
Blog





( ၂ ) မျှဝေတတ်တယ်


( ၃ ) စစ်မှန်တယ်




( ၅ ) ပွင့်လင်းတယ်


( ၆ ) ဟာသဉာဏ်ရွှင်တယ်






( ၉ ) သစ္စာရှိတယ်








( ၁၃ ) ရိုးသားတယ်


( ၁၄ ) မနာလိုစိတ်မရှိဘူး


MAY THAZINHTOO

Credit

Unicode

ရာသီခွင်တွေထဲမှာ အထူးခြားဆုံးနဲ့ အကောင်းဆုံး ရာသီဖွားဖြစ်တဲ့ ဓနုရာသီဖွားအကြောင်း

ဓနုရာသီဖွားတွေဟာ တစ်နှစ်တာ ရာသီခွင်တွေထဲမှာ အထူးခြားဆုံးနဲ့ အကောင်းဆုံး ရာသီဖွားတွေလို့ ပြောလို့ရပါတယ် ….. ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုကောင်းတဲ့ အချက်တွေ အားလုံးကို ပိုင်ဆိုင်ထားလို့ပါ …. ။

( ၁ ) သင်ယူနိုင်စွမ်း အရမ်းကောင်းတယ်

ဓနုရာသီဖွားတွေဟာ သဘာဝအရ ကိုယ်တိုင်သင်ယူနိုင်စွမ်း ကောင်းပြီး အရာရာကို သင်လွယ် တတ်လွယ် ကြပါတယ် … ။ သူတို့ သိပြီး တတ်ပြီးသား အရာတွေကိုလည်း အလဟဿ အဖြစ်မခံဘဲ ကောင်းကောင်း အသုံးချတတ်တဲ့ သူတွေပါ …. ။

( ၂ ) မျှဝေတတ်တယ်

သူငယ်ချင်းတွေ၊ မိသားစုတွေ လိုအပ်တာရှိရင် ဖြည့်ဆည်းပေးတတ်ပြီး အကူအညီလိုရင် ပေးဖို့ အသင့်ရှိနေတဲ့ သူပါပဲ … ။

( ၃ ) စစ်မှန်တယ်

သူတို့မမှားရင် လုံးဝ မတောင်းပန်တတ်သလို၊ သူတို့တောင်းပန်ပြီ ဆိုရင်လည်း တကယ်စိတ်ထဲက ပါလို့ တောင်းပန်တာပါ …. ။

( ၄ ) စွန့်စားတတ်တယ်၊ ပျော်ပျော်နေတတ်တယ်

ဓနုရာသီဖွားတွေနဲ့ သူငယ်ချင်းဖြစ်ပြီဆိုရင် သူတို့နဲ့အတူ ခရီးတွေသွားဖြစ်မယ်၊ သူတို့တွေက ပျော်ပျော်နေတတ်တာကြောင့် သင်ပါ အမြဲပျော်ရပါလိမ့်မယ် …. ။ စွန့်စားတတ်တဲ့ သတ္တိကတော့ ဓနုရာသီဖွားတွေကို ဘယ်သူမှကို မမီတာပါ … ။

( ၅ ) ပွင့်လင်းတယ်

စိတ်ထဲရှိတာကို အရှိအတိုင်း ပြောတတ်တယ်၊ မြိုသိပ် မထားတတ်ဘူး။ ဖုံးကွယ် ဟန်ဆောင်တတ်တဲ့ သူမျိုး မဟုတ်လို့ လျှို့ဝှက်ချက်တွေနဲ့ နားလည်ရခက်တဲ့ သူမျိုးတွေ မဟုတ်ကြပါဘူး … ။

( ၆ ) ဟာသဉာဏ်ရွှင်တယ်

အမြဲတမ်း ပျော်ပျော်နေတတ်ပြီး ဟာသဉာဏ်ရွှင်တဲ့ သူတို့တွေကြောင့် သူတို့ဘေးက လူတွေလည်း အမြဲပျော်နေရတယ် … ။

( ၇ ) ရင်းရင်းနှီးနှီးနေတတ်တယ်

လူတစ်ယောက်ကို စတွေ့တွေ့ချင်းမှာ စိမ်းနေပေမယ့် ခင်ပြီဆိုရင်လည်း စိတ်ရောလူရော နှစ်ပြီး ပေါင်းတတ်တဲ့ သူလေးတွေပါ …. ။

