ကျောက် ကပ် ဆေး ဆေး နေ ရ တဲ့ ရော ဂါ သည် တွေ အ တွက် မြက် ကြွပ် ရွက်

Health

ကျောက် ကပ် ဆေး ဆေး နေ ရ တဲ့ ရော ဂါ သည် တွေ အ တွက် မြက် ကြွပ် ရွက်

၂ ဝ ဝ ၈ ခု နှစ် နှောင်း ပိုင်း တုန်း က ရင်း နှီး လှ တဲ့ မိတ် ဆွေ ဇ နီး မောင် နှံ နှစ် ယောက် က ကျွန် တော် ( ဘာ သာ ပြန် သူ ) ကို ကျန်း မာ ရေး ဆောင်း ပါး များ ဘာ သာ ပြန် လေ့ ရှိ တာ သိ ကြ လို့ သူ တို့ ရဲ့ သ မီး စင် ကာ ပူ မှာ အ လုပ် လုပ် နေ ရာ က စင် ကာ ပူ မှာ ထုတ် ဝေ တဲ့ သ တင်း စာ ထဲ မှာ အုတ် အော် သောင်း နင်း ဖြစ် နေ လို့ စိတ် ဝင် စား စ ရာ ကောင်း တဲ့ ကျောက် ကပ် ရော ဂါ သည် တွေ ကျောက် ကပ် ဆေး နေ ရ တာ တောင် ဘာ မှ မ ဟုတ် တဲ့ မြက် တစ် မျိုး ကို ပြုတ် သောက် ရုံ နဲ့ ပျောက် ကင်း သွား ကြ လို့ သ တင်း စာ တိုက် ကို ဖုန်း တွေ ဆက် ပြီး အဲ့ ဒီ မြက် ပင် မျိုး ဘယ် မှာ ရ နိုင် သ လဲ ၊ မျိုး ရှာ ပေး ပါ စ တဲ့ အ ကူ အ ညီ တောင်း တဲ့ စာ တွေ ၊ တယ် လီ ဖုန်း ဆက် ကြ တဲ့ အ ကြောင်း တွေ ရေး သား ထား တဲ့ သ တင်း ဆောင်း ပါး အ စ အ ဆုံး ပါ တဲ့ သ တင်း စာ ဖြတ် ပိုင်း ကို ကျွန် တော့် ဆီ ပေး ခဲ့ ပါ တယ် ။

မြက် ပင် ကို တ ရုတ် လို ‘ ခွေ ကျူ ချောင် ’လို့ ခေါ် ပြီး မြန် မာ လို ဘယ် လို ခေါ် မှန်း မ သိ ခဲ့ လို့ ဘာ သာ ပြန် ဖို့ ခက် ခဲ ခဲ့ ပါ တယ် ၊ ဒီ တော့ ကျွန် တော် စု ဆောင်း ခဲ့ တဲ့ ‘ ပုံ ပြ တ ရုတ် ဘ ယ ဆေး ပင် များ အ ဘိ ဓာန် ’ မှာ ရှာ ဖွေ ကြည့် တော့ ပုံ နဲ့ တ ကွ ရု က္ခ ဗေ ဒ အ မည် က ( Z e b r i n a p e n d n l a s c h i n i z l ) ဖြစ် တာ ကို တွေ့ ရ ပါ တယ် ။

အဲ့ ဒီ စာ အုပ် ထဲ က ပုံ ကို ပဲ ယူ ပြီး လိုက် ပြ ကြည့် တော့ မြက် ကြွပ် ရွက် လို့ သိ ရ ပါ တယ် ၊ ဒါ ပေ မဲ့ မြန် မာ ပြည် မှာ မြက် ကြွပ် ရွက် ရှိ မ ရှိ ရှာ ဖွေ ကြည့် ရ ပြန် တယ် ၊ မ ရှိ တဲ့ အ ပင် အ ကြောင်း ရေး ပြန် တော့ လည်း ဘယ် လောက် ပဲ ကောင်း ကောင်း ဘာ အ ကျိုး ရှိ မှာ လဲ ။

နောက် ဆုံး တော့ မြက် ကြွပ် ရွက် တွေ ပုံး ပေါ လ အော ရှိ တယ် ဆို တာ သိ ရ တော့ မှ ဝမ်း သာ အား ရ ဒီ ဆောင်း ပါး ကို ပြန် ဆို ရေး သား ဖို့ ဆုံး ဖြတ် လိုက် ရ ပါ တော့ တယ် ၊ သာ ကေ တ မှာ ဆို ရင် တ ချို့ အိမ် တွေ မှာ ရေ ချိုး တဲ့ နေ ရာ အ နီး အ နား မှာ အ လေ့ ကျ ပေါက် နေ တတ် တာ ကို တွေ့ ခဲ့ ပြီး ပါ ပြီ ။

