News

5 Players Who Will Miss DPC Tour 3

DPC Summer Tour(Tour 3) ကိုလွဲချော်မည့်နာမည်ကြီးကစားသမား ၅ ဦး

DPC 2021-2022 Season ရဲ့နောက်ဆုံး Tour ကိုတော့ မကြာခင်မှာပဲစတင်တော့မှာဖြစ်ပါတယ်။

ဒီ Tour က အောက်တိုဘာလမှာ စင်ကာပူနိင်ငံမှာကျင်းပမယ့် TI11 ကိုဝင်ချင်တဲ့အသင်းတွေအတွက် နောက်ဆုံးအခွင့်အရေးလို့လည်း ဆိုနိင်ပါတယ်။

အကြောင်းကတော့ ဒီနှစ် TI မှာ အရင်နှစ်တွေလိုမျိုး Open Qualifier တွေမရှိပါဘူး။

ဒါ့ကြောင့် ဒီ Tour မှာ DPC တွေကိုရနိင်သလောက်စုဆောင်းနိင်မှသာ Regional Qualifier တွေကနေတဆင့် TI11 ကိုတိုက်ရိုက် ဒါမှမဟုတ်အနိမ့်ဆုံးအနေနဲ့ Offline ကစားရမယ့် Last Chance Qualifier ကိုဝင်ခွင့်ရမှာဖြစ်လို့ပါ။

ဒါ့ကြောင့် TI ဝင်ချင်တဲ့အသင်းတွေအနေနဲ့ Region ၁ ခုခုရဲ့ Division I မဟုတ်တောင် Division II မှာဝင်ကစားခွင့်ရမှ TI သွားဖို့အခွင့်အရေးတွေရလာမှာပါ။

ဒါကဘာကိုဆိုလိုလဲဆိုရင် လက်ရှိမှာအသင်းလက်မဲ့ဖြစ်နေတဲ့ကစားသမားတွေအနေနဲ့ TI မှာ Slot ရမယ့်အသင်းတွေထဲကတသင်းသင်း Roster အပြောင်းအလဲလုပ်မှသာ TI11 မှာကစားခွင့်ရမှာဖြစ်ပါတယ်။

ဒီ Tour 3 မှာတော့ နာမည်ကျော်ကစားသမားတချို့မပါဝင်ခဲ့ပါဘူး။

အဲ့ဒီထဲက ပရိတ်သတ်နဲ့ရင်းနှီးပြီးသားနာမည်ကျော်ကစားသမား ၅ ယောက်ကတော့

(၅) JerAx

EG အနေနဲ့ ပြီးခဲ့တဲ့ Stockholm Major မှာ Meta ကိုမလိုက်နိင်ခဲ့ပဲ ဘိုးတော်ဘုရားလေးဘက်ထောက် Meta နဲ့ကစားခဲ့လို့ အုပ်စုကနေပဲ ကြမ်းတိုက်ပြီးပထမဆုံးထွက်ခဲ့ရပါတယ်။

ရလဒ်ကလည်း 2-10 တောင်ဖြစ်လို့ ဘယ်လိုမှကိုအဖတ်ဆယ်လို့ကိုမရတာပါ။

ဒါ့ကြောင်ပဲ သိပ်မကြာခင်မှာပဲ Roster အပြောင်းအလဲလုပ်ခဲ့ပြီး JerAx နဲ့လမ်းခွဲခဲ့ပါတယ်။

JerAx လို TI ၂ ကြိမ်ဆက်ယူထားတဲ့သူက နောက်တကြီမ်ဝင်မပြိုင်ရလို့ မျက်တောင်တောင်ခတ်စရာအကြောင်းမရှိပါဘူး။

ဒါပေမယ့်ပရိတ်သတ်တွေကတော့ JerAx ကို TI မှာထပ်မြင်ချင်နေကြပါတယ်။

(၄) RodjER

တချိန်က Virtus Pro နဲ့အတူ ကမ္ဘာ့အကောင်းဆုံး Position 4 တွေထဲက ၁ ယောက်ဖြစ်ခဲ့ဖူးတဲ့ RodjER က CIS နာမည်ကြီးအသင်းဖြစ်တဲ့ NaVi ကို 2020 စက်တင်ဘာမှာ FlyToMoon Roster ၁ ခုလုံးနဲ့အတူဝင်ရောက်ခဲ့ပါတယ်။

စစချင်းမှာတော့ အစမ်းခန့်သဘောပဲဖြစ်ပေမယ့် လက်စွမ်းကောင်းတွေကိုပြနိင်ခဲ့တာကြောင့် Official Roster ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် Singapore Major ကိုလွဲချော်ပြီးနောက်မှာတော့ TI ကိုဆက်တိုက်ဝင်ခွင့်ရနေတဲ့ RodjER တယောက် TI10 နဲ့လွဲချော်ခဲ့ပါတယ်။

ဒါ့ကြောင့် ၂၀၂၁ သြဂုတ်လမှာ Inactive ခဏဖြစ်သွားခဲ့ပြီး နိုဝင်ဘာလမှာတော့ CIS Rejects အသင်းနဲ့အတူ 2021-2022 DPC ကိုဝင်ကစားခဲ့ပါတယ်။

Tour 1 မှာ Division II ကစားဖို့တောင် Open Qualifier ကနေကစားခဲ့ရပေမယ့် တာထွက်ကောင်းခဲ့ပြီး ပထမနေရာနဲ့ Tour 2 မှာ Division I ကစားခွင့်ရခဲ့ပါတယ်။

