ေခြၽးနဲ႔ ရင္းၿပီး ရွာထားတဲ့ ပိုက္ဆံ ( ဒီစာဖတ္ၿပီးရင္ သင့္အတြက္ မွတ္သားစရာ က်န္ခဲ့ မွာပါ )

ေခြၽးနဲ႔ ရင္းၿပီး ရွာထားတဲ့ ပိုက္ဆံ ( ဒီစာဖတ္ၿပီးရင္ သင့္အတြက္ မွတ္သားစရာ က်န္ခဲ့ မွာပါ )
Blog

ေခြၽးနဲ႔ ရင္းၿပီး ရွာထားတဲ့ ပိုက္ဆံ ( ဒီစာဖတ္ၿပီးရင္ သင့္အတြက္ မွတ္သားစရာ က်န္ခဲ့ မွာပါ )

အလြန္ ခ်မ္းသာတဲ့ သူေဌးႀကီး လင္မယားမွာ သားတစ္ေယာက္ ရွိတယ္ ။ တစ္ဦးတည္းေသာ သားမို႔ အေဖေရာ အေမပါ အလိုလိုက္ ထားတယ္ ။ ကေလးဟာ ငယ္ကထဲက အလိုလိုက္ ခံထားရလို႔ အိမ္မွာ ဘာအလုပ္မွ မလုပ္ခ်င္ဘူး ။ ပ်င္းတယ္ ။ ပ်င္းတာမွ အရမ္းကို ပ်င္းတယ္ ။

သူ႔ သား အသက္ ၁၃ ႏွစ္ အ႐ြယ္မွာ သူေဌးႀကီးဟာ စိုးရိမ္ လာတယ္ သူေသသြားရင္ ရွိသမွ် အေမြေတြကို သူ႔ သားကို ေပးခဲ့ ရမယ္ ။ အခုသူ႔သား ပုံစံက အေမြေတြ ရလာရင္ ဘာ အလုပ္မွ မလုပ္ဘဲ ထိုင္စားေနမယ့္ ပုံပဲ ။ သူေဌးႀကီးဟာ သူ႔သားကို အလုပ္ရဲ႕ တန္ဖိုးကို သိေစခ်င္ လို႔ တစ္ခုခု လုပ္ဖို႔ အႀကံ ထုတ္တယ္ ။

ေနာက္တစ္ေန႔ ညေန ေက်ာင္းဆင္းျပန္လာတဲ့ သားကို သူေဌးႀကီးက ခုလို ေျပာလိုက္တယ္ ။ ငါ့သား ဒီညေန အလုပ္တစ္ခု လုပ္ၿပီးထမင္းဖိုး ပိုက္ဆံရေအာင္ ရွာလာခဲ့ ။ ပိုက္ဆံ ရမလာရင္ ဒီည မင္းကို ညစာမေကြၽးဘူး ။

ကေလးဟာ အလုပ္ မလုပ္ခ်င္ဘူ း။ ဘာအလုပ္ လုပ္ရမွန္းလည္း မသိလို႔ ငိုၿပီး တျခားအိမ္ကို အလည္သြားေနတဲ့ အေမကို သြားေျပာတယ္ ။ သူ႔အေမဟာသူ႔ေယာက္်ားကို အေတာ္ စိတ္ဆိုးသြားတယ္ ။ ဒါေပမဲ့သူ႔ေယာက္်ားရဲ႕ စိတ္ကို သူသိတယ္ ။ သူေျပာသလို ကေလးပိုက္ဆံပါမလာရင္ ထမင္းတကယ္ မေကြၽးဘူးဆိုတာကို သိလို႔ သူ႔သားကို ေငြ ၂ ေထာင္က်ပ္ ထုတ္ေပးလိုက္တယ္ ။ ကေလးလည္း အဲဒီပိုက္ဆံကိုကိုင္ၿပီး အိမ္ကို ျပန္ေျပးသြားတယ္ ။

