ဘုရားမွာေတြ႔ရေလ့ရွိတဲ့ ႏုႆ သီဟ ရုပ္တု အေၾကာင္း

ဘုရားမွာေတြ႔ရေလ့ရွိတဲ့ ႏုႆ သီဟ ရုပ္တု အေၾကာင္း
Blog

ဘုရားမွာေတြ႔ရေလ့ရွိတဲ့ ႏုႆ သီဟ ရုပ္တု အေၾကာင္း

ေပ်ာက္ကြယ္လုလု ေရွးမႏုႆ သီဟ႐ုပ္တု

မြန္လူမ်ိဳးတို႔၏ ေရွးပေဝဏီအစဥ္အဆက္ ကိုးကြယ္ခဲ့ၾကေသာ ဘာသာမွာ ေထရဝါဒဗုဒၶဘာသာ ျဖစ္သည္။ မြန္လူမ်ိဳးတို႔သည္ ျမန္မာနိင္ငံတြင္ ေရွးအက်ဆုံးလူမ်ိဳး ျဖစ္သည္သာမက အိႏၵိယျပည္မွ ဗုဒၶသာသနာေတာ္ႏွင့္ စာေပယဥ္ေက်းမႈ အႏုပညာမ်ားကို ေရွးဦးစြာ ရရွိခဲ့ၾကေပသည္။

မႏုႆ သီဟဆိုသည္မွာ မႏုႆ = လူသား သီဟ =ျခေသၤ့ လူဦးေခါင္းႏွင့္ ျခေသၤ့ကိုယ္ပုံရွိေသာ သတၱဝါဆန္းကို မႏုႆသီဟဟု ေခၚၾကသည္။ အထူးသျဖင့္ ေ႐ႊတိဂုံဘုရားဖူး သြားေရာက္သူတိုင္း မႏုႆသီဟ႐ုပ္ထုကို ေတြ႕ျမင္ၾကရမွာ ျဖစ္သည္။ စင္စစ္အားျဖင့္ မႏုႆသီဟ႐ုပ္ထုသည္ ရာမညဌာေနမြန္တို႔ေျမမွ ဆင္းသက္လာခဲ့ေသာ သမိုင္းဝင္ေရွးေဟာင္း အေမြအနစ္တစ္ခု ျဖစ္ပါသည္။

မြန္တို႔၏ ထူးျခာေသာ ယုံၾကည္မႈဆိုင္ရာ သေကၤတအျဖစ္လည္းေကာင္း ေျပာင္ေျမာက္ေသာ ဗိသုကာအႏုပညာလက္ရာတစ္ရပ္အျဖစ္ ေရွးေဟာင္းသုေတသနျပဳသူတို႔ လက္ခံခဲ့ၾကသည္။ မြန္တို႔တည္ထားခဲ့ေသာ ဘုရား ပုထိုး ေစတီမ်ား ဇရပ္တန္ေဆာင္ ေက်ာင္းမ်ား မႏုႆ သီဟ႐ုပ္ထုကို ေတြ႕ရွိနိင္သည္။

လြန္ခဲ့ေသာႏွစ္ေပါင္း ၂၃၀၀ ေက်ာ္က မြန္တို႔ဌာေန သုဝဏၰဘူမိၿမိဳ႕သည္ အလြန္စည္ကာေသာ ပင္လယ္ဆိပ္ကမ္းၿမိဳ႕ ျဖစ္ခဲ့ဖူသည္။ ထိုစဥ္က သုဝဏၰဘူမိတိုင္း၌ အုပ္ခ်ဳပ္ေသာမင္းမွာ သိရိမာေသာကရာဇာမင္း ျဖစ္သည္။ သုဝဏၰဘူမိမွာရွိတဲ့ မြန္လူမ်ိဳးတို႔သည္ စီးပြားေရးအဆင္ေျပ၍ ကိုယ္ခ်မ္းသာမႈႏွင့္ ျပည့္စုံေသာ္လည္း စိတ္ခ်မ္းသာမႈမရရွိၾကေပ ။