ရေ စပ် စပ် ရှိ တဲ့ နေ ရာ / ချောင်း ဘေး / မြောင်း ဘေး / လယ် ကွက် တွေ ဘေး မှာ ပေါက် လေ့ ရှိ တယ် လို့ လည်း ဆေး ကျမ်း မှာ ဆို ထား ပါ တယ် ၊ ဒီ တော့ အ လွယ် တ ကူ လည်း ရ နိုင် / ငွေ ကုန် ကြေး ကျ လည်း သက် သာ / ကု ရ ခက် တဲ့ ရော ဂါ လည်း ပျောက် ကင်း နိုင် တယ် ဆို တော့ ကျွန် တော့် သ ဘော ထား နဲ့ ကိုက် ညီ သွား တဲ့ အ တွက် အ ခု မှ ပဲ ဘာ သာ ပြန် ဖြစ် သွား တာ ဖြစ် ပါ တယ် ။

မူ လ ဆောင်း ပါး ရှင် က သ တင်း စာ သ မား ဖြစ် ပြီး သူ့ လို ပဲ သ တင်း သ မား တစ် ဦး က သ တင်း စာ ရဲ့ အ နှစ် ၅ ဝ ပြည့် အ ထူး ထုတ် သ တင်း စာ မှာ အ ထူး ဆောင်း ပါး တစ် ပုဒ် ရေး သား ရာ မှာ သူ့ ဇ နီး ကျောက် ကပ် ရော ဂါ စွဲ ကပ် ပြီး ဖော ရောင် / အိပ် မ ပျော် စား မ ဝင် နဲ့ အ မျိုး မျိုး ဝေ ဒ နာ ခံ စား ရ ပြီး တော့ နောက် ဆုံး မှာ ကျောက် ကပ် ဆေး ရ တဲ့ အ ခြေ အ နေ ရောက် သွား ပေ မဲ့ ကျောက် ကပ် ဆေး လည်း မ သက် သာ ခဲ့ ဘူး ။

မိတ် ဆွေ တစ် ဦး က တ ရုတ် ရိုး ရာ ဆေး နည်း မှာ မြက် ကြွပ် ရွက် ပြုတ် သောက် ရင် အ ဖော အ ရောင် ကျ တယ် ၊ အဲ့ ဒါ သောက် ကြည့် ပါ လို့ တိုက် တွန်း တဲ့ အ တွက် သူ မ ကို ကု သ ပေး နေ တဲ့ ဆ ရာ ဝန် နဲ့ တိုင် ပင် ကြည့် တယ် ၊ သူ မ ဆ ရာ ဝန် က သူ တို့ နည်း မှာ တော့ နည်း လမ်း ကုန် ပြီ ၊ ဘေး ထွက် ဆိုး ကျိုး မ ရှိ ဘူး ဆို ရင် စမ်း ချင် စမ်း ကြည့် ပါ လား လို့ အ ကြံ ပေး တယ် ။

ဒါ နဲ့ သူ မ က မြက် ကြွပ် ရွက် ( ၂ ၅ ဝ ဂ ရမ် = ၁ ၅ ကျပ် သား ) မြေ အိုး ထဲ ထည့် / အ ရွက် တွေ ရေ မြုပ် အောင် ထည့် ပြီး ၂ နာ ရီ ခွဲ ကြာ ပြုတ် တယ် ၊ ၃ ရက် ဆက် သောက် လိုက် တာ တစ် ကိုယ် လုံး ပေါ့ ပါး လာ တာ ခံ စား ရ ပြီး ရော ဂါ အ ခြေ အ နေ ယေ ဘု ယျ တော့ အ ကောင်း ဘက် ကို လှည့် ပြောင်း မှု ရှိ လာ တယ် ၊ ကာ လ ရှည် ကြာ ပျို့ အန် တာ တွေ လည်း မ ရှိ တော့ ဘူး ။

