အကယ္၍ ဗိုလ္ခ်ဳပ္ေအာင္ဆန္းသာ လုပ္ႀကံမခံရဘဲ လြတ္လပ္ေရးကို မီခဲ့မယ္ဆိုရင္

အကယ္၍ ဗိုလ္ခ်ဳပ္ေအာင္ဆန္းသာ လုပ္ႀကံမခံရဘဲ လြတ္လပ္ေရးကို မီခဲ့မယ္ဆိုရင္
Blog

အကယ္၍ ဗိုလ္ခ်ဳပ္ေအာင္ဆန္းသာ လုပ္ႀကံမခံရဘဲ လြတ္လပ္ေရးကို မီခဲ့မယ္ဆိုရင္

ျမန္မာျပည္ရဲ႕ အမ်ိဳးသား ေခါင္းေဆာင္ႀကီး အျဖစ္ အမ်ားက ေလးစားၾကတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းဟာ အသက္ ငယ္ငယ္နဲ႔ ကြယ္လြန္ခဲ့ရေပမယ့္ သူဟာ ထိပ္တန္း ေခါင္းေဆာင္ေကာင္း ေတြရဲ႕ အရည္အခ်င္းေတြ ရွိတယ္လို႔ အမ်ားျပည္သူကေရာ ပညာရွင္ေတြကပါ သတ္မွတ္ ခံရသူ ျဖစ္ပါတယ္။ အကယ္၍ ဗိုလ္ခ်ဳပ္သာ လုပ္ႀကံမခံရဘဲ လြတ္လပ္ေရးကို မီခဲ့မယ္ ဆိုရင္ ျမန္မာ ျပည္ရဲ႕ ကံၾကမၼာ ဘယ္လို ရွိမလဲ ဆိုတာကလည္း လူအမ်ား ေတြးတတ္ၾကတဲ့ ေခါင္းစဥ္ တခုပါ။

ဒါနဲ႔ ပတ္သက္ၿပီး လန္ဒန္ တကၠသိုလ္က အာရွ သမိုင္းနဲ႔ စစ္သမိုင္း ပါေမာကၡ မိုက္ကယ္ ခ်ာနီ ကဗိုလ္ခ်ဳပ္ ေအာင္ဆန္းဟာ လြတ္လပ္ေရး မရခင္ ကြယ္လြန္ေပမယ့္ သူ႔ရဲ႕ မူေတြကို လက္ေတြ႕ ေဖာ္ရသူက ဦးႏု ျဖစ္တယ္၊ ဦးႏုဟာ ဗိုလ္ခ်ဳပ္ မႀကဳံခဲ့ရတဲ့ ျပည္တြင္းစစ္လို စိန္ေခၚမႈေတြၾကားက လုပ္ရသူမို႔ မွန္းသေလာက္ မေအာင္ျမင္ခဲ့ဘူးလို႔ ေျပာပါတယ္။

အကယ္၍ ဗိုလ္ခ်ဳပ္သာ ရွိေသးရင္ သူ ထူေထာင္ခဲ့တဲ့ စစ္တပ္က ျပန္အာဏာသိမ္းတာမ်ိဳး မႀကဳံရႏိုင္ဘူးလို႔လည္း မိုက္ကယ္ ခ်ာနီ က ေျပာပါတယ္။ ျမန္မာ ႏိုင္ငံက စစ္တပ္ဟာ ေအာင္ဆန္းကို လြန္ဆန္ၿပီး အာဏာသိမ္းတာ မျဖစ္ႏိုင္ဘူး။ သူဟာ ႏိုင္ငံတည္ေထာင္သူေတြရဲ႕ သဘာဝ အတိုင္း အင္မတန္ ပါးနပ္ လည္ပတ္သူ ျဖစ္ပါတယ္။ သူ႔ကို ေနဝင္းလို လူမ်ိဳးက ဖယ္ရွားဖို႔ ခက္ခဲပါတယ္လို႔ ဆိုပါတယ္။

တပ္မေတာ္၏ ဖခင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း

“တားဖို႔ ခက္တယ္” ဒါေပမဲ့ ဗိုလ္ခ်ဳပ္ရွိခဲ့ရင္လည္း ျပည္တြင္းစစ္ မျဖစ္ေအာင္ တားဖို႔ ခက္တယ္လို႔ ျမန္မာ သမိုင္း အဖြဲ႕ ဒုတိယ ဥကၠ႒ေဟာင္း ေဒါက္တာ တိုးလွက ဆိုပါတယ္။ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းက တိုင္းရင္းသားေတြကို ပင္လုံမွာ ကတိေပးခဲ့သလို ၁ဝ ႏွစ္ၾကာမွာ ခြဲထြက္ခြင့္ ေတာင္းလာခဲ့ရင္ ၊ သူသာ ရွိေသးလို႔ ဒီလို ခြဲထြက္ခြင့္ေတာင္းတာ ႀကဳံမယ္ ဆိုရင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ဒုတိယ ပင္လုံ ညီလာခံ ေခၚမယ့္သူပါလို႔ မိုက္ကယ္ ခ်ာနီ က ေျပာပါတယ္။