အေၾကာင္းမွာ သုဝဏၰဘူမိၿမိဳ႕ေပၚသို႔ ေရသရဲ ( ကေလာ္ဍာ္ ) မ်ား တက္လာကာ ၿမိဳ႕နန္တြင္း၌ ေမြးဖြားေသာ ခေလးမ်ားအား ဖမ္းစား ေႏွာင့္ယွက္တတ္ေသာေၾကာင့္ျဖစ္သည္။

သာသနာသကၠရာဇ္ ၂၃၅ ‘ ၂၃၆ ( ဘီစီ ၃၁၀ ) ခန႔္တြင္ အိႏၵိယျပည္၌ သိရိဓမၼာေသာကမင္းသည္ အရွင္ေမာဂၢလိပုတၱတိႆ မေထရ္ျမတ္ကို အမႈးျပဳ၍ တတိယသဂၤါယနာ တင္ေတာ္မူ၏။ ထို႔ေနာက္ျမတ္စြာဘုရား၏ သာသနာေတာ္ကို လြန္စြာ ထြန္းလင္းေတာက္ပေစရန္ အလို႔ငွာ ကိုးတိုင္း ကိုးဌာနသို႔ သာသနာျပဳရန္ မဟာေထရ္မ်ား ေစလႊတ္ေတာ္မူသည္။

၎အနက္ သုဝဏၰဘူမိေခၚ သုဓမၼဝတီသထုံျပည္သို႔ ႂကြေရာက္လာေသာ မေထရ္ႏွစ္ပါးတို႔ကား အရွင္ေသာဏေထရ္ ႏွင့္ အရွင္ဥတၱရ ေနာက္ပါ မေထရ္သုံးပါးတို႔ သထုံျပည္၌ ဆိုက္ေရာက္စဥ္က ႀကဳံႀကိဳက္မႈ အျဖစ္းအပ်က္တစ္ရပ္ ျဖစ္သည္။

ထို အေတာအတြင္း နန္တြင္း၌ မင္းႀကီး၏ မိဖုရားေခါင္းႀကီးမွ သားေတာ္တစ္ပါး ဖြားျမင္ေလသည္။
ဤသို႔ကေလးငယ္အသစ္ ေမြးဖြားသည္ဟု ၾကားသိေသာ ေရသရဲတို႔သည္ ကေလးငယ္အား ဖမ္းစားရန္ ပင္လယ္မွ တက္လာၾကသည္။ မင္ႀကီးလည္း ႀကံရာမရျဖစ္ကာ အရွင္မေထရ္မ်ားအား အကူညီေတာင္းေလသည္။

မေထရ္ျမတ္တို႔ကလည္း ငါတို႔ကား ဘီးလူသရဲမ၏ အေဖၚအဖက္မဟုတ္။ သီလႏွင့္ ျပည့္ဝေသာ ရဟန္းျမတ္မ်ားျဖစ္သည္။ ငါတို႔ကာ လူ႔အသက္ကို ညႇဥ္းဆဲျခင္း စေသာ မေကာင္းမႈကို ေရွာင္ၾကည့္ၾကကုန္၏ ။ ထိုသို႔ေဟာေျပာေနစဥ္ ဘီလူးမႏွင့္ အၿခံအရံမ်ားႏွင့္တကြ ေရမွတက္လာ၍ လူတို႔ကိုျမင္လွ်င္ အုတ္အုတ္က်က္က်က္ အသံတို႔ျဖင့္ ေႂကြးေၾကာ္ၾကကုန္၏။

ထိုအခါ အရွင္မေထရ္ျမတ္ႏွစ္ပါး ေရသရဲမ်ားကို ေျခာက္လွန႔္ ေမာင္းႏွင္းရန္အတြတ္ ဘီလူးမထက္ ႏွစ္ဆမွ်ႀကီးမားေသာ လူဦေခါင္းတစ္ခုႏွင့္ ျခေသၤ့ကိုယ္ႏွစ္ခုရွိေသာ သတၱဝါဆန္း ပုံသဏၭာန္ဖန္ဆင္း၍ ေရသရဲမ်ားအား ေျခာက္လွန႔္သည္တြင္ ေရသရဲမ်ား ေၾကာက္လန႔္ ထြက္ေျပးၾကေလသည္။

