Gaming Knowledge News

7.31 Change Log: General

7.31 Change Log: General

၁။ အရင်ဆုံးတိုးပေးထားတာကတော့ Hero Gold ပါ။

အရမ်းရှုပ်တဲ့တွက်ချက်နည်းတွေကို ကြည့်မနေနဲ့တော့။

အရင်ကထက် Base Gold 5 တိုးပေးထားတယ်။

Level ပေါ်မူတည်ပြီးရတဲ့ဟာကတော့ တူတူပါပဲ။

၂။ အခုဆို အရင်က CD Reduction တွေမ Stack ဖူးလုပ်ထားရာကနေ အခုပြန် Stack ပါပြီ။

Spell Prism ကတော့လျှော့ရင်းနဲ့ 12% ပဲကျန်တော့တယ်။

၃။ Bounty Rune တွေကို Triangle နားကနေ Primary Jungle ထဲကိုရွေ့လိုက်ပါတယ်။

ဘယ်နားလောက်လဲဆိုတော့ Outpost တွေဘေးနားမှာပါ။

၄။ Offlane က T1 T2 တွေကို အရှေ့နည်းနည်းတိုးထားပါတယ်။

ကျွန်တော်ကြည့်တာတော့ Dire ဘက်ကရှေ့ရောက်သွားပေမယ့် Radiant ဘက်ကတော့ နဂိုအတိုင်းနဲ့တူတူလိုပါပဲ။

၅။ အရေးပါတဲ့ပြင်ဆင်ချက် ၁ ခုကတော့ Fountain Dive အရမ်းလုပ်ချင်ကြတဲ့သူတွေကို နှိပ်ကွပ်မယ့်ဟာပါ။

သေပြီးပြန်ထွက်လာတဲ့ Hero တွေက သူတို့ Base ထဲမှာရန်သူ့ဘက်က Hero ၁ ကောင်ရှိတာနဲ့ သူတို့ကိုချလို့မရတော့ပါဘူး။

အဲ့ပြန်ထွက်လာတဲ့ကောင်တွေက ၁ ခုခုမလုပ်မချင်းပဲဖြစ်ပါတယ်။

လုပ်လိုက်တာနဲ့ Invulnerable Effect ကပျောက်သွားမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီပြင်ဆင်ချက်ကြောင့် Fountain Dive တွေတော်တော်နည်းသွားမှာဖြစ်သလို Fountain Farming လည်းလုပ်မရတော့ပါဘူး။

၆။ အခုဆို Winter’s Curse, Aether Remnant, Berserker Rage (Ensnare), Shackles, Life Drain, Dismember, Fortune’s End, Sinister Gaze, Searing Chains, Enchant Remnant, Rod of Atos, Gleipnir, Dark Troll Ensnare စတာတွေက Duration ရှိသမျှအချိန်မှာ True Sight Effect နဲ့မြင်နေရမှာဖြစ်ပါတယ်။

ဒါက Invisible နဲ့လုပ်စားရတဲ့ကောင်တွေအတွက် တော်တော်အခက်တွေ့စေမှာပါ။

၇။ Attack နဲ့ Armor Type တွေက အခုဆို Ability ကနေပဲပြတော့မှာပါ။

Damage ကတော့ သိပ်အပြောင်းအလဲမရှိပါဘူး။

ဒါပေမယ့် Creeps Vs Creeps နဲ့ Creeps vs Tower အနေအထားတွေမှာတော့ ပြောင်းလဲနိင်ပါတယ်။

အဲ့လို Ability တွေနဲ့ပြောင်းလိုက်တာအကြောင်းရှိပါတယ်။

အသစ်တွေထည့်ချင်လို့ပါ။

အခုဆို Ability ၃ ခုထပ်ထည့်ထားပါတယ်။

Piercing, Reinforced နဲ့ Runty တို့ပါ။

Piercing က Dota 1 ထဲကဆော့လာတဲ့သူတွေအတွက်မစိမ်းပါဘူး။

ကျန်တဲ့ ၂ ခုကတော့ အသစ်လိုဖြစ်နေမှာပါ။

Piercing Units တွေက non-hero unit တွေကို 150% Bonus Damage ထိမှာဖြစ်ပြီး Standard Unit တွေကိုတော့ 50% တောင်လျှော့ထိမှာပါ။

အဲလိုပဲ Reinforced Unit တွေက တခြား Reinforced Unit တွေကို 150% Bonus Damage ထိမှာဖြစ်ပြီး Hero တွေဆီလာတဲ့ Damage တွေကို 50% နဲ့ non-hero unit တွေကို 30% ထိမှာပါ။

