အေႂကြေစ့ႏွစ္ေစ့

အေႂကြေစ့ႏွစ္ေစ့
Blog

အေႂကြေစ့ႏွစ္ေစ့

၁၉၄၅ခုႏွစ္ ေအာက္တိုဘာလ(၂၇)ရက္ေန႔မွာ ဘရာဇီးႏိုင္ငံ Pernambucoျပည္နယ္က ႐ြာေလးတစ္႐ြာမွာရွိတဲ့ လယ္သမားမိသားစုကေန ေကာင္ေလးတစ္ေယာက္ ေမြးဖြားခဲ့တယ္။ အဲဒီမိသားစုဟာ ဆင္းရဲလြန္းတာေၾကာင့္ ေကာင္ေလးဟာ (၄)ႏွစ္သားအ႐ြယ္ကတည္းက လမ္းေပၚမွာ ေျမပဲဆံလိုက္ေရာင္းခဲ့ရတယ္။ ဒါေတာင္ အစားနပ္မွန္မွန္ သူ မစားခဲ့ရသလို အဝတ္လုံလုံလည္း မဝတ္ခဲ့ရပါဘူး။

ေက်ာင္းစတက္တဲ့အ႐ြယ္မွာ ေကာင္ေလးဟာ ေက်ာင္းအားခ်ိန္တိုင္း အေဖာ္သူငယ္ခ်င္းႏွစ္ေယာက္နဲ႔ ဖိနပ္လိုက္တိုက္ခဲ့တယ္။ တကယ္လို႔ ဖိနပ္တိုက္သူမရွိရင္ သူတို႔ဗိုက္ငတ္ရပါတယ္။ ေကာင္ေလး(၁၂)ႏွစ္အ႐ြယ္ တစ္ညမွာ ပင္မင္းဆိုင္သူေဌးတစ္ဦး ဖိနပ္လာတိုက္ခဲ့တယ္။ ေကာင္ေလးနဲ႔ အေဖာ္ႏွစ္ေယာက္ဟာ သူ႔ထက္ငါဖိနပ္တိုက္ရဖို႔အတြက္ သူေဌးဆီဝိုင္းအုံသြားခဲ့ၾကတယ္။ ေကာင္ေလးသုံးေယာက္ရဲ႕ ေတာင့္တေနတဲ့ မ်က္လုံးအစုံကိုၾကည့္ၿပီး သူေဌးဆုံးျဖတ္ရခက္သြားတယ္။

ေနာက္ဆုံး သူေဌးက အေႂကြေစ့ႏွစ္ေစ့ထုတ္ၿပီး “ဘယ္သူ ပိုက္ဆံလိုရင္ ဘယ္သူ႔ကို ငါ့ဖိနပ္တိုက္ေစမယ္။ ဖိနပ္တိုက္ခ ႏွစ္က်ပ္ေပးမယ္”လို႔ဆိုတယ္။ အဲဒီတုန္းက ဖိနပ္တစ္ခါတိုက္မွ ျပား(၂ဝ)ရတာပါ။ အခု(၁ဝ)ဆေလာက္ရမယ့္ ပိုက္ဆံက မိုးေပၚကက်လာတဲ့ မုန႔္ေတြလိုပဲ ေကာင္ေလးသုံးေယာက္ရဲ႕ မ်က္လုံးကို အေရာက္လက္သြားေစခဲ့ပါတယ္။ “ကြၽန္ေတာ္ မနက္ကတည္းက အစာမစားရေသးပါဘူး။ စားဖို႔ပိုက္ဆံသာ ထပ္မရခဲ့ရင္ ကြၽန္ေတာ္ဆာၿပီေသသြားလိမ့္မယ္”လို႔ အေဖာ္ေကာင္ေလးတစ္ေယာက္က ဆိုတယ္။