အရွင္မေထရ္ျမတ္ ဖန္းဆင္းယူခဲ့သည့္ လူဦေခါင္းႏွင့္ ျခေသၤ့ကိုယ္ရွိေသာ သတၱဝါဆန္းကို မႏုႆ သီဟဟုေခၚသည္။ ၿမိဳ႕သူၿမိဳ႕သားမ်ားလည္း မေထရ္ႀကီးတို႔ တန္းခိုးႀကီးသည္ကို ျမင္၍ ႐ႊင္လန္ဝမ္းေျမာက္လွသျဖင့္ အနားတို႔ကပ္ကာ ဝန္းရံလ်က္ ေနကုန္၏။

မဟာေထရ္ျမတ္တို႔လည္း ပရိသတ္တို႔အား ျဗဟၼဇာလသုတ္ကိုေဟာ၍ သရဏဂုံသီလ၌ တည္ေစကုန္၏ ။ ၆၀၀၀၀ ေသာ သထုံျပည္သူျပည္သားမ်ားသည္ ေသာတာပတၱိဖိုလ္၌ တည္၍ မ်ားစြာေသာ မိန္းမ ေယာက်ာ္းတို႔သည္ ရဟန္းျပဳၾကကုန္၏။

ထိုအခါမွစ၍ သုဝဏၰဘူမိမွာရွိတဲ့ မြန္လူမ်ိဳးမ်ား အလြန္ယဥ္ေက်း လိမၼာၾကသည္။ ဖြားျမင္ေသာ္ ေသာဏုတၱရ သတို႔သားဟူေသာ အမည္ကို မွည့္ကုန္၏ စသည္ျဖစ္ အလြန္ေရွးက်ေသာ ေအဒီ ( ၄၀၀ ) စုေရ သိဟိုဠ္သမိုင္း၌ ေဖၚျပပါရွိေလသည္။

ထိုအခ်ိန္မွစ၍ မြန္လူမ်ိဳးတို႔သည္ မႏုႆ သီဟ႐ုပ္ကို ယုံၾကည္မႈတစ္ရပ္ လက္ခံခဲ့ၾကသည္။ မြန္ေဒသမ်ား၌ ခေလးငယ္မ်ား အိပ္ေပ်ာ္စဥ္လန႔္ဖ်ပ္ပါက မႏုႆ သီဟ႐ုပ္ကို ထန္း႐ြတ္ ေပ႐ြတ္ေပၚတြင္ ေရးျခစ္၍ ပုခက္တြင္ ခ်ိတ္ဆြဲထား ေပးတတ္ၾကသည္။

အခ်ိဳ႕အမ်ိဳးသမီးမ်ားမွာ မႏုႆ သီဟ႐ုပ္ကို စကၠဴ ထန္း႐ြတ္ ေပ႐ြတ္တို႔ေပၚတြင္ ေရးျခစ္ကာ ဦးေခါင္းထက္တြင္ ပန္ဆင္ထားတတ္ၾကသည္။ အိမ္အဝင္ဝ တံခါးေပါက္တြင္လည္း မႏုႆ သီဟ႐ုပ္ကို ခ်ိတ္ဆြဲထားၾကသည္။ မႏုႆ သီဟအ႐ုပ္ကို ေဆာင္ထားျခင္းျဖင့္ မေကာင္းဆိုးဝါးမ်ား မကပ္ေရာက္နိင္သည္ဟု အယူအဆ ရွိသည္။

ဘုရားေစတီမ်ား တည္ထားရာ၌လည္း ရင္ျပင္ေပၚရွိ ပစၥယံတြင္ မႏုႆ သီဟ႐ုပ္ထုကို ေစတီပတ္ပန္လည္ ထည့္သြင္း ျပဳလုပ္ထားေလ့ ရွိသည္။ မြန္ဘုန္းႀကီးေက်ာင္းမ်ား သာသနိက အေဆာက္အဦးမ်ား တံခါးဝမ်ား စသည္တို႔တြင္ မႏုႆ သီဟ႐ုပ္တု ျပဳလုပ္ထားၾကသည္။

