Gaming Knowledge

5 Secrets to Gain MMR

English Version Below

MMR တက်ဖို့အတွက် အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံးအချက်(၅)ချက်

Dota 2 မှာ MMR တက်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။

Cancer တွေ၊ Noob တွေအပြင် မြန်မာနိင်ငံမှာကစားတာဖြစ်တဲ့အတွက် မီးပြတ်မှာတွေ၊ လိုင်းကျမှာတွေပါ တွေးပြီးတော့ ပူနေရပါတယ်။

အဲ့လိုမျိုးရန်သူမျိုး(၅)ပါးအပြင် အခြားအချက်တွေကြောင့်လည်း MMR က တက်ဖို့မလွယ်ပဲနဲ့ ကျဖို့တော့ အရမ်းလွယ်ကူနေတာ ဖြစ်ပါတယ်။

ဒါကြောင့်မလို့ MMR တက်ဖို့အတွက် အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံးအချက်(၅)ချက်ကို ရေးပေးလိုက်ပါတယ်။

(၅) ကိုယ့်အတွက် လွယ်ကူမယ့် Hero တွေကိုပဲ ရွေးချယ်ပါ။

Valve ကနေပြီးတော့ ကစားသမားတွေကို လွယ်ကူတဲ့ဟီးရိုးတွေကိုပဲ ကစားပါလို့ပြောထားတာ အကြောင်းရှိပါတယ်။

တကယ်လို့ဘဒိုတို့အနေနဲ့ MMR ကို တကယ်တက်ချင်တယ်ဆိုရင် ကိုယ့်အတွက်ပေါ့ပေါ့ပါးပါးဖြစ်မယ့် Hero တွေကိုပဲ ရွေးချယ်ပြီးတော့ ကစားပါ။

ဘာလို့လဲဆိုတာကို ရိုးရိုးလေးပဲတွေးကြည့်ပါ။

ကိုယ့် Hero ကို ကိုယ့်အနေနဲ့ ကောင်းကောင်းကိုင်တွယ်ထိန်းချုပ်ထားနိင်မယ်ဆိုရင် တခြားကိစ္စတွေကို ပိုပြီးတော့ အာရုံစိုက်နိင်မှာပါ။

တခြားကိစ္စတွေဆိုတာ အသင်းဖော်အချင်းချင်းဖြစ်တဲ့ ရန်ပွဲတွေ၊ တစ်ဖက်အသင်းရဲ့လှုပ်ရှားမှုတွေ၊ Roshan အချိန်မှတ်တာတွေ စတာတွေကိုဆိုလိုတာပါ။

(၄) ပွဲအခြေအနေပေါ်လိုက်ပြီး Rotate လုပ်ပါ

Dota 2 ဆိုတာက Timing နဲ့ Positioning ကို အဓိကထားပြီးတော့ ကစားတဲ့ဂိမ်းပါ။

ဒါကြောင့်မလို့ Lane တိုင်းကို အဆက်မပြတ်လှုပ်ရှားပြီးတော့ ကစားတာကလည်း တဖက်ရန်သူတွေကို အခက်တွေ့စေမှာပါ။

ကိုယ်လှုပ်ရှားတဲ့နောက်ကို သူတို့လိုက်လာရင် သူတို့ထားခဲ့တဲ့လမ်းမှာ နေရာလွတ်တွေကျန်နေခဲ့မှာဖြစ်လို့ ကိုယ့်အသင်းဖော်တွေအတွက် ကစားပေါက်ချောင်လာစေပါတယ်။

(၃) အသင်းနဲ့ ပူးပေါင်းဆောင်ရွက်ပါ

ဒီအချက်ကတော့ Solo MMR မှာ နည်းနည်းခက်ပါလိမ့်မယ်။

ဘာလို့လဲဆိုတော့ ကိုယ့်ဘက်ကဘယ်သူပါလာမယ်ဆိုတာကို ကြိုပြီးမသိနိင်လို့ပါပဲ။

ဒါပေမဲ့ဘဒိုတို့အနေနဲ့ MMR တကယ်တက်ချင်တယ်ဆိုရင်တော့ Flexible ဖြစ်နေရမှာဖြစ်ပြီး ဘယ်သူနဲ့မဆို ပူးပေါင်းဆောင်ရွက်နိင်စွမ်းရှိရမှာ ဖြစ်ပါတယ်။