“ကြၽန္ေတာ့္အိမ္မွာ အစာျပတ္ေနတာ ၃ရက္ရွိသြားပါၿပီ။ အေမကလည္း ေနမေကာင္းဘူး။ အိမ္အတြက္ ကြၽန္ေတာ္စားစရာဝယ္ျပန္ေပးရမယ္။ ဒီလိုမွမဟုတ္ရင္ ညအိမ္ျပန္ေရာက္ရင္ ကြၽန္ေတာ္ အ႐ိုက္ခံရေတာ့မယ္”လို႔ ေနာက္ေကာင္ေလးတစ္ေယာက္က ဆိုတယ္။ သူေဌးလက္ထဲက ပိုက္ဆံႏွစ္က်ပ္ကိုၾကည့္ၿပီး ေကာင္ေလးခဏေလာက္ စဥ္းစားလိုက္တယ္။ ၿပီးမွ “တကယ္လို႔ ဒီပိုက္ဆံႏွစ္က်ပ္ကို ကြၽန္ေတာ္ရခဲ့မယ္ဆိုရင္ သူတို႔ႏွစ္ေယာက္ကို တစ္ေယာက္တစ္က်ပ္စီ ကြၽန္ေတာ္ေပးလိုက္မယ္” လို႔ေျပာတယ္။

ေကာင္ေလးရဲ႕အေျပာကိုၾကားေတာ့ သူေဌးႀကီးနဲ႔ က်န္အေဖာ္ႏွစ္ေယာက္ပါ အံ့အားသင့္သြားၾကတယ္။ “သူတို႔က ကြၽန္ေတာ္ရဲ႕အေကာင္းဆုံးသူငယ္ခ်င္းေတြပါ။ သူတို႔ဆာေနတာ တစ္ရက္ရွိသြားပါၿပီ။ ကြၽန္ေတာ္ကေတာ့ ေန႔လယ္တုန္းက ေျမပဲဆံေလး နည္းနည္းစားထားရေတာ့ ဖိနပ္တိုက္ဖို႔ အားရွိေနပါေသးတယ္။ သူေဌးရဲ႕ဖိနပ္ကို ကြၽန္ေတာ္တိုက္ပါရေစ။ သူေဌးကို ေက်နပ္ေစရပါမယ္” လို႔ ေကာင္ေလးက ဆက္ေျပာပါတယ္။

ေကာင္ေလးေၾကာင့္ သူေဌးခံစားသြားမိတယ္။ ေကာင္ေလးကို သူဖိနပ္တိုက္ေစခဲ့ၿပီး ေငြႏွစ္က်ပ္ကိုေပးလိုက္တယ္။ ေကာင္ေလးက ဘာမွမေျပာဘဲ ေငြႏွစ္က်ပ္ကိုယူၿပီး သူ႔အေဖာ္ႏွစ္ေယာက္ကို ခ်က္ခ်င္းခြဲေပးလိုက္တယ္။ ရက္အနည္းငယ္ၾကာေတာ့ သူေဌးက ေကာင္ေလးကိုရွာၿပီး ေက်ာင္းအားခ်ိန္တိုင္း သူ႔ပင္မင္းဆိုင္မွာ အလုပ္လုပ္ေစခဲ့တယ္။ ညစာထမင္းပါ ေကြၽးခဲ့တယ္။ လုပ္အားခနည္းေပမယ့္ ဖိနပ္လိုက္တိုက္တာထက္စာရင္ ပိုေကာင္းခဲ့ပါတယ္။

ဒါဟာ ကိုယ့္ထက္ပို ဆင္းရဲက်ပ္တည္းသူကို ကူညီခဲ့လို႔ ရလာတဲ့အခြင့္အေရးဆိုတာကို ေကာင္ေလးသိတယ္။ ဒါေၾကာင့္ ေနာင္ေနာက္ခါမွာ သူတတ္စြမ္းသေလာက္ သူ႔ထက္ ပိုက်ပ္တည္းတဲ့လူေတြကို ေတြ႕တိုင္း ေကာင္ေလးကူညီခဲ့ေတာ့တယ္။ ေနာက္ေတာ့ သူဟာ ေက်ာင္းရပ္နားၿပီး အလုပ္႐ုံမွာ အလုပ္သမားဝင္လုပ္ခဲ့တယ္။ အလုပ္သမားေတြ အလုပ္သမားအခြင့္အေရးရဖို႔ သူေတာင္းဆိုခဲ့တယ္။ အသက္ (၂၁)မွာ အလုပ္သမားအသင္းထဲ သူဝင္ခဲ့တယ္။ အသက္(၄၅)ႏွစ္မွာ အလုပ္သမားပါတီကို သူတည္ေထာင္ခဲ့တယ္။

