7.31d Game Play Change Log
7.31d Game Play Change Log
ဒီနေ့မနက်ထွက်ရှိခဲ့တဲ့ Update မှာတော့ Dota Plus Summer 2022 အတွက် Battle Report Update အပြင် 7.31d Game Play Update ပါ ပါရှိလာခဲ့ပါတယ်။
ဒီဆောင်းပါးမှာတော့ 7.31d Game Play Change Log ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
General Updates
General Update က များများစားစားမပါဝင်ပဲ ၄ ချက်ပဲပါလာပါတယ်။
အရေးအကြီးဆုံးကတော့ Marci ကို CM Mode မှာ ထည့်လိုက်တာပါပဲ။
ဒါ့ကြောင့် သူ့ကို Competitive Match တွေမှာ မြင်တွေ့ခွင့်ရတော့မှာဖြစ်ပါတယ်။
နောက် ၂ ခုကတော့ Roshan နဲ့ပတ်သက်တာပါ။
Melee Range ထဲမှာ တခြား Unit မရှိဘူးဆိုရင် Ward Unit တွေကို ချမှာဖြစ်ပြီး ၁ ချက်ပဲချရုံနဲ့ Ward Unit တွေတန်းပျက်မှာပါ။
Wraith Pact က တိုင်ကို Nerf ချင်တာဖြစ်ပေမယ့် Jugg Healing Ward ပါတိုင်ပတ်မယ့်အနေအထားပါပဲ။
နောက်ဆုံး ၁ ခုကတော့ Riki အလတ်ကပေးတဲ့ Mana Aura က 2.5 ကနေ 2 ကိုလျှော့ထားတာပါ။
Item Updates
25 Min ရောက်တာနဲ့ Null တွေစီပြီးသောင်းကျန်းနေတဲ့ Storm Spirit ကြောင့် Null က လျှော့ခံရမယ်ဆိုတာက အားလုံးသိထားပြီးသားပါ။
ကံမကောင်းစွာနဲ့ သွသူနေတဲ့ Bracer လေးပါ ပါသွားရှာပါတယ်။
Null က အခုဆို Mana Cost Reduction မပေးတော့ပဲ +3% Max Mana ပေးမှာပါ။
Mana Regen ကိုတော့ +0.6 ကနေ 0.75 ပေးထားလို့ Zeus လိုကောင်တွေအတွက် ပိုအဆင်ပြေမှာပါ။
Bracer HP Regen က 1 ကနေ 0.75 ကိုလျှော့ထားလို့ Bracer ၂ လုံးစီပြီး Fighter လုပ်နေတဲ့ Strength ကောင်တွေ နည်းနည်းတိုင်ပတ်ပါပြီ။
နောက်ထပ်အရေးပါတဲ့အပြောင်းအလဲ ၂ ခုကတော့ သွေးပုလင်းနဲ့ BKB ပါ။
သွေးပုလင်းဈေးက ၁၀ ကျသွားပေမယ့် တခြားသူကိုသုံးပေးရင် ၁ ဝက်ပဲတက်တော့မှာပါ။
Lane မှာ Support တွေဆီကတောင်းသောက်နေကြ Carry တွေအတွက် တော်တော်ကြီးတဲ့ထိုးနှက်ချက်ပါ။
ဒါ့ကြောင့် ပြီးခဲ့တဲ့ Meta မှာမျက်နှာငယ်ခဲ့ရတဲ့ Healer Support တွေက Damage ပေးနိင်တဲ့ Support တွေထက် ပိုလူရာဝင်လာမှာပါ။
BKB ကို Nerf လိုက်တာကတော့ အဲ့ဒါလေး ၁ ခုရတာနဲ့ Support တွေကို လိုက်အနိင်ကျင့်နေတဲ့ Core တွေရဲ့အရှိုက်ကိုထိတာပါပဲ။
CD 15s တိုးလိုက်တာက Early နဲ့ Mid Game မှာ တခြားဘာမှသိပ်မရှိပဲ BKB ၁ ခုထဲနဲ့လူမိုက်လုပ်နေတဲ့ Core တွေဘဝပျက်တာပါပဲ။
