Blog
ကိုလတ်
Credit. To. Ko Latt – page
Unicode
“ ဘဝ တိုးတက်စေမည့် နည်းလမ်း ( ၁၁ ) ချက် ”
၁ ။ ဘာလုပ်မလဲ အရင်စဉ်းစားပါ ၊ စဉ်းစားပြီးမှ လေ့လာပါ ၊ လေ့လာပြီးမှ လုပ်ဆောင်ပါ၊ လုပ်ဆောင် ပြီးရင်လည်း ပြန်လည် သုံးသပ်ပါ ။
၂ ။ ကိုယ်နေချင်တဲ့ အဆင့်ကို ကိုယ်တိုင် သတ်မှတ်ပါ ။
၃ ။ ကိုယ် မြင်သလောက်ပဲ ကိုယ်ရ ပါလိမ့်မယ် ။
၄ ။ မသိရင် မေးပါ ။ မေးရင် အဖြေရပါတယ် ။ တတ်ယောင်ကမ်း မလုပ်ပါနဲ့ ။
၅ ။ သင်ယူခြင်းဆိုတာ ဘဝ တိုက်ပွဲအတွက် လက်နက်ကောင်း တစ်ခုပါ ။ များများ သင်ယူလေလေ ကိုယ့်ဆီမှာ တိုက်ပွဲ အတွက် လက်နက်များလေလေ ။ လက်နက်များ လေလေ အနိုင်ရဖို့ သေချာ လေလေပါပဲ ။
၆ ။ အချိန် တွေကို အရင်းအနှီးလုပ်ပြီး ပညာ တစ်ခုခု ရအောင် ယူပါ ။ အလကား အချိန်တွေကို ဖြုန်းတီး မပစ်ပါနဲ့ ။
၇ ။ ငွေကို အရင်းအနှီး အတွက်ပဲ သုံးပါ ။ အလကား ဖြုန်းမပစ်ပါနဲ့ ။
၈ ။ ချမ်းသာခြင်းဟာ ဘဝအဆုံး မဟုတ်ပါဘူး ။ ချမ်းသာခြင်း တွေ့မှ ဘဝစတာပါ ။
၉ ။ ချမ်းသာခြင်း မျိုးစေ့ ဆိုတာ အရင်ဆုံး စိုက်ပျိုး ရတယ် ပြုစုစောင့်ရှောက်ရတယ် ပြီးမှ ရိတ်သိမ်းလို့ ရမယ် ။
၁၀ ။ ပြင်းပြတဲ့ ဆန္ဒဟာ ဘဝရဲ့ သံလိုက် အိမ်မြောင်ပါပဲ ။
၁၁ ။ မိမိ ရည်မှန်းချက်ကို ပုံဖော်သူသာ ဖြစ်ပါစေ။ ပတ်ဝန်းကျင်ရဲ့ ပုံဖော်ခြင်းခံရသူ မဖြစ်ပါစေနဲ့ ။
ကိုလတ်
Credit. To. Ko Latt – page
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
ရှက် သင့် တာ ကို ရှက်
Blog
ရှက် သင့် တာ ကို ရှက်
ရှက် သင့် တာ ကို ရှက် လော က မှာ လူ တိုင်း ရန် ဖြစ် တတ် တယ် ၊ ပ ညာ ရှိ လို ရန် ဖြစ် တတ် တာ နဲ့ အောက် တန်း ကျ ကျ ရန် ဖြစ် တတ် တာ ကွာ သွား တယ် ၊ လူ တိုင်း အ တင်း ပြော တတ် တယ် ၊ လူ့သ ဘာ ဝ အ ရ တ …
" ကိုယ့် ဘေး က တန် ဖိုး ရှိ တဲ့ လူ "
Blog
” ကိုယ့် ဘေး က တန် ဖိုး ရှိ တဲ့ လူ “
” ကိုယ့် ဘေး က တန် ဖိုး ရှိ တဲ့ လူ “ ရည်း စား တွေ သုံး လေး ယောက် တစ် ပြိုင် တည်း တွဲ တဲ့ ခေတ် မှာ ကိုယ့် တစ် ယောက် တည်း သာ တွဲ တဲ့ သူ ဟာ ကိုယ့် ဘ ဝ အ တွက် အ ဖိုး တန် တဲ့ လူ ပါ ပဲ ၊ တစ် ယောက် ထက် တစ် ယောက် …
ရုတ်တရက် လေဖြတ်ခဲ့ရင် ပြုစုကုသနိုင်မည့် နည်းလမ်း ( သ မား တော် ကြီး ဣ စ္ဆာ သ ယ ဦး မောင် မောင် )
Blog
ရုတ်တရက် လေဖြတ်ခဲ့ရင် ပြုစုကုသနိုင်မည့် နည်းလမ်း ( သ မား တော် ကြီး ဣ စ္ဆာ သ ယ ဦး မောင် မောင် )
ရုတ်တရက် လေဖြတ်ခဲ့ရင် ပြုစုကုသနိုင်မည့် နည်းလမ်း ( သ မား တော် ကြီး ဣ စ္ဆာ သ ယ ဦး မောင် မောင် ) “ ရုတ် တ ရက် လေ ဖြတ် လျှင် ချက် ချင်း အ ကောင်း ပ က တိ ဖြစ် အောင် ပြု စု ကု သ နည်း ” လေ ရော ဂါ သည် အ သက် ( ၄ ၀ ) နှင့် …