(၂ဝဝ၂)ခုႏွစ္ ေအာက္တိုဘာလမွာ “ဒီႏိုင္ငံမွာရွိတဲ့ လူေတြအားလုံး တစ္ေန႔ကို ထမင္းသုံးႏွပ္မွန္မွန္ စားေစရမယ္”ဆိုၿပီး သူေ႐ြးေကာက္ပြဲဝင္ခဲ့တယ္။ ျပည္သူအမ်ားရဲ႕ အားေပးေထာက္ခံမႈကို သူရခဲ့ၿပီး ဘရာဇီးႏိုင္ငံရဲ႕(၃၅)ဦးေျမာက္သမၼတျဖစ္လာခဲ့တယ္။ သူဟာ ဘရာဇီးသမိုင္းမွာ ပထမဦးဆုံး အလုပ္သမားကေန သမၼတျဖစ္လာသူျဖစ္တယ္။ (၂ဝဝ၆)ခုႏွစ္မွာ ဒုတိယအႀကိမ္ သမၼတအျဖစ္ သူဆက္လက္အေ႐ြးခံခဲ့ရျပန္တယ္။

သူသမၼတျဖစ္တဲ့ (၈)ႏွစ္အတြင္းမွာ သူေျပာခဲ့တဲ့ကတိအတိုင္း လက္ေတြ႕အေကာင္ေဖာ္ခဲ့တယ္။ တစ္ႏိုင္ငံလုံးမွာရွိတဲ့ ၉၃%ေသာကေလးငယ္ေတြနဲ႔ ၈၃%ေသာ အ႐ြယ္ေရာက္သူေတြကို တစ္ေန႔သုံးနပ္မွန္ေစခဲ့တယ္။ သူ႔ရဲ႕ဦးေဆာင္မႈေအာက္မွာ ဘရာဇီးႏိုင္ငံကို “ျမက္စားတဲ့ ဒိုင္ႏိုေဆာ”ဘဝကေန “အေမရိကားတိုက္ရဲ႕ ျခေသၤ့”အျဖစ္ တစ္ကမာၻလုံးရဲ႕ ၁ဝႏိုင္ငံေျမာက္ စီးပြားေရးႏိုင္ငံႀကီး ျဖစ္ေစခဲ့တယ္။

သူကေတာ့ တျခားသူမဟုတ္ပါဘူး။ (၂ဝ၁ဝ)ႏွစ္ကုန္ပိုင္းမွာ သမၼတအျဖစ္က တာဝန္ရပ္နားခဲ့တဲ့ ဘရာဇီးသမၼတာေဟာင္း Luiz Inacio Lula da Silva ပဲျဖစ္ပါတယ္။ ကိုယ့္ကိုယ္ကို ဘယ္ေတာ့မွ လက္မေလ်ာ့နဲ႔.. သူတစ္ပါးကိုလည္း ဘယ္ေတာ့မွ မစြန႔္လႊတ္ပါနဲ႔တဲ့။ သူတစ္ပါးကို ဂ႐ုစိုက္ေလေလ ကိုယ့္ကိုယ္ကို စိုးရိမ္ပူပန္စိတ္ နည္းေလေလတဲ့ —- Dalai Lamaက ေျပာခဲ့ပါတယ္။

Unicode

အကြွေစေ့နှစ်စေ့

၁၉၄၅ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့မှာ ဘရာဇီးနိုင်ငံ Pernambucoပြည်နယ်က ရွာလေးတစ်ရွာမှာရှိတဲ့ လယ်သမားမိသားစုကနေ ကောင်လေးတစ်ယောက် မွေးဖွားခဲ့တယ်။ အဲဒီမိသားစုဟာ ဆင်းရဲလွန်းတာကြောင့် ကောင်လေးဟာ (၄)နှစ်သားအရွယ်ကတည်းက လမ်းပေါ်မှာ မြေပဲဆံလိုက်ရောင်းခဲ့ရတယ်။ ဒါတောင် အစားနပ်မှန်မှန် သူ မစားခဲ့ရသလို အဝတ်လုံလုံလည်း မဝတ်ခဲ့ရပါဘူး။