အိမ္ေရာက္ေတာ့ အေဖက အလုပ္လုပ္ခဲ့လားလို႔ ေမးတယ္ ။ သူက လုပ္ခဲ့ပါတယ္ ဆိုၿပီးေငြ ၂ ေထာင္က်ပ္ကို ျပလိုက္တယ္ ။ သူေဌးႀကီးဟာ သူ႔သားပုံစံကိုၾကည့္ၿပီး အဲဒီ ပိုက္ဆံဟာ အလုပ္လုပ္လို႔ ရတာမဟုတ္ဘဲ သူမ်ားဆီက ေတာင္းလာတာမွန္း ရိပ္မိတယ္ ။ ဒါေပမယ့္သူကပိုက္ဆံကို ဘာအလုပ္လုပ္လို႔ ရလာသလဲ မေမးဘဲ အဲဒီပိုက္ဆံကို ေရတြင္းထဲ ပစ္ခ်လိုက္လို႔ ေျပာလိုက္တယ္ ။ ကေလးကလည္း ခ်က္ခ်င္းပဲ ပိုက္ဆံကို ေရတြင္းထဲ ပစ္ခ်လိုက္တယ္ ။

ေနာက္တစ္ေန႔ ညေန ေရာက္ျပန္ေတာ့ ေက်ာင္းဆင္းျပန္လာတဲ့ သားကို သူေဌးႀကီးက မေန႔ကလိုပဲ ေျပာလိုက္တယ္ ။ ငါ့သားဒီညေနအလုပ္တစ္ခု လုပ္ၿပီး ထမင္းဖိုးပိုက္ဆံ ရေအာင္ရွာလာခဲ့ ။ ပိုက္ဆံရမလာရင္ ဒီည မင္းကို ညစာမေကြၽးဘူး ။ ဒီတစ္ခါေတာ့ ကေလး အေမဟာတျခားၿမိဳ႕မွာ ေနမေကာင္းျဖစ္ေနတဲ့ သူ႔အေဖဆီ သြားေနလို႔ အိမ္မွာမရွိဘူး ။

ဒါေပမယ့္ ကေလးအတြက္ ကိစၥမရွိဘူး ။ တျခားရပ္ကြက္မွာ ေနတဲ့ အေဒၚဆီ ေျပးၿပီး ပိုက္ဆံသြားေတာင္းတယ္ ။ အိမ္ကို ပိုက္ဆံ ပါမသြားရင္ ညစာစားရမွာ မဟုတ္ဘူး ဆိုလို႔ အေဒၚကသနားၿပီးေငြ ၂ေထာင္က်ပ္ ေပးလိုက္တယ္ ။ ကေလးလည္း အဲဒီ ပိုက္ဆံကို ကိုင္ၿပီးအိမ္ကိုျပန္ ေျပးသြားတယ္ ။ အိမ္ေရာက္ေတာ့ အေဖက အလုပ္လုပ္ခဲ့လားလို႔ ေမးတယ္ ။ သူကလုပ္ခဲ့ပါတယ္ ဆိုၿပီးေငြ၂ေထာင္က်ပ္ကို ျပလိုက္တယ္

ဒီတစ္ခါလည္း သူေဌးႀကီးဟာ အဲဒီပိုက္ဆံကို ေရတြင္းထဲ ပစ္ခ်လိုက္လို႔ ေျပာလိုက္တယ္ ။ ကေလးကလည္း ခ်က္ခ်င္းပဲ ပိုက္ဆံကိုေရတြင္းထဲ ပစ္ခ်လိုက္တယ္ ။ ေနာက္တစ္ေန႔ ညေနေရာက္ျပန္ၿပီ ။ ေက်ာင္းဆင္းျပန္လာတဲ့ သားကို သူေဌးႀကီးကမေန႔ကလိုပဲ ေျပာလိုက္တယ္ ။ ငါ့သား ဒီညေန အလုပ္တစ္ခုလုပ္ၿပီး ထမင္းဖိုးပိုက္ဆံရေအာင္ ရွာလာခဲ့ ။ ပိုက္ဆံရမလာရင္ ဒီညမင္းကို ညစာမေကြၽးဘူး ။