Runty Unit တွေကတော့ ဟီးရိုးတွေကို 25% Damage လျော့နည်းပြီးထိမှာပါ။

ဘယ်ကောင်တွေက ဘာတွေဖြစ်မလဲဆိုတာကို ရိုးရိုးလေးပဲပြောပြပေးပါမယ်။

လမ်းက Melee Creep တွေက Runty Ability, Range Creep တွေက Piercing Ability နဲ့ ကားတွေနဲ့ Tower တွေက Reinforced Ability တွေရှိပါမယ်။

အဲ့ဒီ Ability တွေက Doom ငုံလည်း ပါမသွားပါဘူး။

Shaman မြွေတိုင်နဲ့ Veno မြွေတိုင်တွေကလည်း Piercing တွေပါ။

Neutral Creep တွေကတော့ Standard Attack Type တွေဖြစ်ကုန်ပါပြီ။

ဒါပေမယ့် မူလ Damage နဲ့တော့ သိပ်မကွာပါဘူး။

၈။ Neutral Item တွေက အခုဆိုကျပြီးရင် ကျအောင်လုပ်ထားတဲ့အသင်းဘက်က ဘာမကောက်မချင်းမြင်နေရမှာပါ။

Fog of War နဲ့ဖုံးမနေတော့ပါဘူး။

အရင်လိုဘယ်ပျောက်သွားမှန်းမသိတွေမဖြစ်တော့ဘူးပေါ့။

၉။ Neutral Creep တွေက အခုဆို ၇ မိနစ်ခွဲကြာတိုင်း HP 30, Armor 0.5, Base Damage 3, Attack Speed 5, Gold Bounty 1, XP Bounty 5 တက်မှာဖြစ်ပါတယ်။

အခါ ၃၀ ပဲတက်မှာဖြစ်လို့ 225 မိနစ်နောက်ပိုင်းတော့ တက်မှာမဟုတ်တော့ပါဘူး။

Lane Creep တွေနဲ့တူတူပါပဲ။

၁၀။ အခုဆို Ancient Camp အသစ် ၁ ခုနဲ့ Large Camp အသစ် ၁ ခုထပ်တိုးလာပါတယ်။

Event မှာမြင်ခဲ့ရတဲ့ကောင်တွေပါပဲ။

Ancient Camp မှာ Ancient Ice Shaman နဲ့ Ancient Frostbitten Golem ၂ ကောင်ပါ။

Ancient Ice Shaman

Ranged – 500 attack range

1500 HP / 400 mana
58-62 damage
290 move speed
3 armor
30% magic resistance
78-82 gold and 124 XP bounty
Level 6

သူ့ Ability က Ice Bomb ပါ။

အဲ့ကောင်ကြီးက အဲ့ဒါနဲ့ပစ်မှာဖြစ်ပြီး ထိရင် 50 DPS 8s ထိမှာဖြစ်ပါတယ်။

Building တွေကိုတော့ 25% ပဲထိမှာပါ။

Range 700. Mana Cost 100. CD 30s ပါ

Ancient Frostbitten Golem

Melee
900 HP
29-31 damage
300 move speed
7 armor
30% magic resistance
39-45 gold and 95 XP bounty
Level 5

အဲ့ ၂ ကောင် Ability ကတော့ အကောင်ကြီးထက်ပိုအသုံးဝင်မှာပါ။

CD10% လျှော့ပေးမယ့် Aura မလို့ပါ။

အဲ့ Aura ကို Hero တွေ Control လိုက်ရင် 1200 Radius ထိရမှာဖြစ်ပေမယ့် သွသူဆိုရင်တော့ 800 ပဲရှိပါတယ်။

Large Camp ကတော့ Warpine Raider ပါ။

Warpine Raider

Melee
850 HP / 300 mana
39-41 damage
310 move speed
6 armor
30% magic resistance
50-52 gold and 76 XP bounty
Level 5

သူ့ Ability ကတော့ Seed Shot ပါ။

ပစ်လိုက်ရင် ထိတဲ့ကောင်က 100% slow ကို 1s ဖြစ်မှာဖြစ်ပြီး Damage 100 ထိမှာပါ။

အဲ့ကောင်က WD Cask လို Bounce နိင်ပြီး 3 Bounces 4 Hit ထိနိင်ပါတယ်။

Range: 500. Mana cost: 100. Cooldown: 15s ပါ။

၁၁။ ကျန်တဲ့ Neutral Creep တွေလည်း Balance တွေလုပ်ထားပါတယ်။

သိပ်အရေးမပါတဲ့ Damage, Armor, HP, Base Attack Time, Turn Rate, Gold/XP Bounty ကိုပြန်ညှိထားတာလေးတွေတော့ မပြောတော့ပါဘူး။

