ျမင္း လို လူလား ၊ ငန္း လို လူလား….?

ျမင္း လို လူလား ၊ ငန္း လို လူလား….?
Blog

ျမင္း လို လူလား ၊ ငန္း လို လူလား….?

တစ္ခါက စားက်က္ တစ္ခုမွာ ျမင္း တစ္ေကာင္နဲ႔ ငန္း တစ္ေကာင္ ဆုံမိၾကတယ္ ။ ငန္း က ျမင္းကို ၾကည့္ၿပီး ျမင္းရဲ႕ အမူအရာကို ေလွာင္ေျပာင္ ေျပာဆို သတဲ့ ။ ျမင္းရဲ႕ ပုံစံကို သေဘာမက် မထီမဲ့ျမင္ လို႔ ထင္တယ္ဗ် ။ အဲဒါနဲ႔ ဘဲငန္းတို႔ရဲ႕ ထုံးစံအတိုင္း အသံ စူးစူးဝါးဝါး နဲ႔ေျပာဆိုသတဲ့ ။“ ဟဲ့ ျမင္း …..၊ ငါတို႔က မင္းထက္ ပိုႀကီးက်ယ္ တဲ့ အေကာင္ ပါကြ၊ မင္း ခႏၶာကိုယ္ အေကာင္ႀကီးႀကီး က ဘယ္ေလာက္ ထိေအာင္မ်ား အသုံးက် လို႔လဲ ။ ငါဆိုရင္ ေျမႀကီးေပၚမွာလဲ ေကာင္းေကာင္း လမ္းေလွ်ာက္ ႏိုင္တယ္ ။ ေလမွာလည္း ေဟာဒီ အေတာင္ႏွစ္ ဖက္နဲ႔ ပ်ံခ်င္သလို ပ်ံႏိုင္ရဲ႕…။ အဲ ေရစပ္နားကို ေရာက္လို႔ ေရျပင္မွာလည္း ကူးခပ္လို႔ ေအးေအးေဆးေဆး ေဆာ့ကစား ႏိုင္တယ္ ။

ငါက ေကာင္းကင္ ဆို ငွက္ ၊ ေရ မွာက ငါး ၊ ေျမႀကီးမွာ ဆင္၊ ကြၽဲ ၊ ႏြား လိုသတၱဝါ သုံမ်ိဳး လုံး ရဲ႕ စြမ္အား ေတြ ရွိတယ္ ကြ ´´ျမင္းက သည္စကား ၾကားေတာ့ ဟက္ဟက္ပက္ပက္ ရယ္ ရင္း….။ “ကိုေ႐ႊငန္းရယ္ ခင္ဗ်ားက သတၱဝါ သုံးမ်ိဳးလုံးရဲ႕ စြမ္အားေတြ ရွိသတဲ့ ။ ဟုတ္ပါၿပီ ဘယ္ေနရာမွာမဆို မျဖစ္ညစ္က်ယ္ေလး လုပ္တတ္ သေလာက္ ႀကီးႀကီးက်ယ္က်ယ္ ေျပာတတ္ပါဘိ ။ မစို႔မပို႔ ခင္ဗ်ား စြမ္းအားလည္း ျပန္သုံးသပ္ပါဦး ။ ေဝဟင္မွာ ပ်ံ တယ္ တဲ့ ။ ခႏၶာကိုယ္ မႏိုင္မနင္း ကို မ သယ္ၿပီး ေျမႀကီးက လြတ္႐ုံေလး ပ်ံတတ္ တာကိုပဲ ငွက္စာရင္း သြင္း ၊ စင္ေရာ္ ေတြ သိမ္းငွက္ေတြ လို ဆိုခ်င္ေသး ။

ဘာတဲ့ ေရျပင္မွာ ဆို ငါး ။ ဟုတ္ စ ။ ၿငိမ္ေနတဲ့ ကန္ေရျပင္မွာ ေတာင္ ေ႐ြ႕႐ုံေလး လႈပ္ရွား ေလထန္ မိုးထန္တဲ့ အခါ တုန္လႈပ္ ေျခာက္ျခား ထြက္ေျပး ရတာ မ်ားဗ် ။ ေရကူး ခ်န္ပီယံ ကိုေ႐ႊငါးေတြလို သူ႔ကိုသူ ဆိုလို႔…။ အဲ ေျမႀကီးေပၚ လမ္းေလွ်ာက္ ျပန္ေတာ့ ေရာ ဗ်ာ ။ ေျခကားကားႀကီးေတြကို ကားရား ကားရား နဲ႔ မလႈပ္တလႈပ္ေလွ်ာက္ ။ လည္ႀကီး ဆန႔္ငင္ ဆန႔္ငင္ နဲ႔ ေတြ႕တဲ့သူ ေပၾကည့္ၾကည့္ၿပီး စူးစူးဝါးဝါး ေအာ္ေဟာက္ ျမည္တြန္ ေတာက္တီး တတ္ေသး ။