ဒီတစ္ခါမွာ ကေလးအတြက္ အက်ပ္ေတြ႕ေနတယ္ ။ တျခားၿမိဳ႕ကိုသြားေနတဲ့အေမက ျပန္ေရာက္မလာေသးဘူး ။ အေဒၚဆီ သြားေတာ့လည္းသူ႔အိမ္မွာ မေတြ႕ရဘူး။ ဒါနဲ႔ သစ္ပင္ရိပ္တစ္ခုေအာက္မွာ ငုတ္တုတ္ေလးထိုင္ၿပီး ငိုေနတယ္ ။ ေဘးကျဖတ္သြားတဲ့ အဖိုးႀကီးတစ္ေယာက္က သူ႔ကို ဘာေၾကာင့္ငိုေနတာလဲလို႔ ေမးေတာ့ကေလးက အလုပ္လုပ္တဲ့ပိုက္ဆံ ပါမသြားရင္ ညစာစားရမွာ မဟုတ္ဘူးလို႔အက်ိဳးအေၾကာင္း ေျပာျပတယ္ ။

အဖိုးႀကီးဟာ ဟိုတယ္ႀကီးတစ္ခုရဲ႕ပိုင္ရွင္ျဖစ္တယ္ ။ ေနာက္ၿပီး ကေလးအေဖရဲ႕သူငယ္ခ်င္းပါ ။ ကေလးကေတာ့မသိပါဘူး ။ အဖိုးႀကီးက ေကလးကို ဟိုတယ္ကိုလိုက္ခဲ့ ။ သူအလုပ္ေပးမယ္ ။ ပိုက္ဆံလည္း ေပးမယ္ဆိုလို႔ ကေလးလည္း လိုက္သြားတယ္ ။ ဟိုတယ္ေရာက္ေတာ့အဖိုးႀကီးက ကေလးကို ဟိုတယ္ မီးဖိုေခ်ာင္မွာပုံေနတဲ့ ပန္းကန္ေတြ တစ္ထပ္ႀကီးကို ေဆးခိုင္းတယ္ ။ ၿပီးရင္အဝတ္နဲ႔ ပန္းကန္ေတြကိုေျခာက္ေအာင္ သုတ္ခိုင္းတယ္ ။ မီးဖိုခန္းကိုေရေဆး ေဆးေၾကာခိုင္းတယ္ ။

ေကလးဟာ ၂ နာရီၾကာေအာင္ ပင္ပင္ပန္းပန္း လုပ္ၿပီးတဲ့အခါမွာအဖိုးႀကီးက သူ႔ကိုေငြ ၂ ေထာင္က်ပ္ ထုတ္ေပးလိုက္တယ္ ။ ကေလးဟာတစ္ခါမွအလုပ္မလုပ္ဖူးေတာ့ တစ္ကိုယ္လုံး နာက်င္ ကိုက္ခဲေနတယ္ ။ သူဟာ ပိုက္ဆံကို က်စ္က်စ္ပါေအာင္လက္ထဲမွာ ဆုပ္ကိုင္ၿပီး အိမ္ကိုျပန္ေျပးတယ္ ။ အိမ္ေရာက္ေတာ့ အေဖက အလုပ္လုပ္ခဲ့လားလို႔ေမးတယ္ ။ သူကလုပ္ခဲ့ပါတယ္ဆိုၿပီးေငြ ၂ ေထာင္က်ပ္ကိုျပလိုက္တယ္ ။

