ကိုယ့္ဝင္ေငြကိုယ္ရွာၿပီး ကိုယ့္အားကိုယ္ကိုးတဲ့ မိန္းကေလးေတြရဲ႕ စိတ္ေနစိတ္ထား…

ကိုယ့္ဝင္ေငြကိုယ္ရွာၿပီး ကိုယ့္အားကိုယ္ကိုးတဲ့ မိန္းကေလးေတြရဲ႕ စိတ္ေနစိတ္ထား…
Blog

ကိုယ့္ဝင္ေငြကိုယ္ရွာၿပီး ကိုယ့္အားကိုယ္ကိုးတဲ့ မိန္းကေလးေတြရဲ႕ စိတ္ေနစိတ္ထား…

မိန္းကေလးေတြဟာ သဘာဝအားျဖင့္ အားႏြဲ႕တယ္ ၊ စိတ္ေပ်ာ့တယ္ ဆိုေပမယ့္ မွီခိုခ်င္တဲ့ သူေတြေတာ့ မဟုတ္ပါဘူး ။ မိသားစုက ခ်မ္းသာ သည္ျဖစ္ေစ ၊ ဆင္းရဲ သည္ျဖစ္ေစ ကိုယ့္ဝင္ေငြ ကိုယ္ရွာၿပီး ကိုယ့္အား ကိုယ္ကိုးတဲ့ မိန္းကေလးေတြ ဆိုတာ ဒီလိုပါ ။

( ၁ ) ႏွေျမာတတ္တယ္

ဒီလို မိန္းကေလးေတြဟာ အရမ္းႏွေျမာတတ္တဲ့ သူေတြပါ ။ ေဈးဝယ္တဲ့ အခါမွာလည္း အရမ္း ေဈးႀကီးတာမ်ိဳး ဆိုရင္ ကိုယ့္မွာ ရွိေနရင္ေတာင္ မဝယ္ပါဘူး ။

ေဈးႀကီးတဲ့ အဝတ္အစားေတြ ၊ ေဈးႀကီးတဲ့ အစားအစာေတြကို ခ်င့္ခ်ိန္ၿပီးမွ ဝယ္တတ္ ၊ စားတတ္တဲ့ သူေတြပါ ။ အစားအေသာက္ က်န္ေနရင္ အရမ္း ႏွေျမာတတ္သလို ၊ ကိုယ့္ပစၥည္းေလးတစ္ခုခု ေပ်ာက္သြားခဲ့ရင္ေတာင္ အရမ္း ႏွေျမာတတ္ပါတယ္ ။

( ၂ ) ေခြၽတာတတ္တယ္

ဒီလို မိန္းကေလးေတြဟာ အရမ္း ေခြၽတာတတ္တဲ့ သူေတြပါ ။ ဘယ္ေတာ့မွ ေဈးမဆစ္ပဲ ေဈးဝယ္ေလ့မရွိပါဘူး ။ ေငြကုန္ ေၾကးက် သက္သာမယ့္ နည္းလမ္းေလးေတြကို အၿမဲတမ္းစဥ္းစားတတ္သလို ၊ ပိုက္ဆံကို ေခြၽေခြၽတာတာ သုံးတတ္တဲ့ သူေတြပါ ။

ပိုက္ဆံရွာရတာ ဘယ္ေလာက္ ခက္ခဲမွန္းေကာင္းေကာင္း နားလည္တဲ့ သူေတြပါ ။

( ၃ ) ခ်ဳပ္ျခယ္တာေတြမႀကိဳက္ဘူး

ဒီလို မိန္းကေလးေတြဟာ ခ်ဳပ္ျခယ္တာေတြ၊ အမိန႔္ေပးတာေတြ၊ တမင္သက္သက္ အႏိုင္က်င့္ေစာ္ကားတာမ်ိဳးေတြကို လုံးဝမႀကိဳက္ပါဘူး ။ မဟုတ္ရင္မခံတဲ့သူေတြ ျဖစ္ပါတယ္ ။

ကိုယ္မွားေနရင္ ဒူးေထာက္ေတာင္းပန္ဖို႔ ဝန္မေလးသလို၊ ကိုယ္မွန္ေနရင္လည္း အဆုံးထိ ရင္ဆိုင္ရဲတဲ့ သူေတြပါ ။