ခင္ဗ်ားကို ခ်စ္လွပါခ်ည့္ရဲ႕ ဆိုတဲ့ လူေတြ မရွိသေလာက္ ရွားတာကိုေရာ သတိထားမိရဲ႕လား ကြယ္ ။ က်ဳပ္က ခင္ဗ်ားေျပာသလို တစ္မ်ိဳးတည္း စြမ္းတာ မွန္တယ္ ။ ဒါေပမဲ့ တစ္မ်ိဳးဆို တစ္မ်ိဳး ဆိုသေလာက္ စြမ္းတယ္ဗ် ။ က်ဳပ္ခႏၶာကိုယ္က အပိုအလို အသုံးမဝင္တဲ့ ေနရာမရွိ ၊ အရွိန္အဟုန္နဲ႔ ေျပးဖို႔ အားလုံး ေနသားတက် ျဖစ္ထြန္း လာတဲ့ ေကာင္ဗ် ။ က်ဳပ္ေျခတံ လက္တံ ႂကြက္သားစိုင္ေတြကို ၾကည့္ၿပီး ဘယ္ေလာက္ ေျပးႏိုင္သလဲ ဆိုတာ အကုန္သိတယ္ ။ ေျပးရင္ ေျပးသေလာက္ ခႏၶာကိုယ္က ခြန္အားေတြ ကိန္းေအာင္းလို႔ ထြက္လာတယ္ဆိုတာ သိႏိုင္တယ္ ။

ဟုတ္တယ္ …..ငါက တစ္မ်ိဳးတည္း သမားပါ ။ တစ္မ်ိဳးဆို တစ္မ်ိဳး ဆိုသေလာက္ ထိပ္ဆုံးကို ေရာက္ေအာင္ စြမ္းတဲ့ ေကာင္မ်ိဳး ။ ခင္ဗ်ားလို ဟိုစပ္စပ္ ဒီစပ္စပ္ တတ္သလို နပ္သလိုနဲ႔ ဘယ္ေနရာမွ တြက္တြင္က်ယ္က်ယ္ အသုံးမက် တတ္တဲ့ ေကာင္မ်ိဳးမဟုတ္ဘူး ´´ျမင္းက ေဒါနဲ႔ေမာနဲ႔ ေျပာလိုက္ ေလသည္ ။ ကြၽန္ေတာ္ တို႔ေရာ ငန္းလား ၊ ျမင္း လား ။ တစ္ခုဆို တစ္ခုဆိုသေလာက္ တစ္မ်ိဳးဆို တစ္မ်ိဳး ဆို သေလာက္ ေပါက္ေရာက္ေအာင္ အစြမ္းထက္ ကိုေ႐ႊျမင္းလိုမိမိစြမ္းတဲ့ ဘက္ကို ထိပ္ဆုံးေရာက္ေအာင္ တက္ၾကပါစို႔….။

Credit:Sayarlay(DDE)

Unicode

မြင်း လို လူလား ၊ ငန်း လို လူလား….?

တစ်ခါက စားကျက် တစ်ခုမှာ မြင်း တစ်ကောင်နဲ့ ငန်း တစ်ကောင် ဆုံမိကြတယ် ။ ငန်း က မြင်းကို ကြည့်ပြီး မြင်းရဲ့ အမူအရာကို လှောင်ပြောင် ပြောဆို သတဲ့ ။ မြင်းရဲ့ ပုံစံကို သဘောမကျ မထီမဲ့မြင် လို့ ထင်တယ်ဗျ ။ အဲဒါနဲ့ ဘဲငန်းတို့ရဲ့ ထုံးစံအတိုင်း အသံ စူးစူးဝါးဝါး နဲ့ပြောဆိုသတဲ့ ။“ ဟဲ့ မြင်း …..၊ ငါတို့က မင်းထက် ပိုကြီးကျယ် တဲ့ အကောင် ပါကွ၊ မင်း ခန္ဓာကိုယ် အကောင်ကြီးကြီး က ဘယ်လောက် ထိအောင်များ အသုံးကျ လို့လဲ ။ ငါဆိုရင် မြေကြီးပေါ်မှာလဲ ကောင်းကောင်း လမ်းလျှောက် နိုင်တယ် ။ လေမှာလည်း ဟောဒီ အတောင်နှစ် ဖက်နဲ့ ပျံချင်သလို ပျံနိုင်ရဲ့…။ အဲ ရေစပ်နားကို ရောက်လို့ ရေပြင်မှာလည်း ကူးခပ်လို့ အေးအေးဆေးဆေး ဆော့ကစား နိုင်တယ် ။