ဒီတစ္ခါလည္း သူေဌးႀကီးဟာ အဲဒီပိုက္ဆံကို ေရတြင္းထဲ ပစ္ခ်လိုက္လို႔ေျပာလိုက္တယ္ ။ ဒီတစ္ခါမွာေတာ့ကေလးက ပိုက္ဆံကိုေရတြင္းထဲ ပစ္မခ်ႏိုင္ဘူးလို႔ ျပန္ေျပာတယ္ ။ သူေဌးႀကီးက ဘာေၾကာင့္အရင္လို ပစ္မခ်ရတာလဲလို႔ေမးေတာ့ ေကလးက သူ႔တစ္ကိုယ္လုံးနာက်င္ကိုက္ခဲၿပီး ေခြၽးတစ္လုံးလုံးနဲ႔ ရွာထားတဲ့ပိုက္ဆံမို႔ မပစ္ရက္ဘူးလို႔ငိုၿပီးေျပာတယ္ ။

ဒီအခါမွာသူေဌးႀကီးက သူ႔သားကို ခုလိုေျပာလိုက္တယ္ ။ ေခြၽးနဲ႔ ရင္းၿပီး ႐ြာထားတဲ့ပိုက္ဆံကို ဘယ္သူမြ မျဖဳန္းရက္ဘူးကြ တဲ့ ။ အဲဒီညမွာသူေဌးႀကီးဟာ စိတ္ခ်မ္ခ်မ္းသာသာနဲ႔ အိပ္ယာဝင္သြားပါတယ္ ။

Credit to original writer

Unicode

ချွေးနဲ့ ရင်းပြီး ရှာထားတဲ့ ပိုက်ဆံ ( ဒီစာဖတ်ပြီးရင် သင့်အတွက် မှတ်သားစရာ ကျန်ခဲ့ မှာပါ )

အလွန် ချမ်းသာတဲ့ သူဌေးကြီး လင်မယားမှာ သားတစ်ယောက် ရှိတယ် ။ တစ်ဦးတည်းသော သားမို့ အဖေရော အမေပါ အလိုလိုက် ထားတယ် ။ ကလေးဟာ ငယ်ကထဲက အလိုလိုက် ခံထားရလို့ အိမ်မှာ ဘာအလုပ်မှ မလုပ်ချင်ဘူး ။ ပျင်းတယ် ။ ပျင်းတာမှ အရမ်းကို ပျင်းတယ် ။

သူ့ သား အသက် ၁၃ နှစ် အရွယ်မှာ သူဌေးကြီးဟာ စိုးရိမ် လာတယ် သူသေသွားရင် ရှိသမျှ အမွေတွေကို သူ့ သားကို ပေးခဲ့ ရမယ် ။ အခုသူ့သား ပုံစံက အမွေတွေ ရလာရင် ဘာ အလုပ်မှ မလုပ်ဘဲ ထိုင်စားနေမယ့် ပုံပဲ ။ သူဌေးကြီးဟာ သူ့သားကို အလုပ်ရဲ့ တန်ဖိုးကို သိစေချင် လို့ တစ်ခုခု လုပ်ဖို့ အကြံ ထုတ်တယ် ။

နောက်တစ်နေ့ ညနေ ကျောင်းဆင်းပြန်လာတဲ့ သားကို သူဌေးကြီးက ခုလို ပြောလိုက်တယ် ။ ငါ့သား ဒီညနေ အလုပ်တစ်ခု လုပ်ပြီးထမင်းဖိုး ပိုက်ဆံရအောင် ရှာလာခဲ့ ။ ပိုက်ဆံ ရမလာရင် ဒီည မင်းကို ညစာမကျွေးဘူး ။