Butterfly Bonus Agility 5 တိုးတာ၊ Crimson Guard Damage Block 5/15 တိုးတာ၊ Linken CD 2s တိုးတာ၊ Satanic Active Lifesteal 25% လျှော့ခံရတာတွေက သိသာတဲ့အပြောင်းအလဲတွေလို့တော့ မထင်မိပါဘူး။
Eternal Shroud Magic Resist 20% to 25% + Shroud CD 60s to 45s ဖြစ်သွားတာနဲ့ Blood Stone Spell Life Steam 25% to 30% + Bloodpact CD 40s to 30s ကိုပြောင်းသွားတဲ့ Buff တွေကတော့ Leshrac Meta ဖြစ်စေချင်သလားလို့တောင် ထင်မိပါတယ်။
အရမ်း Late Game ရောက်သွားတဲ့ပွဲတွေထဲမှာတောင် ပွဲတချို့ကလွဲလို့ စောက်ဖက်မလုပ်ခံရတဲ့ Revenant’ Brooch ကို နည်းနည်းအဖက်လုပ်ကြအောင် တိုးပေးထားပါတယ်။
CD က 45s ကနေ 25s ပဲရှိတော့ပေမယ့် အကုန်ပစ်ပြီးမှ CD စလည်မှာပါ။
ဒါကသိပ်တော့ပြသနာမရှိပါဘူး။
သုံးပြီးတာနဲ့ပစ်ကြတာများပါတယ်။
Mana Cost 50 တိုးထားပေမယ့် ဒီ Item အတွက်က နောက်နေသလိုပါပဲ။
အရမ်းကောင်းသွားတာ ၁ ခုကတော့ Magic Immune Units(BKB သုံးထားတဲ့ Units) တွေကိုပစ်ရင်က အချက်ရေမလျော့တော့တာပါပဲ။
သုံးထားတုန်းမှာ မပစ်ဖြစ်တော့ဘူးဆိုရင် ထပ်နှိပ်ပြီးတော့ CD စတွက်အောင်လည်းလုပ်လို့ရလို့ အရင်လို အရမ်း Late Game တွေမှမဟုတ်တော့ပဲ Mid Game မှာတင် သုံးလာနိင်ကြချေရှိနေပါတယ်။
နောက်ဆုံး Item Update ကတော့ ပြီးခဲ့တဲ့ Stockholm Major 2022 မှာ ပွဲတိုင်းမပါမဖြစ်သုံးခဲ့ကြတဲ့ Wraith Pact ပါပဲ။
တိုင် Size ကို 50% ကြီးထားလို့ အရင်လိုရှာရမခက်တော့ပါဘူး။
ချိုးဖို့ကလည်း ၄ ချက်ပဲလိုတော့သလို တိုင်ကိုချိုးရင် ၁၀၀ တောင်ရမှာပါ။
သုံးလိုက်တာနဲ့ ပိုင်ရှင်နောက်ကို Jugg Healing Ward လိုတန်းလိုက်မှာပါ။
Hero Updates
Hero Update ကတော့ ပိစိလေးတွေအများကြီးမလို့ ပွဲတွေကို Impact ဖြစ်မှာလေးတွေကိုပဲ ရွေးပြီးပြောပြပါမယ်။
Alchemist
Alche Shard က Mana Cost 25 လျှော့တာက ဘာမှရေးကြီးခွင်ကျယ်မဟုတ်ပါဘူး။
ဒါပေမယ့် သိသာလောက်မှာက Duration ရော CD ရော 5s ဆီတိုးသွားတာပါပဲ။
ရုတ်တရက်ကြည့်ရင်ဘာမှမပြောင်းလဲဘူးထင်ရပေမယ့် CD က ပြန်လျှော့လို့ရပါတယ်။
အရင်လို Alche Mid Radi, Manta, Oct Meta ကို ပြန်မြင်ရနိင်ပါတယ်။
Clockwerk
Clock ရဲ့ Battery က အခုဆို Creep တွေကို Damage ၂ ဆထိမှာပါ။