ငါက ကောင်းကင် ဆို ငှက် ၊ ရေ မှာက ငါး ၊ မြေကြီးမှာ ဆင်၊ ကျွဲ ၊ နွား လိုသတ္တဝါ သုံမျိုး လုံး ရဲ့ စွမ်အား တွေ ရှိတယ် ကွ ´´မြင်းက သည်စကား ကြားတော့ ဟက်ဟက်ပက်ပက် ရယ် ရင်း….။ “ကိုရွှေငန်းရယ် ခင်ဗျားက သတ္တဝါ သုံးမျိုးလုံးရဲ့ စွမ်အားတွေ ရှိသတဲ့ ။ ဟုတ်ပါပြီ ဘယ်နေရာမှာမဆို မဖြစ်ညစ်ကျယ်လေး လုပ်တတ် သလောက် ကြီးကြီးကျယ်ကျယ် ပြောတတ်ပါဘိ ။ မစို့မပို့ ခင်ဗျား စွမ်းအားလည်း ပြန်သုံးသပ်ပါဦး ။ ဝေဟင်မှာ ပျံ တယ် တဲ့ ။ ခန္ဓာကိုယ် မနိုင်မနင်း ကို မ သယ်ပြီး မြေကြီးက လွတ်ရုံလေး ပျံတတ် တာကိုပဲ ငှက်စာရင်း သွင်း ၊ စင်ရော် တွေ သိမ်းငှက်တွေ လို ဆိုချင်သေး ။

ဘာတဲ့ ရေပြင်မှာ ဆို ငါး ။ ဟုတ် စ ။ ငြိမ်နေတဲ့ ကန်ရေပြင်မှာ တောင် ရွေ့ရုံလေး လှုပ်ရှား လေထန် မိုးထန်တဲ့ အခါ တုန်လှုပ် ခြောက်ခြား ထွက်ပြေး ရတာ များဗျ ။ ရေကူး ချန်ပီယံ ကိုရွှေငါးတွေလို သူ့ကိုသူ ဆိုလို့…။ အဲ မြေကြီးပေါ် လမ်းလျှောက် ပြန်တော့ ရော ဗျာ ။ ခြေကားကားကြီးတွေကို ကားရား ကားရား နဲ့ မလှုပ်တလှုပ်လျှောက် ။ လည်ကြီး ဆန့်ငင် ဆန့်ငင် နဲ့ တွေ့တဲ့သူ ပေကြည့်ကြည့်ပြီး စူးစူးဝါးဝါး အော်ဟောက် မြည်တွန် တောက်တီး တတ်သေး ။

ခင်ဗျားကို ချစ်လှပါချည့်ရဲ့ ဆိုတဲ့ လူတွေ မရှိသလောက် ရှားတာကိုရော သတိထားမိရဲ့လား ကွယ် ။ ကျုပ်က ခင်ဗျားပြောသလို တစ်မျိုးတည်း စွမ်းတာ မှန်တယ် ။ ဒါပေမဲ့ တစ်မျိုးဆို တစ်မျိုး ဆိုသလောက် စွမ်းတယ်ဗျ ။ ကျုပ်ခန္ဓာကိုယ်က အပိုအလို အသုံးမဝင်တဲ့ နေရာမရှိ ၊ အရှိန်အဟုန်နဲ့ ပြေးဖို့ အားလုံး နေသားတကျ ဖြစ်ထွန်း လာတဲ့ ကောင်ဗျ ။ ကျုပ်ခြေတံ လက်တံ ကြွက်သားစိုင်တွေကို ကြည့်ပြီး ဘယ်လောက် ပြေးနိုင်သလဲ ဆိုတာ အကုန်သိတယ် ။ ပြေးရင် ပြေးသလောက် ခန္ဓာကိုယ်က ခွန်အားတွေ ကိန်းအောင်းလို့ ထွက်လာတယ်ဆိုတာ သိနိုင်တယ် ။

