Gaming Knowledge News

7.31 Update Change Log: Items

7.31 Update Change Log: Items

7.31 မှာတော့ Item အသစ် ၃ ခုပါဝင်လာသလို ရှိပြီးသားတွေထဲက Item ၄ ခုကိုလည်း အကြီးစား Reworked လုပ်ခဲ့ပါတယ်။

Item အသစ်တွေအကြောင်းကို အရင်ကြည့်လိုက်ရအောင်။

(၁) REVENANT’S BROOCH

Requires Witch Blade, Mystic Staff, 800g recipe (Total Cost 6200g)
+45 Intelligence
+40 Attack Speed
+8 Armor
+300 Projectile Speed

အဲ့ဒါရဲ့ Passive ကတော့ Witch Blade လိုပါပဲ။

ပစ်ခံရရင် 4s 25% နှေးမယ်။

Damage ကတော့ ကိုယ့် Intel ရဲ့ 1x ထိမယ်။

ကြမ်းမှာက Active Ability ပါ။

နှိပ်လိုက်ရင် ၅ ချက်ပစ်လို့ရမယ်။

အဲ့ဒီ ၅ ချက်က True Strike ဖြစ်ပြီး Magic Damage ပါ။

အဲ့ထိက အဲ့လောက်မထူးဆန်းသေးပါဘူး။

ထူးဆန်းတာက Ethereal Unit တွေကိုပါပစ်လို့ရမှာပါ။

Ethereal Unit တွေဆိုတာက Ghost Scepter(အစိမ်းချောင်း)၊ Eblade ၊ Pugna ဂျယ်လီသုတ်တာ၊ Necro Skill 2 Ghost Shroud စတာတွေဖြစ်ပါတယ်။

အစက အဲ့ကောင်တွေကိုဖြေရှင်းချင်ရင် Magic နဲ့သတ်ရင်သတ်၊ မဟုတ်ရင် Nulifier နဲ့သတ်ရတာပါ။

အခုကတော့ နောက် Option ၁ ခုတိုးသွားတာပေါ့။

Puck, QoP, OD တို့လို Right Click ဆော့လည်းရတဲ့ Intel Core တွေအတွက်အသုံးဝင်မှာပါ။

(၂) WRAITH PACT

Requires Vladmir’s Offering, Point Booster, 400g recipe (Total Cost: 4200)
+250 Health
+250 Mana

သူ့ Passive က Offering နဲ့တူတူပဲဆိုတော့မပြောတော့ဘူး

Active Ability ကတော့ နှိပ်လိုက်ရင် အနားမှာ တိုင်လေး ၁ ထောင်ထောင်လို့ရပါမယ်။

အဲ့တိုင်နားမှာရန်သူတွေကပ်မိရင် Attack ရော Spell Damage ပါ 25% လျှော့မှာဖြစ်ပြီး 25 DPS လည်းပါဝင်ပါတယ်။

တိုင်ရဲ့ AoE က 900 ဖြစ်ပြီး Movement Speed ကတော့ 150 ပါ။

တိုင်ကိုချိုးမယ်ဆို ဟီးရိုးတွေက ၅ ချက်ပစ်ရမှာဖြစ်ပြီး Creep တွေကတော့ ၁၀ ချက်ပါ။

တိုင်ရဲ့ Duration က 25s ဖြစ်ပြီး CD ကတော့ 60s ပါ။

Mana Cost ကလည်း ၁၀၀ ထဲဖြစ်လို့ သုံးပျော်ပါတယ်။

ဟိုဘက်က Magic များရင် Pos 4 or Offlane တွေဆက်ပေးသင့်တဲ့ Item လေးပါ။

(၃) BOOTS OF BEARING

Requires Tranquil Boots, Drum of Endurance, 1500g recipe (total Cost 4125)
+8 Strength
+8 Intelligence
+65 Movement Speed
+15 HP Regen
8 charges. Gains a charge every 3 minutes

ဒီကောင်လေးက Early Game မှာဆက်ပြီးရင် ပုတ်သွားတတ်တဲ့ Tranquil နဲ့ Drum ကိုပေါင်းပြီး နောက် ၁ ဆင့်မြှင့်ပေးထားတဲ့ Item ဖြစ်လို့ မျက်နှာမွဲ Position 5 တွေအတွက်တော်တော်အဆင်ပြေစေမှာပါ။

သူ့ Active Ability ကလည်း Support လုပ်လို့အရမ်းကောင်းလို့ ရောင်းကောင်းမယ့် Item အသစ်လေးပါ။

ဘယ်လိုအလုပ်လုပ်လဲဆိုတော့ နှိပ်လိုက်ရင် 1200 AoE အတွင်းမှာရှိတဲ့ Ally တွေကို +50 Attack Speed နဲ့ +15% Movement Speed 6s ပေါင်းပေးမှာပါ။