ကျောင်းစတက်တဲ့အရွယ်မှာ ကောင်လေးဟာ ကျောင်းအားချိန်တိုင်း အဖော်သူငယ်ချင်းနှစ်ယောက်နဲ့ ဖိနပ်လိုက်တိုက်ခဲ့တယ်။ တကယ်လို့ ဖိနပ်တိုက်သူမရှိရင် သူတို့ဗိုက်ငတ်ရပါတယ်။ ကောင်လေး(၁၂)နှစ်အရွယ် တစ်ညမှာ ပင်မင်းဆိုင်သူဌေးတစ်ဦး ဖိနပ်လာတိုက်ခဲ့တယ်။ ကောင်လေးနဲ့ အဖော်နှစ်ယောက်ဟာ သူ့ထက်ငါဖိနပ်တိုက်ရဖို့အတွက် သူဌေးဆီဝိုင်းအုံသွားခဲ့ကြတယ်။ ကောင်လေးသုံးယောက်ရဲ့ တောင့်တနေတဲ့ မျက်လုံးအစုံကိုကြည့်ပြီး သူဌေးဆုံးဖြတ်ရခက်သွားတယ်။

နောက်ဆုံး သူဌေးက အကြွေစေ့နှစ်စေ့ထုတ်ပြီး “ဘယ်သူ ပိုက်ဆံလိုရင် ဘယ်သူ့ကို ငါ့ဖိနပ်တိုက်စေမယ်။ ဖိနပ်တိုက်ခ နှစ်ကျပ်ပေးမယ်”လို့ဆိုတယ်။ အဲဒီတုန်းက ဖိနပ်တစ်ခါတိုက်မှ ပြား(၂ဝ)ရတာပါ။ အခု(၁ဝ)ဆလောက်ရမယ့် ပိုက်ဆံက မိုးပေါ်ကကျလာတဲ့ မုန့်တွေလိုပဲ ကောင်လေးသုံးယောက်ရဲ့ မျက်လုံးကို အရောက်လက်သွားစေခဲ့ပါတယ်။ “ကျွန်တော် မနက်ကတည်းက အစာမစားရသေးပါဘူး။ စားဖို့ပိုက်ဆံသာ ထပ်မရခဲ့ရင် ကျွန်တော်ဆာပြီသေသွားလိမ့်မယ်”လို့ အဖော်ကောင်လေးတစ်ယောက်က ဆိုတယ်။

“ကျွန်တော့်အိမ်မှာ အစာပြတ်နေတာ ၃ရက်ရှိသွားပါပြီ။ အမေကလည်း နေမကောင်းဘူး။ အိမ်အတွက် ကျွန်တော်စားစရာဝယ်ပြန်ပေးရမယ်။ ဒီလိုမှမဟုတ်ရင် ညအိမ်ပြန်ရောက်ရင် ကျွန်တော် အရိုက်ခံရတော့မယ်”လို့ နောက်ကောင်လေးတစ်ယောက်က ဆိုတယ်။ သူဌေးလက်ထဲက ပိုက်ဆံနှစ်ကျပ်ကိုကြည့်ပြီး ကောင်လေးခဏလောက် စဉ်းစားလိုက်တယ်။ ပြီးမှ “တကယ်လို့ ဒီပိုက်ဆံနှစ်ကျပ်ကို ကျွန်တော်ရခဲ့မယ်ဆိုရင် သူတို့နှစ်ယောက်ကို တစ်ယောက်တစ်ကျပ်စီ ကျွန်တော်ပေးလိုက်မယ်” လို့ပြောတယ်။