ဟုတ်တယ် …..ငါက တစ်မျိုးတည်း သမားပါ ။ တစ်မျိုးဆို တစ်မျိုး ဆိုသလောက် ထိပ်ဆုံးကို ရောက်အောင် စွမ်းတဲ့ ကောင်မျိုး ။ ခင်ဗျားလို ဟိုစပ်စပ် ဒီစပ်စပ် တတ်သလို နပ်သလိုနဲ့ ဘယ်နေရာမှ တွက်တွင်ကျယ်ကျယ် အသုံးမကျ တတ်တဲ့ ကောင်မျိုးမဟုတ်ဘူး ´´မြင်းက ဒေါနဲ့မောနဲ့ ပြောလိုက် လေသည် ။ ကျွန်တော် တို့ရော ငန်းလား ၊ မြင်း လား ။ တစ်ခုဆို တစ်ခုဆိုသလောက် တစ်မျိုးဆို တစ်မျိုး ဆို သလောက် ပေါက်ရောက်အောင် အစွမ်းထက် ကိုရွှေမြင်းလိုမိမိစွမ်းတဲ့ ဘက်ကို ထိပ်ဆုံးရောက်အောင် တက်ကြပါစို့….။

Credit:Sayarlay(DDE)

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ရွက္ သင့္ တာ ကို ရွက္
Blog
ရွက္ သင့္ တာ ကို ရွက္

ရွက္ သင့္ တာ ကို ရွက္ ေလာ က မွာ လူ တိုင္း ရန္ ျဖစ္ တတ္ တယ္ ၊ ပ ညာ ရွိ လို ရန္ ျဖစ္ တတ္ တာ နဲ႔ ေအာက္ တန္း က် က် ရန္ ျဖစ္ တတ္ တာ ကြာ သြား တယ္ ၊ လူ တိုင္း အ တင္း ေျပာ တတ္ တယ္ ၊ လူ႔သ ဘာ ဝ အ ရ တ …

" ကိုယ့္ ေဘး က တန္ ဖိုး ရွိ တဲ့ လူ "
Blog
” ကိုယ့္ ေဘး က တန္ ဖိုး ရွိ တဲ့ လူ “

” ကိုယ့္ ေဘး က တန္ ဖိုး ရွိ တဲ့ လူ “ ရည္း စား ေတြ သုံး ေလး ေယာက္ တစ္ ၿပိဳင္ တည္း တြဲ တဲ့ ေခတ္ မွာ ကိုယ့္ တစ္ ေယာက္ တည္း သာ တြဲ တဲ့ သူ ဟာ ကိုယ့္ ဘ ဝ အ တြက္ အ ဖိုး တန္ တဲ့ လူ ပါ ပဲ ၊ တစ္ ေယာက္ ထက္ တစ္ ေယာက္ …

ရုတ္တရက္ ေလျဖတ္ခဲ့ရင္ ျပဳစုကုသႏုိင္မည့္ နည္းလမ္း ( သ မား ေတာ္ ႀကီး ဣ စာၦ သ ယ ဦး ေမာင္ ေမာင္ )
Blog
ရုတ္တရက္ ေလျဖတ္ခဲ့ရင္ ျပဳစုကုသႏုိင္မည့္ နည္းလမ္း ( သ မား ေတာ္ ႀကီး ဣ စာၦ သ ယ ဦး ေမာင္ ေမာင္ )

ရုတ္တရက္ ေလျဖတ္ခဲ့ရင္ ျပဳစုကုသႏုိင္မည့္ နည္းလမ္း ( သ မား ေတာ္ ႀကီး ဣ စာၦ သ ယ ဦး ေမာင္ ေမာင္ ) “ ႐ုတ္ တ ရက္္ ေလ ျဖတ္ လွ်င္ ခ်က္ ခ်င္း အ ေကာင္း ပ က တိိ ျဖစ္ ေအာင္ ျပဳ စု ကု သ နည္း ” ေလ ေရာ ဂါ သည္္ အ သက္ ( ၄ ၀ ) ႏွင့္ …