(၄ ) ႀကိဳးစားတယ္

ဒီလိုမိန္းကေလးေတြဟာ ႀကိဳးစားခ်င္စိတ္ အျပည့္ရွိတဲ့ သူေတြပါ ။ သူမ်ားေတြရဲ႕အျမင္မွာ ဘာမွ မဟုတ္တာလည္း ျဖစ္ရင္ျဖစ္မယ္ ဒါေပမယ့္ လည္း ႀကီးမားတဲ့စိတ္ကူးအိပ္မက္ေတြ၊ ရည္မွန္းခ်က္ေတြကိုပိုင္ဆိုင္ထားၿပီး တကယ္လည္း ႀကိဳးစားတဲ့ သူေတြပါ ။

( ၅ ) မခံခ်င္စိတ္ရွိတယ္

ဒီလို မိန္းကေလးေတြဟာ မနာလို စိတ္ေတာ့ မရွိေပမယ့္ မခံခ်င္ စိတ္ရွိတဲ့ သူေတြပါ ။ ကိုယ့္ရဲ႕႐ြယ္တူ တန္းတူေတြနဲ႔ယွဥ္လာရင္ ဘယ္ေတာ့မွ ေအာက္က်ေနာက္က် မျဖစ္ခ်င္တဲ့သူေတြပါ။ ဒါေၾကာင့္ အၿမဲလိုလို ႀကိဳးစားၿပီး ဝီရိယႀကီးတဲ့ သူေတြပါ ။

Unicode

ကိုယ့်ဝင်ငွေကိုယ်ရှာပြီး ကိုယ့်အားကိုယ်ကိုးတဲ့ မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထား…

မိန်းကလေးတွေဟာ သဘာဝအားဖြင့် အားနွဲ့တယ် ၊ စိတ်ပျော့တယ် ဆိုပေမယ့် မှီခိုချင်တဲ့ သူတွေတော့ မဟုတ်ပါဘူး ။ မိသားစုက ချမ်းသာ သည်ဖြစ်စေ ၊ ဆင်းရဲ သည်ဖြစ်စေ ကိုယ့်ဝင်ငွေ ကိုယ်ရှာပြီး ကိုယ့်အား ကိုယ်ကိုးတဲ့ မိန်းကလေးတွေ ဆိုတာ ဒီလိုပါ ။

( ၁ ) နှမြောတတ်တယ်

ဒီလို မိန်းကလေးတွေဟာ အရမ်းနှမြောတတ်တဲ့ သူတွေပါ ။ ဈေးဝယ်တဲ့ အခါမှာလည်း အရမ်း ဈေးကြီးတာမျိုး ဆိုရင် ကိုယ့်မှာ ရှိနေရင်တောင် မဝယ်ပါဘူး ။

ဈေးကြီးတဲ့ အဝတ်အစားတွေ ၊ ဈေးကြီးတဲ့ အစားအစာတွေကို ချင့်ချိန်ပြီးမှ ဝယ်တတ် ၊ စားတတ်တဲ့ သူတွေပါ ။ အစားအသောက် ကျန်နေရင် အရမ်း နှမြောတတ်သလို ၊ ကိုယ့်ပစ္စည်းလေးတစ်ခုခု ပျောက်သွားခဲ့ရင်တောင် အရမ်း နှမြောတတ်ပါတယ် ။

( ၂ ) ချွေတာတတ်တယ်

ဒီလို မိန်းကလေးတွေဟာ အရမ်း ချွေတာတတ်တဲ့ သူတွေပါ ။ ဘယ်တော့မှ ဈေးမဆစ်ပဲ ဈေးဝယ်လေ့မရှိပါဘူး ။ ငွေကုန် ကြေးကျ သက်သာမယ့် နည်းလမ်းလေးတွေကို အမြဲတမ်းစဉ်းစားတတ်သလို ၊ ပိုက်ဆံကို ချွေချွေတာတာ သုံးတတ်တဲ့ သူတွေပါ ။

ပိုက်ဆံရှာရတာ ဘယ်လောက် ခက်ခဲမှန်းကောင်းကောင်း နားလည်တဲ့ သူတွေပါ ။

( ၃ ) ချုပ်ခြယ်တာတွေမကြိုက်ဘူး

ဒီလို မိန်းကလေးတွေဟာ ချုပ်ခြယ်တာတွေ၊ အမိန့်ပေးတာတွေ၊ တမင်သက်သက် အနိုင်ကျင့်စော်ကားတာမျိုးတွေကို လုံးဝမကြိုက်ပါဘူး ။ မဟုတ်ရင်မခံတဲ့သူတွေ ဖြစ်ပါတယ် ။