သူဟာ စည္း႐ုံးေရးကို စစ္အင္အားနဲ႔ မဟုတ္ဘဲ ႏိုင္ငံေရးနည္းနဲ႔ သြားသူ ျဖစ္တယ္လို႔ ဆိုပါတယ္။ သူ႔ရဲ႕ အရည္အခ်င္းေတြက ထင္ရွားတာေတြ ျပပါဆိုရင္ ႐ိုးသားမႈကို ထိပ္ဆုံးက ေျပာၾကေလ့ ရွိပါတယ္။ေနာက္ ထင္ရွားတဲ့ အရည္အခ်င္းကေတာ့ အယူဝါဒေတြေနာက္ မလိုက္ဘဲ ႏိုင္ငံအတြက္ ခ်င့္ခ်ိန္ ေဆာင္႐ြက္ တတ္တာလို႔ ေဒါက္တာ မိုက္ကယ္ ခ်ာနီ က ေျပာပါတယ္။

ဗိုလ္ခ်ဳပ္ဟာ ကြန္ျမဴနစ္ ဝါဒကေနၿပီး ဂ်ပန္ေနာက္၊ ၿပီးေတာ့ မဟာမိတ္ေတြနဲ႔ ေပါင္းတာမ်ိဳး ႏိုင္ငံ အတြက္ အက်ိဳးရွိမယ္ ဆိုရင္ ေျပာင္းလဲ လုပ္ကိုင္တတ္သူ ျဖစ္ပါတယ္။ သူနဲ႔ အဆင္တူဆုံး ေခါင္းေဆာင္ တေယာက္ကို ျပပါဆိုရင္ ဗီယက္နမ္ ေခါင္းေဆာင္ႀကီး ဟိုခ်ီမင္း ျဖစ္တယ္လို႔လည္း ေဒါက္တာ မိုက္ကယ္ ခ်ာနီ က ေျပာပါတယ္။

အယူဝါဒေတြကို မၾကည့္ဘဲ အမ်ိဳးသားေရးကို အဓိက ေဆာင္႐ြက္တာမွာ သူတို႔ တူၾကတယ္။ ဟိုခ်ီမင္းကို လက္ဝဲထက္ အမ်ိဳးသားေရး ဝါဒီ ဆန္တယ္ ဆိုရင္ ဗိုလ္ခ်ဳပ္က ပိုၿပီး အမ်ိဳးသားေရး ဝါဒီ ဆန္တယ္လို႔ သူက ေျပာပါတယ္။ လြတ္လပ္ အၿပီး စိန္ေခၚမႈေတြ ရင္ဆိုင္ခဲ့ရာမွာေတာ့ ဗိုလ္ခ်ဳပ္ဟာ အင္ဒိုနီးရွား လြတ္လပ္ေရး ေခါင္းေဆာင္ႀကီး ဆူကာႏိုနဲ႔ တူတယ္လို႔ ေျပာပါတယ္။

“ဆိုရွယ္လစ္ မူ” ျမန္မာႏိုင္ငံ မွာ ဆိုရွယ္လစ္ မူေတြ ခ်မွတ္ခဲ့ရာမွာ ဗိုလ္ခ်ဳပ္မူေတြကို အေျခခံတယ္လို႔ ေျပာပါတယ္။ဒါကို သေဘာမတူသူက ေဒါက္တာ တိုးလွပါ။ မဆလ ေခတ္က်မွ ဒီစကားမ်ိဳးေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ၾကားလာရၿပီး ဗိုလ္ခ်ဳပ္ ေျပာခဲ့တဲ့ ဆိုရန္တိုဗီလာလို မိန႔္ခြန္းေတြ ထဲက တလုံးတေလကို လိုရာဆြဲ သုံးပုံရတယ္လို႔ သူက ဆိုပါတယ္။