Clock ရဲ့ရွှေရောင်နေ့ရက်တွေဖြစ်တဲ့ ဟိုး 2013 လောက်ကလိုမျိုး Mid Clock တွေပြန်မမြင်ရတောင် Support ဘဝပဲရောက်နေတာကြာတဲ့ဘဝကနေ Offlane လောက်တော့ ပြန်ကစားရနိင်ပါတယ်။
Dazzle
Dazzle ရဲ့ Shard Effect ဖြစ်တဲ့ Hex Duration က 1.75s ကနေ 2s ဖြစ်သွားပါတယ်။
0.25s ပဲတိုးပေးထားတယ်ဆိုပေမယ့် Dazzle လို CD Reduction တွေအများကြီးရှိတဲ့ဟီးရိုးအတွက်ကတော့ ၁ ခုနဲ့ ၁ ခုကြားက Interval ကို ကျဉ်းမြောင်းသွားစေနိင်လို့ Buff ကောင်းကောင်း ၁ ခုပါပဲ။
Bad Juju ရဲ့ Damage/Heal Per Stack ကိုလည်း 10 စီတိုးပေးထားလို့ Mid Dazzle တွေမြင်ရရင် အံ့အားသင့်စရာမရှိပါဘူး။
Dragon Knight
ပြီးခဲ့တဲ့ Meta ရဲ့ Offlane နေရာမှာ ပွဲတိုင်းကျော် DK ဖြစ်စေခဲ့တဲ့ Shard ကိုတော်တော်လျှော့ထားပါတယ်။
Duration 2s လျှော့ထားသလို AoE လည်း ၁၀၀ လျှော့ထားပါတယ်။
အရမ်းကြီးတော့ရုပ်မပျက်သွားလောက်ပေမယ့် Base Agility လည်း 3 လျှော့ထားလို့ တခြား Option တွေမရှိမှ DK ကိုရွေးပါ။
Grimstroke
7.31c ရဲ့အတန်ဆုံး Position 5 တွေထဲမှာထိပ်ဆုံးကပါခဲ့တဲ့ Grim ရဲ့ Ink Swell ကို Nerf ထားပါတယ်။
Radius က 400 ကနေ 375 ကိုလျှော့ထားသလို CD ကလည်း ၄ ဆင့်ယူပြီးချိန်မှာ 3s တောင်တိုးထားလို့ Impact ကျစေမှာပါ။
ကောင်းတာကတော့ ကောင်းနေဦးမှာပါပဲ။
IO
Carry တိုင်းရဲ့အကြိုက်ဆုံးအလုံးလေးကို Healer Meta ဖြစ်လာမယ့်ဒီ Meta မှာလည်းလူကြိုက်များဦးမှာပါ။
ဒါပေမယ့် Overcharge ရဲ့ Attack Speed Bonus ကို 50/70/90/110 to 25/55/85/115 ဆိုပြီး Rescale ထားလို့ အရင်လို Skill 2 အပြည့်ယူလို့မရတော့ပဲ 1-3 အပြည့်တွေနဲ့ကစားကြတော့မှာပါ။
Legion Commander
Shard အပြောင်းအလဲနဲ့အတူ ပြီးခဲ့တဲ့ Meta မှာမျက်နှာငယ်ခဲ့ရတဲ့ ကိုယ့် LC ကိုတော့ နည်းနည်းပြန် Buff ပေးထားပါတယ်။
Skill 3 CD ကို 0.1s လျှော့ပေးထားတာက သူသေကိုယ်သေချတဲ့အချိန်မှာ တော်တော်သိသာနိင်ပါတယ်။
Level 15 Talent က Skill Damage Bonus ကိုလည်း ၁၀၀ ပြန်ပေးထားပါတယ်။
Marci
CM Mode မှာ ပထမဆုံးပွဲထွက်ခွင့်ရမယ့် Marci ကိုတော့ Support ဘဝတန်းမရောက်အောင် Ultimate CD ကို 10s လျှော့ပေးထားပါတယ်။
ကိုင်ပေါက်တဲ့ Distance ကို 50 လျှော့ထားပေမယ့် အရင်လိုကိုင်မပေါက်ခင် Spell ၁ ကွက်လောက်သုံးခွင့်ရနေနိင်တာကိုလည်း Fix လိုက်လို့ BKB မသုံးနိင်တော့ပါဘူး။