ကလေးဟာ အလုပ် မလုပ်ချင်ဘူ း။ ဘာအလုပ် လုပ်ရမှန်းလည်း မသိလို့ ငိုပြီး တခြားအိမ်ကို အလည်သွားနေတဲ့ အမေကို သွားပြောတယ် ။ သူ့အမေဟာသူ့ယောက်ျားကို အတော် စိတ်ဆိုးသွားတယ် ။ ဒါပေမဲ့သူ့ယောက်ျားရဲ့ စိတ်ကို သူသိတယ် ။ သူပြောသလို ကလေးပိုက်ဆံပါမလာရင် ထမင်းတကယ် မကျွေးဘူးဆိုတာကို သိလို့ သူ့သားကို ငွေ ၂ ထောင်ကျပ် ထုတ်ပေးလိုက်တယ် ။ ကလေးလည်း အဲဒီပိုက်ဆံကိုကိုင်ပြီး အိမ်ကို ပြန်ပြေးသွားတယ် ။

အိမ်ရောက်တော့ အဖေက အလုပ်လုပ်ခဲ့လားလို့ မေးတယ် ။ သူက လုပ်ခဲ့ပါတယ် ဆိုပြီးငွေ ၂ ထောင်ကျပ်ကို ပြလိုက်တယ် ။ သူဌေးကြီးဟာ သူ့သားပုံစံကိုကြည့်ပြီး အဲဒီ ပိုက်ဆံဟာ အလုပ်လုပ်လို့ ရတာမဟုတ်ဘဲ သူများဆီက တောင်းလာတာမှန်း ရိပ်မိတယ် ။ ဒါပေမယ့်သူကပိုက်ဆံကို ဘာအလုပ်လုပ်လို့ ရလာသလဲ မမေးဘဲ အဲဒီပိုက်ဆံကို ရေတွင်းထဲ ပစ်ချလိုက်လို့ ပြောလိုက်တယ် ။ ကလေးကလည်း ချက်ချင်းပဲ ပိုက်ဆံကို ရေတွင်းထဲ ပစ်ချလိုက်တယ် ။

နောက်တစ်နေ့ ညနေ ရောက်ပြန်တော့ ကျောင်းဆင်းပြန်လာတဲ့ သားကို သူဌေးကြီးက မနေ့ကလိုပဲ ပြောလိုက်တယ် ။ ငါ့သားဒီညနေအလုပ်တစ်ခု လုပ်ပြီး ထမင်းဖိုးပိုက်ဆံ ရအောင်ရှာလာခဲ့ ။ ပိုက်ဆံရမလာရင် ဒီည မင်းကို ညစာမကျွေးဘူး ။ ဒီတစ်ခါတော့ ကလေး အမေဟာတခြားမြို့မှာ နေမကောင်းဖြစ်နေတဲ့ သူ့အဖေဆီ သွားနေလို့ အိမ်မှာမရှိဘူး ။

ဒါပေမယ့် ကလေးအတွက် ကိစ္စမရှိဘူး ။ တခြားရပ်ကွက်မှာ နေတဲ့ အဒေါ်ဆီ ပြေးပြီး ပိုက်ဆံသွားတောင်းတယ် ။ အိမ်ကို ပိုက်ဆံ ပါမသွားရင် ညစာစားရမှာ မဟုတ်ဘူး ဆိုလို့ အဒေါ်ကသနားပြီးငွေ ၂ထောင်ကျပ် ပေးလိုက်တယ် ။ ကလေးလည်း အဲဒီ ပိုက်ဆံကို ကိုင်ပြီးအိမ်ကိုပြန် ပြေးသွားတယ် ။ အိမ်ရောက်တော့ အဖေက အလုပ်လုပ်ခဲ့လားလို့ မေးတယ် ။ သူကလုပ်ခဲ့ပါတယ် ဆိုပြီးငွေ၂ထောင်ကျပ်ကို ပြလိုက်တယ်