ဒါက Support Item အနေနဲ့ဆို တော်တော်လေး OP ဖြစ်တယ်လို့ပြောလို့ရပါတယ်။

ဈေးကလည်း 4125 ဆိုပေမယ့် စာရွက်ဖိုးကလွဲရင် ဈေးပေါတဲ့သေးသေးမွှားမွှားလေးတွေနဲ့ဆက်ရတာမလို့ Support တွေတတ်နိင်တဲ့အနေအထားပါ။

Passive လည်းပါသေးပြီး Drum ရဲ့ Passive ပါပဲ။

အဲ ဒီ Item ရဲ့ Active Ability ရော Passive ရောက Drum ကဟာတွေနဲ့ Stack မှာတော့မဟုတ်ပါဘူး။

၁ ခုချင်းသုံးပေါ့။

ကဲ Item အသစ်တွေပြီးတော့ အဟောင်းထဲကဘာတွေပြောင်းထားလဲ တချက်ကြည့်ရအောင်။

လုံးဝနီးပါး Reworked လုပ်ထားတဲ့ ၄ ခုကနေစလိုက်ကြတာပေါ့။

(၁) Bloodstone

Old:

Requires Voodoo Mask, Kaya and Soul Booster (5750g)
+16 Intelligence
+425 Health
+425 Mana
+8% Spell Damage
+15% Spell Lifesteal (Hero)
+3% Spell Lifesteal (Creep)
+100% Mana Regen Amplification
+30% Spell Lifesteal Amplification
Active: Bloodpact. Converts 30% of your max mana to health regeneration over 2 seconds. 85s CD Costs 30% of max mana
Passive: Mana Battery. Each charge provides 0.2 MP regen and 0.35% spell amplification. Nearby kills provide 1 charges. Dying causes you to lose 3 charges. Starts with 14 charges

New:

Requires Soul Booster, Voodoo Mask, 900g Recipe (4600g)
+550 Health
+550 Mana
+25% Spell Lifesteal (heroes)
+5% Spell Lifesteal (creeps)

အဟောင်းကတော့ အားလုံးသိပြီးသားဆိုတော့ မပြောတော့ဘူး။

အသစ်မှာဘာတွေပြောင်းသွားလဲဆိုတော့ ဈေးက 850 လောက်သက်သာသွားပါတယ်။

ဒါပေမယ့် Kaya မပါတော့တဲ့အတွက် ဘာ Spell AMF တွေ၊ Mana Cost Reduction တွေမှတော့ ပါတော့မှာမဟုတ်ပါဘူး။

ဒါ့အပြင် Active Ability ကလည်း အသစ်ဖြစ်သွားပါပြီ။

Bloodpact လို့ခေါ်ပြီး သံုံးလိုက်ရင် Passive ကပေးတဲ့ Spell Lifesteal Effect တွေက ၂ ဆဖြစ်သွားမှာပါ။

ဒါ့အပြင် သုံးထားတုန်းမှာ ကိုယ်ထုတ်သမျှ Damage တွေကိုလည်း Mana အနေနဲ့ပေါင်းပေးမှာပါ။

Hero Damage ဆို 50% နဲ့ Creep Damage ဆို 10% ပါ။

Duration က 6s ဖြစ်ပြီး CD ကတော့ 40s ပါ။

သုံးလိုက်ရင် 40s Drained Debuff ဝင်နေမှာဖြစ်လို့ Refresher တွေနဲ့လည်း ထပ်သုံးမရပါဘူး။

လောလောဆယ်တော့ BB တွေဆက်နေတာတွေ့ပြီး Tank ကောင်တွေပဲဆက်ကြမယ့်ပုံပါပဲ။

(၂) Orchid

Old:

Requires 2 Oblivion Staffs and a 475g recipe (3475g)
+20 Intelligence
+30 Attack Damage
+25 Attack Speed
+4 Mana Regeneration
Active: Soul Burn. Silences the target unit for 5 seconds. At the end of the silence, 30% of the damage received while silenced is inflicted as bonus magical damage. Mana cost: 100. Cooldown: 18s

New:

Requires Blitz Knuckles, Claymore, Void Stone (Total cost 3175)
+40 Attack Speed
+30 Attack Damage
+3 Mana Regeneration

Orchid ကတော့ ဆက်ရတဲ့ပစ္စည်းတွေပဲကွာသွားတာတော့ Attribute တွေပဲ ကွာသွားမှာပါ။

အခုပုံက လုံး၀ Damage Dealer Build သမားတွေအတွက်ပိုကောင်းသွားပြီး Carry တွေပိုဆက်လာကြပါလိမ့်မယ်။