Omniknight
ပြီးခဲ့တဲ့ Meta ထဲက Buff ထားပေးပေမယ့် ပွဲထွက်ခွင့်နည်းနည်းပဲရခဲ့လို့ ဒီ Meta မှာထပ် Buff ပေးလိုက်ပါတယ်။
Hammer of Purity Damage ကို ၃ ဆင့်ကနေစပြီးတိုးပေးထားသလို Level 20 Talent မှာလည်း CD 2s ပိုလျှော့အောင်လုပ်ပေးထားလို့ Core Omini တွေပါမြင်ရနိင်ပါတယ်။
Pangolier
ဖမ်းရလည်းအရမ်းခက် Damage လည်းအရမ်းထွက်တဲ့ Pango ကိုတော့ တော်တော် Nerf ထားပါတယ်။
Shield Crash CD ကို 2s တိုးထားသလို Shard နဲ့ Roll တဲ့ Duration ကိုလည်း 4s to 2.75s လုပ်ထားပါတယ်။
စက္ကန့်ပိုင်းလေးတွေဆိုပေမယ့် Pango အတွက်ကတော့ ဘဝကြီးပါပဲ။
Tinker
လူရာမဝင်ဖြစ်နေတဲ့ Tinker ကိုလည်း ပြန်တင်ပေးထားပါတယ်။
Defense Matrix Cast Range ကို 50 တိုးပေးထားသလို Warp Flare Mana Cost ကိုလည်း ၅၀ လျှော့ပေးထားပါတယ်။
နည်းနည်းတော့ ပြန်ကိုင်ကြမှာပါ။
Windranger
Major ပါသိမ်းပြသွားတဲ့ WR ရဲ့ Shard Push Speed ကိုတော့ ၁၀ လျှော့ထားပါတယ်။
ဒါကရုတ်တရက်ကြည့်ရင်နည်းပေမယ့် တချို့ Spell Timing တွေအတွက် Key Factor ၁ ခုဖြစ်လာနိင်ပါတယ်။
Witch Doctor
အရင်ထဲက Healing ရော Damage ပါကောင်းကောင်းပေးနိင်တဲ့ Support ဖြစ်တဲ့ WD ဟာလည်း ဒီ Meta မှာ တောက်ပလာနိင်ဖွယ်ရှိနေပါတယ်။
အထူးသဖြင့် Death Ward CD 10s လျှော့ပေးလိုက်တာက WD ကို Battle တိုင်းမှာ တိုင်ထောင်နိင်စေမှာပါ။
အနှစ်ချုပ်သုံသပ်ချက်
ဒီ Meta ရဲ့အနေအထားကိုသုံးသပ်ရသလောက်ဆိုရင် Support တွေထဲမှာ Healing ပေးနိင်တဲ့ Support တွေက လူကြိုက်ပြန်များလာနိင်ပါတယ်။
အထူးသဖြင့် BKB CD က 15s တောင်ပိုကြာသွားတဲ့အတွက် Core တွေရဲ့ Survive လုပ်နိင်စွမ်းက ပိုနည်းသွားမှာဖြစ်တာကြောင့် Healer တွေရဲ့အခန်းကဏ္ဍက ပိုအရေးပါလာမှာပါ။
Support တွေထဲမှာ Dazzle, Omniknight နဲ့ Witch Doctor တို့က ပိုရွေးချယ်သင့်ပြီး Offlane ထဲမှာတော့ DK အစား LC ကိုပြန်စဉ်းစားသင့်ပါတယ်။
Clock ကိုလည်းမေ့မထားသင့်ပါဘူး။
Mid နဲ့ Carry နေရာအတွက်ကတော့ Leshrac ကမဖြစ်မနေထည့်စဉ်းစားသင့်ပြီး Carry သီးသန့်ဆိုရင်တော့ Alche ကရွေးချယ်မှုကောင်း ၁ ခုဖြစ်လာမှာပါ။
အားလုံးပဲ Rank တွေနိင်ပြီး MMR တွေတက်ကြပါစေဗျာ။