Ability ပြောင်းထားတာလေးတွေပဲပြောပါမယ်။

(၁) ကျွန်တော်တို့ကြုံတိုင်းစားနေကြ Creep တိုက်တဲ့ Camp က Kobold Soldier ဆိုတဲ့ကောင်လေးက အခုဆို Disarm 3s လုပနိင်တဲ့ Ability ပါလာပါပြီ။

သူ ၃ ချက်ခုတ်တိုင်း Disarm မှာဖြစ်လို့ အဲ့ကောင်ကိုအရင်ရှင်းဖို့လိုလာပါပြီ။

(၂) Kobold ကတော့ Doom အကြိုက်ပါပဲ။

အဲ့ကောင်လေးမှာ Prospecting Aura ဆိုတာလေးပါလာပြီး အဲ့ဒါက 1200 Radius အတွင်းက Allied Hero တွေကို 20 GPM ပေးမှာပါ။

(၃) Hill Troll Berserker ဆိုတာ Creep တိုက်တဲ့ Camp က သွေးဖြည့်တဲ့အုပ်ထဲမှာပါတဲ့ကောင်ပါ။

အဲ့ကောင်မှာအခု Break ပါပါပြီ။

PA Player တွေကြည့်လုပ်ကြပေါ့။

(၄) သွေးဖြည့်ပေးတဲ့ကောင်မှာလည်း Heal AMF Aura ပါလာပါပြီ။

15% ပါ။

Chen တို့ သမင်မတို့အကြိုက်ပေါ့။

(၅) ရေခဲသရဲမအုပ်ကကောင်လေးမှာလည်း Vex ဆိုတာလေးပါလာပါပြီ။

3s Silence ပါ။

အခန့်မသင့်ရင် Escape ကောင်တွေ မသာပေါ်နိင်ပါတယ်။

(၆) ဌက်အုပ်က အကောင်က Ability ကလည်းအဆန်းပါ။

Take Off လို့ခေါ်ပြီး သုံးလိုက်ရင် Flying Movement ရမှာပါ။

2.5 Max Mana Per Second ကုန်မှာဖြစ်ပြီး Movement Speed 50% လျှော့ခံရမှာပါ။

Doom မှာအသုံးဝင်နိင်ပါတယ်။

(၇) ကျောက်တုံး Golem တွေက Ability အသစ်မပါပေမယ့် အခုဆို Player Controlled Creep တွေကို တခါတလေကျောက်ခဲနဲ့ပေါက်တော့မှာပါ။

Chain Stun တော့မလုပ်ပါဘူး။

(၈) Ogre အဝါရောင်မှာ Ogre Smash ပါလာမှာပါ။

အာ့ကပြေးတိုက်မှာပါ။

ထိရင် 3s Stun နဲ့ 200 Damage + 8% of Current HP ထိမှာပါ။

အဲ့ဒါလည်း ၁ ခါတလေထသုံးမှာဖြစ်ပြီး Chain Cast တော့မလုပ်ပါဘူး။

(၉) Wolf က Intimidate ဆိုတာလေးထပ်ပါလာပါတယ်။

300 Radius မှာရှိတဲ့ရန်သူတွေရဲ့ Damage ကို ၅၀% ထိလျှော့မှာဖြစ်ပြီး 4s ပါ။

ဒါက Chen သမင်မ Beastmaster တို့ကောင်တွေအတွက်အသုံးဝင်နိင်ပါတယ်။

(၁၀) ဒါကတော့ Ursa Camp မှာ ဘယ် Ursa သေသေ ဒီဟာပွင့်မှာပါ။

Death Throe Ability ကြောင့် အနားမှာရှိတဲ့ကောင်တွေ Buff ပေါင်းမှာပါ။

အနီသေရင် Base Attack 50% ပေါင်းမှာဖြစ်ပြီး အဝါသေရင်တော့ Attack Speed 100 တောင်ပေါင်းမှာပါ။

( ၁၁) Troll Camp မှာ အစက အကြီးမှာ ပိုက်ကွန်ပါပေမယ့် အခုက အသေး ၂ ကောင်မှာပဲပါတော့မှာပါ။

(၁၂) Ancient နဂါးအသေးမှာ Magic AMP တဲ့ Aura ပါလာမှာဖြစ်ပြီး 5% ပါ။

(၁၃) Ancient ကျောက်တုံးကောင်အသေးတွေမှာ Armor 2 လျှော့တဲ့ Aura ပါလာပါတယ်။

One thought on “7.31 Change Log: General

Leave a Reply

Your email address will not be published.