ဒီတစ်ခါလည်း သူဌေးကြီးဟာ အဲဒီပိုက်ဆံကို ရေတွင်းထဲ ပစ်ချလိုက်လို့ ပြောလိုက်တယ် ။ ကလေးကလည်း ချက်ချင်းပဲ ပိုက်ဆံကိုရေတွင်းထဲ ပစ်ချလိုက်တယ် ။ နောက်တစ်နေ့ ညနေရောက်ပြန်ပြီ ။ ကျောင်းဆင်းပြန်လာတဲ့ သားကို သူဌေးကြီးကမနေ့ကလိုပဲ ပြောလိုက်တယ် ။ ငါ့သား ဒီညနေ အလုပ်တစ်ခုလုပ်ပြီး ထမင်းဖိုးပိုက်ဆံရအောင် ရှာလာခဲ့ ။ ပိုက်ဆံရမလာရင် ဒီညမင်းကို ညစာမကျွေးဘူး ။

ဒီတစ်ခါမှာ ကလေးအတွက် အကျပ်တွေ့နေတယ် ။ တခြားမြို့ကိုသွားနေတဲ့အမေက ပြန်ရောက်မလာသေးဘူး ။ အဒေါ်ဆီ သွားတော့လည်းသူ့အိမ်မှာ မတွေ့ရဘူး။ ဒါနဲ့ သစ်ပင်ရိပ်တစ်ခုအောက်မှာ ငုတ်တုတ်လေးထိုင်ပြီး ငိုနေတယ် ။ ဘေးကဖြတ်သွားတဲ့ အဖိုးကြီးတစ်ယောက်က သူ့ကို ဘာကြောင့်ငိုနေတာလဲလို့ မေးတော့ကလေးက အလုပ်လုပ်တဲ့ပိုက်ဆံ ပါမသွားရင် ညစာစားရမှာ မဟုတ်ဘူးလို့အကျိုးအကြောင်း ပြောပြတယ် ။

အဖိုးကြီးဟာ ဟိုတယ်ကြီးတစ်ခုရဲ့ပိုင်ရှင်ဖြစ်တယ် ။ နောက်ပြီး ကလေးအဖေရဲ့သူငယ်ချင်းပါ ။ ကလေးကတော့မသိပါဘူး ။ အဖိုးကြီးက ကေလးကို ဟိုတယ်ကိုလိုက်ခဲ့ ။ သူအလုပ်ပေးမယ် ။ ပိုက်ဆံလည်း ပေးမယ်ဆိုလို့ ကလေးလည်း လိုက်သွားတယ် ။ ဟိုတယ်ရောက်တော့အဖိုးကြီးက ကလေးကို ဟိုတယ် မီးဖိုချောင်မှာပုံနေတဲ့ ပန်းကန်တွေ တစ်ထပ်ကြီးကို ဆေးခိုင်းတယ် ။ ပြီးရင်အဝတ်နဲ့ ပန်းကန်တွေကိုခြောက်အောင် သုတ်ခိုင်းတယ် ။ မီးဖိုခန်းကိုရေဆေး ဆေးကြောခိုင်းတယ် ။

ကေလးဟာ ၂ နာရီကြာအောင် ပင်ပင်ပန်းပန်း လုပ်ပြီးတဲ့အခါမှာအဖိုးကြီးက သူ့ကိုငွေ ၂ ထောင်ကျပ် ထုတ်ပေးလိုက်တယ် ။ ကလေးဟာတစ်ခါမှအလုပ်မလုပ်ဖူးတော့ တစ်ကိုယ်လုံး နာကျင် ကိုက်ခဲနေတယ် ။ သူဟာ ပိုက်ဆံကို ကျစ်ကျစ်ပါအောင်လက်ထဲမှာ ဆုပ်ကိုင်ပြီး အိမ်ကိုပြန်ပြေးတယ် ။ အိမ်ရောက်တော့ အဖေက အလုပ်လုပ်ခဲ့လားလို့မေးတယ် ။ သူကလုပ်ခဲ့ပါတယ်ဆိုပြီးငွေ ၂ ထောင်ကျပ်ကိုပြလိုက်တယ် ။