ဗိုလ္ခ်ဳပ္ အေနနဲ႔ တိုင္းျပည္ကို အျမန္ တိုးတက္ခ်င္လို႔ ဆိုရွယ္လစ္ အေၾကာင္း လတ္တေလာ ေျပာမိတာသာ ျဖစ္ႏိုင္တယ္ လို႔လည္း သူက ဆိုပါတယ္။ ဗိုလ္ခ်ဳပ္ မရွိတဲ့ေနာက္ ျမန္မာ ႏိုင္ငံဟာ ၿဗိတိသွ် ဓနသဟာယ ထဲက ထြက္တာမ်ိဳးေတြ ျဖစ္ခဲ့ပါတယ္။ဒါနဲ႔ ပတ္သက္ၿပီး ဖြံ႕ၿဖိဳးမႈ ေနာက္က်တာေတြ ရွိခဲ့ပါတယ္။ အဲဒီေနာက္ စစ္တပ္ အုပ္ခ်ဳပ္မႈနဲ႔ အၾကာႀကီး ႀကဳံခဲ့ပါတယ္။ ဒါေတြက ႐ုန္းထြက္ႏိုင္ဖို႔ကေတာ့ တိုင္းျပည္ အတြက္ ဗိုလ္ခ်ဳပ္လို စိတ္ေစတနာ ေကာင္းေကာင္းနဲ႔ လုပ္မယ့္သူေတြ လိုပါတယ္။

ျမန္မာေတြကလည္း ႏိုင္ငံကို ျမန္မာေတြနဲ႔ပဲ ဆိုင္တယ္လို႔ မသတ္မွတ္ဘဲ ဒီမွာ ေနၾကသူေတြ အားလုံးအတြက္ မခြဲမျခား ေဆာင္႐ြက္ၾကမွ တိုးတက္ ႏိုင္မယ္လို႔လည္း ေဒါက္တာ တိုးလွ က ေျပာပါတယ္။

BBC Burmese

Unicode

အကယ်၍ ဗိုလ်ချုပ်အောင်ဆန်းသာ လုပ်ကြံမခံရဘဲ လွတ်လပ်ရေးကို မီခဲ့မယ်ဆိုရင်

မြန်မာပြည်ရဲ့ အမျိုးသား ခေါင်းဆောင်ကြီး အဖြစ် အများက လေးစားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ အသက် ငယ်ငယ်နဲ့ ကွယ်လွန်ခဲ့ရပေမယ့် သူဟာ ထိပ်တန်း ခေါင်းဆောင်ကောင်း တွေရဲ့ အရည်အချင်းတွေ ရှိတယ်လို့ အများပြည်သူကရော ပညာရှင်တွေကပါ သတ်မှတ် ခံရသူ ဖြစ်ပါတယ်။ အကယ်၍ ဗိုလ်ချုပ်သာ လုပ်ကြံမခံရဘဲ လွတ်လပ်ရေးကို မီခဲ့မယ် ဆိုရင် မြန်မာ ပြည်ရဲ့ ကံကြမ္မာ ဘယ်လို ရှိမလဲ ဆိုတာကလည်း လူအများ တွေးတတ်ကြတဲ့ ခေါင်းစဉ် တခုပါ။

ဒါနဲ့ ပတ်သက်ပြီး လန်ဒန် တက္ကသိုလ်က အာရှ သမိုင်းနဲ့ စစ်သမိုင်း ပါမောက္ခ မိုက်ကယ် ချာနီ ကဗိုလ်ချုပ် အောင်ဆန်းဟာ လွတ်လပ်ရေး မရခင် ကွယ်လွန်ပေမယ့် သူ့ရဲ့ မူတွေကို လက်တွေ့ ဖော်ရသူက ဦးနု ဖြစ်တယ်၊ ဦးနုဟာ ဗိုလ်ချုပ် မကြုံခဲ့ရတဲ့ ပြည်တွင်းစစ်လို စိန်ခေါ်မှုတွေကြားက လုပ်ရသူမို့ မှန်းသလောက် မအောင်မြင်ခဲ့ဘူးလို့ ပြောပါတယ်။

အကယ်၍ ဗိုလ်ချုပ်သာ ရှိသေးရင် သူ ထူထောင်ခဲ့တဲ့ စစ်တပ်က ပြန်အာဏာသိမ်းတာမျိုး မကြုံရနိုင်ဘူးလို့လည်း မိုက်ကယ် ချာနီ က ပြောပါတယ်။ မြန်မာ နိုင်ငံက စစ်တပ်ဟာ အောင်ဆန်းကို လွန်ဆန်ပြီး အာဏာသိမ်းတာ မဖြစ်နိုင်ဘူး။ သူဟာ နိုင်ငံတည်ထောင်သူတွေရဲ့ သဘာဝ အတိုင်း အင်မတန် ပါးနပ် လည်ပတ်သူ ဖြစ်ပါတယ်။ သူ့ကို နေဝင်းလို လူမျိုးက ဖယ်ရှားဖို့ ခက်ခဲပါတယ်လို့ ဆိုပါတယ်။