နွမ်း နယ် အား အင် ကုန် ခန်း တာ တွေ / စား မ ဝင် စား ချင် စိတ် မ ရှိ တာ တွေ စ တဲ့ လ က္ခ ဏာ တွေ လည်း ယုတ် လျော့ လာ ခဲ့ တယ် ၊ နောက် ထပ် ၃ – ၄ ရက် ဆက် သောက် လိုက် တော့ ဖော ရောင် တာ တွေ ဖြည်း ဖြည်း ချင်း ကျ လာ တယ် ၊ ဆီး သွား ရ တာ လည်း အ ရင် က ထက် ချော မွေ့ လာ တယ် ၊ အ ခြေ အ နေ တိုး တက် လာ မှု က သူ မ ရဲ့ မြက် ကြွပ် ရွက် အ ပေါ် အား ကိုး လို စိတ် ကို ပို ပြီး တက် ကြွ လာ စေ ခဲ့ တယ် ၊ ဒါ နဲ့ ဆက် ပြီး မြက် ကြွပ် ရွက် ပြုတ် ရည် ကို ဆက် တိုက် သောက် ဖြစ် သွား တယ် ၊ ၃ လ ဆက် သောက် ပြီး တဲ့ နောက် သူ မ ဆေး ရုံ မှာ သွား ပြီး ဆေး စစ် ခံ တယ် / သွေး စစ် တယ် / ဆီး စစ် တယ် ။

အ များ ကြီး တိုး တက် ကောင်း မွန် လာ တယ် ၊ သူ မ ကို ကု သ ခဲ့ တဲ့ ဆ ရာ ဝန် က တောင် အံ့ အား သင့် သွား တယ် ၊ သူ မ ဘာ ဆေး ဝါး တွေ ကို စား ခဲ့ တာ လဲ လို့ မေး တယ် ၊ ပြီး တော့ ရော ဂါ အ ခြေ အ နေ အ များ ကြီး သက် သာ လာ တာ ဖြစ် လို့ သောက် လက် စ ဆေး ကို ဆက် သောက် ဖို့ အ ကြံ ပေး တယ် ၊ ဒါ မှ ရော ဂါ ရှင်း ရှင်း ပျောက် ပြီး အ ခြေ ခိုင် မှာ လို့ ပြော တယ် ။

သူ မ က လည်း သံ သ ယ စိတ် တွေ / ဒွိ ဟ စိတ် တွေ လုံး ဝ မ ရှိ တော့ ဘဲ မြက် ကြွပ် ရွက် ပြုတ် ရည် ကို ပဲ ၃ လ ကြာ အောင် ဆက် သောက် ပြန် တယ် ၊ ပြီး တော့ ဆေး ရုံ သွား ပြီး အ စစ် ဆေး ခံ ပြန် တယ် ၊ ဆ ရာ ဝန် က လက် မ ထောင် ပြ ပြီး ရော ဂါ အ ခြေ အ နေ ကို ထိန်း ချုပ် သွား နိုင် ပြီ ၊ သွေး ထဲ မှာ ယူ ရီး ယား နိုက် ထ ရို ဂျင် ဓာတ် တွေ နဲ့ တ ခြား သွေး တွင်း အ ခြေ အ နေ တွေ အား လုံး ပုံ မှန် ဖြစ် သွား တဲ့ အ တွက် ကျောက် ကပ် ဆေး စ ရာ မ လို တော့ ဘူး လို့ ပြော ပါ တယ် ၊ သူ မ က ဝမ်း သာ လွန်း လို့ နီး စပ် ရာ မိတ် ဆွေ များ နဲ့ ဆွေ မျိုး တို့ ကို ဝမ်း သာ အား ရ ပြော ပြ တဲ့ အ ပြင် သူ မ မှာ လက် ကျန် ရှိ တဲ့ မြက် ကြွပ် ရွက် အ ပင် တွေ ကို မျိုး စိုက် ထား ဖို့ ဝေ မျှ ပေး ပါ တယ် ။

ဆေး ကောင်း တစ် လက် ကို အား လုံး အိမ် မှာ စိုက် ထား ကြ ဖို့ မျိုး လက် ဆောင် ပေး တာ ဖြစ် ပါ တယ် ၊ အ ထက် မှာ ဖော် ပြ ခဲ့ တဲ့ ဆောင်း ပါး ကို ကိုယ် တိုင် ကျောက် ကပ် ဝေ ဒ နာ ခံ စား နေ ရ တဲ့ သ တင်း စာ ဆ ရာ ဖတ် ရှူ ပြီး အ မှောင် တွင်း က အ လင်း တန်း ကို မြင် လိုက် ရ သ လို ခံ စား မိ ပြီး မြက် ကြွပ် ပင် ကို အ သည်း အ သန် ရှာ ဖွေ တော့ တယ် ၊ ကံ အား လျော် စွာ ပဲ သူ့ ရဲ့ မိတ် ဆွေ တွေ ဖြစ် ကြ တဲ့ သ တင်း စာ ဆ ရာ တွေ ရဲ့ အိမ် မှာ မျိုး အ တွက် စိုက် ပျိုး ထား တာ တွေ ရှိ ကြ တော့ ဝိုင်း ဝန်း စု ပေး လိုက် ကြ တာ သူ့ မှာ ( ၃ ) ခွက် စာ လောက် ရ လိုက် တာ ကို ဝမ်း သာ အား ရ ပြုတ် သောက် လိုက် ရ တယ် ။

