Gaming Knowledge

7 Types of Cores That make Supports Annoy

အောက်မှာမြန်မာလိုပါတယ်နော်

7 Types of Cores That make Supports Annoy

Support players hate the following players:

Therefore, you should be careful not to be one of those players.

(1) Players who can not see the map

Wards are very important in Dota 2.

Only wards have a good vision on the map and the team game.

Cores that rely on space will also need to work with it.

One of the most important things you can do as support is to set up a ward.

The problem is that the Supporters are doing their job and the wards are being set up, but the cores are sitting and shouting “ward please” when they die without looking at the map.

You can imagine how heartbreaking it would be to buy Ward and set up a ward with such little money at that time.

(2) Players who do not come near the healer

One of the responsibilities of support is to keep your core secure.

So the really good support to pick up blood for your core is to pick up healers and let them stay close to their core.

If the core runs away from them , the healing support is completely looks like an idiot.

(3) Players who go back from the rescue and die

Unlike the second one mentioned above, take a break to get healing.

Anyone who has ever been rescued will know how angry he would be if the core he resuced returned to die.

If It were me, I will throw every object near me to them.

(4) People who have mental disorder

Sometimes, while supporting to babysit near the cores, the supports use physical or spell to harass enemy to keep them from approaching near core.

In that case, your genius Core will not look situtation and jump in(if AM or FV) and Die.

Support, which allows him to farm calmly, discourages to support now of course.

(5) Core Sit And Blame Creep Pulling Without Understanding The Situation

Support’s Gold and Exps come from Assists and Creeps.

That Therefore, Creep pulling is beneficial not only for the Support but also for the Core.

Because even with the cores controlling the creep, it is really difficult to control the lane without pushing the creep.

The cores that sit and blame Creep pulling without realizing can really make the support to Annoy.

(6) Players who build items that do not stack effects

Items Such as Mekansm, Assult, Ring Of Bassllus are the items that does not duplicate effects.

If your carry build them even you are reminding them, You Don’t wanna Play that game anymore.

(7) Blind Blamer Cores, except for spells that do not understand the casting time

If You are Playing Heroes Like Leshrac and Lina, you may find yourself hard time with casting delay and having a stun alone in your team.

During the day on the Laning Stage, if the core over there is hard to hit, such as the LC or the puck, it can be really hard to land your stun.

If the core is still unaware of the problem (whether you know it or not, pretend not to know), it is almost time to give him the report after the match even if you win the match.

If he lose a match, he should find someone to play LP with.

After All support is a essential role in Dota 2.

Do not eat creep. Volunteers who are helping you without taking lvl.

Not to be blamed.

Support Bro, can you tell us a little bit about your experience and feelings?

Burmese Version

Dota2 မှာ Support တွေအသည်းအပေါက်ဆုံးကစားသမား(၇)မျိုး

အောက်မှာဖော်ပြထားတဲ့ ကစားသမားတွေကို Support Player တွေ အလွန်မုန်းတီးပါတယ်။

ဒါကြောင့်မလို့ ကိုယ်လည်း အဲ့လို Player တွေထဲကတစ်ယောက်မဖြစ်အောင် သတိထားသင့်ပါတယ်။

(၁) မြေပုံမကြည့်တတ်တဲ့ Player တွေ

Ward တွေဆိုတာ Dota 2 မှာတော်တော်လေးကို အရေးပါတဲ့အရာတွေပါ။

Ward တွေရှိမှ မြေပုံမှာ vision ကောင်းကောင်းရပြီး အသင်းကစားကွက်ကိုရော၊ Space ကိုအားကိုးပြီးကစားရတဲ့ Core တွေပါ အဆင်ပြေမှာဖြစ်ပါတယ်။

Support တွေမဖြစ်မနေလုပ်ပေးသင့်တဲ့အရာတွေထဲမှာ Ward ထောင်ပေးတာ ပါပါတယ်။

အဲဒီမှာပြသနာက Support တွေကသူ့တာဝန်သူလုပ်ပြီးတော့ ward တွေထောင်ပေးထားလျက်နဲ့ Core တွေကမြေပုံလည်းမကြည့်ဘဲနဲ့ သူတို့သေတာနဲ့ ward please ဆိုပြီး ထိုင်အော်တာပဲ။

