News

23savage Describes About Difference Between Talon and His Previous Teams

English Version Below

လက်ရှိကစားနေတဲ့ Talon နဲ့ အရင်အသင်းတွေရဲ့ကွာခြားမှုကိုပြောလိုက်တဲ့ 23savage

လက်ရှိအကောင်းဆုံး SEA Carry Player တွေထဲက ၁ ယောက်ဖြစ်တဲ့ 23savage က အသက်အရွယ်အားဖြင့်ငယ်ရွယ်သေးပေမယ့် SEA အသင်းအတော်များများမှာ ကစားခဲ့ဖူးပြီး အတွေ့အကြုံရင့် Player တယောက်ဖြစ်နေပြီလို့ ပြောနိင်ပါတယ်။

အဲ့လိုအသင်းတွေထဲမှာ Fnatic, T1 နဲ့ Talon တို့လိုမျိုး SEA အသင်းကြီးအသင်းကောင်းတွေလည်း ပါဝင်နေပါတယ်။

ပြီးခဲ့တဲ့ DPC Post Match Winner Interview ၁ ခုမှာတော့ 23Savage က သူအရင်ကကစားခဲ့တဲ့အသင်းတွေနဲ့ လက်ရှိကစားနေတဲ့ Talon Esports တို့ရဲ့ကွာခြားမှုကို ပြောလိုက်ပါတယ်။

Fnatic နဲ့ T1 တို့လိုအသင်းတွေမှာ ဝါရင့်ကစားသမားတွေများပေမယ့် Talon မှာတော့ အဲ့လိုမရှိတာကြောင့် သူကပဲ အသင်းကိုဦးဆောင်နေရတယ်လို့ ဆိုပါတယ်။

Talon မှာ ဝါရင့်ကစားသမားဆိုလို့ သူပြီးရင် kpii တယောက်သာရှိတာဖြစ်ပါတယ်။

23savage က DPC SEA 2021-22 Tour 2: DIvision 2 မှာ Talon ရဲ့ ၄ ပွဲဆက်နိင်ပွဲအပြီးမှာပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ အခုလိုပြောခဲ့တာပါ။

“ဒီအသင်းက အခြေအနေတွေကတော့ ကျွန်တော် Fnatic နဲ့ T1 တို့မှာတွေ့ကြုံခဲ့တာတွေနဲ့တော့ မတူပါဘူး။

အဲ့အသင်းတွေမှာက အတွေ့အကြုံရင့်ကျက်တဲ့ ဝါရင့်ကစားသမားတွေများပေမယ့် ဒီအသင်းမှာကတော့ အတွေ့အကြုံသိပ်မရှိကြသေးပါဘူး။

ဒါ့ကြောင့် ကျွန်တော်ကအသင်းကို ဦးဆောင်နေရတယ်လို့ပြောလို့ရပြီး အဲ့လိုလုပ်ခွင့်ရတာကိုလည်း ပျော်ရွှင်နေပါတယ်”လို့ပြောခဲ့တာပါ။

23Savage အနေနဲ့ Fnatic နဲ့ T1 တို့မှာတော့ SEA မှာ အတွေ့အကြုံအများဆုံးလို့ပြောလို့ရတဲ့ Player တွေဖြစ်တဲ့ iceiceice, Kuku, DJ တို့လိုကစားသမားတွေနဲ့ တွဲဖက်ကစားခွင့်ရခဲ့တာပါ။

အဲ့အသင်းတွေမှာ အတိုင်းအတာ ၁ ခုအထိအောင်မြင်ခဲ့တယ်လို့တော့ပြောလို့ရပေမယ့် သူ့ရဲ့ မရင့်ကျက်မှု၊ Toxic ဆန်မှုတွေကြောင့် ထွက်ခွာခဲ့ရပါတယ်။

လက်ရှိ Talon မှာတော့ ဝါရင့်ကစားသမားတွေသိပ်မပါပေမယ့် သူတို့ Young Talent Squad ဟာ Division 2 မှာတော့ ရလဒ်ကောင်းတွေကို ရယူထားပါတယ်။