ဒါပေမယ့် ယူကရိန်းစစ်ပွဲကြောင့် Tour 2 ကိုဧပြီလမှာသာကစားခွင့်ရခဲ့ပြီး အမြန်ဆုံးနည်းနဲ့ပုဂံလုံးစီးခဲ့ရတဲ့ EEU Tour 2 မှာတောာ RodjER တို့ ၁ သိုက်ဟာ Stockholm Major တော့ သွားခွင့်မရခဲ့ပါဘူး။

ဒါ့ကြောင့် RodjER က မေလမှာ အသင်းသစ်ကိုရှာဖွေနေတယ်လို့ Twitter မှာတင်ခဲ့ပေမယ့် ၁ သင်းမှမခေါ်ခဲ့ပါဘူး။

(၃) iLTW

Nigma Fan တွေရဲ့နှလုံးသားကို ရေတောင်မဆေးပဲ ဓားနဲ့ခွဲပြီး ဆားအပြည့်သိပ်ခဲ့တဲ့ iLTW ကို Kuroky လည်းသည်းမခံနိင်တော့ပဲ Tour 2 အပြီးမှာတော့ လမ်းခွဲခဲ့ပါတယ်။

iLTW အနေနဲ့ 2021 April မှာမှ Nigma ကို w33 အစားဝင်ဖို့ရောက်လာခဲ့တာဖြစ်ပါတယ်။

သူ့အနေနဲ့ အရင်ကလည်း OG မှာ ၃ လတာကစားခဲ့ဖူးပြီး Ana ပြန်ရောက်လာချိန်မှာတော့ နေရာဖယ်ပေးခဲ့ရပါတယ်။

သူ့ရဲ့လက်စွမ်းဆိုးဝါးမှုတွေကြောင့် တော်တော်သတ္တိကောင်းတဲ့အသင်းတွေကလွဲရင် TI မှာသူ့ကိုဘယ်သူမှခေါ်ကစားရဲမယ်လို့လည်းမထင်ပါဘူး။

(၂) Resolut1on

ဒီလကတော့ Reso အနေနဲ့ Burnout ဖြစ်တာကိုကုသဖို့ ၁ နှစ်အနားယူမယ်လို့ကြေငြာခဲ့တဲ့ ၈ လမြောက်လလည်းဖြစ်ပါတယ်။

သူ့ကို Competitive Scene မှာနောက်ဆုံးတွေ့ခဲ့ရတာကတော့ HellRaisers မှာဖြစ်ပြီး 2021 DPC ရဲ့ Upper နဲ့ Lower Division တွေမှာ တိုက်ပွဲဝင်ပေးခဲ့ပါတယ်။

Reso က အအောင်မြင်ဆုံး ယူကရိန်းကစားသမားတွေထဲက ၁ ယောက်ဖြစ်ပါတယ်။

TI6 မှာ Digital Chaos နဲ့အတူ စင်ဒရဲလားပုံပြင်ကိုဖန်တီးပြီး Grand Finals ထိရောက်ခဲ့သလို TI7 မှာလည်း Team Empire ကို Top 8 ဝင်အောင် Stand-in ဘဝနဲ့ထမ်းတင်ပေးနိင်ခဲ့ပါတယ်။

ဒီလအစောပိုင်းမှာ Reso အနေနဲ့ အသင်းသစ်ရှာဖွေနေတယ်လို့ကြေငြာထားခဲ့ပြီး ဘယ်သူမှတော့ခေါ်ယူခဲ့ခြင်းမရှိပါဘူး။

(၁) KheZu

Quincy Crew အနေနဲ့ အသင်းတည်ထောင်ပြီး ၂ နှစ်လောက်ကြာတဲ့အထိ ဘာစပွန်ဆာမှလည်းမရှိခဲ့သလို လူစာရင်းအပြောင်းအလဲလည်း မလုပ်ခဲ့ပါဘူး။

ဒါပေမယ့် 2021-2022 DPC မှာတော့ လူစာရင်းအကြီးအကျယ်ပြောင်းလဲခဲ့ပြီး NA Player မဟုတ်တဲ့ကစားသမား ၃ ယောက်ထိခေါ်ယူခဲ့ပြီး KheZu က ၁ ယောက်အပါအဝ်ဖြစ်ခဲ့ပါတယ်။

Tour 1 ရော Tour 2 မှာပါလက်စွမ်းကောင်းတွေကိုပြသနိင်ခဲ့ပေမယ့် အရေးအကြီးဆုံးအချိန်မှာမှ ၁ လွဲလုပ်ခဲ့လို့ မေဂျာဝင်ခွင့်မရခဲ့ပါဘူး။

ဒါ့ကြောင့် အသင်းလူစာရင်းကနေ NA Player မဟုတ်တဲ့သူ ၃ ယောက်ကိုပြန် Kick ခဲ့လို့ KheZu လည်း ဘုံပျောက်သွားခဲ့ရပါပြီ။

ဒီကစားသမားတွေအနေနဲ့ Tour 3 မှာမပါလာပေမယ့် TI11 မှာပါဖို့တော့ မျှော်လင့်ချက်မကုန်သေးလို့ သူတို့ပါချင်လည်း ပါလာနိင်ပါသေးတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published.