( ၈ ) သူငယ်ချင်းအတွက် အမြဲအသင့်ရှိတယ်

သူငယ်ချင်းတွေ အခက်အခဲဖြစ်နေရင် ကူညီဖို့အသင့်၊ ဝမ်းနည်းနေရင် ဖေးမဖို့အသင့်၊ သူငယ်ချင်းကို ရန်စတဲ့သူတွေကို ပြန်တိုက်ခိုက်ဖို့အသင့်… အဲ့ဒီလိုမျိုး တကယ်ခင်တဲ့ သူငယ်ချင်းတွေ အတွက်ဆို အမြဲအသင့်ဖြစ်နေတာပါ … ။

( ၉ ) သစ္စာရှိတယ်

ကိုယ်ခင်တဲ့၊ ချစ်တဲ့သူအပေါ် အမြဲတမ်း သစ္စာရှိတယ်၊ နောက်ကျောဓားနဲ့ထိုးတဲ့ လုပ်ရပ်တွေ ဘယ်တော့မှ မလုပ်တဲ့ ဓနုရာသီဖွားတွေပေါ့ … ။

( ၁၀ ) ဒရာမာတွေ လုံးဝမကြိုက်ဘူး

သူတို့ကိုယ်တိုင်လည်း ဘဝကို ရဲရဲရင်ဆိုင်တယ်၊ အခက်အခဲတွေကိုလည်း မညီးညူတတ်ဘူး။ နေရာတကာ ပြိုလဲကြေကွဲ ခံစားနေတာမျိုး မရှိဘူး၊ သူတို့ဘေးက လူတွေကိုလည်း ဒရာမာချိုးတာ၊ ဇာတ်နာတာတွေ လုပ်ရင် လုံးဝမကြိုက်ဘူး … ။

( ၁၁ ) စိတ်ဓာတ်ကြံ့ခိုင်သန်မာတယ်

အရာရာကို ရဲရဲရင်ဆိုင်တတ်တယ်၊ အခက်အခဲတွေ တွေ့ရင် ရှောင်မပြေးဘူး ၊ စိတ်ဓာတ်ကြံ့ခိုင်သန်မာတဲ့ သူလေးတွေပေါ့ … ။

( ၁၂ ) လမ်းမှားနေကြောင်းပြောပြတယ်

သူတို့ချစ်တဲ့သူတွေ၊ ခင်တဲ့သူတွေကို ကောင်းစေချင်တဲ့ စေတနာမျိုးပဲ ရှိတာကြောင့် မှားနေတာတွေ့ရင် ထောက်ပြတတ်တယ်၊ လမ်းမှန်ရောက်အောင် တတ်နိုင်သလောက် ကူညီပေးတတ်ကြတယ် …. ။

( ၁၃ ) ရိုးသားတယ်

ကလိမ်ကကျစ် လုပ်ရပ်တွေကို ဘယ်တော့မှ မလုပ်ဘူး၊ ရိုးသားမှုကို တန်ဖိုးထားတယ် …. ။ လိမ်ညာတာ၊ မာယာများတာတွေကိုလည်း ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး … ။

( ၁၄ ) မနာလိုစိတ်မရှိဘူး

တခြားသူတွေ ကျရှုံးနေတာကိုလည်း ဝမ်းမသာတတ်သလို၊ အောင်မြင်နေရင်လည်း မနာလိုစိတ် မဖြစ်တတ်ဘူး။ ကိုယ့်ဘဝကိုယ်ကျေနပ်တဲ့စိတ်ရှိတယ်၊ ကိုယ့်ကိုယ်ကိုမှာပဲ အာရုံစိုက်လေ့ရှိတာကြောင့် သူများတွေအပေါ် မနာလိုစိတ် မရှိတဲ့ သူတွေပါ …. .။

MAY THAZINHTOO

Credit

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

“ကံကောင်းခြင်းတွေ ကိုယ့်ဆီရောက်လာဖို့ နေ့တိုင်း လုပ်ပေးရမယ့် အချက် (၇) ချက်”
Blog
“ကံကောင်းခြင်းတွေ ကိုယ့်ဆီရောက်လာဖို့ နေ့တိုင်း လုပ်ပေးရမယ့် အချက် (၇) ချက်”

