
Blog













Unicode

“သောကြာ သားသမီးလေးတွေရဲ့ သူမတူတဲ့ မွေးရာပါ အားသာချက်တွေနဲ့ ပင်ကိုယ် စရိုက် ( ၁၀ ) မျိုး”

ရက် သတ္တပတ်တစ်ခုရဲ့ ငါးရက်မြောက်နေ့မှာ မွေးဖွားတဲ့ သောကြာ သားသမီးလေးတွေဟာ ဗီးနပ်စ်ဂြိုလ်ရဲ့ လွှမ်းမိုးမှု အောက်မှာ ရှိနေတာဖြစ်ပါတယ် ။ သောကြာ သားသမီးလေး တွေမှာ သူများနဲ့ မတူတဲ့ အားသာချက်နဲ့ ကိုယ်ရည် ကိုယ်သွေးတွေ အများကြီး ရှိပါတယ် ။ ဒီအားသာချက် တွေကိုသာ ကောင်းမွန်စွာ အသုံးချ နိုင်ရင်တော့ အောင်မြင်တဲ့ သူတွေဖြစ်လာမှာ မလွဲဧကန်ပါပဲ

( ၁ ) သောကြာ သားသမီးလေးတွေဟာ ငြိမ်းချမ်းခြင်း ၊ လှပခြင်း ၊ အချစ်နဲ့ သာယာခြင်း တွေကို ကိုယ်စားပြု ကြပါတယ်

( ၂ ) သောကြာ သားသမီးလေး တွေဟာ အဆို ၊ ပန်းချီ လိုမျိုး အနုပညာ အလုပ် တွေကို အထူးခုံမင် နှစ်သက် သလို ထူးကဲတဲ့ ပါရမီလည်း ပါလာ တတ်သူတွေ ဖြစ်ပါတယ်

( ၃ ) သင်ဟာ ပျော်ပျော် နေတတ်သူ တစ်ယောက် ဖြစ်တဲ့ အပြင် ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းတတ်သူပါ ဒါပေမယ့် အချစ်ရေးမှာတော့ အရမ်းကို ထိရှ လွယ်တဲ့သူ တစ်ယောက်ပါ

( ၄ ) သောကြာ သားသမီးလေးတွေဟာ စိတ် ခံစားချက်ပြင်းထန်တဲ့သူတွေ ဖြစ်တဲ့ အလျောက် အသည်းကွဲတဲ့ အခါ ဒါမှမဟုတ် တစ်စုံ တစ်ယောက်က ကိုယ့်ကို နာကျင် မှုတွေ ပေးသွားတဲ့ အခါမှာ လွယ်လွယ်နဲ့ ပြန်ပြီး မကုစား နိုင်ကြပါဘူး

( ၅ ) သင်ဟာ မိန်းကလေးတစ်ယောက်ဆိုရင် သူတစ်ပါးရဲ့စိတ် ခံစားချက်တွေကို စာနာ နားလည်ပေးတတ် လွန်းလို့ သင့်မှာ အပေါင်းအသင်းတွေ ဝိုင်းဝိုင်းလည် နေမှာပါ…

( ၆ ) သောကြာ သားသမီးတွေဟာ စကားကို သွယ်ဝိုက် မပြောပဲ တိုက်ရိုက် ပြောတတ်သူတွေ ဖြစ်ပြီး မဟုတ်မခံချင်စိတ် အပြည့်ရှိတဲ့ သူတွေဖြစ်ပါတယ်…

( ၇ ) သောကြာ သားသမီးတွေဟာ သူငယ်ချင်း အပေါင်းအသင်း တွေကြား၊ ဆန့်ကျင်ဘက်လိင်တွေကြားမှာ အရမ်းကိုပေါ်ပြူလာဖြစ်ပြီး ဖော်ရွေ သလောက် မိသားစု တွေနဲ့တော့ သိပ်ပြီး မတည့်တဲ့ သူတွေပါ…

( ၈ ) သောကြာသားသမီးတွေဟာ လွယ်လွယ်နဲ့ ကျရှုံးတတ်တဲ့ သူတွေ မဟုတ်ပါဘူး ။ အရမ်းမျှော်လင့်ထားတဲ့ အရာတစ်ခုခု ၊ အလေးအနက် ထားတဲ့ အရာတစ်ခုခုက ကိုယ်ထင်ထား သလို ဖြစ်မလာ ခဲ့ရင် အချိန်တွေအကြာကြီး စိတ်ထိခိုက် ကြေကွဲတတ်သူတွေပါ…

( ၉ ) သောကြာ သားသမီးလေးတွေမှာ တစ်ခုခုဆို အလိုလိုကြိုပြီး သိနေတတ်တဲ့ ဆဋ္ဌမအာရုံရှိနေတတ်ပြီး သူတို့တွေးထင်တဲ့ အရာတွေဆို မှန်နေ တတ်ပါတယ်…

( ၁၀ ) သောကြာ သားသမီးတွေဟာ အရမ်းကို လိမ္မာပါးနပ်သူတွေဖြစ်ကြပါတယ် ။ သူတို့ထက် အသက်အရွယ် ကြီးသူတွေ ထက်တောင် ပိုပြီး ပညာရှိ တတ်ကြပါတယ်

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ရှက် သင့် တာ ကို ရှက်
Blog
ရှက် သင့် တာ ကို ရှက်

ရှက် သင့် တာ ကို ရှက် လော က မှာ လူ တိုင်း ရန် ဖြစ် တတ် တယ် ၊ ပ ညာ ရှိ လို ရန် ဖြစ် တတ် တာ နဲ့ အောက် တန်း ကျ ကျ ရန် ဖြစ် တတ် တာ ကွာ သွား တယ် ၊ လူ တိုင်း အ တင်း ပြော တတ် တယ် ၊ လူ့သ ဘာ ဝ အ ရ တ …

" ကိုယ့် ဘေး က တန် ဖိုး ရှိ တဲ့ လူ "
Blog
” ကိုယ့် ဘေး က တန် ဖိုး ရှိ တဲ့ လူ “

” ကိုယ့် ဘေး က တန် ဖိုး ရှိ တဲ့ လူ “ ရည်း စား တွေ သုံး လေး ယောက် တစ် ပြိုင် တည်း တွဲ တဲ့ ခေတ် မှာ ကိုယ့် တစ် ယောက် တည်း သာ တွဲ တဲ့ သူ ဟာ ကိုယ့် ဘ ဝ အ တွက် အ ဖိုး တန် တဲ့ လူ ပါ ပဲ ၊ တစ် ယောက် ထက် တစ် ယောက် …

ရုတ်တရက် လေဖြတ်ခဲ့ရင် ပြုစုကုသနိုင်မည့် နည်းလမ်း ( သ မား တော် ကြီး ဣ စ္ဆာ သ ယ ဦး မောင် မောင် )
Blog
ရုတ်တရက် လေဖြတ်ခဲ့ရင် ပြုစုကုသနိုင်မည့် နည်းလမ်း ( သ မား တော် ကြီး ဣ စ္ဆာ သ ယ ဦး မောင် မောင် )

ရုတ်တရက် လေဖြတ်ခဲ့ရင် ပြုစုကုသနိုင်မည့် နည်းလမ်း ( သ မား တော် ကြီး ဣ စ္ဆာ သ ယ ဦး မောင် မောင် ) “ ရုတ် တ ရက် လေ ဖြတ် လျှင် ချက် ချင်း အ ကောင်း ပ က တိ ဖြစ် အောင် ပြု စု ကု သ နည်း ” လေ ရော ဂါ သည် အ သက် ( ၄ ၀ ) နှင့် …