ကောင်လေးရဲ့အပြောကိုကြားတော့ သူဌေးကြီးနဲ့ ကျန်အဖော်နှစ်ယောက်ပါ အံ့အားသင့်သွားကြတယ်။ “သူတို့က ကျွန်တော်ရဲ့အကောင်းဆုံးသူငယ်ချင်းတွေပါ။ သူတို့ဆာနေတာ တစ်ရက်ရှိသွားပါပြီ။ ကျွန်တော်ကတော့ နေ့လယ်တုန်းက မြေပဲဆံလေး နည်းနည်းစားထားရတော့ ဖိနပ်တိုက်ဖို့ အားရှိနေပါသေးတယ်။ သူဌေးရဲ့ဖိနပ်ကို ကျွန်တော်တိုက်ပါရစေ။ သူဌေးကို ကျေနပ်စေရပါမယ်” လို့ ကောင်လေးက ဆက်ပြောပါတယ်။

ကောင်လေးကြောင့် သူဌေးခံစားသွားမိတယ်။ ကောင်လေးကို သူဖိနပ်တိုက်စေခဲ့ပြီး ငွေနှစ်ကျပ်ကိုပေးလိုက်တယ်။ ကောင်လေးက ဘာမှမပြောဘဲ ငွေနှစ်ကျပ်ကိုယူပြီး သူ့အဖော်နှစ်ယောက်ကို ချက်ချင်းခွဲပေးလိုက်တယ်။ ရက်အနည်းငယ်ကြာတော့ သူဌေးက ကောင်လေးကိုရှာပြီး ကျောင်းအားချိန်တိုင်း သူ့ပင်မင်းဆိုင်မှာ အလုပ်လုပ်စေခဲ့တယ်။ ညစာထမင်းပါ ကျွေးခဲ့တယ်။ လုပ်အားခနည်းပေမယ့် ဖိနပ်လိုက်တိုက်တာထက်စာရင် ပိုကောင်းခဲ့ပါတယ်။

ဒါဟာ ကိုယ့်ထက်ပို ဆင်းရဲကျပ်တည်းသူကို ကူညီခဲ့လို့ ရလာတဲ့အခွင့်အရေးဆိုတာကို ကောင်လေးသိတယ်။ ဒါကြောင့် နောင်နောက်ခါမှာ သူတတ်စွမ်းသလောက် သူ့ထက် ပိုကျပ်တည်းတဲ့လူတွေကို တွေ့တိုင်း ကောင်လေးကူညီခဲ့တော့တယ်။ နောက်တော့ သူဟာ ကျောင်းရပ်နားပြီး အလုပ်ရုံမှာ အလုပ်သမားဝင်လုပ်ခဲ့တယ်။ အလုပ်သမားတွေ အလုပ်သမားအခွင့်အရေးရဖို့ သူတောင်းဆိုခဲ့တယ်။ အသက် (၂၁)မှာ အလုပ်သမားအသင်းထဲ သူဝင်ခဲ့တယ်။ အသက်(၄၅)နှစ်မှာ အလုပ်သမားပါတီကို သူတည်ထောင်ခဲ့တယ်။

(၂ဝဝ၂)ခုနှစ် အောက်တိုဘာလမှာ “ဒီနိုင်ငံမှာရှိတဲ့ လူတွေအားလုံး တစ်နေ့ကို ထမင်းသုံးနှပ်မှန်မှန် စားစေရမယ်”ဆိုပြီး သူရွေးကောက်ပွဲဝင်ခဲ့တယ်။ ပြည်သူအများရဲ့ အားပေးထောက်ခံမှုကို သူရခဲ့ပြီး ဘရာဇီးနိုင်ငံရဲ့(၃၅)ဦးမြောက်သမ္မတဖြစ်လာခဲ့တယ်။ သူဟာ ဘရာဇီးသမိုင်းမှာ ပထမဦးဆုံး အလုပ်သမားကနေ သမ္မတဖြစ်လာသူဖြစ်တယ်။ (၂ဝဝ၆)ခုနှစ်မှာ ဒုတိယအကြိမ် သမ္မတအဖြစ် သူဆက်လက်အရွေးခံခဲ့ရပြန်တယ်။

