD + 250 DPC points

2nd place $25,000 USD + 130 DPC points

3rd place: $15,000 USD

4th place: $10,000 USD

ကစားမယ့်ပုံစံကတော့ Region အသီးသီးက ၄ သင်းက Playoff အဆင့်ကနေစကစားရမှာဖြစ်ပြီး Double Elimination Bracket ပါပဲ။

DPC Tour 1 Division I မှာ အဆင့် ၁ ခဲ့တဲ့အသင်းက အဆင့် ၄ နဲ့တွေ့မှာဖြစ်ပြီး အဆင့် ၂ တွေကတော့ ၃ ေတွေနဲ့ပါ။

Note: TSM = Team Undying

Grand Finals ကလွဲရင် ကျန်တာ Bo3 ဖြစ်ပြီး Grand Finals ကတော့ ထုံးစံအတိုင်း Bo5 ပါ။

ဒါ့အပြင်အဲ့ကြေငြာချက်နဲ့အတူထွက်ပေါ်လာခဲ့တဲ့ပူးတွဲကြေငြာချက်ကတော့ TI11 မတိုင်ခင်မှာ LAN Event ၁ ခုကိုထပ်ထည့်သွားမှာဖြစ်ပြီး TI11 Regional Qualifier နဲ့ TI11 ကြားမှာဖြစ်ပါတယ်။

Region 6 ခုက ပထမရတဲ့အသင်းတွေက TI11 ကိုတိုက်ရိုက်ဝင်ခွင့်ရမှာဖြစ်သလို ဒုတိယနဲ့တတိယရတဲ့အသင်း ၁၂ သင်းက စောစောကပြောတဲ့ LAN Event ကိုကစားရမှာဖြစ်ပါတယ်။

TI11 မှာမူလပါဝင်တဲ့ ၁၈ သင်းအစား အသင်း ၂၀ အထိပါဝင်လာမယ်လို့လည်းသိရပါတယ်။

ပုံမှန် Format အရဆို WEU နဲ့ China Major တွေက Major အတွက် Slot တွေပိုရတာကြောင့် DPC Point တွေပိုရဖို့အခွင့်အရေးတွေရနေတာဖြစ်ပါတယ်။

ဒါပေမယ့် အခု 2021-2022 DPC Tour 1 အခြေအနေတွေအရတော့ Region 6 ခုလုံးက DPC Point တွေကို အညီအမျှရရှိသွားမှာပါ။

ဒါ့အပြင် အင်အားနည်းတဲ့ Region တွေကိုအခွင့်အရေးသိပ်မပေးပဲ အင်အားကြီး Region တွေကိုပဲအမြဲဘက်လိုက်တယ်လို့လည်းဝေဖန်ခံခဲ့ရတာကြောင့် အခုဒီ LAN Event ကိုအကောင်အထည်ဖော်တာဖြစ်နိင်ပါတယ်။

TI11 မှာတော့ ပါဝင်မယ့်အသင်း ၂၀ ဟာ ၁၀ သင်းစီပါဝင်တဲ့အုပ်စု ၂ ခုစီခွဲပြီးတော့ ထုံးစံအတိုင်းပတ်လည်ကစားသွားမှာပါ။

Group ၁ ခုကို ၂ သင်းဆီပြုတ်မှာဖြစ်မှာဖြစ်တာကြောင့် အုပ်စုအဆင့်ကနေ ၄ သင်းအထိထွက်ရမှာပါ။

ဒါ့ကြောင့် Main Event ကြရင်တော့ ထုံးစံအတိုင်း ၁၆ သင်းပါပဲ။

ဘာပဲပြောပြောဒီအပြောင်းအလဲ ၂ ခုက ပွဲဆူနေတဲ့ Dota 2 Community ကို အတိုင်းအတာတခုအထိစိတ်ကျေနပ်သွားစေမှာဖြစ်ပြီး နောက်ထပ်စိတ်ကျေနပ်စရာ ၁ ခုကလည်း Regional Finals တွေအပြီးမှာ စောင့်ကြိုနေပါတယ်။

အဲ့ဒါကတော့ Dota 2 Major Update ဖြစ်ပြီး ကိုယ်တွေဂိမ်းကြီးက Covid ဘာညာအကြောင်းပြပြီး Update အကြီးမရှိတာကြာပါပြီ။

ဒါ့ကြောင့် Update အသစ်မှာဘာတွေပါလာမလဲဆိုတာကို ရင်ခုန်စောင့်စားရင်း Reginal Finals ပွဲတွေကို တဝကြီးခံစားကြလိုက်ပါစို့လားဗျာ။

2 thoughts on “A look at Regional Finals and TI11, which will feature up to 20 teams

Leave a Reply

Your email address will not be published.