
Health






နှုတ်ခမ်းကွဲခြင်း








Unicode

သင့်ရဲ့မီးဖိုချောင်သုံး ပစ္စည်းများနဲ့ အလွယ်လေး ပြုလုပ်လို့ရမယ့် ဆေးစွမ်းကောင်းများ

လူတိုင်းက နေမ ကောင်း ဖြစ်နေတဲ့ အချိန်မှာ ခံစားရတဲ့ ဝေဒနာတွေ အမြန် သက်သာ ပျောက်ကင်းချင်ကြတဲ့ သူတွေချည်းပါပဲ ။ ဒါပေမဲ့ ဆေးဆိုင် ၊ ဆေးခန်းတွေက သင့်အိမ် နဲ့ တော်တော်ဝေးတဲ့ အ ခြေအ နေမျိုးမှာ ဒါမှမဟုတ် ဆေးခန်း ဖွင့်ချိန်အထိ မ စောင့်ချင်ဘဲ ရောဂါ မြန်မြန် သက်သာချင်တယ်ဆိုရင် သဘာဝ အိမ်တွင်း ဆေးနည်းလေးတွေ အသုံးပြု ပေးလိုက်ပါ ။

ကိုယ် ခံစားရတဲ့ ဝေဒနာအမျိုးအစားပေါ် မူတည်ပြီး သုံးရတဲ့ ဆေးနည်းတွေကလည်း ပြောင်းလဲ သွားတာကြောင့် မှန်ကန်တဲ့ ဆေးနည်းကို ဖော်စပ်နိုင်ဖို့ ရန်အတွက် ဆက်လေ့လာကြည့်လိုက်ရ အောင် ။

ပျားတုပ်ခံရတဲ့အခါ ( သို့ ) အင်းဆက်ပိုးကောင် အကိုက်ခံရတဲ့အခါ

မုန့်ဖုန်ဆိုဒါ နဲ့ ရေတို့ပဲ လိုအပ်ပါတယ် .. ထိုပါဝင်ပစ္စည်းနှစ်မျိုးကို သမ အောင် ရောမွှေပြီးနောက် ပျားတုပ်ခံရတဲ့ နေရာ (သို့မဟုတ်) အ ကောင် ကိုက်ခံရတဲ့နေရာပေါ်မှာ လိမ်းပေးလိုက်ပါ ။ ယားယံခြင်း နဲ့ နာကျင်ခြင်းတို့ သက်သာ ပျောက်ကင်း သွားပါလိမ့်မယ် ။

နှုတ်ခမ်းကွဲခြင်း

ရေ သောက်နည်းလို့ပဲဖြစ်ဖြစ် ရာသီဥတု အ ပြောင်းအလဲကြောင့်ပဲဖြစ်ဖြစ် နှုတ်ခမ်းကွဲတဲ့အခါ သံလွင်ဆီကိုသာ သတိရလိုက်ပါ ။ သံလွင်ဆီကို နှုတ်ခမ်းနီ လိမ်းသလိုမျိုး ပွတ်လိုက်ပေးလိုက်ပါ ။ နှုတ်ခမ်းကို အစိုဓာတ် ပြန်လည် ဖြည့်တင်း ပေးနိုင်ပါတယ် ။

နောက်တစ်နည်း က တော့ ပျားဖ ယောင်း နဲ့ သံလွင်ဆီကို ဆတူ ရောနှော ရမှာပဲ ဖြစ်ပါတယ် ။ ရောနှောပြီးနောက်မှာ Lip Balms ကဲ့သို့ အသုံးပြုပေးနိုင် ပါ ပြီ ။

အ အေးမိခြင်းကြောင့် ချောင်းဆိုးခြင်း

အ အေးမိ ဖျားနာခြင်းရဲ့ နောက်ဆက်တွဲ ရောဂါက တော့ ချောင်းဆိုးခြင်းပဲ ဖြစ်ပါတယ် ။ ချောင်းဆိုးတာကို ရပ်တန့်ဖို့ ဆိုရင် ချောကလက်မဲကို စားသုံးပေးသင့် ပါ တယ် ။ ၂၀၁၂ ခုနှစ်ရဲ့ လေ့လာ တွေ့ရှိချက်အရ ချောကလက်မဲထဲမှာ ပါဝင်တဲ့ ကိုကိုးမှုန့်က ဖျားနာစဉ်မှာ အာရုံခံ နာ့ဗ်ကြောများကို ပိတ်ဆို့ ပေးထားတာကြောင့် ချောင်းဆိုးခြင်းကို ဆက်လက် မဖြစ်ပေါ် အောင် တားဆီးပေးပါတယ် ။