မႏုႆ သီဟ႐ုပ္တုသည္ ေရွးမြန္တို႔၏ ယုံၾကည္မႈ ေရွးေခတ္မြန္တို႔၏ဗိသုကာ အႏုပညာလက္ရာ အဆင့္အတန္းကိုလည္း မွန္းဆၾကည့္နိင္ရန္အတြတ္ လည္းေကာင္း မြန္တို႔၏ သမိုင္းေၾကာင္းကိုေလ့လာရန္အတြတ္လည္ေကာင္း မ်ားစြာအေထာက္အကူျပဳနိင္သည္။

မႏုႆ သီဟ႐ုပ္ထုကို ျမင္တိုင္း တစ္ခ်ိန္က သာသနာေရာင္ဝါ ထြန္းလင္း၍ စည္ပင္ဝေျပာခဲ့ေသာ သုဝဏၰဘူမိျပည္ႀကီးကို အမွတ္ရေစသည္။

ထို႔ျပင္ မႏုႆ သီဟ႐ုပ္ထုသည္ မြန္တို႔ဌာေန ရာမညေျမတြင္ ေမြးဖြားသန႔္စင္လာေသာ ေရွးေဟာင္းမြန္႐ိုးရာဓေလ့ ယုံၾကသည္မႈတစ္ရပ္ျဖစ္သည္ သာမက မြန္တို႔၏ ယဥ္ေက်းမႈ အႏုပညာ ဗိသုကာလက္ရာ တစ္စိတ္တစ္ပိုင္းကို လွစ္ဟျပေနေသာ ေရွးေဟာင္းသမိုင္းဝင္ ယဥ္ေက်းမႈ အေမြအႏွစ္ျဖစ္သည္ကို ျငင္းပယ္၍ မရနိင္ေပ ။

ထို႔ေၾကာင့္ အနယ္နယ္အရပ္ရပ္တြင္ ရွိေသာ မြန္တို႔၏ မႏုႆ သီဟ ႐ုပ္တု ႐ုပ္ပုံမ်ားကို မပ်က္မစီး မပေပ်ာက္ကြယ္ေအာင္ ထိန္းသိမ္းေစာင့္ေရွာက္သြားၾကရန္ မြန္ေသြးခ်င္းညီေနာင္တို႔အား တိုက္တြန္းလိုက္ရေပသည္ ။

ကိုဗညား

Unicode

ဘုရားမှာတွေ့ရလေ့ရှိတဲ့ နုဿ သီဟ ရုပ်တု အကြောင်း

ပျောက်ကွယ်လုလု ရှေးမနုဿ သီဟရုပ်တု

မွန်လူမျိုးတို့၏ ရှေးပဝေဏီအစဉ်အဆက် ကိုးကွယ်ခဲ့ကြသော ဘာသာမှာ ထေရဝါဒဗုဒ္ဓဘာသာ ဖြစ်သည်။ မွန်လူမျိုးတို့သည် မြန်မာနိင်ငံတွင် ရှေးအကျဆုံးလူမျိုး ဖြစ်သည်သာမက အိန္ဒိယပြည်မှ ဗုဒ္ဓသာသနာတော်နှင့် စာပေယဉ်ကျေးမှု အနုပညာများကို ရှေးဦးစွာ ရရှိခဲ့ကြပေသည်။

မနုဿ သီဟဆိုသည်မှာ မနုဿ = လူသား သီဟ =ခြင်္သေ့ လူဦးခေါင်းနှင့် ခြင်္သေ့ကိုယ်ပုံရှိသော သတ္တဝါဆန်းကို မနုဿသီဟဟု ခေါ်ကြသည်။ အထူးသဖြင့် ရွှေတိဂုံဘုရားဖူး သွားရောက်သူတိုင်း မနုဿသီဟရုပ်ထုကို တွေ့မြင်ကြရမှာ ဖြစ်သည်။ စင်စစ်အားဖြင့် မနုဿသီဟရုပ်ထုသည် ရာမညဌာနေမွန်တို့မြေမှ ဆင်းသက်လာခဲ့သော သမိုင်းဝင်ရှေးဟောင်း အမွေအနစ်တစ်ခု ဖြစ်ပါသည်။