သူသမ္မတဖြစ်တဲ့ (၈)နှစ်အတွင်းမှာ သူပြောခဲ့တဲ့ကတိအတိုင်း လက်တွေ့အကောင်ဖော်ခဲ့တယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ၉၃%သောကလေးငယ်တွေနဲ့ ၈၃%သော အရွယ်ရောက်သူတွေကို တစ်နေ့သုံးနပ်မှန်စေခဲ့တယ်။ သူ့ရဲ့ဦးဆောင်မှုအောက်မှာ ဘရာဇီးနိုင်ငံကို “မြက်စားတဲ့ ဒိုင်နိုဆော”ဘဝကနေ “အမေရိကားတိုက်ရဲ့ ခြင်္သေ့”အဖြစ် တစ်ကမ္ဘာလုံးရဲ့ ၁ဝနိုင်ငံမြောက် စီးပွားရေးနိုင်ငံကြီး ဖြစ်စေခဲ့တယ်။

သူကတော့ တခြားသူမဟုတ်ပါဘူး။ (၂ဝ၁ဝ)နှစ်ကုန်ပိုင်းမှာ သမ္မတအဖြစ်က တာဝန်ရပ်နားခဲ့တဲ့ ဘရာဇီးသမ္မတာဟောင်း Luiz Inacio Lula da Silva ပဲဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ဘယ်တော့မှ လက်မလျော့နဲ့.. သူတစ်ပါးကိုလည်း ဘယ်တော့မှ မစွန့်လွှတ်ပါနဲ့တဲ့။ သူတစ်ပါးကို ဂရုစိုက်လေလေ ကိုယ့်ကိုယ်ကို စိုးရိမ်ပူပန်စိတ် နည်းလေလေတဲ့ —- Dalai Lamaက ပြောခဲ့ပါတယ်။

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ရွက္ သင့္ တာ ကို ရွက္
Blog
ရွက္ သင့္ တာ ကို ရွက္

ရွက္ သင့္ တာ ကို ရွက္ ေလာ က မွာ လူ တိုင္း ရန္ ျဖစ္ တတ္ တယ္ ၊ ပ ညာ ရွိ လို ရန္ ျဖစ္ တတ္ တာ နဲ႔ ေအာက္ တန္း က် က် ရန္ ျဖစ္ တတ္ တာ ကြာ သြား တယ္ ၊ လူ တိုင္း အ တင္း ေျပာ တတ္ တယ္ ၊ လူ႔သ ဘာ ဝ အ ရ တ …

" ကိုယ့္ ေဘး က တန္ ဖိုး ရွိ တဲ့ လူ "
Blog
” ကိုယ့္ ေဘး က တန္ ဖိုး ရွိ တဲ့ လူ “

” ကိုယ့္ ေဘး က တန္ ဖိုး ရွိ တဲ့ လူ “ ရည္း စား ေတြ သုံး ေလး ေယာက္ တစ္ ၿပိဳင္ တည္း တြဲ တဲ့ ေခတ္ မွာ ကိုယ့္ တစ္ ေယာက္ တည္း သာ တြဲ တဲ့ သူ ဟာ ကိုယ့္ ဘ ဝ အ တြက္ အ ဖိုး တန္ တဲ့ လူ ပါ ပဲ ၊ တစ္ ေယာက္ ထက္ တစ္ ေယာက္ …

ရုတ္တရက္ ေလျဖတ္ခဲ့ရင္ ျပဳစုကုသႏုိင္မည့္ နည္းလမ္း ( သ မား ေတာ္ ႀကီး ဣ စာၦ သ ယ ဦး ေမာင္ ေမာင္ )
Blog
ရုတ္တရက္ ေလျဖတ္ခဲ့ရင္ ျပဳစုကုသႏုိင္မည့္ နည္းလမ္း ( သ မား ေတာ္ ႀကီး ဣ စာၦ သ ယ ဦး ေမာင္ ေမာင္ )

ရုတ္တရက္ ေလျဖတ္ခဲ့ရင္ ျပဳစုကုသႏုိင္မည့္ နည္းလမ္း ( သ မား ေတာ္ ႀကီး ဣ စာၦ သ ယ ဦး ေမာင္ ေမာင္ ) “ ႐ုတ္ တ ရက္္ ေလ ျဖတ္ လွ်င္ ခ်က္ ခ်င္း အ ေကာင္း ပ က တိိ ျဖစ္ ေအာင္ ျပဳ စု ကု သ နည္း ” ေလ ေရာ ဂါ သည္္ အ သက္ ( ၄ ၀ ) ႏွင့္ …