အဲဒီလိုအချိန်ဆို မရှိရှိတဲ့ပိုက်ဆံလေးတွေနဲ့ Ward ဝယ်ပြီးထောင်ပေးထားတဲ့ Support တွေ ဘယ်လောက်အသည်းနာမလဲဆိုတာ တွေးကြည့်နိင်ပါတယ်။

(၂) သွေးဖြည့်ပေးမယ့်သူနားကိုမလာတဲ့ Player တွေ

Support တွေရဲ့ တာဝန်တွေထဲမှာ ကိုယ့် Core ကို လုံခြုံမှုရှိအောင် လုပ်ပေးရတာလည်း ပါပါတယ်။

ဒါကြောင့် ကိုယ့် core တွေအတွက် လိုအပ်ရင်သွေးဖြည့်ပေးနိင်ဖို့အတွက် တကယ် Support ကောင်းပီသတဲ့ Support တွေက healer တွေ Pick ပြီး သူတို့ Core နားမှာနေပေးကြပါတယ်။

အဲဒီမှာ လိုက်ချခံရလို့ သွေးနည်းနေတဲ့ Core ကသူတို့နားမလာပဲနဲ့ သူတို့ဆီကနေထွက်ပြေးနေရင် သွေးလိုက်ဖြည့်ပေးနေတဲ့ Support တွေက အရူးလုံးလုံးကိုဖြစ်ရော။

(၃) ခက်ခက်ခဲခဲကယ်ပေးထားတာကိုပြန်သွားပြီးတော့အသေခံတဲ့ Player တွေ

အပေါ်က နံပါတ် (၂)မှာ ပြောခဲ့သလိုမျိုးမဟုတ်ပဲ သွေးအဖြည့်ခံဖို့တော့ ကိုယ့်အနားလာပါရဲ့။

သူ့လည်း ရှိတာနဲ့ ကယ်ပေးပြီးတာနဲ့ သေတွင်းထဲကို ပြန်ဝင်သွားရင် ခက်ခက်ခဲခဲကယ်ပေးထားရတဲ့ Support အနေနဲ့ ဘယ်လောက်တောင်ဒေါသထွက်မလဲဆိုတာ ခံစားရဖူးတဲ့သူဆို သိမှာပါ။

ကျွန်တော်ဆို အနားမှာရှိရင် တွေ့တာနဲ့ ကောက်ထုချင်တဲ့အထိ တင်းပါတယ်။

(၄) နှိမ်ပေးနေတာလား သတ်ဖို့ကြိုးစားနေတာလားဆိုတာကိုတောင် မခွဲခြားနိင်တဲ့အထိ ဦးနှောက်နဲ့ အာရုံကြောအလုပ်မလုပ်သူတွေ

တစ်ခါတစ်လေကြရင် Support တွေက Core တွေအနားမှာ babysit နေပေးနေတဲ့အချိန်မှာဟိုဘက်ကကောင်တွေကို အနားကပ်မလာအောင် Physical ဒါမှမဟုတ် Spell သုံးပြီး Harass လုပ်ပေး(နှိမ်ပေး)လေ့ရှိပါတယ်။

အဲဒီလိုအခါမျိုးမှာ ကိုယ့်ရဲ့ညဏ်ကြီးရှင် Core ကရှေ့မကြည့်နောက်မကြည့်၊ Tower ရှေ့လားဆိုတာမကြည့်ပဲနဲ့ ဆိုင်းတွေဗုံတွေတီးပြီး ပြေးဝင်/ ခုန်ဝင် (AM တို့ FV တို့ဆိုရင်) သွားပါတော့တယ်။

သူအေးအေးဆေးဆေး farm လို့ရအောင် လုပ်ပေးနေတဲ့ Support က ဒီလောက်လေးတောင်မှ အထူအပါးနားမလည်တဲ့ Core ကို စိတ်ပျက်သွားပြီး နောက်သူဘာဖြစ်ဖြစ် အဖတ်ရောအရည်ပါ မလုပ်တော့ပါဘူး။