“ကံကောင်းခြင်းတွေ ကိုယ့်ဆီရောက်လာဖို့ နေ့တိုင်း လုပ်ပေးရမယ့် အချက် (၇) ချက်” ကံကောင်းခြင်းဆိုတာ သူ့အလိုလိုဖြစ်လာတဲ့ အရာလား၊ လုပ်ယူလို့ရတဲ့အရာလားလို့မေးရင် ဘယ်လိုဖြေမှာပါလဲ။ တကယ်တော့ ကံကောင်းတယ်ဆိုတာကို လုပ်ယူလို့ရပါတယ်။ ကံကောင်းအောင် လုပ်ယူလို့ရမယ့် နည်းလမ်းလေးတွေကိုတော့ အခုပဲဖတ်ပြီး တကယ်ဖြစ်မဖြစ် လိုက်လုပ်ကြည့်လိုက်နော်။ ( 1 )- စိတ်ရှင်းအောင်နေပါ စိတ်ထဲမှာမရှင်းတာမျိုး၊ စိတ်ဖိစီးမှု များနေတာမျိုး၊ စိတ်ခံစားချက်တွေ များနေတာမျိုး ဖြစ်နေတဲ့အခါ ကိုယ့်ရဲ့စိတ်ကညစ်နွမ်းနေပြီး ကောင်းမွန်တဲ့ အတွေးတွေကို မတွေးနိုင်တော့ပါဘူး။ မကောင်းတဲ့ အတွေးတွေက ကံကောင်းခြင်းတွေ ကိုယ့်ဆီ ရောက်မလာအောင် တားဆီးနိုင်တာကြောင့် တတ်နိုင်သလောက် စိတ်ကိုရှင်းအောင်နေပါ။ ( 2 )- အမြဲ သပ်သပ်ရပ်ရပ် ဝတ်စားပါ အဝတ်အစား …

ဘုရားမှာတွေ့ရလေ့ရှိတဲ့ နုဿ သီဟ ရုပ်တု အကြောင်း
Blog
ဘုရားမှာတွေ့ရလေ့ရှိတဲ့ နုဿ သီဟ ရုပ်တု အကြောင်း

ဘုရားမှာတွေ့ရလေ့ရှိတဲ့ နုဿ သီဟ ရုပ်တု အကြောင်း ပျောက်ကွယ်လုလု ရှေးမနုဿ သီဟရုပ်တု မွန်လူမျိုးတို့၏ ရှေးပဝေဏီအစဉ်အဆက် ကိုးကွယ်ခဲ့ကြသော ဘာသာမှာ ထေရဝါဒဗုဒ္ဓဘာသာ ဖြစ်သည်။ မွန်လူမျိုးတို့သည် မြန်မာနိင်ငံတွင် ရှေးအကျဆုံးလူမျိုး ဖြစ်သည်သာမက အိန္ဒိယပြည်မှ ဗုဒ္ဓသာသနာတော်နှင့် စာပေယဉ်ကျေးမှု အနုပညာများကို ရှေးဦးစွာ ရရှိခဲ့ကြပေသည်။ မနုဿ သီဟဆိုသည်မှာ မနုဿ = လူသား သီဟ =ခြင်္သေ့ လူဦးခေါင်းနှင့် ခြင်္သေ့ကိုယ်ပုံရှိသော သတ္တဝါဆန်းကို မနုဿသီဟဟု ခေါ်ကြသည်။ အထူးသဖြင့် ရွှေတိဂုံဘုရားဖူး သွားရောက်သူတိုင်း မနုဿသီဟရုပ်ထုကို တွေ့မြင်ကြရမှာ ဖြစ်သည်။ စင်စစ်အားဖြင့် မနုဿသီဟရုပ်ထုသည် ရာမညဌာနေမွန်တို့မြေမှ ဆင်းသက်လာခဲ့သော သမိုင်းဝင်ရှေးဟောင်း အမွေအနစ်တစ်ခု ဖြစ်ပါသည်။ မွန်တို့၏ …

မ ယုံ နိုင် လောက် အောင် ချမ်း သာ တဲ့ သူ ဖြစ် လာ ဖို့ အင် ဒ ရူး ကာ နယ် ဂျီလ် အ သုံး ပြု ခဲ့ တဲ့ အောင် မြင် ခြင်း ရဲ့ လျှို့ ဝှက် ချက် ( ၁၀ ) ခု
Blog
မ ယုံ နိုင် လောက် အောင် ချမ်း သာ တဲ့ သူ ဖြစ် လာ ဖို့ အင် ဒ ရူး ကာ နယ် ဂျီလ် အ သုံး ပြု ခဲ့ တဲ့ အောင် မြင် ခြင်း ရဲ့ လျှို့ ဝှက် ချက် ( ၁၀ ) ခု

မ ယုံ နိုင် လောက် အောင် ချမ်း သာ တဲ့ သူ ဖြစ် လာ ဖို့ အင် ဒ ရူး ကာ နယ် ဂျီလ် အ သုံး ပြု ခဲ့ တဲ့ အောင် မြင် ခြင်း ရဲ့ လျှို့ ဝှက် ချက် ( ၁၀ ) ခု ၁၈၄၈ ခု နှစ် မှာ အ မေ ရိ က ကို သူ ရောက် တော့ သူ့ လက် ထဲ မှာ …