ဆေး ( ၃ ) ရက် သောက် လိုက် ရ ရင် ပဲ သက် သာ လာ တယ် ၊ ဒီ လို ဆက် ပြီး ရှာ တော့ စင် ကာ ပူ ရဲ့ ဟင်း သီး ဟင်း ရွက် တန်း မှာ မ နက် ပိုင်း ဝယ် ယူ ရ ရှိ နိုင် တယ် လို့ သ တင်း ရ ပြီး သွား ရှာ ဝယ် တော့ လို သ လောက် ရ လိုက် တယ် ၊ ရ သ လောက် ဝယ် ယူ ပြီး အ ပို အ လျှံ တွေ ကို အ ခြောက် လှန်း ထား လိုက် တယ် ၊ အ ခြောက် ကို လည်း ပြုတ် ရည် လုပ် ပြီး သောက် လို့ ရ တယ် ။

ဒါ ပေ မဲ့ တ ရုတ် တိုင်း ရင်း ဆေး သ ဘော အ ရ ဘယ် ဘ ယ ဆေး ကို မ ဆို အ ခြောက် ဆို ရင် ဘ ယ ဆေး ရွက် အ စို ရဲ့ တစ် ဝက် ကို သာ ပြုတ် သောက် ရ တယ် ဆို တာ ကို လေ့ လာ သိ ရှိ ထား တော့ မြက် ကြွပ် ရွက် အ ခြောက် ( ၁ ၂ ၅ ဂ ရမ် = ၇ ကျပ် ခွဲ သား ) ကို သာ ( ၃ ခွက် တစ် ခွက် တင် ) ပြုတ် သောက် တော့ တယ် ၊ ( ၃ – ၄ ) လ ဆက် သောက် ပြီး ဆေး ရုံ သွား အ စစ် ဆေး ခံ တော့ ဆ ရာ ဝန် က အ ခြေ အ နေ အ တော် ကောင်း သွား ပြီ ကျောက် ကပ် ဆေး ဖို့ မ လို တော့ ဘူး လို့ ပြော တယ် ။

သ တင်း စာ ဆ ရာ လည်း ဝမ်း သာ အား ရ နဲ့ အ ခု ဒီ ဆောင်း ပါး ကို ရေး သား ပြီး မူ လ သ တင်း စာ မှာ ပဲ ဖော် ပြ ပေး ဖို့ မေ တ္တာ ရပ် ခံ ခဲ့ တယ် ၊ ‘ ကျောက် ကပ် ရော ဂါ အ တွက် အံ့ ဖွယ် အ စွမ်း ပြ တဲ့ မြက် ကြွပ် ရွက် ’ လို့ ခေါင်း စဉ် တပ် ခဲ့ တယ် ၊ သူ က လည်း အ ပို တွေ ကျန် ရှိ တဲ့ မြက် ကြွပ် ရွက် တွေ ကို မိတ် ဆွေ သ တင်း စာ ဆ ရာ တွေ ကို ဝေ ပေး ပြီး စိုက် ပျိုး ထား ဖို့ လို အပ် တဲ့ လူ တွေ ကို မျှ ဝေ ပေး ဖို့ မှာ ကြား တဲ့ အ ပြင် သူ့ ဆောင်း ပါး ထဲ မှာ လည်း လို အပ် တဲ့ လူ နာ များ သ တင်း စာ တိုက် ကို အ ကြောင်း ကြား တောင်း ယူ နိုင် တယ် လို့ လှုံ့ ဆော် ထား ပါ သေး တယ် ။

သောက် နည်း – မြက် ကြွပ် ရွက် လတ် လတ် ဆတ် ဆတ် ဆို ရင် ( ၁ ၅ ကျပ် သား ) + ရေ မတ် ခွက် ( ၃ ) ခွက် ၊ မီး မျှဉ်း မျှဉ်း နဲ့ ၂ နာ ရီ ခွဲ ကြာ ( ၃ ) ခွက် ( ၁ ) ခွက် တင် ပြုတ် ပြီး နေ့ စဉ် ၃ ရက် ဆက် သောက် ၊ ပေါ့ ပါး သွား ရင် နောက် ပိုင်း ၃ လ က နေ ၆ လ ထိ ဆက် သောက် ပါ ၊ ၃ လ သောက် ပြီး ရင် ဆေး စစ် ခံ ယူ ဖို့ တော့ လို အပ် ပါ တယ် ။