(၅) အခြေအနေအရ Creep တိုက်ပေးတာကို နားမလည်ပဲနဲ့ ထိုင်ဆဲနေတဲ့ Core တွေ

Support တွေဆိုတာ သူတို့အတွက် Gold တွေ၊ EXP တွေကို Assists တွေ Creep တိုက်တာတွေကနေ ရပါတယ်။

အဲ ၊ အဲ့လိုဆိုတော့ Creep တိုက်တယ်ဆိုတာ Support တွေအတွက်သာမက Core တွေအတွက်ပါ တစ်ဖက်တစ်လမ်းက အကျိုးရှိပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ Core တွေက Creep Control လုပ်နေရင်တောင်မှ Creep မတိုက်ပဲနဲ့ Lane Control လုပ်နိုင်ဖို့ဆိုတာ တကယ်ခက်ခဲပါတယ်။

အဲဒါတွေကို ဘာမှနားမလည်ပဲနဲ့ Creep တိုက်တာကို ထိုင် blame နေတဲ့ Core တွေက Support တွေကို တကယ် Annoy ဖြစ်စေပါတယ်။

(၆) Effect မ Stack တဲ့ Item တွေဆက်တဲ့ Player တွေ

Mekansm တို့၊ Assult တို့၊ Ring Of Bassllus တို့ဆိုတာ နှစ်ခုဆက်လည်း Effect တွေမထပ်တဲ့ Item တွေပါ။

အဲဒီ Item တွေကို Team ထဲက တစ်ယောက်ယောက်ဆက်ထားပြီးလို့ Stack မဖြစ်တော့ပါဘူးလို့ ဒီလောက်ထိုင်သတိပေးနေတာကိုမှ ဆက်ဖြစ်အောင်ဆက်လိုက်ရင်တော့ Support တွေက ကစားချင်စိတ်ကိုမရှိတော့ပါဘူး။

(၇) Casting Time ကြာတာကို နားမလည်ပဲ Spell တွေ လွဲလို့ဆိုပြီး Blind Blame တဲ့ Core တွေ

ကိုယ်က Leshrac ၊ Lina တို့လိုမျိုး Casting Delay ဖြစ်တဲ့ ဟီးရိုးကိုကိုင်ထားပြီး ကိုယ့်အသင်းမှာ ကိုယ်တစ်ယောက်ထဲ Stun ပါတဲ့အခြေအနေမျိုးကို ကြုံတွေ့ဖူးကြမှာပါ။

Laning Stage မှာ နေ့ဘက်ဖြစ်နေတဲ့အချိန်မှာ ဟိုဘက်က Core က LC တို့ Puck တို့လိုမျိုး တို့ရထိရခက်တဲ့ကောင်မျိုးဆိုရင် ကိုယ့် Stun ကို ထိအောင်သုံးနိင်ဖို့က တကယ်ခက်ခဲပါတယ်။

အဲဒီအခက်အခဲကိုမသိဘဲ(မသိတာလား မသိချင်ယောင်ဆောင်တာလားတော့ မသိဖူး) ထိုင်ဆဲနေရင်တော့ ပွဲပြီး Report စားရဖို့ကတော့ ပွဲနိင်ရင်တောင်နီးစပ်နေပါပြီ။

ပွဲရှုံးရင်တော့ LP ဆော့ဖို့ လူပါရှာထားသင့်ပါပြီ။

အားလုံးကို ခြုံငုံသုံးသပ်လိုက်တဲ့အခါမှာ Support တွေဆိုတာလဲ Dota 2 ထဲက Role တစ်ခုပါပဲ။

Creep မစား ၊ lvl မယူပဲနဲ့ ကိုယ့်ကိုကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေပါ။

ထစ်ခနဲရှိအပြစ်မတင်သင့်ပါဘူး။

Support ကစားနေကြ Bro တွေလဲ Bro တို့ရဲ့အတွေ့အကြုံနဲ့ ခံစားချက်လေးတွေကို တစ်ချက်လောက်ပြောသွားကြပါလား။

Leave a Reply

Your email address will not be published.