တပ်မတော်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း

“တားဖို့ ခက်တယ်” ဒါပေမဲ့ ဗိုလ်ချုပ်ရှိခဲ့ရင်လည်း ပြည်တွင်းစစ် မဖြစ်အောင် တားဖို့ ခက်တယ်လို့ မြန်မာ သမိုင်း အဖွဲ့ ဒုတိယ ဥက္ကဋ္ဌဟောင်း ဒေါက်တာ တိုးလှက ဆိုပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းက တိုင်းရင်းသားတွေကို ပင်လုံမှာ ကတိပေးခဲ့သလို ၁ဝ နှစ်ကြာမှာ ခွဲထွက်ခွင့် တောင်းလာခဲ့ရင် ၊ သူသာ ရှိသေးလို့ ဒီလို ခွဲထွက်ခွင့်တောင်းတာ ကြုံမယ် ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းက ဒုတိယ ပင်လုံ ညီလာခံ ခေါ်မယ့်သူပါလို့ မိုက်ကယ် ချာနီ က ပြောပါတယ်။

သူဟာ စည်းရုံးရေးကို စစ်အင်အားနဲ့ မဟုတ်ဘဲ နိုင်ငံရေးနည်းနဲ့ သွားသူ ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ အရည်အချင်းတွေက ထင်ရှားတာတွေ ပြပါဆိုရင် ရိုးသားမှုကို ထိပ်ဆုံးက ပြောကြလေ့ ရှိပါတယ်။နောက် ထင်ရှားတဲ့ အရည်အချင်းကတော့ အယူဝါဒတွေနောက် မလိုက်ဘဲ နိုင်ငံအတွက် ချင့်ချိန် ဆောင်ရွက် တတ်တာလို့ ဒေါက်တာ မိုက်ကယ် ချာနီ က ပြောပါတယ်။

ဗိုလ်ချုပ်ဟာ ကွန်မြူနစ် ဝါဒကနေပြီး ဂျပန်နောက်၊ ပြီးတော့ မဟာမိတ်တွေနဲ့ ပေါင်းတာမျိုး နိုင်ငံ အတွက် အကျိုးရှိမယ် ဆိုရင် ပြောင်းလဲ လုပ်ကိုင်တတ်သူ ဖြစ်ပါတယ်။ သူနဲ့ အဆင်တူဆုံး ခေါင်းဆောင် တယောက်ကို ပြပါဆိုရင် ဗီယက်နမ် ခေါင်းဆောင်ကြီး ဟိုချီမင်း ဖြစ်တယ်လို့လည်း ဒေါက်တာ မိုက်ကယ် ချာနီ က ပြောပါတယ်။

အယူဝါဒတွေကို မကြည့်ဘဲ အမျိုးသားရေးကို အဓိက ဆောင်ရွက်တာမှာ သူတို့ တူကြတယ်။ ဟိုချီမင်းကို လက်ဝဲထက် အမျိုးသားရေး ဝါဒီ ဆန်တယ် ဆိုရင် ဗိုလ်ချုပ်က ပိုပြီး အမျိုးသားရေး ဝါဒီ ဆန်တယ်လို့ သူက ပြောပါတယ်။ လွတ်လပ် အပြီး စိန်ခေါ်မှုတွေ ရင်ဆိုင်ခဲ့ရာမှာတော့ ဗိုလ်ချုပ်ဟာ အင်ဒိုနီးရှား လွတ်လပ်ရေး ခေါင်းဆောင်ကြီး ဆူကာနိုနဲ့ တူတယ်လို့ ပြောပါတယ်။

“ဆိုရှယ်လစ် မူ” မြန်မာနိုင်ငံ မှာ ဆိုရှယ်လစ် မူတွေ ချမှတ်ခဲ့ရာမှာ ဗိုလ်ချုပ်မူတွေကို အခြေခံတယ်လို့ ပြောပါတယ်။ဒါကို သဘောမတူသူက ဒေါက်တာ တိုးလှပါ။ မဆလ ခေတ်ကျမှ ဒီစကားမျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် ကြားလာရပြီး ဗိုလ်ချုပ် ပြောခဲ့တဲ့ ဆိုရန်တိုဗီလာလို မိန့်ခွန်းတွေ ထဲက တလုံးတလေကို လိုရာဆွဲ သုံးပုံရတယ်လို့ သူက ဆိုပါတယ်။