C r d

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အန္တရာယ် ဖြစ်စေ နိုင်တာကြောင့် ပြန်နွေးမစားသင့်တဲ့ အစားအစာ ( ၇ ) မျိုး
Health
အန္တရာယ် ဖြစ်စေ နိုင်တာကြောင့် ပြန်နွေးမစားသင့်တဲ့ အစားအစာ ( ၇ ) မျိုး

အန္တရာယ် ဖြစ်စေ နိုင်တာကြောင့် ပြန်နွေးမစားသင့်တဲ့ အစားအစာ ( ၇ ) မျိုး ၁ ။ ဟင်းနု နွယ်ရွက် ( Spinach ) ချက်ပြီးသား ဟင်းနု နွယ်ရွက်ကို ပြန်နွှေးပြီး မစားသင့်ပါဘူး ။ ဘာလို့လဲဆိုတော့ ဟင်းနုနွယ်ရွက်ထဲမှာ ပါတဲ့ နိုက်ထရိတ် ( nitrates ) ဓာတ်ဆားကြောင့် ဖြစ်ပါတယ် ။ ချက်ထားတဲ့ ဟင်းနုနွယ်ရွက်ကို နွှေးလိုက်တဲ့ အခါမှာ နိုက်ထရိတ် ဓာတ်ဆားကနေ နိုက်ထရစ် အက်စစ် အဖြစ် ပြောင်းလဲသွားပြီး အဲ့ဒီ ပြောင်းလဲသွားတဲ့ နိုက်ထရစ် အက်စစ်ဟာ ကင်ဆာ ရောဂါဖြစ်စေနိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်… …

သင့်ရဲ့မီးဖိုချောင်သုံး ပစ္စည်းများနဲ့ အလွယ်လေး ပြုလုပ်လို့ရမယ့် ဆေးစွမ်းကောင်းများ
Health
သင့်ရဲ့မီးဖိုချောင်သုံး ပစ္စည်းများနဲ့ အလွယ်လေး ပြုလုပ်လို့ရမယ့် ဆေးစွမ်းကောင်းများ

သင့်ရဲ့မီးဖိုချောင်သုံး ပစ္စည်းများနဲ့ အလွယ်လေး ပြုလုပ်လို့ရမယ့် ဆေးစွမ်းကောင်းများ လူတိုင်းက နေမ ကောင်း ဖြစ်နေတဲ့ အချိန်မှာ ခံစားရတဲ့ ဝေဒနာတွေ အမြန် သက်သာ ပျောက်ကင်းချင်ကြတဲ့ သူတွေချည်းပါပဲ ။ ဒါပေမဲ့ ဆေးဆိုင် ၊ ဆေးခန်းတွေက သင့်အိမ် နဲ့ တော်တော်ဝေးတဲ့ အ ခြေအ နေမျိုးမှာ ဒါမှမဟုတ် ဆေးခန်း ဖွင့်ချိန်အထိ မ စောင့်ချင်ဘဲ ရောဂါ မြန်မြန် သက်သာချင်တယ်ဆိုရင် သဘာဝ အိမ်တွင်း ဆေးနည်းလေးတွေ အသုံးပြု ပေးလိုက်ပါ ။ ကိုယ် ခံစားရတဲ့ ဝေဒနာအမျိုးအစားပေါ် မူတည်ပြီး သုံးရတဲ့ ဆေးနည်းတွေကလည်း ပြောင်းလဲ သွားတာကြောင့် မှန်ကန်တဲ့ …

Health
ချောင်း ခြောက် ဆိုး ခြင်း အ တွက် ကု သ ဆေး နည်း

ချောင်း ခြောက် ဆိုး ခြင်း အ တွက် ကု သ ဆေး နည်း ရိုး ရိုး သာ မန် ချောင်း ခြောက် ဆိုး တာ လောက် သာ ဆို ရင် ဒီ ရိုး ရာ သ ဘာ ဝ ဆေး နည်း က အ ကူ အ ညီ ဖြစ် စေ ပါ လိမ့် မယ် ၊ အဲ့ ဒီ အ ထဲ ပင် စိမ်း လည်း တစ် ခု …