မွန်တို့၏ ထူးခြာသော ယုံကြည်မှုဆိုင်ရာ သင်္ကေတအဖြစ်လည်းကောင်း ပြောင်မြောက်သော ဗိသုကာအနုပညာလက်ရာတစ်ရပ်အဖြစ် ရှေးဟောင်းသုတေသနပြုသူတို့ လက်ခံခဲ့ကြသည်။ မွန်တို့တည်ထားခဲ့သော ဘုရား ပုထိုး စေတီများ ဇရပ်တန်ဆောင် ကျောင်းများ မနုဿ သီဟရုပ်ထုကို တွေ့ရှိနိင်သည်။

လွန်ခဲ့သောနှစ်ပေါင်း ၂၃၀၀ ကျော်က မွန်တို့ဌာနေ သုဝဏ္ဏဘူမိမြို့သည် အလွန်စည်ကာသော ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်ခဲ့ဖူသည်။ ထိုစဉ်က သုဝဏ္ဏဘူမိတိုင်း၌ အုပ်ချုပ်သောမင်းမှာ သိရိမာသောကရာဇာမင်း ဖြစ်သည်။ သုဝဏ္ဏဘူမိမှာရှိတဲ့ မွန်လူမျိုးတို့သည် စီးပွားရေးအဆင်ပြေ၍ ကိုယ်ချမ်းသာမှုနှင့် ပြည့်စုံသော်လည်း စိတ်ချမ်းသာမှုမရရှိကြပေ ။

အကြောင်းမှာ သုဝဏ္ဏဘူမိမြို့ပေါ်သို့ ရေသရဲ ( ကလော်ဍာ် ) များ တက်လာကာ မြို့နန်တွင်း၌ မွေးဖွားသော ခလေးများအား ဖမ်းစား နှောင့်ယှက်တတ်သောကြောင့်ဖြစ်သည်။

သာသနာသက္ကရာဇ် ၂၃၅ ‘ ၂၃၆ ( ဘီစီ ၃၁၀ ) ခန့်တွင် အိန္ဒိယပြည်၌ သိရိဓမ္မာသောကမင်းသည် အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်ကို အမှုးပြု၍ တတိယသင်္ဂါယနာ တင်တော်မူ၏။ ထို့နောက်မြတ်စွာဘုရား၏ သာသနာတော်ကို လွန်စွာ ထွန်းလင်းတောက်ပစေရန် အလို့ငှာ ကိုးတိုင်း ကိုးဌာနသို့ သာသနာပြုရန် မဟာထေရ်များ စေလွှတ်တော်မူသည်။

၎င်းအနက် သုဝဏ္ဏဘူမိခေါ် သုဓမ္မဝတီသထုံပြည်သို့ ကြွရောက်လာသော မထေရ်နှစ်ပါးတို့ကား အရှင်သောဏထေရ် နှင့် အရှင်ဥတ္တရ နောက်ပါ မထေရ်သုံးပါးတို့ သထုံပြည်၌ ဆိုက်ရောက်စဉ်က ကြုံကြိုက်မှု အဖြစ်းအပျက်တစ်ရပ် ဖြစ်သည်။

ထို အတောအတွင်း နန်တွင်း၌ မင်းကြီး၏ မိဖုရားခေါင်းကြီးမှ သားတော်တစ်ပါး ဖွားမြင်လေသည်။
ဤသို့ကလေးငယ်အသစ် မွေးဖွားသည်ဟု ကြားသိသော ရေသရဲတို့သည် ကလေးငယ်အား ဖမ်းစားရန် ပင်လယ်မှ တက်လာကြသည်။ မင်ကြီးလည်း ကြံရာမရဖြစ်ကာ အရှင်မထေရ်များအား အကူညီတောင်းလေသည်။