ကိုယ့်အသင်းဖော်တွေမပျော်ရွှင်ဘူးဆိုရင် သူတို့က ဘဒိုတို့အတွက် အသင်းဖော်ကောင်းတွေဖြစ်လာမှာမဟုတ်သလို ဘဒိုတို့လိုချင်တဲ့ နိင်ပွဲတွေလည်း ရလာမှာမဟုတ်ပါဘူး။

ဒါကြောင့် သူတို့အသင်းဖော်ကောင်းတွေဖြစ်လာအောင် ကိုယ့်အသင်းဖော်တွေပျော်ရွှင်စေဖို့ ဘာမဆိုလုပ်ပေးသင့်ပါတယ်။

Rank တင်နေတဲ့အချိန်မှာ မာနတွေကို ခဝါချသင့်ရင်လည်း ချရမှာပါပဲ။

တစ်ချို့ကောင်တွေ တော်တော်လူပါးဝတာတွေရှိပါတယ်။

ဒါပေမယ့် ဒီလိုပဲသည်းခံရမှာပါပဲ။

အဓိကက ကိုယ်က Rank တက်ဖို့လာကစားတာလေ။

ရန်လာဖြစ်တာမှ မဟုတ်တာ။

(၂) လေ့ကျင့်မှု၊ လေ့လာမှုကို မပြတ်လတ်ပါစေနဲ့

ကျွန်တော်မြင်ဖူးတဲ့ MMR မတက်တဲ့ကစားသမားတော်တော်များများကတော့ ဒီအတိုင်းဘာမှမလေ့လာ၊ မလေ့ကျင့်ပဲနဲ့ Rank တန်း Find ပြီး ရှုံးပွဲတွေဆက်ကုန်ကြတာပါပဲ။

ပြီးရင်ဒေါသတွေထွက်ပြီး ထပ် Find ၊ ထပ်ရှုံးနဲ့ MMR တွေပိုကျကုန်ပါတော့တယ်။

ဒါကြောင့်မလို့ Rank မဆော့ခင်မှာ Normal, Turbo, Demo စတာတွေမှာ အရင်ဆုံးလေ့ကျင့်သင့်ပါတယ်။
Update ထွက်တယ်ဆိုရင်လည်း Change Log ကို အရင်ဖတ်သင့်ပါတယ် ( ကျွန်တော်အမြဲ Change Log တွေကို Update ထွက်တာနဲ့ မြန်မာလိုရေးပေးနေပါတယ်)

သူငယ်ချင်းအုပ်တောင့်တဲ့သူတွေဆိုရင်တော့ Lobby ၊ Party Match တွေမှာ အရင်ဆုံး စမ်းကြည့်သင့်ပါတယ်။

ဒီလိုမျိုးတွေလေ့ကျင့်လိုက်ရလို့ ကုန်သွားတဲ့အချိန်က ဘာမှမလေ့ကျင့်လို့ Rank သွားဆော့ပြီး ကျသွားတဲ့ MMR တွေကို ပြန်ရှာနေရတဲ့အချိန်နဲ့စာရင် ဘာမှမဟုတ်ပါဘူး။

(၁) ဒေါသလုံးဝမကြီးပါနဲ့

အရေးအကြီးဆုံးနဲ့ နောက်ဆုံးအချက်ကတော့ လုံးဝဒေါသမကြီးပါနဲ့။

ဒီအချက်ကအရေးအကြီးဆုံံးဖြစ်ပေမယ့် လူအများစုလျစ်လျူရှုထားကြတဲ့အချက်ဖြစ်တာကိုလည်း အံ့အားသင့်ဖွယ်တွေ့ရပါတယ်။

ဒေါသထွက်နေရင် အဲ့ဒါကရန်သူတွေအတွက် အားသာချက်တစ်ခုဖြစ်သလို ဘဒိုတို့ကိုအရှုံးနွံထဲမှာ လည်းဆက်တိုက်နစ်မြုပ်သွားစေနိင်ပါတယ်။