ကိုယ်မှားနေရင် ဒူးထောက်တောင်းပန်ဖို့ ဝန်မလေးသလို၊ ကိုယ်မှန်နေရင်လည်း အဆုံးထိ ရင်ဆိုင်ရဲတဲ့ သူတွေပါ ။

(၄ ) ကြိုးစားတယ်

ဒီလိုမိန်းကလေးတွေဟာ ကြိုးစားချင်စိတ် အပြည့်ရှိတဲ့ သူတွေပါ ။ သူများတွေရဲ့အမြင်မှာ ဘာမှ မဟုတ်တာလည်း ဖြစ်ရင်ဖြစ်မယ် ဒါပေမယ့် လည်း ကြီးမားတဲ့စိတ်ကူးအိပ်မက်တွေ၊ ရည်မှန်းချက်တွေကိုပိုင်ဆိုင်ထားပြီး တကယ်လည်း ကြိုးစားတဲ့ သူတွေပါ ။

( ၅ ) မခံချင်စိတ်ရှိတယ်

ဒီလို မိန်းကလေးတွေဟာ မနာလို စိတ်တော့ မရှိပေမယ့် မခံချင် စိတ်ရှိတဲ့ သူတွေပါ ။ ကိုယ့်ရဲ့ရွယ်တူ တန်းတူတွေနဲ့ယှဉ်လာရင် ဘယ်တော့မှ အောက်ကျနောက်ကျ မဖြစ်ချင်တဲ့သူတွေပါ။ ဒါကြောင့် အမြဲလိုလို ကြိုးစားပြီး ဝီရိယကြီးတဲ့ သူတွေပါ ။

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ရွက္ သင့္ တာ ကို ရွက္
Blog
ရွက္ သင့္ တာ ကို ရွက္

ရွက္ သင့္ တာ ကို ရွက္ ေလာ က မွာ လူ တိုင္း ရန္ ျဖစ္ တတ္ တယ္ ၊ ပ ညာ ရွိ လို ရန္ ျဖစ္ တတ္ တာ နဲ႔ ေအာက္ တန္း က် က် ရန္ ျဖစ္ တတ္ တာ ကြာ သြား တယ္ ၊ လူ တိုင္း အ တင္း ေျပာ တတ္ တယ္ ၊ လူ႔သ ဘာ ဝ အ ရ တ …

" ကိုယ့္ ေဘး က တန္ ဖိုး ရွိ တဲ့ လူ "
Blog
” ကိုယ့္ ေဘး က တန္ ဖိုး ရွိ တဲ့ လူ “

” ကိုယ့္ ေဘး က တန္ ဖိုး ရွိ တဲ့ လူ “ ရည္း စား ေတြ သုံး ေလး ေယာက္ တစ္ ၿပိဳင္ တည္း တြဲ တဲ့ ေခတ္ မွာ ကိုယ့္ တစ္ ေယာက္ တည္း သာ တြဲ တဲ့ သူ ဟာ ကိုယ့္ ဘ ဝ အ တြက္ အ ဖိုး တန္ တဲ့ လူ ပါ ပဲ ၊ တစ္ ေယာက္ ထက္ တစ္ ေယာက္ …

ရုတ္တရက္ ေလျဖတ္ခဲ့ရင္ ျပဳစုကုသႏုိင္မည့္ နည္းလမ္း ( သ မား ေတာ္ ႀကီး ဣ စာၦ သ ယ ဦး ေမာင္ ေမာင္ )
Blog
ရုတ္တရက္ ေလျဖတ္ခဲ့ရင္ ျပဳစုကုသႏုိင္မည့္ နည္းလမ္း ( သ မား ေတာ္ ႀကီး ဣ စာၦ သ ယ ဦး ေမာင္ ေမာင္ )

ရုတ္တရက္ ေလျဖတ္ခဲ့ရင္ ျပဳစုကုသႏုိင္မည့္ နည္းလမ္း ( သ မား ေတာ္ ႀကီး ဣ စာၦ သ ယ ဦး ေမာင္ ေမာင္ ) “ ႐ုတ္ တ ရက္္ ေလ ျဖတ္ လွ်င္ ခ်က္ ခ်င္း အ ေကာင္း ပ က တိိ ျဖစ္ ေအာင္ ျပဳ စု ကု သ နည္း ” ေလ ေရာ ဂါ သည္္ အ သက္ ( ၄ ၀ ) ႏွင့္ …