မထေရ်မြတ်တို့ကလည်း ငါတို့ကား ဘီးလူသရဲမ၏ အဖေါ်အဖက်မဟုတ်။ သီလနှင့် ပြည့်ဝသော ရဟန်းမြတ်များဖြစ်သည်။ ငါတို့ကာ လူ့အသက်ကို ညှဉ်းဆဲခြင်း စသော မကောင်းမှုကို ရှောင်ကြည့်ကြကုန်၏ ။ ထိုသို့ဟောပြောနေစဉ် ဘီလူးမနှင့် အခြံအရံများနှင့်တကွ ရေမှတက်လာ၍ လူတို့ကိုမြင်လျှင် အုတ်အုတ်ကျက်ကျက် အသံတို့ဖြင့် ကြွေးကြော်ကြကုန်၏။

ထိုအခါ အရှင်မထေရ်မြတ်နှစ်ပါး ရေသရဲများကို ခြောက်လှန့် မောင်းနှင်းရန်အတွတ် ဘီလူးမထက် နှစ်ဆမျှကြီးမားသော လူဦခေါင်းတစ်ခုနှင့် ခြင်္သေ့ကိုယ်နှစ်ခုရှိသော သတ္တဝါဆန်း ပုံသဏ္ဌာန်ဖန်ဆင်း၍ ရေသရဲများအား ခြောက်လှန့်သည်တွင် ရေသရဲများ ကြောက်လန့် ထွက်ပြေးကြလေသည်။

အရှင်မထေရ်မြတ် ဖန်းဆင်းယူခဲ့သည့် လူဦခေါင်းနှင့် ခြင်္သေ့ကိုယ်ရှိသော သတ္တဝါဆန်းကို မနုဿ သီဟဟုခေါ်သည်။ မြို့သူမြို့သားများလည်း မထေရ်ကြီးတို့ တန်းခိုးကြီးသည်ကို မြင်၍ ရွှင်လန်ဝမ်းမြောက်လှသဖြင့် အနားတို့ကပ်ကာ ဝန်းရံလျက် နေကုန်၏။

မဟာထေရ်မြတ်တို့လည်း ပရိသတ်တို့အား ဗြဟ္မဇာလသုတ်ကိုဟော၍ သရဏဂုံသီလ၌ တည်စေကုန်၏ ။ ၆၀၀၀၀ သော သထုံပြည်သူပြည်သားများသည် သောတာပတ္တိဖိုလ်၌ တည်၍ များစွာသော မိန်းမ ယောကျာ်းတို့သည် ရဟန်းပြုကြကုန်၏။

ထိုအခါမှစ၍ သုဝဏ္ဏဘူမိမှာရှိတဲ့ မွန်လူမျိုးများ အလွန်ယဉ်ကျေး လိမ္မာကြသည်။ ဖွားမြင်သော် သောဏုတ္တရ သတို့သားဟူသော အမည်ကို မှည့်ကုန်၏ စသည်ဖြစ် အလွန်ရှေးကျသော အေဒီ ( ၄၀၀ ) စုရေ သိဟိုဠ်သမိုင်း၌ ဖေါ်ပြပါရှိလေသည်။

ထိုအချိန်မှစ၍ မွန်လူမျိုးတို့သည် မနုဿ သီဟရုပ်ကို ယုံကြည်မှုတစ်ရပ် လက်ခံခဲ့ကြသည်။ မွန်ဒေသများ၌ ခလေးငယ်များ အိပ်ပျော်စဉ်လန့်ဖျပ်ပါက မနုဿ သီဟရုပ်ကို ထန်းရွတ် ပေရွတ်ပေါ်တွင် ရေးခြစ်၍ ပုခက်တွင် ချိတ်ဆွဲထား ပေးတတ်ကြသည်။