သတိထားရမှာက တော့ ချောကလက်မဲ တစ်ခုတည်းကသာ ထိုကဲ့သို့ စွမ်းဆောင် ပေးနိုင်တယ်ဆိုတာပါပဲ ။ နို့ ချောကလက် က တော့ အစွမ်းထက်မှာ မဟုတ်ပါဘူး ။

အသားအ ရေ ခြောက်သွေ့ခြင်းအတွက်

ပင်လယ်ဆားက အသားအ ရေ ခြောက်သွေ့ခြင်းအတွက် အစွမ်းထက်တဲ့ မီးဖိုချောင်သုံး ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ် ။ ပင်လယ်စာ ပန်းကန်လုံး တစ်ခွက်စာကို ဆီ ပန်းကန်လုံးတစ်ဝက်စာခန့်နဲ့ ရောပြီး အသားအ ရေ ခြောက်သွေ့ပြီး အညိုကွက်တွေ ဖြစ်နေတဲ့ ဒူးခေါင်း ၊ တံတောင်ဆစ် နဲ့ ခြေဖ နောင့်နေရာတွေကို ပွတ်တိုက် ပေးလိုက်ပါ ။ ဒီနည်းလမ်းက တော့ အသားအ ရေကို ချေးချွတ်ပေးတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ် ။ အသုံးပြုပြီးတဲ့နောက်မှာ အသားအ ရေ ကြည်လင် စိုပြေ သွားပါလိမ့်မယ် ။

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အန္တရာယ် ဖြစ်စေ နိုင်တာကြောင့် ပြန်နွေးမစားသင့်တဲ့ အစားအစာ ( ၇ ) မျိုး
Health
အန္တရာယ် ဖြစ်စေ နိုင်တာကြောင့် ပြန်နွေးမစားသင့်တဲ့ အစားအစာ ( ၇ ) မျိုး

အန္တရာယ် ဖြစ်စေ နိုင်တာကြောင့် ပြန်နွေးမစားသင့်တဲ့ အစားအစာ ( ၇ ) မျိုး ၁ ။ ဟင်းနု နွယ်ရွက် ( Spinach ) ချက်ပြီးသား ဟင်းနု နွယ်ရွက်ကို ပြန်နွှေးပြီး မစားသင့်ပါဘူး ။ ဘာလို့လဲဆိုတော့ ဟင်းနုနွယ်ရွက်ထဲမှာ ပါတဲ့ နိုက်ထရိတ် ( nitrates ) ဓာတ်ဆားကြောင့် ဖြစ်ပါတယ် ။ ချက်ထားတဲ့ ဟင်းနုနွယ်ရွက်ကို နွှေးလိုက်တဲ့ အခါမှာ နိုက်ထရိတ် ဓာတ်ဆားကနေ နိုက်ထရစ် အက်စစ် အဖြစ် ပြောင်းလဲသွားပြီး အဲ့ဒီ ပြောင်းလဲသွားတဲ့ နိုက်ထရစ် အက်စစ်ဟာ ကင်ဆာ ရောဂါဖြစ်စေနိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်… …

Health
ချောင်း ခြောက် ဆိုး ခြင်း အ တွက် ကု သ ဆေး နည်း

ချောင်း ခြောက် ဆိုး ခြင်း အ တွက် ကု သ ဆေး နည်း ရိုး ရိုး သာ မန် ချောင်း ခြောက် ဆိုး တာ လောက် သာ ဆို ရင် ဒီ ရိုး ရာ သ ဘာ ဝ ဆေး နည်း က အ ကူ အ ညီ ဖြစ် စေ ပါ လိမ့် မယ် ၊ အဲ့ ဒီ အ ထဲ ပင် စိမ်း လည်း တစ် ခု …

Health
ကြွက် တက် လို့ ကြွက် သား နာ ခြင်း ၊ ကိုယ် တွင်း က အ ရိုး နာ ၊ အ ရွတ် နာ ခြင်း တို့ အ တွက် အိမ် တွင်း ဆေး နည်း

ကြွက် တက် လို့ ကြွက် သား နာ ခြင်း ၊ ကိုယ် တွင်း က အ ရိုး နာ ၊ အ ရွတ် နာ ခြင်း တို့ အ တွက် အိမ် တွင်း ဆေး နည်း ကိုယ် တွင်း က အ ရိုး နာ ၊ အ ရွတ် နာ ၊ ကြွက် သား နာ တာ တွေ ကို ဆား မီး လှော် အ ပူ လေး နဲ့ …