ဒီတစ်ခါလည်း သူဌေးကြီးဟာ အဲဒီပိုက်ဆံကို ရေတွင်းထဲ ပစ်ချလိုက်လို့ပြောလိုက်တယ် ။ ဒီတစ်ခါမှာတော့ကလေးက ပိုက်ဆံကိုရေတွင်းထဲ ပစ်မချနိုင်ဘူးလို့ ပြန်ပြောတယ် ။ သူဌေးကြီးက ဘာကြောင့်အရင်လို ပစ်မချရတာလဲလို့မေးတော့ ကေလးက သူ့တစ်ကိုယ်လုံးနာကျင်ကိုက်ခဲပြီး ချွေးတစ်လုံးလုံးနဲ့ ရှာထားတဲ့ပိုက်ဆံမို့ မပစ်ရက်ဘူးလို့ငိုပြီးပြောတယ် ။

ဒီအခါမှာသူဌေးကြီးက သူ့သားကို ခုလိုပြောလိုက်တယ် ။ ချွေးနဲ့ ရင်းပြီး ရွာထားတဲ့ပိုက်ဆံကို ဘယ်သူမွ မဖြုန်းရက်ဘူးကွ တဲ့ ။ အဲဒီညမှာသူဌေးကြီးဟာ စိတ်ချမ်ချမ်းသာသာနဲ့ အိပ်ယာဝင်သွားပါတယ် ။

Credit to original writer

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

“ကံေကာင္းျခင္းေတြ ကိုယ့္ဆီေရာက္လာဖို႔ ေန႔တိုင္း လုပ္ေပးရမယ့္ အခ်က္ (၇) ခ်က္”
Blog
“ကံေကာင္းျခင္းေတြ ကိုယ့္ဆီေရာက္လာဖို႔ ေန႔တိုင္း လုပ္ေပးရမယ့္ အခ်က္ (၇) ခ်က္”

“ကံေကာင္းျခင္းေတြ ကိုယ့္ဆီေရာက္လာဖို႔ ေန႔တိုင္း လုပ္ေပးရမယ့္ အခ်က္ (၇) ခ်က္” ကံေကာင္းျခင္းဆိုတာ သူ႔အလိုလိုျဖစ္လာတဲ့ အရာလား၊ လုပ္ယူလို႔ရတဲ့အရာလားလို႔ေမးရင္ ဘယ္လိုေျဖမွာပါလဲ။ တကယ္ေတာ့ ကံေကာင္းတယ္ဆိုတာကို လုပ္ယူလို႔ရပါတယ္။ ကံေကာင္းေအာင္ လုပ္ယူလို႔ရမယ့္ နည္းလမ္းေလးေတြကိုေတာ့ အခုပဲဖတ္ၿပီး တကယ္ျဖစ္မျဖစ္ လိုက္လုပ္ၾကည့္လိုက္ေနာ္။ ( 1 )- စိတ္ရွင္းေအာင္ေနပါ စိတ္ထဲမွာမရွင္းတာမ်ိဳး၊ စိတ္ဖိစီးမႈ မ်ားေနတာမ်ိဳး၊ စိတ္ခံစားခ်က္ေတြ မ်ားေနတာမ်ိဳး ျဖစ္ေနတဲ့အခါ ကိုယ့္ရဲ႕စိတ္ကညစ္ႏြမ္းေနၿပီး ေကာင္းမြန္တဲ့ အေတြးေတြကို မေတြးႏိုင္ေတာ့ပါဘူး။ မေကာင္းတဲ့ အေတြးေတြက ကံေကာင္းျခင္းေတြ ကိုယ့္ဆီ ေရာက္မလာေအာင္ တားဆီးႏိုင္တာေၾကာင့္ တတ္ႏိုင္သေလာက္ စိတ္ကိုရွင္းေအာင္ေနပါ။ ( 2 )- အၿမဲ သပ္သပ္ရပ္ရပ္ ဝတ္စားပါ အဝတ္အစား …