ဗိုလ်ချုပ် အနေနဲ့ တိုင်းပြည်ကို အမြန် တိုးတက်ချင်လို့ ဆိုရှယ်လစ် အကြောင်း လတ်တလော ပြောမိတာသာ ဖြစ်နိုင်တယ် လို့လည်း သူက ဆိုပါတယ်။ ဗိုလ်ချုပ် မရှိတဲ့နောက် မြန်မာ နိုင်ငံဟာ ဗြိတိသျှ ဓနသဟာယ ထဲက ထွက်တာမျိုးတွေ ဖြစ်ခဲ့ပါတယ်။ဒါနဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးမှု နောက်ကျတာတွေ ရှိခဲ့ပါတယ်။ အဲဒီနောက် စစ်တပ် အုပ်ချုပ်မှုနဲ့ အကြာကြီး ကြုံခဲ့ပါတယ်။ ဒါတွေက ရုန်းထွက်နိုင်ဖို့ကတော့ တိုင်းပြည် အတွက် ဗိုလ်ချုပ်လို စိတ်စေတနာ ကောင်းကောင်းနဲ့ လုပ်မယ့်သူတွေ လိုပါတယ်။

မြန်မာတွေကလည်း နိုင်ငံကို မြန်မာတွေနဲ့ပဲ ဆိုင်တယ်လို့ မသတ်မှတ်ဘဲ ဒီမှာ နေကြသူတွေ အားလုံးအတွက် မခွဲမခြား ဆောင်ရွက်ကြမှ တိုးတက် နိုင်မယ်လို့လည်း ဒေါက်တာ တိုးလှ က ပြောပါတယ်။

BBC Burmese

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ရွက္ သင့္ တာ ကို ရွက္
Blog
ရွက္ သင့္ တာ ကို ရွက္

ရွက္ သင့္ တာ ကို ရွက္ ေလာ က မွာ လူ တိုင္း ရန္ ျဖစ္ တတ္ တယ္ ၊ ပ ညာ ရွိ လို ရန္ ျဖစ္ တတ္ တာ နဲ႔ ေအာက္ တန္း က် က် ရန္ ျဖစ္ တတ္ တာ ကြာ သြား တယ္ ၊ လူ တိုင္း အ တင္း ေျပာ တတ္ တယ္ ၊ လူ႔သ ဘာ ဝ အ ရ တ …

" ကိုယ့္ ေဘး က တန္ ဖိုး ရွိ တဲ့ လူ "
Blog
” ကိုယ့္ ေဘး က တန္ ဖိုး ရွိ တဲ့ လူ “

” ကိုယ့္ ေဘး က တန္ ဖိုး ရွိ တဲ့ လူ “ ရည္း စား ေတြ သုံး ေလး ေယာက္ တစ္ ၿပိဳင္ တည္း တြဲ တဲ့ ေခတ္ မွာ ကိုယ့္ တစ္ ေယာက္ တည္း သာ တြဲ တဲ့ သူ ဟာ ကိုယ့္ ဘ ဝ အ တြက္ အ ဖိုး တန္ တဲ့ လူ ပါ ပဲ ၊ တစ္ ေယာက္ ထက္ တစ္ ေယာက္ …

ရုတ္တရက္ ေလျဖတ္ခဲ့ရင္ ျပဳစုကုသႏုိင္မည့္ နည္းလမ္း ( သ မား ေတာ္ ႀကီး ဣ စာၦ သ ယ ဦး ေမာင္ ေမာင္ )
Blog
ရုတ္တရက္ ေလျဖတ္ခဲ့ရင္ ျပဳစုကုသႏုိင္မည့္ နည္းလမ္း ( သ မား ေတာ္ ႀကီး ဣ စာၦ သ ယ ဦး ေမာင္ ေမာင္ )

ရုတ္တရက္ ေလျဖတ္ခဲ့ရင္ ျပဳစုကုသႏုိင္မည့္ နည္းလမ္း ( သ မား ေတာ္ ႀကီး ဣ စာၦ သ ယ ဦး ေမာင္ ေမာင္ ) “ ႐ုတ္ တ ရက္္ ေလ ျဖတ္ လွ်င္ ခ်က္ ခ်င္း အ ေကာင္း ပ က တိိ ျဖစ္ ေအာင္ ျပဳ စု ကု သ နည္း ” ေလ ေရာ ဂါ သည္္ အ သက္ ( ၄ ၀ ) ႏွင့္ …