လက်ရှိ Tour 2 မှာ ၁ ပွဲမှမရှုံးသေးပဲ ပွဲတိုင်းကိုအနိင်ကစားထားပါတယ်။

သူတို့အနေနဲ့ အဲ့နိင်ပွဲတွေကို ဘာဖိအားမှမရှိပဲ ရယူခဲ့ပုံကိုလည်း အခုလိုပြောထားပါတယ်။

“ဒီနိင်ပွဲတွေအတွက် ဘယ်လိုမှတောင်မခံစားရပါဘူး။

ကျွန်တော်တို့ကကစားသမျှပွဲတိုင်းကိုအနိင်ကစားဖို့ပဲစဉ်းစားနေတာမလို့ ၄ ပွဲဆက်အနိင်က အဲ့ဒါရဲ့အစိတ်အပိုင်း ၁ ခုဖြစ်ရုံပါပဲ။

ကျွန်တော်တို့ Division 1 ကိုရောက်အောင်သွားပြီးတော့ Major နဲ့ TI တွေကိုလည်း သွားမှာပါ”

Talon Esports ရဲ့လက်ရှိပြသထားတဲ့လက်စွမ်းတွေနဲ့ ရလဒ်ကောင်းတွေအရ DIvision I ကိုတက်ခွင့်ရမယ့် Slot 2 နေရာထဲက ၁ နေရာကို အပိုင်သိမ်းထားနိင်ပြီလို့ ပြောလို့ရပါတယ်။

သူတို့သာ ခြေချော်လက်ချော် ၁ ခုခုမဖြစ်ဖူးဆိုရင် လက်ရှိမှာသူတို့လိုပဲ ပွဲတိုင်းကိုအနိင်ကစားထားတဲ့ RSG နဲ့တွေ့မယ့်ပွဲက Division II ချန်ပီယံဘယ်သူဖြစ်မလဲဆိုတာလောက်ပဲ အဆုံးအဖြတ်ပေးသွားမယ်လို့ ယူဆရပါတယ်ခင်ဗျာ။

သူတို့ ၂ သင်းတွေ့မယ့်ပွဲစဉ်ဇယားကတော့ အခုထိမထွက်သေးပါဘူး။

ထပ်သိရရင် ထပ်တင်ပေးပါ့မယ်။

English Version

23savage Describes About Difference Between Talon and His Previous Teams

One of the current best SEA Carry Players, 23savage is young but has played for many SEA teams and is an experienced player.

Among them are good SEA teams like Fnatic, T1 and Talon.

In a recent DPC Post Match Winner interview, 23Savage spoke about the differences between his previous teams and his current talon esports.

Teams like Fnatic and T1 have a lot of experienced players, but Talon doesn’t have that, so he leads the team.

Kpii is the only veteran player after him in Talon.

23savage said in an interview after Talon’s four-match winning streak in DPC SEA 2021-22 Tour 2: DIvision 2.

“Things here are a bit different from what I have experienced because before, I was in Fnatic, T1.
They were pretty experienced but right now my teammates do not have a lot of experience so right now, I kinda lead them sometimes.
It’s more fun.”

At Fnatic and T1, He had the opportunity to play with some of the most experienced players in the SEA, such as iceiceice, Kuku, and DJ.

It can be said that he has succeeded to some extent in those teams, but because of his immaturity and toxic behaviours, he had to leave.

Talon does not currently have many experienced players, but their Young Talent Squad has had good results in Division 2.

In the current Tour 2, they have not lost a single match and have won every match.

“Nothing. We just need to win everything anyway so it’s just part of the progress.
We gonna go to Division 1 and hopefully, we can get to the Major and TI.”

With Talon Esports’ current talent and results, it is safe to say that one of the two slots for DIvision I has been secured for them.

If they don’t do big mistakes, I think the game against RSG, who have won every game like theirs at the moment, will only be decide who will be Division II Champion.

The match schedule for the two teams has not been announced yet.

I will post more if I know more.

Leave a Reply

Your email address will not be published.