အချို့အမျိုးသမီးများမှာ မနုဿ သီဟရုပ်ကို စက္ကူ ထန်းရွတ် ပေရွတ်တို့ပေါ်တွင် ရေးခြစ်ကာ ဦးခေါင်းထက်တွင် ပန်ဆင်ထားတတ်ကြသည်။ အိမ်အဝင်ဝ တံခါးပေါက်တွင်လည်း မနုဿ သီဟရုပ်ကို ချိတ်ဆွဲထားကြသည်။ မနုဿ သီဟအရုပ်ကို ဆောင်ထားခြင်းဖြင့် မကောင်းဆိုးဝါးများ မကပ်ရောက်နိင်သည်ဟု အယူအဆ ရှိသည်။

ဘုရားစေတီများ တည်ထားရာ၌လည်း ရင်ပြင်ပေါ်ရှိ ပစ္စယံတွင် မနုဿ သီဟရုပ်ထုကို စေတီပတ်ပန်လည် ထည့်သွင်း ပြုလုပ်ထားလေ့ ရှိသည်။ မွန်ဘုန်းကြီးကျောင်းများ သာသနိက အဆောက်အဦးများ တံခါးဝများ စသည်တို့တွင် မနုဿ သီဟရုပ်တု ပြုလုပ်ထားကြသည်။

မနုဿ သီဟရုပ်တုသည် ရှေးမွန်တို့၏ ယုံကြည်မှု ရှေးခေတ်မွန်တို့၏ဗိသုကာ အနုပညာလက်ရာ အဆင့်အတန်းကိုလည်း မှန်းဆကြည့်နိင်ရန်အတွတ် လည်းကောင်း မွန်တို့၏ သမိုင်းကြောင်းကိုလေ့လာရန်အတွတ်လည်ကောင်း များစွာအထောက်အကူပြုနိင်သည်။

မနုဿ သီဟရုပ်ထုကို မြင်တိုင်း တစ်ချိန်က သာသနာရောင်ဝါ ထွန်းလင်း၍ စည်ပင်ဝပြောခဲ့သော သုဝဏ္ဏဘူမိပြည်ကြီးကို အမှတ်ရစေသည်။

ထို့ပြင် မနုဿ သီဟရုပ်ထုသည် မွန်တို့ဌာနေ ရာမညမြေတွင် မွေးဖွားသန့်စင်လာသော ရှေးဟောင်းမွန်ရိုးရာဓလေ့ ယုံကြသည်မှုတစ်ရပ်ဖြစ်သည် သာမက မွန်တို့၏ ယဉ်ကျေးမှု အနုပညာ ဗိသုကာလက်ရာ တစ်စိတ်တစ်ပိုင်းကို လှစ်ဟပြနေသော ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည်ကို ငြင်းပယ်၍ မရနိင်ပေ ။

ထို့ကြောင့် အနယ်နယ်အရပ်ရပ်တွင် ရှိသော မွန်တို့၏ မနုဿ သီဟ ရုပ်တု ရုပ်ပုံများကို မပျက်မစီး မပပျောက်ကွယ်အောင် ထိန်းသိမ်းစောင့်ရှောက်သွားကြရန် မွန်သွေးချင်းညီနောင်တို့အား တိုက်တွန်းလိုက်ရပေသည် ။

ကိုဗညား

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

“ကံေကာင္းျခင္းေတြ ကိုယ့္ဆီေရာက္လာဖို႔ ေန႔တိုင္း လုပ္ေပးရမယ့္ အခ်က္ (၇) ခ်က္”
Blog
“ကံေကာင္းျခင္းေတြ ကိုယ့္ဆီေရာက္လာဖို႔ ေန႔တိုင္း လုပ္ေပးရမယ့္ အခ်က္ (၇) ခ်က္”