(၃) Bloodthorn

Old:

Requires Orchid, Hyperstone 800g recipe (Total cost 6275)
+25 Intelligence
+90 Attack Speed
+30 Damage
+5.5 Mana Regeneration
Soul Rend: Silences a target for 5 seconds. At the end of the silence, an additional 30% of all damage taken during the silence will be dealt to the target as magical damage. All attacks on the silenced target will have True Strike and 100% chance to crit for 130% damage

New:
Requires Orchid, Mage Slayer, 925g recipe (Total Cost 6500)
+20 Intelligence
+60 Attack Speed
+50 Damage
+5 Mana Regeneration
+20% Magic Resistance

Orchid လိုပဲ Orchid ရဲ့ Upgrade Version ကလည်း ဆက်ရတဲ့ပစ္စည်းတွေပြောင်းထားပါတယ်။

Mage Slayer နဲ့ဆက်ရတာဖြစ်တဲ့အတွက် Carry တွေက တဖက်က Magic Core တွေပါရင် ပိုစဉ်းစားကြမှာပါ။

Storm Spirit တို့ Leshrac တို့ပါရင် Bloodthorn သာပြေးစုကြတော့။

(၄) Ethereal Blade

Old:

Requires Eaglesong, Ghost Scepter, 1000g Recipe (Total cost 4300g)
+40 Agility
+10 Strength
+10 Intelligence
Ethereal Blast: (Active) Converts the target unit to ethereal form, rendering them immune to physical damage, but unable to attack and 40% more vulnerable to magic damage. Lasts for 4 seconds on allies and 4 seconds on enemies. Cooldown: 20s.
Enemy targets are also slowed by 80%, and take 1.5x your primary attribute + 125 as magical damage

New:

Requires Kaya, Ghost Scepter 1100g Recipe (Total Cost 4650g)
+25 Intelligence
+5 Agility
+5 Strength
+24% Spell Lifesteal Amplification
+12% Spell Amplification
+75% Mana Regen Amplification

Eblade ကတော့ Kaya နဲ့ဖြစ်သွားပါပြီ။

ဒါက Morphling လို Eblade Rush ချင်တဲ့ကောင်တွေအတွက် တော်တော်အဆင်ပြေသွားပါပြီ။

၂၈၀၀ တန်ကြီးစုနေစရာမလိုပဲ တစချင်းစုထားပြီး လိုက်ချလို့ရပါပြီ။

အဲ ၁ ခုရှိတာကတော့ အရင်ကလို Agility မပေါင်းတော့တဲ့အတွက် Late Game မှာပြန်လဲသင့်လဲရနိင်ပါတယ်။

တခြား Zeus လိုမျိုး Intel ကောင်တွေအတွက်တော့ Agility အစား Intel ပေါင်းတဲ့အတွက် ပိုကောင်းသွားပါတယ်။

Reworked လုပ်ထားတာတွေကြည့်ပြီးပြီဆိုတော့ တခြားဘာလေးတွေကလိထားလည်း ၁ ချက်ကြည့်ရအောင်။

၁။ အရင်ဆုံးပြောရမှာကတော့ Shard ပါ။

Shard က အခုဆို ၁၅ မိနစ်ထဲက ဝယ်လို့ရပါပြီ။

ဒါကတော့ တော်တော်လေး Game Changer ဖြစ်ပြီး ပွဲတွေက ပိုမြန်သွားမှာပါ။

၂။ နောက် ၁ ခုကတော့ ပြီးခဲ့တဲ့ Meta မှာ တော်တော်လေးသောင်းကျန်းခဲ့ကြတဲ့ Arcane Blink နဲ့ Swift Blink ပါ။

အခုဆို Arcane Blink က CD Reduction အစား 25% mana cost reduction နဲ့ 20% Debuff AMP ပါလာပါပြီ။

အဲ့တော့ Damage ထက် Disable ပေးလို့ပိုကောင်းလာမယ့်သဘောပါ။

Swift Blink ကလည်း Attack Damage နဲ့ Attack Speed အစား +35 Agility ပဲပေးတော့မှာပါ။

Agility ကောင်တွေအတွက်ရည်ရွယ်ထားတဲ့ Item ကို Core တိုင်းကဝယ်ပြီး သောင်းကျန်းနေတာကို Fix လိုက်တာပါ။

၃။ ရုတ်တရက်ကြည့်ရင် Nerf လိုက်သလိုလိုနဲ့ ရှယ် Buff လိုက်တာ ၁ ခုရှိပါတယ်။

အဲ့ဒါကတော့ Desolator ပါ။

အစက +55 Damage ပေးရာကနေ +50 ပဲပေးတော့မှာပါ။

ဒါပေမယ့် Deo Debuff Effect နဲ့ ဟီးရိုး Kill ၁ ကောင်ရတောင် +2 နဲ့ Assist ၁ ကောင်ရတိုင်း +1 Damage တွေကိုရသွားမှာဖြစ်ပြီး +25 ထိရနိင်ပါတယ်။