ဒေါသထွက်နေတဲ့အချိန်မှာ သာမာန်ကိစ္စလေးတွေကိုတောင်မှ ထိလွယ်ရှလွယ်တွေ ဖြစ်တတ်ပါတယ်။

သိတဲ့အတိုင်း SEA Player တွေက နည်းနည်းလေး Blame လိုက်တာနဲ့ တန်း Throw တော့တာပါပဲ။

ဒါကြောင့်မလို့ ဒေါသထွက်နေတဲ့အချိန်မှာ လုံးဝမကစားပါနဲ့။

ဒီ Tips လေးတွေက လူတိုင်းမသိတာမဟုတ်ပဲ သိကြပါတယ်။

ဒါပေမယ့် တကယ်ကစားရင်တော့ ဘယ်သူမှသတိမရကြတော့ပါဘူး။

ပြီးတော့ ဒီ Tip လေးတွေက Dota ဆိုတဲ့ဂိမ်းတစ်ခုထဲအတွက်ပဲ အသုံးဝင်တာမဟုတ်ပါဘူး။

တစ်ခြားဂိမ်းတွေမှာလည်း သုံးလို့ရတာတွေ ပါဝင်ပါတယ်။

ဒါကြောင့်ဒီအချက်လေးတွေကို လိုက်နာပြီးတော့ကစားမယ်ဆိုရင် အချိန်တိုအတွင်းမှာပဲ အကျိုးဖြစ်ထွန်းလာတာကိုတော့ တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ။

အားလုံးပဲ Cancer တွေနဲ့ကင်းဝေးပြီးတော့ MMR တွေတက်ကြပါစေဗျာ။

English Version

5 Secrets to Gain MMR

Getting MMR in Dota 2 is not an easy task.

Cancer is everywhere.

Here are five basic steps you can take to begin the process of higher MMR.

(5)Choose heroes that are comfortable for you.

Valve tells players to play only easy heroes.

If you really want to get into MMR, choose only the heroes that are comfortable for you.

Think simple about why.

If you have good control over your hero, you will be able to focus more on other things.

Other issues include fights between teammates, the activities of the opposing team, Roshan respawn time and so on.

(4) Rotate depending on the situation

Dota 2 is a game that focuses on Timing and Positioning.

That’s why rotating other lanes constantly can make difficult for enemies on other lanes.

If they follow your every move, there will be space in the lanes they left behind, making it easier for your teammates to play.

(3) Cooperate with the team

This can be a bit tricky in Solo MMR.

Because you do not know in advance who will be on your side.

But if you really want to get MMR, you have to be flexible and able to work with anyone.

If your teammates are not happy, they will not be good teammates for you and you will not get the victories you want.

So you should do whatever it takes to make your teammates happy so that they will become good teammates.

Pride should be put away when playing ranked games.

Some of them are indeed toxic and annoying.

But you have to be patient.

The main thing is that you come to play to get MMR.

(2) Keep Study and Practice

Most of the low MMR players I’ve seen have never studied or practiced properly.

Without proper practices, you find matches and you will lose your MMR.

Then get angry and find match again.

With further losses, MMRs fall further.

Therefore, before playing Rank, you should first practice in Normal, Turbo, Demo, etc.

If an update comes out, you should read the Change Log first (I always write Change Logs as soon as the update comes out).

For those who have good friends, You should try it in lobby or party matches first.

If you think you are wasting time to do this kind of training, it is nothing more than when you have to go back and play MMRs that have fallen out of rank because you did not practice anything.

(1) Never get angry

Last but not least, never get angry.

This is the most important fact, but it is also surprising that most people ignore it.

When angry, it can be an advantage for the enemy, and it can cause you to continue to sink into soil of defeat.

When you are angry, even the most trivial things can happen.

As you know, SEA players are too toxic and start throwing even you only blame them a little.

So do not play at all when you are angry.

Everyone knows these tips.

But in reality, no one remembers.

And these tips aren’t just for Dota games.

It can also be used in other games.

So, if you follow these tips, you will see the benefits in a short time.

Leave a Reply

Your email address will not be published.