ဘုရားမွာေတြ႔ရေလ့ရွိတဲ့ ႏုႆ သီဟ ရုပ္တု အေၾကာင္း
Blog
ဘုရားမွာေတြ႔ရေလ့ရွိတဲ့ ႏုႆ သီဟ ရုပ္တု အေၾကာင္း

ဘုရားမွာေတြ႔ရေလ့ရွိတဲ့ ႏုႆ သီဟ ရုပ္တု အေၾကာင္း ေပ်ာက္ကြယ္လုလု ေရွးမႏုႆ သီဟ႐ုပ္တု မြန္လူမ်ိဳးတို႔၏ ေရွးပေဝဏီအစဥ္အဆက္ ကိုးကြယ္ခဲ့ၾကေသာ ဘာသာမွာ ေထရဝါဒဗုဒၶဘာသာ ျဖစ္သည္။ မြန္လူမ်ိဳးတို႔သည္ ျမန္မာနိင္ငံတြင္ ေရွးအက်ဆုံးလူမ်ိဳး ျဖစ္သည္သာမက အိႏၵိယျပည္မွ ဗုဒၶသာသနာေတာ္ႏွင့္ စာေပယဥ္ေက်းမႈ အႏုပညာမ်ားကို ေရွးဦးစြာ ရရွိခဲ့ၾကေပသည္။ မႏုႆ သီဟဆိုသည္မွာ မႏုႆ = လူသား သီဟ =ျခေသၤ့ လူဦးေခါင္းႏွင့္ ျခေသၤ့ကိုယ္ပုံရွိေသာ သတၱဝါဆန္းကို မႏုႆသီဟဟု ေခၚၾကသည္။ အထူးသျဖင့္ ေ႐ႊတိဂုံဘုရားဖူး သြားေရာက္သူတိုင္း မႏုႆသီဟ႐ုပ္ထုကို ေတြ႕ျမင္ၾကရမွာ ျဖစ္သည္။ စင္စစ္အားျဖင့္ မႏုႆသီဟ႐ုပ္ထုသည္ ရာမညဌာေနမြန္တို႔ေျမမွ ဆင္းသက္လာခဲ့ေသာ သမိုင္းဝင္ေရွးေဟာင္း အေမြအနစ္တစ္ခု ျဖစ္ပါသည္။ မြန္တို႔၏ …

မ ယုံ ႏိုင္ ေလာက္ ေအာင္ ခ်မ္း သာ တဲ့ သူ ျဖစ္ လာ ဖို႔ အင္ ဒ ႐ူး ကာ နယ္ ဂ်ီလ္ အ သုံး ျပဳ ခဲ့ တဲ့ ေအာင္ ျမင္ ျခင္း ရဲ႕ လွ်ိဳ႕ ဝွက္ ခ်က္ ( ၁၀ ) ခု
Blog
မ ယုံ ႏိုင္ ေလာက္ ေအာင္ ခ်မ္း သာ တဲ့ သူ ျဖစ္ လာ ဖို႔ အင္ ဒ ႐ူး ကာ နယ္ ဂ်ီလ္ အ သုံး ျပဳ ခဲ့ တဲ့ ေအာင္ ျမင္ ျခင္း ရဲ႕ လွ်ိဳ႕ ဝွက္ ခ်က္ ( ၁၀ ) ခု

မ ယုံ ႏိုင္ ေလာက္ ေအာင္ ခ်မ္း သာ တဲ့ သူ ျဖစ္ လာ ဖို႔ အင္ ဒ ႐ူး ကာ နယ္ ဂ်ီလ္ အ သုံး ျပဳ ခဲ့ တဲ့ ေအာင္ ျမင္ ျခင္း ရဲ႕ လွ်ိဳ႕ ဝွက္ ခ်က္ ( ၁၀ ) ခု ၁၈၄၈ ခု ႏွစ္ မွာ အ ေမ ရိ က ကို သူ ေရာက္ ေတာ့ သူ႔ လက္ ထဲ မွာ …