Permanent ဖြစ်လို့ Deso ကတော့ +75 Damage ထိရမှာပါ။

TA လိုမျိုး Hero Kill ယူလို့အရမ်းလွယ်တဲ့ကောင်တွေအတွက်က ခဏလေးနဲ့အပြည့်ရမှာပါ။

၄။ ဒီအပြောင်းအလဲလေးကတော့ အနိမ့်ကနေပြန်ဆော့ရမယ့်အသင်းဘက်က အားတက်စရာပါပဲ။

Bracer, Wraith Band နဲ့ Null Talisman တွေကပေးတဲ့ Bonus Stats တွေက ပွဲချိန် ၂၅ မိနစ်ရောက်တာနဲ့ ၂ ဆပေးသွားမှာပေါ့။

ဒါ့ကြောင့် အနိမ့်ဘက်ကဆို အဲ့ဒါလေးတွေ ၂ ခု ၃ ခုလောက်စီပြီး ပြန် Comeback နိင်ပါတယ်။

အားမငယ်ပါနဲ့။

၅။ Bottle ရဲ့အပြောင်းအလဲကတော့ Mid ကို နည်းနည်း Nerf ချင်တာလို့ထင်ပါတယ်။

Fountain Buff က Bottle ကို ၁ ခါသုံးလိုက်တာနဲ့ပျောက်သွားမှာပါ။

အဲ့တော့အရင်လို TP ကျ၊ Bottle ယူပြီး Effect ရှိနေသေးတဲ့အချိန်မှာ ၂ ငုံ ၃ ငုံလောက် တိုက်လို့မရတော့ပါဘူး။

၁ ငုံပဲရမှာပါ။

၆။ Travel တွေရဲ့ Bonus MS ကို 10 စီလျှော့လိုက်ပြီး Level 2 မှာဆို TP ကျချိန် 1s လျော့နည်းသွားတော့မှာပါ။

၇။ General Update အရ Invisible ကောင်တွေကို ပိုပြီးတော့နှိပ်ကွပ်မယ်လို့ထင်ထားတဲ့အတိုင်းပဲ Dust က Damage 25 ပါလာပါပြီ။

ဒါကရုတ်တရက်ကြည့်ရင် ဟာသလိုဖြစ်နေပေမယ့် High Rank Game တွေမှာဆိုသိသာမှာပါ။

ကိုယ်ပျောက်ပြီး Dagger ခုန်သွားမယ့်ကောင်တွေကို Dagger ပိတ်ဖို့ပါ။

၈။ ပြီးခဲ့တဲ့ Meta မှာ WK လောက်ကလွဲရင်(WK တောင်နောက်ပိုင်းမှာမဆက်တော့)ဘယ်သူမှမဆက်တော့တဲ့ Radiance ကို Buff ပေးထားပါတယ်။

အခုဆိုစာရွက်အစား Talisman of Evasion ကိုသုံးရမှာပါ။

ဒါ့အပြင် 15% Passive Evasion ပါဝင်ပြီဖြစ်လို့ Magic Immunity(BKB) နဲ့ကောင်တွေကို Miss မထတာမျိုးမဖြစ်တော့ပါဘူး။

Blind Effect 10% လည်းရှိသေးလို့ BKB မပါတဲ့ကောင်တွေဆို 25% Evasion တောင်ပါ။

SD တို့ OD တို့မြှပ်ထားရင်တော့ အဖွင့်အပိတ်လုပ်မရတော့ပါဘူး။

၉။ နောက်ဆုံးအနေနဲ့ Game ကို Impact ဖြစ်မယ်လို့ထင်တဲ့ Item အပြောင်းအလဲကတော့ Diffusal Blade ပါ။

အခုဆို Diffusal က ဈေးလည်းပေါသွားပြီး Stats လည်း နည်းနည်းပဲပေးတော့မှာပါ။

ဒါပေမယ့် Spec တို့လိုကောင်မျိုးက Diffusal Blade ဆီက Stats မလိုပါဘူး။

လိုက်ချလို့ရအောင် ဖမ်းဖို့ Slow ပဲလိုတာပါ။

ဒါ့အပြင်အခုဆို AM မှာလည်း Diffusal က Stack သွားပြီမလို့ AM ကို Echo Sabre, Diffusal Build တွေနဲ့ Early Online Carry အဖြစ်နဲ့မြင်ရနိင်ပါတယ်။

One thought on “7.31 Update Change Log: Items

Leave a Reply

Your email address will not be published.