“ကံေကာင္းျခင္းေတြ ကိုယ့္ဆီေရာက္လာဖို႔ ေန႔တိုင္း လုပ္ေပးရမယ့္ အခ်က္ (၇) ခ်က္” ကံေကာင္းျခင္းဆိုတာ သူ႔အလိုလိုျဖစ္လာတဲ့ အရာလား၊ လုပ္ယူလို႔ရတဲ့အရာလားလို႔ေမးရင္ ဘယ္လိုေျဖမွာပါလဲ။ တကယ္ေတာ့ ကံေကာင္းတယ္ဆိုတာကို လုပ္ယူလို႔ရပါတယ္။ ကံေကာင္းေအာင္ လုပ္ယူလို႔ရမယ့္ နည္းလမ္းေလးေတြကိုေတာ့ အခုပဲဖတ္ၿပီး တကယ္ျဖစ္မျဖစ္ လိုက္လုပ္ၾကည့္လိုက္ေနာ္။ ( 1 )- စိတ္ရွင္းေအာင္ေနပါ စိတ္ထဲမွာမရွင္းတာမ်ိဳး၊ စိတ္ဖိစီးမႈ မ်ားေနတာမ်ိဳး၊ စိတ္ခံစားခ်က္ေတြ မ်ားေနတာမ်ိဳး ျဖစ္ေနတဲ့အခါ ကိုယ့္ရဲ႕စိတ္ကညစ္ႏြမ္းေနၿပီး ေကာင္းမြန္တဲ့ အေတြးေတြကို မေတြးႏိုင္ေတာ့ပါဘူး။ မေကာင္းတဲ့ အေတြးေတြက ကံေကာင္းျခင္းေတြ ကိုယ့္ဆီ ေရာက္မလာေအာင္ တားဆီးႏိုင္တာေၾကာင့္ တတ္ႏိုင္သေလာက္ စိတ္ကိုရွင္းေအာင္ေနပါ။ ( 2 )- အၿမဲ သပ္သပ္ရပ္ရပ္ ဝတ္စားပါ အဝတ္အစား …

မ ယုံ ႏိုင္ ေလာက္ ေအာင္ ခ်မ္း သာ တဲ့ သူ ျဖစ္ လာ ဖို႔ အင္ ဒ ႐ူး ကာ နယ္ ဂ်ီလ္ အ သုံး ျပဳ ခဲ့ တဲ့ ေအာင္ ျမင္ ျခင္း ရဲ႕ လွ်ိဳ႕ ဝွက္ ခ်က္ ( ၁၀ ) ခု
Blog
မ ယုံ ႏိုင္ ေလာက္ ေအာင္ ခ်မ္း သာ တဲ့ သူ ျဖစ္ လာ ဖို႔ အင္ ဒ ႐ူး ကာ နယ္ ဂ်ီလ္ အ သုံး ျပဳ ခဲ့ တဲ့ ေအာင္ ျမင္ ျခင္း ရဲ႕ လွ်ိဳ႕ ဝွက္ ခ်က္ ( ၁၀ ) ခု

မ ယုံ ႏိုင္ ေလာက္ ေအာင္ ခ်မ္း သာ တဲ့ သူ ျဖစ္ လာ ဖို႔ အင္ ဒ ႐ူး ကာ နယ္ ဂ်ီလ္ အ သုံး ျပဳ ခဲ့ တဲ့ ေအာင္ ျမင္ ျခင္း ရဲ႕ လွ်ိဳ႕ ဝွက္ ခ်က္ ( ၁၀ ) ခု ၁၈၄၈ ခု ႏွစ္ မွာ အ ေမ ရိ က ကို သူ ေရာက္ ေတာ့ သူ႔ လက္ ထဲ မွာ …

အ နက္ ေရာင္ ႀကိဳက္ တဲ့ သင့္ ရဲ႕ ထူး ျခား တဲ့ စိတ္ ေန စိတ္ ထား ေတြ က ေတာ့-
Blog
အ နက္ ေရာင္ ႀကိဳက္ တဲ့ သင့္ ရဲ႕ ထူး ျခား တဲ့ စိတ္ ေန စိတ္ ထား ေတြ က ေတာ့

အ နက္ ေရာင္ ႀကိဳက္ တဲ့ သင့္ ရဲ႕ ထူး ျခား တဲ့ စိတ္ ေန စိတ္ ထား ေတြ က ေတာ့ ၁ ။ သင္ က အ မွီ အ ခို ကင္း ပါ တယ္ ။ ဘယ္ သူ ကို မွ အား မ ကိုး တတ္ ပါ ဘူး ။ ျဖစ္ သ မွ် အ ေျခ အ ေန တိုင္း ကို တစ္ …